Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Thursday, April 5, 2012
ဇက်ကြောတက် သက်သာစေမည့် လေ့ကျင့်ခန်းများ
ပခုံးနေရာနဲ့ ကုတ်ပိုးတစ်လျှောက် ကြွက်သားတွေ တင်းပြီး နာကျင်နေမှုနဲ့ အရာဝတ္ထု တစ်ခုခု တင်ထားသလို လေးလံမှုကို ခံစားနေရမယ် ဆိုရင်တော့ အောက်ပါ လေ့ကျင့်ခန်းတွေကို ပြုလုပ်ကြည့်ပါ။  တစ်နေ့ကို သုံးကြိမ်လောက် ပြုလုပ်ပေးရင် နာကျင်မှု တဖြည်းဖြည်း သက်သာသွားနိုင်ပါတယ်။
လေ့ကျင့်မှုပုံစံ (၁)
နောက်မှီ ထိုင်ခုံတစ်လုံးပေါ်မှာ ခါးကို မတ်မတ်လေးထိုင်နေပြီး မေးစေ့ကို ရင်ဘတ်နေရာနားသို့ ငုံ့ချလိုက်ပါ။ ခဏလောက်နေပြီး ခေါင်းကို ပုံမှန်အတိုင်း ပြန်ထားပါ။ ငါးကြိမ် ပြုလုပ် လေ့ကျင့်ပေးပါ။
Monday, April 2, 2012
နှာရည်ဘာ့ကြောင့် ယိုတာလဲ
Post Owner: ;ဒေါက်တာ ရည်ညွှန့်မေ
နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်များဖြင့် ဖွဲ့စည်း ထားတဲ့ အသက်ရှူ လမ်းကြောင်း စနစ်
လမ်းတစ် လျှောက်မှာ အတွင်းက လိုင်နင် ခံထား တဲ့ အမြှေးပါးအား ချောမွေ့ နေစေဖို့နဲ့
ကာကွယ်ဖို့ အတွက် ချွဲရည် ကြည်ကြည်လေး လူတိုင်းမှာ ရှိရပါတယ်။ ဒါပေမယ့် အဲဒီ အမြှေး
ပါးလေးများ ရောင်ရမ်း လာတဲ့ အခါ သို့မဟုတ် ကသိကအောက် မသက်မသာ ဖြစ်လာတဲ့ အခါ
မှာတော့ သူတို့ဟာ ခပ်ပျစ်ပျစ် ခပ်ချွဲချွဲ နှာရည်ကို ထုတ်ပေးပါ တော့တယ်။
လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံအတွက် အတွေးမမှားစေဖို့
အိပ်စက်ခြင်းဟာ လူ့သက်တမ်းရဲ့အချိန်သုံးပုံတစ်ပုံလောက်ကို နေရာယူထားတယ်လေ။ ဘဘာဝတရားကြီးက ဒီလိုဖန်တီးပေးထားတာဟာ အိပ်စက်ခြင်းက အရေးကြီးလို့ပေါ့။ ဒီလို အရေးကြီးတဲ့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး လူတော်တော်များများ နားလည်မှုလွဲနေတာတွေကို ရှင်းပြပေးမယ်နော်။
Monday, March 26, 2012
နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး
နှလုံး ရောဂါ မျိုးရိုး ရှိတာက အနာ ဂတ်မှာ နှလုံး ကျန်းမာရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် နေပေမယ့် ဘဝ နေထိုင် စားသောက်မှုပုံစံနဲ့ အာဟာရ စားသုံးမှု ဆိုင်ရာ အလေ့အထ တွေကလည်း နှလုံး ကျန်းမာရေးနဲ့ ဆက် စပ်မှုရှိနေပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေတယ် ဆိုတာ သင်သိပြီးဖြစ်မှာပါ။
 နှလုံးကျန်းမာ ရေးအတွက် ကောင်းမွန်ပေမယ့် သင်မ သိသေးလောက်တဲ့ နည်းသုံးမျိုးကို အကြံ ပြု ရေးသား လိုက်ရပါတယ်။
(၁) အမျှင်ဓာတ် မှီဝဲပါ
အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။
(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ
သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။
(၃) ငါးစားပါ
နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:454754
ကင်ဆာရောဂါကို ကာကွယ်နိုင်သော အစားအစာ(၁၃)မျိုး
၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့
အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။
၂) အစိမ်းရင့်ရောင် အသီးအရွက်များ
အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ များစွာပါဝင်ပါတယ်။
ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။
Thursday, March 22, 2012
ခွင့်လွတ်သည်းခံခြင်းနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ…
…တစ်စုံတစ်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့ စကားမျိုး၊ အပြုအမူမျိုး ပြုလုပ်ခံရတဲ့အခါ အလွယ်တကူ ခွင့်လွတ်သည်းခံနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒါပေမယ့် ခွင့်လွှတ်သည်းခံတတ်အောင် ကြိုးစားသင့်ပါတယ်။ အကြောင်းကတော့ ခွင့်လွှတ်သည်းခံတဲ့ စိတ်ရှိတာဟာ ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာရေးကို အံ့သြစရာကောင်း လောက်အောင် အကျိုးကျေးဇူး ဖြစ်စေတာကြောင့်ပါပဲ။ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသထွက်လောက်တဲ့ စကားမျိုး ပြောလာတဲ့အခါ ဒေါသတကြီး ကိုယ်ထိလက်ရောက် တုံ့ပြန် လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိလာနိုင်ပါတယ်။ ဒီအဖြစ်အပျက်တွေကို တရားရုံးက အမှုတွဲတွေ၊ မှုခင်းသတင်းဂျာနယ်ပေါ်က ဖြစ်ရပ်မှန်သတင်းတွေကို သာဓကအဖြစ် တွေ့နေရတာပဲ မဟုတ်ပါလား။  ဒေါသနဲ့ တုံ့ပြန်လိုက်တဲ့အခါ နောက်ဆက်တွဲဖြေရှင်းရမယ့် တခြားကိစ္စ တွေထက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာကို ဆွေးနွေးတင်ပြလိုပါတယ်။
စိုးရိမ်စိတ်များခြင်း (Anxiety)…
…ဘ၀မှာ အောင်မြင်လိုမှုကြောင့် စိန်ခေါ်ရတဲ့ အခြေအနေတွေမှာ စိုးရိမ်စိတ်များတတ်တာဟာ ပုံမှန်အခြေအနေပါ။ စိုးရိမ်စိတ်အနည်းငယ်ရှိတာဟာ သင့်အတွက် ကောင်းပါတယ်။ သင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရက် အတွင်း အလုပ်တွေ အချိန်မီ ပြီးစီးဖို့၊ ဒါမှမဟုတ် အလုပ်မှာ ရလဒ်ကောင်းတွေရဖို့ တွန်းအားဖြစ်နိုင်ပါတယ်။
…ဒါပေမယ့် စိုးရိမ်စိတ်များလွန်းရင် သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘ၀ကို ထိခိုက်နိုင်လောက်အောင် စိုးရိမ်စိတ်များနေရင် စိတ်ဓါတ် ကျဆင်းတာ၊ နှလုံးရောဂါနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်စိတ်များလွန်းတဲ့ အခြေအနေတွေမှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို  ဖော်ပြပေးလိုက်ပါတယ်။
Tuesday, March 20, 2012
အရွယ်တင် နုပျိုစေမည့် သဘာဝ နည်းလမ်း ၁၀ ချက်
အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေ
ချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး
 အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း
 ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝ စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်
ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ကြသလို အဒရီနယ်လင်နဲ့ကော်တီစောလို ဟော်မုန်းတွေ   မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါထတာတွေလို
ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
ဆံပင်ကျွတ်ခြင်းဆိုင်ရာ ရောဂါဆိုးများ
ဆံပင်ကျွတ်ခြင်းဆိုင်ရာ ရောဂါဆိုးများ
[By Ma Nandar ]
ဆံပင်ကျွတ်ခြင်းဟာ များသောအားဖြင့် လူလတ်ပိုင်းအရွယ်နဲ့ အမျိုးသားတွေဟာမှာပိုပြီး  ဖြစ်တတ်တယ်လို့ မှတ်ယူလေ့ရှိကြပါတယ်။
တကယ်တမ်းကျတော့ ဖွံဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အတူ ဆံပင်ကျွတ်ခြင်းဟာအလည်း သည့်ဘက်ခေတ်နောက်ပိုင်းမှာ
အသက်(၂၀)အရွယ် မိန်းကလေးများပင်လျှင် စိတ်ဖိစီးမှုကြောင့်လည်းကောင်း၊ မိမိတို့၏ လူမှုဘဝ နေထိုင်စားသောက်မှု ပရမ်းပတာ ဖြစ်ရခြင်း တို့ကြောင့်လည်းကောင်း ဦးခေါင်းအရေပြား ပြဿနာဖြစ်ရသူ ဦးရေတိုးပွားလာတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
Monday, March 19, 2012
အအေးမိ၊ တုပ်ကွေး ရောဂါ အတွက် ကြက်စွပ်ပြုတ် သောက်သင့်သည့် အကြောင်းရင်းများ
အအေးမိ၊ တုပ်ကွေး ရောဂါ အတွက် ကြက်စွပ် ပြုတ် သောက်သင့် သည့် အကြောင်း ရင်းများ
သင့်အဘိုး၊ အဘွား တွေ လက်ထက် ကတည်းက အသုံးပြု ခဲ့ကြတဲ့ ကြက်စွပ် ပြုတ်ရည် သောက် တာ ဟာ အအေးမိ ဝေဒနာနဲ့ တုပ်ကွေးရောဂါအတွက် ကောင်းမွန်တယ် ဆိုတာကို အခုခေတ်မှာ သိပ္ပံပညာရှင်တွေကလည်း သက်သေပြထားနိုင်ပြီဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးမှ ရရှိတဲ့အငွေ့ကြောင့် နှာပိတ စွပ်ပြုတ်ရည်ကြောင့် Cell ချင်းစီမှာလည်း အောက်ပါအတိုင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိကြပါတယ်။
Friday, March 16, 2012
မီးဖိုချောင်သုံး ပစ္စည်းများဖြင့် နည်းလမ်းတကျ အသားအရေ ထိန်းသိမ်းနည်း
By Good Health
Originally posted 15/03/2012 14:09PM
အလှကုန် ပစ္စည်းအများစုဟာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ကြာရှည်သုံးစွဲတဲ့ အခါမှာ အသားအရေကို ထိခိုက်တာမျိုး ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် အသားအရေပေါ်က အပြစ်အနာအဆာတွေ ကင်းဝေးစေဖို့နဲပ အသားအရေ လှပ အပြစ်ကင်းစေဖို့အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေကို ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ အကြံပြုချင်ပါတယ်။
ကျန်းမာရေးရာ အတိုအထွာများ
သူငယ်ချင်းတို့ ဗဟုသုတရအောင် ကျန်းမာရေးရာအတိုအထွာလေးတွေကို စုစည်းပေးထားပါတယ်။ အသစ်အသစ်တွေကို သူငယ်ချင်းတို့ရှာရလွယ်အောင် ပို့စ်ရဲ့အပေါ်ဘက်ကပဲ ထပ်ထပ်ထည့်ပေးသွားမယ်နော်။
ကိုလက်စထရောနည်းပါးစေသော အစားအစာ ၇ မျိုး။
နှလုံးကိုအထောက်အပံ့ဖြစ်ဖို့အတွက် အောက်ပါအစာတွေကို လုံလုံလောက်လောက်စားဖို့ လိုပါမယ်။
၁။ ကောင်းသော အဆီနဲ့ ဆီများ(Good Fats and Oils)
Monounsaturated Fats (Chemical တည်ဆောက်ပုံအရ double bond တစ်ခုသာပါတဲ့အဆီတွေ) ဟာ ဆိုးရွားတဲ့
LDL ခိုလက်စထရော တွေကို လျော့ကျဖို့ ကူညီပေးပါတယ်။
ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပြည့်ဝဆီ (saturated fats) နဲ့ ပြောင်းလဲဆီ (trans fats) တွေနေရာမှာ အစားထိုးစား
သောက်သင့်တဲ့အဆီမျိုးဖြစ်ပါတယ်။
ဒီလို နှလုံးကို အထောက်အကူဖြစ်စေတဲ့ အဆီမျိုးကို ထောပတ်သီး၊ မြေပဲယို (peanut butter) နဲ့
အစေ့အဆံတွေမှာပါဝင်တာကိုတွေ့ရပါတယ်။ နှလုံးအတွက် အထောက်အကူဖြစ်တယ်ဆိုပြီး
များများစားဖို့တော့မသင့်တော်ပါဘူး။
အဲဒီ အဆီတွေမှာကယ်လိုရီ သိပ်များတဲ့အတွက် နည်းနည်းဆိုရင်လုံလောက်ပါပြီ။
လက်တစ်ဆုပ်စာအစေ့အဆံတွေ၊ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်ရည်တစ်စွန်းစာလောက် အဆီ
ဆိုရင် သင့်နှလုံးအတွက် ကောင်းကောင်းလုံလောက်ပါပြီ။
Wednesday, March 14, 2012
ပညာသင်ယူသူနှင့် ဥာဏလုပ်သားများ ရရှိနိုင်သည့် ဦးနှောက် ကျန်းမာရေး အကျိုးကျေးဇူး
ညာသင်ယူသူနှင့် ဥာဏလုပ်သားများ ရရှိနိုင်သည့် ဦးနှောက် ကျန်းမာရေး
အကျိုးကျေးဇူး [7 greendays google group]
***********************************************************
စာမေးပွဲတွေ ဖြေရတာ၊ စာတမ်းတွေတင်ဖို့ ပြင်ဆင်ရတာ၊ Presentation လုပ်ဖို့
အချက်အလက် စုဆောင်းရတာ .. စတဲ့ အရာအားလုံးက ဦးနှောက်ကို စိန်ခေါ်
လုပ်ဆောင်ရတာကြောင့်  စိတ်ပင်ပန်း နွမ်းနယ်မှု ဖြစ်ရတာ အမှန်ပါ။ ဒါပေမဲ့
ဒီလိုပညာရပ် အသစ်တွေကို ဆည်းပူး လေ့လာရတာကြောင့် ဦးနှောက်ရဲ့
လုပ်ငန်းဆောင်တာတွေကို ကောင်းမွန် ထက်မြက် လာစေပါတယ်။
အယ်လ်ဇိုင်းမား ရောဂါဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ယူ လေ့လာတာနဲ့  တွေးခေါ်ဆုံးဖြတ်ရတဲ့ အလုပ်တွေ လုပ်တာကြောင့်
မှတ်ဉာဏ်ထိခိုက်မှုကို လျော့ကျစေပြီး အယ်လ်ဇိုင်းမား ရောဂါရဲ့ လက္ခဏာတွေကို
ကာကွယ်ပေးနိုင်တယ်လို့ အာရုံကြောဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှု
တစ်ရပ်အရ သိရပါတယ်။
Friday, March 9, 2012
ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်
ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက်
ဗိုက်ပူ တာ လျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင်
စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့်
မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို
လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်
လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ
ပါဝင်နေပါတယ်။
Sunday, March 4, 2012
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော် (သို့ ) နှလုံးအဆုတ် အသက်ကယ်နည်း CPR
"www.mutdfan.com" မှ ကူးယူဖေါ်ပြပါသည်။
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော် (သို့ ) နှလုံးအဆုတ် အသက်ကယ်နည်း CPR
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာ
နေတယ် ဆိုကြပါစို့ ။ အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။ သင်ဟာ တကယ်မောပန်း စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲက ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက လက်နဲ့ ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက် ထိုင်ထားသလိုမျိုး ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်။
သွေးတိုးရောဂါနှင့် လေစာ
by သံလွင် သူ on Friday, March 2, 2012 at 12:44pm ·
By Shade The Mandalay Hill
စာရေးသူ၏ ဆေးခန်းသို့ လျှာလေးပြီး စကားမပီသူ ခပ်ဝဝ အမျိုးသမီး လူနာတစ်ဦး ရောက်လာပါသည်။  သူသည် အသက် (၅၀) ကျော်ရှိပြီ။ သူဘာဖြစ်ခဲ့သည်ကို သူ့ဖာသာ မပြောနိုင်။ နံဘေးမှ ပါလာသူ မိသားစုဝင် တစ်ဦးက ပြောပြရပါသည်။ နံနက်စောစော (၃) နာရီခန့်က အပေါ့ထသွားရင်း ခေါင်းထဲမှမူးပြီး လဲကျမလို ဖြစ်ခဲ့သည်။ ဆောင်းတွင်းဖြစ်၍ အေးနေသော အချိန်လည်း ဖြစ်သည်။ အိမ်သားများသိ၍ အချိန်မီအိပ်ယာပေါ်သို့ တွဲခေါ်ကြသည်။
လဲမကျပါ။ သို့သော် သူမ စကားပြောသောအခါ လျှာလိပ်ပြီး စကားမပီတော့ကြောင်း ပြောပါသည်။
Monday, February 27, 2012
ခုခံအားစနစ် ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းခြောက်သွယ်
၁. ကြက်သွန်ဖြူအားဖြည့်ဆေး မှီဝဲပါ
ကြက်သွန်ဖြူအားဖြည့်ဆေးကို နေ့စဉ် ၁၂၀၀ မီလီဂရမ် မှီဝဲသူတွေဟာ ရိုးရိုးအားဆေးသာ မှီဝဲသူတွေထက် အအေးမိ ဝေဒနာ ခံစားရနှုန်း ၆၆ ရာခိုင်နှုန်း သက်သာနိုင်ပါတယ်။
၂. နေ့စဉ် ဝိုင်အရက်တစ်ခွက်သောက်ခြင်းကို ရပ်ထားပါ
အရက် (အယ်ကိုဟော) တွေများနေရင် အသည်းပေါ်မှာ ဒဏ်ပိစေနိုင်တဲ့အတွက် ခန္ဓာကိုယ်က ပိုးမွှားတွေနဲ့ ဒုက္ခပေးတဲ့ အဆိပ်တွေကို စစ်ထုတ်နိုင်စွမ်းလျော့ သွားနိုင်ပါတယ်။
၃. ခုခံအားစနစ် ပြန်လည်မြင့်တက်လာအောင် ဒိန်ချဉ်စားပါ
နေ့စဉ် ဒိန်ချဉ်တစ်ခွက်သောက်သူတွေဟာ ဒိန်ချဉ်မသောက်သူတွေထက် အအေးမိဝေဒနာ ခံစားရနိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။
Saturday, February 25, 2012
ဆင်သမနွယ်ပင် ဆီးချိုရောဂါစင်
ဆီးချိုရောဂါနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲပြီး တင်ပြလိုပါတယ်။
(၁) ကာကွယ်ရေးအပိုင်းတစ်ခု၊  (၂) ကုသရေးအပိုင်းတစ်ခုဟု နှစ်မျိုး ခွဲခြားရပါတယ်။ ကာကွယ်ရေးအပိုင်းက
တော့  ဆီးချိုရောဂါရှင်များသည် များသောအားဖြင့် အောက်ဖော်ပြပါ အချက်များကြောင့် ဖြစ်တတ်ပါတယ်။
(၁) မျိုးဆက်လိုက်၍ ဖြစ်တတခြင်း၊ (၂) အလွန်ဝသောသူများ အဖြစ်များခြင်း၊ (၃) အသက် ၃၅=နှစ်ကျော်သူများ
အဖြစ်များခြင်း၊ (၄) ယောင်္ကျားနှင့်မိန်းမတို့ တွင် ညီတူညီမျှ အဖြစ်များခြင်း။
Wednesday, February 22, 2012
အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး
အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး
၁) အမူအကျင့်
 တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။