မြန်မာနိုင်ငံအညာသားယဉ်ကျေးမှု (Anyathian Culture)
ပညာရှင်များစမ်းသပ်လေ့လာချက်အရ အစောဆုံးလူသား(အဆင့်မြင့်ပရိုင်းမိတ်) များအဖြစ်လက္ခံထားသည်များမှာ
၁။ဂျာဗားလူ (Pithecanthropus of Java) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၂။ပီကင်းလူ (Pithecanthropus of China) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၃။ဟိုက်ဒယ်တာ့ဂ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း လေးသိန်းကျော်)
၎။ဆပ်ဆက်လူ (အင်္ဂလန်) (လွန်ခဲ့သောနှစ်ပေါင်း သုံးသိန်းခန်.)
၅။နီအန်ဒါသာလ်လူ (ဂျာမဏီ) (လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်သောင်းခန်.)
၆။ကရိုမက်ဂနွန်လူ (လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းငါးထောင်) တို.ဖြစ်ကြပါသည်။
ဒါတွေဟာ အဆင့်မြင့်လူသားဘ၀၊ လူအစစ် (ဟိုမိုဆက်ပီယံ) မဖြစ်သေးသော လူမျိုးနွယ် အဆင့်မြင့်(ပရိုင်းမိတ်) များသာဖြစ်ကြပါသေးသည်။
အညာသားယဉ်ကျေးမှူ (Anyathian Culture)
မြန်မာကျောက်ခေတ်သုံးလက်နက်များကို မြန်မာနိုင်ငံအနှံ.အပြားတွင်တွေ.ရှိခဲ့ရသည်။
သုတေသီများက မြန်မာ့ ကျောက်ချောခေတ်ယဉ်ကျေးမှူကို အညာဒေသ/အညာသားယဉ်ကျေးမှူ ဟုသမုတ်ခဲ့ကြသည်။
အကြာင်းမှာ - ပညာရှင်..ဟားဘတ်တက္ကသိုလ်မှ ဒေါက်တာ Hellmut De Terra , ပါမောက္ခ Hallam L. Movius
တို.ဟာ ၁၉၃၇ - ၁၉၃၈ ခုနှစ်များမှာမြန်မာနိုင်ငံ ဧရာဝတီ၊ မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလေ့လာခဲ့သည်။
ကျောက်ခေတ်သုံးလက်နှက်များကို - - မကွေး(ချင်းအောင်မကုန်း)၊ ချောက်။ စလေ။ ညောင်ဦး။
ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊ ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ။ စဉ့်ကူ၊
မကွေးမြသလွန်အရှေ့ဖက်ဒေသများ၊ ယောတောင်ကြားလမ်းရှိပေါက်၊ မင်းကွန်း၊
မန္တလေးဝန်းကျင် …တို့တွင်တွေ့ရှိရသည်။
သူတို.ရဲ.အရေးပါတဲ့တင်ပြချက်ကတော့ - - “ရေခဲခေတ် အတွင်းမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး
ဂျာဗားနဲ.ပီကင်း တို.ကဲ့သို. လူမျိုးနွယ်များ အခြားဒေသများသို. ပြန်.ပွားသွားဖွယ်ရှိသည်။
ဂျာဗားနှင့်ပီကင်း လူတို.ထက်စောပြီး မြန်မာနိုင်ငံတွင် လူရှိနိုင်သည်။”
ဆိုလိုသည်မှာ လွန်ခဲ့သော နှစ်လေးသိန်းကျော်ကတဲက မြန်မာနိုင်ငံတွင် လူပေါ်ပေါက်နေပြီဖြစ်သည်။
သို.သော် - - သက်သေပြရန် အထောက်အထား မတင်ပြနိုင်ခဲ့ပါ။
အညာသားယဉ်ကျေးမှူရဲ. သဘောကို ပြန်ချုပ်ရရင်
“ပီသေကန်သရိုပတ် လို.ခေါ်တွင်သော ဂျာဗားလူနှင့်ပီကင်းလူတို. တချိန်တည်းမှာ၊
တစ်နည်းအားဖြင့် လွန်ခဲ့သော နှစ်လေးသိန်းကျော်ကပင် မြန်မာနိုင်ငံမှာ
လူသားပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။
ထိုသူများကို “အညာသား” ဟု ပညာရှင်များက အမည်ပေးခဲ့သည်။
ထိုသူများမှ ဆင့်ကဲဖြစ်စဉ် (Evolution) အရ ဒီခေတ်မြန်မာလူသား တွေဖြစ်ခဲ့ ကြသည်။