Sunday, December 11, 2011

အဖတ် ၊ အသိ ၊အမြင်

အဖတ် ၊ အသိ ၊အမြင်


လူအများပင်
စာဖတ်တတ်ပါသည်...။
အဓိပ္ပါယ်ကို သိကြပါသည်...။ သို့ ရာတွင် စာရေးဆရာ၏ အာဘော် ၊ စာရေးဆရာ၏
ရည်ရွယ်ချက် ၊စာရေးဆရာ၏ ဆန္ဒကို
သိမြင်တတ်သူကား နည်းပေသည်...။ စာဖတ်သူအများအပြားပင် စာရေးဆရာ၏
ရည်ရွယ်ချက်ကိုသိအောင် တွေးသူမြင်သူကား
ရှားပေသည်...။
        စာကို စာအနေနှင့် ဖတ်ချင်၍ ဖတ်သည်...။ ဖတ်ပျော်ရှုပျော်ရှိ၍ ဖတ်သည်...။
အစအဆုံးဖတ်ပြီးလျှင် ``ဖတ်လို့ ကောင်းသားပဲ``ဟု မှတ်ချက်ချချင်ချမည်..။
``ပျင်းစရာကြီးပါကွာ``ဟု ကဲ့ရဲ့ ချင် ကဲ့ရဲ့ မည်...။ စာရေးဆရာ၏
ရည်ရွယ်ချက်ကိုကား စာရင်းသွင်းလှခဲသည်။
        စာရေးဆရာသည် သူ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ရေးသည့်အခါရေးသည်...။
အရိပ်ပြ အကောင်ထင်သဘောမျိုး
ရေးသည့်အခါ ရေးသည်..။ စာဖတ်သူက စာကို စာသက်သက်အဖြစ် ဖတ်ခြင်းထက်
စာရေးသူ၏ဆန္ဒကိုပါ
တွေးကြည့်လျှင် ပို၍ အရသာတွေ့ ပေမည်...။
စာရေးကတည်းက စာရေးဆရာတိုင်း ရည်ရွယ်ချက်နှင့်ရေးကြ၍ စာရေးသူ၏ ရည်ရွယ်ချက်ကား
အဓိကဟု ဆိုချင်ပါသည်...။
       ကျွန်တော်ခပ်ငယ်ငယ်က အင်္ဂလိပ်စာရေးဆရာတစ်ယောက်ရေးသော ``ကျောင်းသားဘဝ
လူမျိုးတစ်မျိုး``
ဟူသော စာအုပ်ကို ဖတ်ဖူးသည်..။
သူရေးသော အင်္ဂလိပ်စာသည် လွယ်သည် ၊ ရှင်းသည် ၊ နားလည်သည်..။ ထို့ ကြောင့် သူ
့စာအုပ်ကို ဖတ်ကြည့်မိသည်။
သူရေးသော အကြောင်းအရာမှာ မြန်မာလူမျိုးတို့  ကလေးဆန်ပုံ ၊ အင်္ဂလိပ်များ၏
ယဉ်းကျေးမှုကို အကြွင်းမဲ့အတုခိုးပုံ ၊
အတွေးအခေါ်မရင့်သန်ပုံ တို့ ကို ရေးသောကြောင့် အစပထမတွင် သူ့ ကို မုန်းသည်...။
မြန်မာလူမျိုးကို နှိမ့်ချရမလား ၊ ကဲ့ရဲ့ ရမလားဟု စိတ်ဆိုးသည်...။ သူ
့စာအုပ်ကိုမဖတ်တော့ဘဲ ပစ်ထားခဲ့သည်...။
        ဥပစာတန်းကို အောင်ပြီးသောအခါ စာအုပ်ဟောင်းများကို ဖုံခါရင်း သူ
့စာအုပ်ကို တွေ့ ပြန်သည်...။
မေ့မေ့လျော့လျော့ရှိနေ၍ စာမျက်နှာကို ဟိုလှန်သည်လှန် လှန်ကြည့်မိသည်...။
   ``မြို့ ဝန်ကြီးသည် အဆောင်ကိုင်များနှင့် မြစ်ကမ်းနဖူးတွင်
လမ်းလျှောက်နေသည်...။ သူ့ ကိုကြည့်ရသည်မှာ
ခက်ခက်ထန်ထန်ရှိသည်...။ ကျွန်ုပ်တို့ ကို မြစ်ကြောင်းစုန်ခွင့်မပေးဟု
ခေါင်းတခါခါ ငြင်းဆန်နေသည်...။
ကျွန်ုပ်တို့ ကား မြန်မာနှင့်အင်္ဂလိပ်တို့  စစ်ဖြစ်မည့်အကြောင်း
အတွင်းစကားရထားသောကြောင့် မြို့ ဝန်ကြီးသည်
ကျွန်ုပ်တို့ အားဖမ်းဆီး၍ မန္တလေးသို့ နှောင်ကြိုးတည်းကာ ပို့ တော့မည်ဟု
တထိတ်ထိတ်နေကြ၏...။
သို့ ရာတွင် မှောင်ရီသန်းလာသောအခါ ကျွန်ုပ်တို့ ထံမင်းချင်းတစ်ယောက်
ပေါက်လာပြီးလျှင် မြို့ ဝန်ကြီးအား
ကန်တော့လက်ဆောင် ဆက်သပါက မြစ်ကြောင်းစုန်ခွင့် ပြုမည့်အကြောင်း ပြောကြား၏...။
ကျွန်ုပ်တို့ ကား ပါသမျှ အဖိုးထိုက် အဖိုးတန်တို့ ကို ချက်ချင်းပေးခဲ့ပြီးလျှင်
ဒုန်းစိုင်းစုန်ဆင်းခဲ့၏....။
ဤအဖြစ်အပျက်ကား မြန်မာနိုင်ငံတွင်ဖြစ်၍ မြန်မာမြို့ ဝန်ကြောင့် ကျွန်ုပ်တို့ 
လွတ်မြောက်ခဲ့၏...။
အကယ်၍ ဤအဖြစ်အပျက်မျိုး အင်္ဂလန်ပြည်တွင် ဖြစ်၍ မြန်မာတို့ က အင်္ဂလိပ်တို့ နှင့်
စစ်ခင်းမည်ဆိုပါက
ကျွန်ုပ်တို့  အဖြစ်မျိုးနှင့်ကြုံသော မြန်မာတို့ သည် အင်္ဂလိပ်မြို့ ဝန်၏
ဖမ်းဆီးခြင်းကို ခံရရုံမက လန်ဒန်မြို့ သို့ အရောက်
သံခြေကျင်းခတ် ၊ သံကြိုးတည်း၍ အပို့ ခံရမည်မှာ မုချပင်..``
ဟူသော စာကို အမှတ်မထင်ဖတ်မိပါသည်....။
          စာရေးဆရာကား မြန်မာတို့ အပေါ် စာနာမှု ၊ထောက်ပြမှုများကို အမှန်ကို
ရေးပါလားဟု သိလာသည်...။
သူ့ ဆန္ဒကို မြင်လာသည်...။သူ့ စေတနာကို လေးစားလာသည်...။ ထို့ ကြောင့် သူ
့စာအုပ်ကို အစအဆုံး ဖတ်တော့သည်....။
           မြန်မာတို့ သည် အင်္ဂလိပ်များစီးသော ဘွတ်ဖိနပ်ကို စီးချင်က
စီးနိုင်ပါသည်...။ အင်္ဂလန်ကမှာယူ၍ မြန်မာတို့ နှင့်
အရွယ်မတော်သော အင်္ဂလန်ပြည်လုပ် မတော့်တတော် ဘွတ်ဖိနပ်များကို မစီးစေချင်ပါ...။
မြန်မာနိုင်ငံမှထွက်သော မြန်မာ့နွားသားရေနှင့်
မြန်မာလုပ်ဘွတ်ဖိနပ်အရွယ်တော်များကိုသာ စီးစေချင်သည်ဟု
ရေးထားသည်ကို ဖတ်မိပြန်သည်...။
       မှန်ပေစွ...။ နိုင်ငံခြားယဉ်ကျေးမှု ဖြစ်သော်လည်း ခေတ်မီ၍ အတုယူသင့်က
ယူထိုက်သည်ဟု သဘောပေါက်ပါသည်...။
သို့ ရာတွင် ပုံတူကူယူလျှက် မိမိလူမျိုးနှင့် မသင့်လျော်သော သူတပါးအား
လုံးဝအားကိုးသော အတုခိုးနည်းမျိုးကို မခိုးဘဲ
ကိုယ့်မူကိုယ့်ဟန် ကိုယ့်လူမျိုးနှင့် သင့်လျော်သော ခေတ်မီအတုခိုးမှုတို့ ကို
ခိုးသင့်သည်ဟု သဘောပေါက်မိပါသည်...။
      ထိုစာအုပ်ပါ အကြောင်းအရာများသည် ကိုလိုနီစနစ်ဘက်သား စစ်အမှုထမ်းဖြစ်စဉ်က
အကြောင်းအရာများ ဖြစ်ပါသည်...။
စာရေးသူသည် တော်လှန်ပုန်ကန်သော မြန်မာတို့ ကို လိုက်လံနှိမ်နင်းနေသော
အရာရှိဘ၀တွင် ရှိနေသည်...။
သို့ ပါလျှက် သူရေးခဲ့သောစာအုပ်တွင် မြန်မာတို့ ကား အသိနောက်ကျသည်...။
တော်လှန်ရေးစိတ်ဓာတ် ရှစ်နှစ်မျှ နောက်ကျသည်...။ သီပေါမင်းကို
အင်္ဂလိပ်ဖမ်းစကတည်းက အုံကြွ ထကြွ
ပုန်ကန်ထိုက်သည်ဟု ရေးခဲ့သည်...။
      သူ့ စာအုပ်တွင် အထက်မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မြန်မာနှင့်
တိုင်းရင်းသားတို့  အင်္ဂလိပ်နှင့်တိုက်သော တိုက်ပွဲများကို
စိတ်ဝင်စားဖွယ် ရေးခဲ့သည်...။ သရုပ်ဖော်ရေးသားရာ၌ ပေါ်ပေါ်လွင်လွင်
ရှိလှပေသည်...။
      သို့ သော် သူ့ ရည်ရွယ်ချက်ကား တိုက်ပွဲများအကြောင်းရေးရင်း မြန်မာတို
့ပစ္စုပ္ပန်ကို သုံးသပ်၍ အနာဂတ်တွင်
သတိရှိစေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း တွေးမိသည်....။ သူ့ အရိပ်အခြေကို
ဖမ်းမိသည်... ။
သူ့ စာ၏အရသာကို ပို၍ခံစားမိသည်....။
သူ့ စာအုပ်များကို ဖတ်ပြီးကတည်းက စာဖတ်ပုံကို သတိထားခဲ့မိသည်.....။
        မည်သည့်စာအုပ်ကို ဖတ်ဖတ် ၊စာရေးသူ၏ ရည်ရွယ်ချက်ကို
ကျွန်တော်တွေးကြည့်လေ့ရှိသည်...။
သူ့ စေတနာကို အကဲခတ် ကြည့်လေ့ရှိသည်...။ သူ့ အသယ်အပို့  ၊
အချိတ်အဆက်အရေးအသားကို
လေ့လာကြည့်လေ့ရှိသည်....။
        စာဖတ် အသိ အမြင်ကား လိုတတ်ပါကလားဟု ဆင်ခြင်မိ၍ ဤဆောင်းပါးကို ရေးခြင်း
ဖြစ်ပါသည်....။
တက္ကသိုလ်မောင်မောင်ကြီး
(မြန်မာစာ ပါမောက္ခ)

No comments: