Pages

Wednesday, November 23, 2011

✰✰ITလူငယ်များအတွက်ဘ၀တက္ကသိုလ်✰✰

လူငယ်တစ်ယောက်၏ဘ၀တွင်သစ်လွင်တောက်ပသော အနာဂါတ်တစ်ခု   ရှိကို ရှိရမည်။
လူငယ်များတွက်ဒဿနလေးများ...
မှတ်သားမှုမပါသော စာဖတ်ခြင်းသည်
မျက်စိမှုန်ခြင်းမှတစ်ပါး ကျန်သောအကျိုးမည်သည်မရှိ




(ဘ၀ သင်ခန်းစာ=၂)
စာဖတ်ပါ ဝေဖန်သုံးသပ်ပါ ရေးမှတ်ပါ
၁။စာဖတ်ခြင်းသည် ပြည့်ဝစေသည်။
၂။ပြောဆိုဆွေးနွေးခြင်းသည် အဆင်သင့်ဖြစ်စေသည်။
၃။ရေးမှတ်ခြင်းသည် တိကျပီပြင်စေသည်။




(ဘ၀ သင်ခန်းစာ=၃)
ရုပ်ရည်ချောတာ ဥာဏ်ကောင်းတာတွေထက် ကျွန်တော်လို့လူသားတွေတန်ဖိုးအထားသင့်ဆုံး အရည်အချင်းတွေကတော့

၁။ရိုးသားခြင်း
၂။သတ္တိရှိခြင်း
၃။ဇွဲရှိခြင်း
၎။စိတ်ထားမွန်မြတ်ခြင်း နဲ့
၅။မိမိကိုယ်မိမိ နှိမ်ချခြင်းတို့ပဲဖြစ်ပါတယ်

(ဘ၀ သင်ခန်းစာ=၅)မိတ်ဆွေကောင်း
ဒုက္ခကို...
အတူတကွ...မရင်ဆိုင်ရသေးရင်...
မိတ်ဆွေကောင်းလို့...အလျင်စလိုမဆုံးဖြတ်နဲ့...။

ပျော်ရွှင်တဲ့အချိန်မှာ အတူတကွရှိနေတဲ့လူ
မိတ်ဆွေပဲရှိသေးတယ်...။





(ဘ၀ သင်ခန်းစာ=၆)အရည်အချင်း
တစ်ပါးသူ
ကိုယ့်အရည်အချင်းကို...မမြင်မှာ...
အသိအမှတ်မပြုမှာကို...
သွားမပူနဲ့...။

တကယ်ပူရမှာက...
ကိုယ့်အရည်အချင်း...
တကယ်ရှိရဲ့လား...ဆိုတာကို...။  ။
 (ဘ၀ သင်ခန်းစာ=၇)ခရီးလမ်းမှ ရသများ
ငြိမ်းချမ်းပျော်ရွှင်မှု..ဆိုတာ
ပန်းတိုင်..ရောက်မှ...
ရှိနိုင်တဲ့အရာမဟုတ်ဘူး...။

ပန်းတိုင်..ကိုအသွား...
လမ်းမတွေပေါ်မှာ...
သွားရင်းလာရင်း...လုပ်ရင်း...ကိုင်ရင်းနဲ့
တွေ့ရတတ်တဲ့
အလှတရား..မျိုး...။  ။





(ဘ၀ သင်ခန်းစာ=၈)သင်သည်..သင့်ရဲ့ဘ၀..အရှင်သခင်

အဝေးကြီးသွားချင်ရင်...
လေးတာတွေချန်ခဲ့...။

အမြင့်ကြီး..တက်ချင်ရင်...
လေးတာတွေ...ချန်ခဲ့...။

မင်းဘယ်လောက်...
ဘယ်သွားမလဲ...
မင်းဘ၀နဲ့မင်းပဲ...။
(ဘ၀ သင်ခန်းစာ=၉)
နာကျင်မှု့ကို မေ့ပျောက်ပစ်ပါ။ ကြင်နာမှုကို အစဉ်သတိရပါ။
ကွန်ဖြူးရှပ်စ်(အတွေးအခေါ်ပညာရှင်)

အချိန်ဆိုတဲ့သမားတော်က နာကျင်မှုကို ကုစားပါလိမ့်မယ်။
ယူရီပီဒက်စ်(ဂရိပြဇာတ်စာရေးဆရာ)

လူတစ်ဦး၏ အပေါ်ယံအသွင်အပြင်ကို မကြည့်ပဲ အတွင်းစိတ်ကိုသာ ကြည့်ပါ။

အီစွတ် (ဂရိလူမျိုး ပုံပြင်ရေးဆရာ)
 
 

No comments:

Post a Comment