Pages

Monday, December 26, 2011

၂၀၁၂ အတွက် ပြင်ဆင်ခြင်း


လူနှစ်မျိုးနှစ်စားရှိပါတယ်။

တစ်မျိုးက – အခြေအနေတွေကို ဖြစ်လာမှ တုံ့ပြန်တဲ့သူ၊
နောက်တစ်မျိုးက –ကိုယ်လိုချင်တဲ့အခြေအနေကို ဖြစ်အောင်ဖန်တီးတဲ့သူတို့ပဲ ဖြစ်ပါတယ်။


၂၀၁၂ ကရော သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ။ဖြစ်လာမှ တုံ့ပြန်မှာလား။ဒါမှမဟုတ် သင် လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမလား။
သင်လိုချင်တဲ့အခြေအနေတစ်ခုဖြစ်အောင်ဖန်တီးမယ်ဆိုရင်တော့၂၀၁၂အတွက်
ပြင်ဆင်နိုင်ဖို့အညွှန်းတချို့ကို ပေးလိုက်ချင်ပါတယ်။

၁။ အတိတ်ထဲမှာ ခဏနေပါ
တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။
ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။
၂၀၁၁ မှာ သင်ဘာတွေ လုပ်ခဲ့ပါသလဲ။
သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့ပါသလဲ။
သင့်ကိုယ်သင် ကျေနပ်ပျော်ရွှင်မှု ရှိခဲ့ပါသလား။
သင်လုပ်ခဲ့တဲ့ အမှားအမှန်၊ အကောင်းအဆိုးတွေကို ပြန်စဉ်းစားကြည့်ဖို့ ခဏလောက် အချိန်ယူလိုက်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ

ဒီစာမှာ အဓိက ပြောချင်တာက အဲဒါပါပဲ။
အကယ်၍ ၂၀၁၁ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။
အားသစ်မွေးပါ။နှစ်သစ်က ရှေ့မှာ စောင့်ကြိုနေပါတယ်။
သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။
အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ သင်ဖြစ်ချင်တဲ့အတိုင်း သင့်ကိုယ်သင် ဖန်တီးနိုင်ပါတယ်။

၃။ ရည်မှန်းချက်များ ချမှတ်ပါ

အခြေအနေတစ်ခုကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးယူဖို့ဆိုတာ ကျနော်တို့မှာ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။၂၀၁၂ မှာ သင် ဘာဖြစ်ချင်သလဲ။ ဘာလုပ်ချင်သလဲ။
ဘ၀ကို ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်မလဲ။
ရည်မှန်းချက်တွေ ချမှတ်လိုက်ပါ။

၎။ အစီအစဉ်တွေ ရေးဆွဲပါ

သင့်ရဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် လုပ်စရာရှိတာတွေကို အစီအစဉ်ရေးဆွဲပါ။
တစ်နေ့တာကို ဘယ်လိုအသုံးချမယ်၊ ဘယ်နေ့၊ ဘယ်ရက်တွေမှာ ဘာတွေလုပ်မယ်။ ဘယ်လမှာ ဘာလုပ်မယ်၊ဒါမှမဟုတ်- ဘယ်အကျင့်တွေကို စွန့်လွှတ်မယ်၊ ဘယ်အကျင့်တွေကို မွေးမြူမယ် စသဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

သင်ချမှတ်ထားတဲ့ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့
သင့်ကိုယ်သင်ယုံကြည်ပါ။
ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။
သင် ဘာကိုပဲလုပ်ချင်လုပ်ချင်၊ ပထမဆုံးအနေနဲ့ – အဲဒါကို သင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင် ယုံကြည်မှု ရှိရပါမယ်။

၆။ နေ့ရက်တိုင်းဟာ အဖိုးတန်

သင့်ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အခုပဲ စလုပ်လိုက်ပါ။
နေ့ရက်တိုင်းဟာ အဖိုးတန်လှပါတယ်။
၂၀၁၂ကို စိတ်တိုင်းကျ တည်ဆောက်နိုင်ကြပါစေ။


www.yourlifesuccess.blog.com . Your Life Success ( အောင်မြင်ပျော်ရွှင်ရေး ဘလော့ဂ်)

No comments:

Post a Comment