Pages

Sunday, November 6, 2011

အချစ်လေးမျိုး။


ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်….အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလို့
သတ်မှတ်ထားတဲ့သူတွေပေါ့…ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…
မျက်စိအောက်ကအပျောက်မခံချင်ဘူး…သ၀န်တိုနေတယ်…
ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….အဲဒါ ego love ဖြစ်နေပါပြီ…
အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..ခဏခဏ၀င်တတ်ပါတယ်…အမှားဆိုရင်
သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး….
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့…
One sided love
ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်…အရာရာပေးဆပ်နေချင်တယ်…
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်…
ဒါပေမယ့်တစ်ဖက်လူက…ကိုယ်လုပ်ပေးနေတာတွေကိုလိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မကြာခင်မှာ ဆက်ဆံရေးက
အက်ကြောင်းထင်လာတတ်ပါတယ်…
Blind love
ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…အချစ်မှာမျက်စိမရှိဘူးလို့
ပြောနေကြတဲ့သူတွေပေါ့…အရာရာကို
ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…
ဒါဆိုရင် blind
loveဖြစ်နေပါပြီ…ဖြစ်သင့်မဖြစ်သင့်…လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး….အချစ်တွေပျောက်သွားတဲ့အချိန်မှ…ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
True love
နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ
မပူလောင်ရတဲ့အချစ်မျိုးပါ….
ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်…
လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….
အသဲကွဲတယ်ဆိုတာလဲမရှိဘူး….သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင်
မှားတတ်ကြပါတယ်….
ကဲ သူငယ်ချင်းတို့ ဘယ်လို အချစ်မျိုးကို သဘောကျပါသလဲ။
ချစ်သူများနေ့ ဖြစ်ပေါ်လာပုံ နှင့် လက်ဆောင်လေးများ
ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ်။
ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့
ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့လတစ်လလို့ သတ်မှတ်ထားကြပါသေးတယ်။
အဲဒီနေ့ကိုရောက်ပြီဆိုတာနဲ့ ကမ္ဘာအရပ်ရပ်က ချစ်သူတွေကအမှတ်တရ
ချောကလက်လေးတွေ၊
ပန်းစည်းတွေအစရှိတဲ့လက်ဆောင်တွေကိုလဲလှယ်ကြပါတယ်။
ဒါပေမယ့်ဒီလိုနေ့လေးပာာဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့
သိရှိသူအလွန်နည်းပါးလှပါတယ်။

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၁)ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ ရောမမြို့
စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်
စစ်ပွဲတိုင်းအမြဲရှုံးနိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရ
အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော
ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန်
အမိန့်ထုတ်ခဲ့ကြပါတယ်။ နှလုံးသားရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့၏
အချစ်ကို ချစ်တတ်သူတွေအတွက်အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို
လက်ထပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။  ဘုန်းတော်ကြီး Valentineကလည်း
ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို
ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါတယ်။ ဒီအကြောင်းတွေကို ဘုရင်သိသွားတော့
ဘုန်းတော်ကြီး ကို ဖေဖေါ်ဝါရီ (၁၄)ရက်တွင် အဆုံးစီရင်လိုက်ပါတယ်။
ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို
ဂုဏ်ပြုသောအားဖြင့် Valentine’s Day (သို့မဟုတ်) ချစ်သူများနေ့
ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၂)
အခြားသမိုင်းကြောင်းတစ်ခုကတော့ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ
လူပါကပ်စ်ဆိုတဲ့ နတ်ဘုရားကို အကြောင်းပြုပြီး
ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင်
ဖေဖော်ဝါရီလ၁၄ရက်နေ့မတော့ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ
လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားဖြစ်တဲ့ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့
ပွဲကျင်းပ ပါတယ်။ဖေဖော်ဝါရီ(၁၅)ရက်နေ့ရောက်တော့မှ နတ်ဘုရားဖြစ်တဲ့
လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား
နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားစီနေခဲ့ကြရတယ်။
အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး
မဲအနှိုက်ခံရပါတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို
သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ
တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ
ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး
မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို
ကျင်းပပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဘာသာရေး
ဆိုင်ရာဘုန်းတော်ကြီးများက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်
ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို
ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၃)
ဒါ့အပြင်အချို့အချို့သောသူတွေကလည်း
ချစ်သူများနေ့ဆိုတာဧဒင်ဥယျာဉ်ထဲက
ပန်သီးကိုအာဒံကဧ၀အတွက်ဝင်ခူးပေးတဲ့နေ့
လို့လဲပြောကြပြန်ပါသေးတယ်။
အာဒံပာာနတ်ဆိုးတစ်ကောင်ရဲ့လှုံ့ဆော်မှုကြောင့်
ဘုရားသခင်တားမြစ်ထားတဲ့ပန်းသီးကို
ဝင်ခူးပြီးတော့ဧ၀ကိုကျွေးခဲ့ပါတယ်။
အဲဒီကတည်းကစလို့လူတွေမှာ
လဲအချစ်စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါ့ကြောင့်အာဒံပန်းသီးဝင်ခူးတဲ့နေ့ကို
ချစ်သူများနေ့လို့သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။
ချစ်သူများနေ့မှာ ကိုယ့်ချစ်သူဆီ ချစ်အမှတ်တရလက်ဆောင်လေးတွေပေးရင်း
ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ….
ဘယ်လိုပဲပေါ်ပေါက်ခဲ့ပါစေဒီနေ့ကမ္ဘာအရပ်ရပ်မှာတော့ချစ်သူများနေ့ကို
လူတိုင်းလက်ခံယုံကြည်နေကြပါတယ်။
ကဲ ကျွန်တော်ကတော့ ဘယ်သူ့ကို ဘယ်လက်ဆောင်လေးပေးရမယ် ဆိုတာကို စဉ်းစားနေတယ်ဗျာ ………
ကဲ ဘယ်လက်ဆောင်လေးတွေ ပေးမယ် ဆိုတာလေးကို ရွေးကြမယ်နော် ……………..
ကဲ ဘယ်လောက်ဆောင် ပေးမလဲဗျာ ပေးစေနော် ……………
တစ်ခု အကြံပေးမယ်ဗျာ
1) စိတ်ဆိုးနေတဲ့ ချစ်သူလေးဆို ဘယ်လိုပေးမယ်
2) အရမ်းကိုယ့် အပေါ် နားလည်တဲ့ ကောင်မလေး ဆိုရင် တစ်မျိုး
3) ကိုယ့်ထက် အသက်ကြီး / ငယ်သူတွေ ဆိုတစ်မျိုး
4) အခုမှ အသစ်စက်စက်လေးတွေ ဆိုတစ်မျိုးနော်
5) အနှစ်တရာတိုင် ဆက်ချစ်မယ့် သူတွေကလဲ တစ်မျိုး
6) ၀ါကျွတ်ရင် လက်ထပ်မယ်ကွာ လို့ပြောပြီး ပေးခြင်ရင်လဲ တစ်မျိုးဗျ
7) အခုမှ လိုက်ပြောမယ့် အသစ်စက်စက်လေးတွေ က တစ်မျိုးနော်
ဟိဟိ အောင်းမလေးဗျာ
ပျော်တာ
ကျွန်တော်ကတော့ ပေးစရာမရှိ …………
Mail တစ်ခုမှ ကူးယူဖော်ပြပါသည် ……..

No comments:

Post a Comment