Monday, November 21, 2011

"ပန်းတိုင်ကိုမြင်ထားမှပန်းတိုင်ကိုသွားနိုင်မယ်"

ဆောင်းပါးခေါင်းစဉ်ကို မြင်တာနဲ့ သူ့ရဲ့ အတွင်းသဘောကို ခန့်မှန်းမိကြမှာပါ။ ဘယ် ကိစ္စမှာမဆို ဘယ်လုပ်ကိုင်ဆောင်ရွက်မှုမျိုး
မဆို ပန်းတိုင်ဆိုတာ ရှိတတ်ပါတယ်။ အဲဒီပန်းတိုင်ကို ရည်ရွယ်ပြီး ကြိုးပမ်းလျှောက်လှမ်းရတာတွေ လည်း ရှိပါတယ်။ ဒါမှသာ အောင်မြင်ပြီး ဆန္ဒ ပြည့်ဝပေမပေါ့။
တစ်ခါတစ်ခါတော့ လူတွေဟာ ပန်းတိုင် ပျောက်နေတတ်တယ်။ ကိုယ့်ရဲ့ဆန္ဒအမှန်ပါ ဝေ ဝါးတိမ်မြုပ်နေတတ်တယ်။ ဒီတော့ ကိုယ်လျှောက် ချင်တဲ့လမ်းဟာ ပျောက်သွားတတ်သလို ကိုယ့် ရဲ့ပန်းတိုင်ဟာလည်း ဘာမှမန်းမသိတော့ဘဲ ရည်ရွယ်ချက်တွေ မဲ့သွားတတ်တာ အမှန်ပဲ။ ပန်းတိုင်ကိုမမြင်ဘဲ လျှောက်နေတာမျိုးဟာ မျက်ကန်းလမ်းလျှောက်တာမျိုးပဲ မဟုတ်လား။ ဦးတည်ချက်မရှိဘဲ ဘယ်ရောက်ရောက် ဘယ် ပေါက်ပေါက် သွားနေတာနဲ့ တူသွားလိမ့်မယ်။
ပြောချင်တာက ဘယ်သူမဆို ကိုယ့်ဘဝ ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ရှိတတ်ကြ တယ်။ ရှိရလိမ့်မယ်။ တချို့က အဲဒီရည်ရွယ်ချက် ပန်းတိုင်ဟာ ငုတ်နေပျောက်နေတတ်သလို၊ အဲ ဒီကို ဘယ်လိုယုံကြည်လှမ်းလျှောက်ရမယ်၊ ဘယ် လို ဇွဲနပဲနဲ့ ရောက်အောင်သွားရမယ်၊ ဘယ် လို ပန်းဆွတ်ကြမယ်ဆိုတာ မသိဘဲ ဖြစ်နေ တတ်တယ်။
ရည်မှန်းရာလမ်းဆုံလို့လည်း အဓိပ္ပာယ်ရ၊ ရည်ရွယ်မျှော်မှန်းထားချက် တွေလို့လည်း အဓိပ္ပာယ်ရတဲ့ ပန်းတိုင်ဆိုတာက အောင်မြင်မှု တွေကို နောက်ဆုံးအောင်မြင်ရယူတဲ့နေရာလို့ ပြောရင်လည်းရပါတယ်။ ပန်းတိုင်ကို ရောက် အောင်လှမ်းပြီး အောင်မြင်မှုရယူနိုင်တဲ့ အချင်း အရာတွေဟာ ပန်းဆွတ်တာပါပဲ။ ဒါကို ပန်း ဝင်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။
ဘယ်လိုလူမဆို ဘဝမှာ ရည်မှန်းချက်ဆို တာ ရှိရမယ်။ ပန်းတိုင်ဆိုတာလည်း ရှိရမယ်။ သူ့ရဲ့ နိုင်ငံရေး၊ ကြီးပွားရေး၊ လူမှုရေးစတဲ့ ဘဝ ထဲက သူ့စိတ်ကြိုက်ရွေးချယ်ပြီး ရည်မှန်းချက် ထားတဲ့အတိုင်း ပြုမူဆောင်ရွက်တာဟာ ပန်း တိုင်ကိုမြင်ပြီး ပန်းတိုင်ကို အရောက်သွားနေ တာပဲ ဖြစ်ပါလိမ့်မယ်။ သူဟာ ပန်းတိုင်ရှိနေ သမျှ ပန်းတိုင်ကို မြင်တွေ့ပြီး၊ မမှိတ်မသုန် လျှောက်လှမ်းနေသမျှ တစ်ရက်မှာ သူအောင် မြင်လိမ့်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာလို မယ် မထင်ပါဘူး။
ရည်မှန်းချက်ပန်းတိုင် ရှိဖို့၊ အဲဒီပန်းတိုင်ကို မြင်သိနေစေဖို့ဆိုတဲ့ အကြောင်းကို စီနီကာ (ဃနညခနေ) ဆိုတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦး ရဲ့ စကားကို မှတ်မှတ်သားသား ရှိခဲ့ဖူးတယ်။ သူက-When a man does not know what harbour he is working for no window is the right wind ပါတဲ့။ ဘယ်ဆိပ်ကမ်းကို ဆိုက်ရ မယ်ဆိုတာကို ဦးတည်ချက်မရှိတဲ့ လူတစ် ယောက်ဟာ ဘယ်အရပ်ကတိုက်လာတဲ့ လေပဲ ဖြစ်ပါစေ အကျိုးမရှိနိုင်ပါဘူး။ ဦးတည်ချက် ပျောက် ပန်းတိုင်ပျောက်နေလေတော့ တိုက် လာတဲ့လေကို ဘယ်လိုအသုံးချရကောင်းမှန်း လည်း သိမှာမဟုတ်ပါဘူး။ ပန်းတိုင်မရှိတဲ့ လူ တစ်ယောက်ရဲ့အဖြစ်ကလည်း အဲဒါနဲ့ခပ်ဆင် ဆင်ပဲ ဖြစ်လိမ့်မယ်။

ဘဝရဲ့ရည်မှန်းချက်တွေဟာ ပန်းတိုင်ပါပဲ။ ကဗျာရေးတာ ဝါသနာထုံတဲ့ လူငယ်တစ် ယောက်အဖို့ ကဗျာဆရာကြီးတစ်ယောက်ဖြစ် ရေး၊ ကဗျာလောကမှာ အောင်မြင်ထင်ရှားရေး ဟာ သူ့ရဲ့ပန်းတိုင်ဖြစ်ပါလိမ့်မယ်။ ဒီအတိုင်းပဲ သရုပ်ဆောင်တစ်ဦးဟာ အကယ်ဒမီဆုရှင်ပြည် သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ရေးဟာ သူ့ ရဲ့ပန်းတိုင်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ မတူကွဲပြား တဲ့ နေရာတိုင်းမှာ မတူကွဲပြားတဲ့ ပန်းတိုင်တွေ ရှိနေတတ်ပြီး အဲဒီပန်းတိုင်ကို အရောက်လှမ်း နိုင်ဖို့ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေ ရည်မှန်းကြိုး စားကြမှာပါ။
ဒီနေရာမှာ ပန်းတိုင်ပျောက်နေတဲ့ လူမျိုး တွေကိုလည်း ဓမ္မတာပဲ တွေ့ရလိမ့်မယ်။ ကိုယ် က ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ မသိဘဲ ဘဝကို အလိုက်သင့်မျောပါနေကြတဲ့ သူတွေလည်း ရှိတယ်။ ဘဝမှာ ပန်းတိုင်မရှိ တဲ့၊ ပန်းတိုင်ပျောက်နေတဲ့အတွက် ဘယ်လိုအ ချက်အလက်ကောင်းတွေပဲ ရင်ဆိုင်ကြုံတွေ့ရ သည်ဖြစ်စေ၊ သူတို့ဟာ အဲဒီအခွင့်အရေးကို ဆုတ်ဖမ်းမိမှာ မဟုတ်ဘူး။ ဘယ်လို အသုံးပြု ရမယ်ဆိုတာကိုလည်း နားလည်ကြမှာ မဟုတ် တာ သေချာတယ်။
စီနီကာ (Cencea) ပြောသလိုပေါ့။ ကိုယ့် ရဲ့ရည်မှန်းချက်ပန်းတိုင်ဆိုတဲ့ ဆိပ်ကမ်းက မရှိ ခဲ့ရင် ဘယ်လိုလေမျိုးတိုက်လာရင် လှေရွက် ကို ဘယ်လိုအနေအထားမျိုးနဲ့ လွှင့်တင်ရမယ် မသိတော့ဘူးလေ။ ဒီတော့ အဲဒီလှေဟာ ကမ်း နဲ့ဝေးဝေးရောက်ချင်ရောက်သွားမယ်။ ကမ်း မမြင် လမ်းမမြင် ဖြစ်ချင်ဖြစ်သွားမယ်။ ဒါမှမ ဟုတ် တိမ်းမှောက်ပျက်စီးသွားနိုင်တယ်။ လူတိုင်းလူတိုင်း (အထူးသဖြင့် လူငယ် တွေတိုင်း) ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရှိသင့်တယ်။

အဲဒီပန်းတိုင်ကိုမရောက်ရောက် အောင်လည်း ချီတက်ကြရလိမ့်မယ်။ လမ်းခရီး မှာ ဓမ္မတာပဲ အခက်အခဲဆိုတာ တွေ့ရမှာပါ။ ဒါပေမဲ့ တကယ်ဆန္ဒရှိရင် အဲဒီအခက်အခဲတွေ ကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ပန်းတိုင်အ ရောက် လှမ်းနိုင်ပါတယ်။ အရေးကြီးတာက ဇွဲနပဲနဲ့ လုပ်ရည်ကိုင်တွေပဲ ဖြစ်ပါလိမ့်မယ်။
အားလုံးဟာ အရာရာမှာ ကျွမ်းကျင် လိမ္မာတဲ့သူတွေ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါက အရေးကြီးတယ်လို့ မထင်ဘူး။ အဓိကပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့စိတ်ဓာတ်ပဲ ဖြစ်ပါ တယ်။ ကိုယ့်ရဲ့ရှေ့တူရူမှာ ပန်းတိုင်ရှိနေမယ်ဆို ရင် အဲဒီပန်းတိုင်ကို အရောက်သွားဖို့ မခက် တော့ပါဘူး။ ပန်းတိုင်ကိုမြင်နေရတဲ့ လူတစ် ယောက်အဖို့ လေးလေးမှန်မှန်သာ ချီတက်သွား စမ်းပါ။ ပန်းတိုင်ဟာ အနှေးနဲ့အမြန် ရောက်မှာ ပါပဲ။
ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကို သွား နိုင်မယ်ဆိုတာကို အားလုံးပဲ သဘောပေါက် စေချင်ပါတယ်။ ပန်းတိုင်မရှိဘဲ သွားနေရတဲ့ ခရီးတစ်ခုဟာ အရူးအိပ်မက်လိုဖြစ်နေမှာ အမှန် ပဲ။ ကရွတ်ကင်းပေါ် လမ်းလျှောက်နေသလို လည်း ဖြစ်နေလိမ့်မယ်။ ခရီးဆုံးကိုလည်းရောက် မှာမဟုတ်ဘူး။ ချာလည်လည်ဖြစ်နေမှာသေ ချာတယ်။ ဒါကြောင့် ဘယ်သူမဆို ဘာသာ ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘယ်ကဏ္ဍ မှာမဆို ကိုယ်အဓိကထားတဲ့ကဏ္ဍမှာ ပန်းတိုင် ကို ရအောင်ရှာပြီး ပန်းတိုင်ကို အရောက်သွား စေချင်တယ်။

လူတစ်ယောက်ရဲ့ ကိုယ်စွမ်းကိုယ်စဟာ ပန်းတိုင်ကို အရောက်သွားနိုင်တာဖြစ်သလို၊ အဲဒီပန်းတိုင်ကို မြင်အောင်ကြည့်နိုင်ပြီး တူရူ ခရီးသွားနိုင်တာလည်း ဖြစ်ပါတယ်။ သူဟာ သူ့ပန်းတိုင်ကို သူမြင်နေခဲ့သလို၊ သူမြင်တဲ့အ တိုင်းလည်း မဖြစ်မနေ အရောက်လှမ်းဖို့ ကြိုး စားတယ်။ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားခဲ့တယ်။ ဒီအတွက် စွန့်လွှတ် အနစ်နာခံခဲ့ရတာတွေ ရှိကောင်းရှိမယ်၊ ရှိနိုင် တယ်။ ခရီးလမ်းဆုံးကတော့ မရောက်သေး ဘူးပဲထား၊ သူဟာ လူစွမ်းကောင်းပါ။ ကိုယ် စွမ်းကိုယ်စရှိတဲ့လူပါ။ ဒါဟာ အင်မတန် ရိုးရှင်း တဲ့ အမြင်ပဲဖြစ်ပါတယ်။
ဘယ်သူမဆို မိမိပန်းတိုင်ကို တွေ့အောင် ရှာသင့်တယ်။ ပန်းတိုင်ကို မျက်နှာမူသင့်တယ်။ တစ်ဆက်တည်း ကိုယ်ရွေးချယ်လိုက်တဲ့ ပန်းတိုင် အရောက်လည်း အားကြိုးမာန်တက်လျှောက် လှမ်းသင့်တယ်။ အောင်မြင်တာ၊ မအောင်မြင် တာ၊ နှေးတာမြန်တာက အဓိကမဟုတ်ဘူး။ ပန်းတိုင်မပျောက်ဖို့က အဓိကမဟုတ်လား။ပန်းတိုင်ကို မြင်ထားမှ ပန်းတိုင်ကို သွားနိုင်မယ်လေ။

ထက်ကျော်

No comments: