Pages

Tuesday, November 29, 2011

ကိုယ့်ရဲ့လုံခြုံရေးကိုထိပါလာတဲ့ Smart ဖုန်းဓါတ်ပုံများ

လူသုံးများ၊ လူကြိုက်များလာတဲ့ စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို နည်းအမျိုးမျိုးနဲ့ပေါက်ကြားစေနိုင်တာကို အခုနောက် ပိုင်းမှာမှ သတိထားမိလာကြတာပါ။ ဒါပေမဲ့ ကမ္ဘာကျော် လူမူဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ပေါ်မှာတွေ့လိုက်ရတဲ့ ဗီဒီယိုတစ်ခုမှာတော့ စမတ်ဖုန်းတွေရဲ့ လူသိနည်းနေသေးတဲ့ အန္တရာယ်တစ်ခုကို သိရှိနိုင်ခွင့်ရခဲ့ပါတယ်။ အဲဒါကတော့ စမတ်ဖုန်းတွေနဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံတွေကနေ တစ်ဆင့် လူတွေကိုနောက်ယောင်ခံ လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ သတင်းအစီရင်ခံချက် Facebook ပေါ်မှာ ကြည့်လိုက်ရတဲ့ ဗီဒီယိုပို့စ်ဟာ အမေရိကန် အကျော်အမော် သတင်းဌာနတစ်ခုဖြစ်တဲ့ NBC သတင်းဌာနရဲ့ သတင်းအစီရင် ခံချက်ကို You Tube ဝက်ဘ်ဆိုက် ကနေတစ်ဆင့် ပြန်လည် တင်ပြထားတာဖြစ်ပါတယ်။ Smartphone Picts Pose Privacy Risks လို့ အမည်ရတဲ့ ဒီဗီဒီယို ပို့စ်လေးဟာ NBC ရဲ့ Action News ချန်နယ် ကနေ ထုတ်လွှင့် သွားတာကို ကောက်နှုတ်ထားတာ ဖြစ်ပြီး အွန်လိုင်းပေါ်မှာ တင်ဖို့အပို အလိုမရှိ ကွက်တိဖြစ်နေတာကို တွေ့ရပါတယ်။ ဗီဒီယိုပို့စ်ရဲ့ အစမှာသတင်း ကြေညာသူနှစ်ဦးဖြစ်တဲ့ အယ်လိဇဘတ် အဲလက်စ်နဲ့ မာ့ခ်ကလက်ဂ်တို့က စမတ်ဖုန်းတွေနဲ့ ရိုက်ယူထားတဲ့ ဓာတ်ပုံ တွေဟာ အွန်လိုင်းပေါ်မှာ လိုသည် ထက်ပိုတဲ့ အချက်အလက်ဖော်ပြမှုတွေ ပြုလုပ်နိုင်ကြောင်း၊ ကျွမ်းကျင်တဲ့ ဟက်ကာတွေဟာ ဓာတ်ပုံတွေကို အသုံးချပြီး ဓာတ်ပုံပိုင်ရှင်ရဲ့ နေအိမ်၊ အလုပ်နဲ့ ကျောင်းတည် ရှိရာနေရာတွေ ကိုရှာဖွေဖော်ထုတ် လို့ရကြောင်း စကားအချီအချနဲ့ တင်ပြသွားခဲ့ပါတယ်။ ဒီအ ချက်ကို သားအမိနှစ်ယောက်နဲ့ လက်တွေ့စမ်းသပ် ခဲ့တယ်လို့ သတင်းကြေညာ သူတွေက ပြောကြား အပြီးမှာ သားအမိနှစ်ယောက် ဓာတ်ပုံရိုက်နေတဲ့ပုံကို ရိုက်ပြပါတော့တယ်။

ချစ်စဖွယ်ကလေးငယ် 

မိခင်ဖြစ်သူက သမီးရဲ့ဓာတ် ပုံကို အိုင်ဖုန်းတစ်လုံးသုံးပြီး ရိုက်ကူး နေတာ "တစ်၊နှစ်၊သုံး၊ ရိုက်တော့မယ်၊ ပြုံးပြုံးလေးနေနော်၊ ချစ်ဖို့ကောင်းလိုက် တာ"လို့ သမီးဖြစ်သူ ဓာတ်ပုံအရိုက် ခံချင်စိတ်ပေါ်လာအောင် ချော့မြူပြော ဆိုနေပါတယ်။ ဓာတ်ပုံရိုက်သူက မိခင် ရင်းဖြစ်တာကတစ်ကြောင်း၊ ခေတ်ပေါ် စမတ်ဖုန်း ကင်မရာတို့ရဲ့ထုံးစံအတိုင်း ရိုက်ပြီးဓာတ်ပုံကို ပြန်ကြည့်ကာကြည် နူးခွင့်ရတာက တစ်ကြောင်း အစရှိသဖြင့် အကြောင်းရင်းတွေကြောင့် ကလေးငယ်ဟာ ချစ်စဖွယ်အပြုံးနဲ့ ဓာတ် ပုံအရိုက်ခံလိုက်ပါတယ်။ ဒီအနေအထားအထိ ပြောစရာမရှိသေးပေမယ့် အဲဒီဓာတ်ပုံကို အွန်လိုင်းဝက်ဘ်ဆိုက် တစ်ခုပေါ်တင်လိုက်တာနဲ့ ပြဿနာ စတော့တာပါပဲ။ ဓတ်ပုံရှာဖွေမှုပြုလုပ် တဲ့အခါ အဲဒီသမီးငယ်ရဲ့ဓာတ်ပုံကို ထောက်ပြီး Show Similar Image ကိုနှိပ်လိုက်တာနဲ့ နာက်ထပ်ကလေး ငယ်တွေရဲ့ဓတ်ပုံတွေတစ်သီကြီးထွက် လာတဲ့အပြင် ရှာဖွေမှုကို နည်းနည်း လောက်အဆင့်မြှင့် လိုက်တာနဲ့ အဲဒီကလေးငယ်တွေရဲ့ နေရပ်လိပ်စာ၊ စာသင်ကျောင်း အစ ရှိတဲ့ ကိုယ်ရေးအချက် အလက်တွေပါ ထပ်ထွက်လာ တော့တာကို တွေ့ရပါတယ်။

ကြက်သီးထစရာ 

အွန်လိုင်း ပေါ်ဓာတ်ပုံလေး တစ်ပုံတင်လိုက်တာနဲ့ ကိုယ်ရေးအချက်အလက်တွေ ဒီလောက်တောင်စိမ့် ထွက်သွားနိုင်လို့ဒါ ဟာ "ဥပဒေဘောင် အတွင်းကကြောက် စရာကိစ္စ"ပါလို့ ကလေးအ မေက မှတ်ချက်ပြုခဲ့ပါတယ်။ ဒီကိစ္စရဲ့ဇာစ်မြစ် ကိုသေချာသိဖို့ NBC သတင်းဌာနဟာ ရဲဘက်ကျွမ်းကျင်သူတွေကို မေးမြန်း ဖြစ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဒီ ဓာတ်ပုံနောက်ယောင်ခံကိစ္စဟာကျွမ်း ကျင်သူတွေကိုပါ အံ့အားသင့်စေခဲ့ပါ တယ်။ ဓာတ်ပုံနောက်ယောင်ခံမှုကို သတင်းဌာနက လူတစ်ယောက်က လုပ်ပြပြီး ရဲဘက်ကျွမ်းကျင်သူက"ဟင့် အင်း"လို့ပဲပြန်ဖြေပါတယ်။ အသေအ ချာလေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် မှာတော့ ဒီကိစ္စဟာလက်ရှိအချိန်မှာ အွန်လိုင်းပေါ်ကအကြီးဆုံးခြိမ်းခြောက် မှုဖြစ်တယ်လို့ ကျွမ်းကျင်သူက မှတ် ချက်ချခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက လည်းဓာတ်ပုံရိုက်ကူးရာမှာ စမတ်ဖုန်း တွေကအသုံးပြုတဲ့ Geotagging Feature ကြောင့်လို့အဖြေထွက်ခဲ့ပါတယ်။

တည်နေရာမှတ်သားစနစ် 

Geotagging ဆိုတာ စမတ်ဖုန်းတွေရဲ့ အပိုဆောင်း ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ဓာတ်ပုံတစ်ပုံရိုက် လိုက်ပြီဆိုတာနဲ့ ဓတ်ပုံရိုက်ကူးနေရာကို ဓာတ်ပုံရဲ့ ပူးတွဲပါ အချက်အလက် ထဲပေါင်း ထည့်တဲ့ စနစ်ဖြစ်ပါတယ်။ အခုနောက် ပိုင်းစမတ်ဖုန်းတွေအားလုံးနီးပါး ဒီလို ဝန်ဆောင်မှုပါရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကလေးငယ်သွားနေကျနေရာ တွေကို ဓာတ်ပုံရိုက်ကူးပြီး အွန်လိုင်း ပေါ်တင်လိုက်တာနဲ့ သူ့ရဲ့နေအိမ်၊ စာသင်ကျောင်း၊ သွားနေကျမုန့်ဆိုင် အစရှိတာတွေကို အွန်လိုင်းလူဆိုးတွေ ဆီပေးပို့လိုက်တာနဲ့ အတူတူဖြစ်သွား မှာပါ။ "မိဘတစ်ဦးရဲ့အမြင်ကနေ ကြည့်ရင် ဒီကိစ္စဟာ ရိုးရိုးလေးနဲ့ ကြောက်စရာ ကောင်းပါတယ်"လို့ ကလေးငယ်ရဲ့ မိခင်က ဖွင့်ဟခဲ့ပါတယ်။ စမတ်ဖုန်း တွေမှာ ရောက်လေရာ နေရာတိုင်းကို နောက်ယောင်ခံ မှတ်သားနိုင်တဲ့ Geotracking နည်းပညာပါရှိပါတယ်။ ဒီနည်းပညာနဲ့ပတ်သက်ပြီး ကွန်ပျူ တာကျွမ်းကျင်သူ ဒီ(ပ်)မာဒီကို NBC ကမေးမြန်းခဲ့ရာမှာ "ဒီစနစ်ဟာ မော် တော်ကားတွေမှာပါတဲ့ GPSစနစ်နဲ့ အတူတူလောက်ပါပဲ" လို့ပြန်ဖြေခဲ့ ပါတယ်။ ဒီဆောင်ရွက်ချက်ကို Foursquare ဝက်ဘ်ဆိုက်မှာဖော်ပြသုံးစွဲ ထားပြီး စမတ်ဖုန်းသုံးပြီးအွန်လိုင်းပေါ် တင်သမျှကို တကယ့်မြေပုံတွေပေါ်မှာ ပြန်လည်ဖော်ပြပေးနိုင်ပါတယ်။ ဒီနေ ရာမှာ I Can Stalk U ဝက်ဘ်ဆိုက်က လည်း သူ့နည်းနဲ့သူ အစွမ်းထက်ပြီး Twitter သုံးသူတွေရဲ့ ဓာတ်ပုံတွေကို အဲဒီပုံတွေရိုက်ကူးရာဒေသနဲ့တွဲဖက် ပြီး ပြန်လည်ဖော်ပြပေးနိုင်ပါသတဲ့။

နောက်ယောင်ခံမှု

iphone, Blackberry, Android နဲ့ Plam အစရှိတဲ့ စမတ်ဖုန်း တွေမှာ Geotagging Feature ပါဝင် လို့ သူတို့နဲ့ရိုက်ကူးတဲ့ဓာတ်ပုံတွေအား လုံးနီးပါး နောက်ယောင်ခံလိုက်လို့ရ ပါတယ်။ အွန်လိုင်းပေါ်တင်ထားတဲ့ ဓာတ်ပုံတွေထဲက တစ်ပုံကို NBC သတင်းဌာနက နောက်ယောင်ခံလိုက် ပြီး အဲဒီကောင်လေးရဲ့နေအိမ်အထိ လိုက်သွားနိုင်ခဲ့ပါတယ်။ ဝက်ဘ်ဆိုက် ပေါ်မှာ နေရပ်လိပ်စာတင်မထားပေ မယ့် အိမ်တိုင်ရာရောက် လိုက်လာ နိုင်လို့ ကောင်လေးမိခင်က အလွန် အံ့ အားသင့်ပြီး NBCသတင်းအဖွဲ့ကို လက်ခံဆွေးနွေးဖို့ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့NBC ဟာ အဲဒီအမျိုးသမီးကို အွန်လိုင်းကနေပဲဆက်သွယ်ပြီး သူမရဲ့ သားသမီးတွေနဲ့ပတ်သက်လို့ စိုးရိမ် ဖွယ်ရာဖြစ်နေတဲ့အချက်တွေကို ပြော ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီ အမျိုးသမီးရဲ့ သားဖြစ်သူရဲ့အွန်လိုင်း Profile မှာ ဓာတ်ပုံတောင်တင်မထား တော့တာတွေ့ရပါတယ်။ ဒါ့အပြင် ကောင်လေး Post တင်သမျှကို Private အဖြစ်သတ်မှတ်လိုက်တဲ့အ တွက် မတော်တရော်သူတွေအတွက် အခက်ကြုံစရာဖြစ်သွားခဲ့ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကျွန်တော်တို့ဟာ အွန်လိုင်း ဝက်ဘ်ဆိုက်တွေ ပိုမိုသုံးစွဲလာတာနဲ့ အမျှ အွန်လိုင်းပေါ်တင်တဲ့အချက်အ လက်တွေ ပိုမိုများပြားလာခဲ့ပါတယ်။ ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့အရာ တွေ၊ မုန်းတီးတဲ့အရာတွေ၊ အပန်း ဖြေဖို့ဘယ်လိုလုပ်တယ်ဆိုတာတွေ ကိုပါ ဖော်ပြနေကြတဲ့အပြင် ကျွန်တော် တို့တင်တဲ့ဓာတ်ပုံတွေအရ မိဘတွေ ဘယ်လိုပုံပန်းသဏ္ဌာန်ရှိတယ်ဆိုတာ တွေကိုပါ အွန်လိုင်းဝက်ဘ်ဆိုက်သုံး စွဲသူတိုင်း အသာလေးသိရှိနိုင်နေပါ ပြီ။ ဓာတ်ပုံတွေမှာပါတဲ့ Geotagging ဆောင်ရွက်ချက်ကြောင့် ကျွန်တော်တို့ ဘယ်မှာနေတယ်၊ ဘယ်ကိုသွားတယ် ဆိုတာတွေကအစ သိရှိနိုင်နေပါပြီ။ စင်ကာပူမှာ ရိုက်ကူးခဲ့တယ်ဆိုပြီး ဓာတ်ပုံတင်တဲ့အခါ Geotag လေးနဲ့ အတူြွကားလုံးထုတ်မယ်ဆိုတဲ့ ခေတ် ကကျန်ခဲ့ပါပြီ။ ကိုယ့်အိမ်ကိုဝင်ခိုးမယ့် သူခိုးက၊ ကိုယ့်ကလေးကိုပြန်ပေးဆွဲ မယ့်လူဆိုးက ကိုယ်အိမ်မှာမရှိတဲ့အချိန် ကိုရွေးချယ်လှုပ်ရှားမယ်ဆိုတာကို သံ သယဖြစ်စရာမရှိပါဘူး။ ဒါကြောင့် စမတ်ဖုန်းတွေရဲ့ GPS စွမ်းဆောင် ချက်ကို မလိုတဲ့အချိန်မှာပိတ်ထားပစ် ဖို့ ဘယ်လိုလုပ်ရမှာပါလဲ။ ဒီဗီဒိယို လေးရဲ့အဆုံးသတ်မှာ NBC သတင်း ကြေညာသူတွေရဲ့ ဆွေးနွေးခန်းလေး နဲ့နိဂုံးချုပ်ထားပြီး ဓာတ်ပုံနောက်ယောင် ခံပြဿနာကို အဖြေရှာထားပါတယ်။ အဲဒါကတော့ ဖုန်းရဲ့ Setting ကို ဖွင့်၊ Location Service ဒါမှမဟုတ် GPS Featurs ထဲကိုဝင်ပြီး မလိုတာ မှန်သမျှပိတ်ပစ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ Location Service အကုန်လုံးကိုပိတ် ပစ်လိုက်ရင် စမတ်ဖုန်းရဲ့ မြေပုံလုပ် ဆောင်ချက်ကိုပါ ထိခိုက်စေမှာဖြစ်လို့ ကင်မရာကိုထိန်းချုပ်တဲ့ကဏ္ဍ ဒါမှမ ဟုတ် Geotagging Service ကိုပိတ် လိုက်တာက ပိုကောင်းပါတယ်။ ဒီ ဆောင်းပါးလေးကို အဲဒီဗီဒီယိုပို့စ်ထဲက သတင်းကြေညာသူတစ်ဦးရဲ့ မှတ်ချက် စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။
"နည်းပညာပိုမို ကြီးမားကျယ်ပြန့် လာတာနဲ့ အမျှ ကျွန်တော် တို့ဟာ အွန်လိုင်းပေါ်မှာ ပိုပြီး ဖုံးမနိုင် ဖိမရဖြစ်လာကြရတော့တာပါပဲ"

(ရှိန်ဝင်းထိုက်)

No comments:

Post a Comment