Pages

Wednesday, December 14, 2011

မစင်ပုံပြင် နဲ့ ကြွက်ထောင်ချောက်

မဂ်လာပါသူငယ်ချင်းတို့ ရေ ကျွန်တော်ဒီနေ့ ကွန်နက်ရှင်မကောင်းတာနဲ့  ဘာမှလုပ်မရမဲ့ အတူတူ အခွေကြည့် မယ်ဆိုပြီးလိုက်ရှာတော့ စာပေဟောပြောပွဲ(မြင်းခြံ)အခွေကို တွေ့ လို့ကြည့် ပြီးနားထောင်ဖြစ်ခဲ့ တယ်။
ဟောပြောပွဲမှာ ပါတဲ့ စာရေးဆရာတွေက ဦးဘုန်း(ဓာတု)၊စာရေးဆရာမဂျူး ၊ဆရာ ချစ်ဦးညိုတို့ ရဲ့ စာပေဟောပြောချက်တွေကို နားထောင်ရတာ စိတ်ထဲ၊ရင်ထဲမှာ အရမ်းကို အရသာရှိခဲ့ တယ်။ ဒီစာပေဟောပြောပွဲ  အခွေလေးကြည့်ပြီး ကျွန်တော်သိခဲ့ တာက စာပေဆိုတာ စိတ်ကိုခွန်အားဖြစ်စေပြီး အားဆေးတစ်ခွက်သောက်ရသလို
ခုဏက ကွန်နက်ရှင် မကောင်းလို့ ပျက်နေတဲ့  စိတ်တောင်ဘယ်ပျောက်သွားမှန်း မသိတော့ ဘဲ ဆရာတို့ ဟောပြောနေတာတွေ ပြီးသွားမှာတောင်ကြောက်နေမိခဲ့ တယ်။
လူတစ်ယောက်က အစားကောင်းစားရရင် သူ့ ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုသတိရမိသလို ကျွန်တော်လည်း စာပေဟောပြောပွဲကရလာတဲ့  အစားကောင်းကလေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင် စိတ်ပေါ်လာလို့  ဒီဆောင်းပါးလေးကို ရေးမိလိုက်ပါတယ်။ 
ကျွန်တော်ရေးချင်တာက ပုံပြင်လေးနှစ်ခု အကြောင်းပါ ။ ဒီပုံပြင်လေးတွေမှာ ကတွေးစရာတွေအများကြီး ပါပါ
တယ်။ ပထမရေးချင်တဲ့ ပုံပြင်လေးက  မစင်(ချီး)ပုံပြင် ပါ ။ ချီးပုံပြင်ဆိုလို့ ကြားရဖတ်ရတာ ရိုင်းတယ်လို့ ထင်
ရင် နားနဲ့ မနာ ဖ၀ါးနဲ့ နာပါလို့ တောင်းပန်အပ်ပါသည်။ တစ်ခါတစ်ရံမှာ လူဆိုတာကလည်း အဲ့ ဒီလို ရိုင်းရိုင်း
လေးနဲ့  ခိုင်းနှိုင်းပြမှ မြင်တတ်တာမျိုးလည်း ရှိပါတယ်။ ပုံပြင်လေးကို စပြောရရင်.............
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါး ရှိပါသတဲ့..။
အဲဒီဘုရင်ကြီးမှာလည်း ပုံပြင်တို့ ထုံးစံအတိုင်း အလွန်တရာမှ ချောမောလှပသော သမီးတော်လေး တစ်ပါးရှိသ
တဲ့ ။ သမီးတော်လေး အရွယ်လိုက်လာလို့  ကြင်ယာဖက်ကို ရွေးဖို့ ဘုရင်ကြီးစဉ်းစားမိပါသတဲ့ ။ ဘုရင်ကြီးက
ဘယ်လိုစဉ်းစားမိသလဲဆိုတော့ သူ့ သမီးနဲ့ လက်ထပ်မည့်သူကို အိမ်ရှေ့ အရာပေးရမှာဖြစ်ပြီး မိမိနတ်ရွာစံ သွား
ပါက ဒီတိုင်းပြည်ကြီးကို အုပ်ချုပ်မင်းလုပ်ရမှာဖြစ်သည့်အတွက် ပညာအရည်အချင်းနဲ့ ပြည့်စုံတဲ့ သူကိုပဲ လိုချင်
သတဲ့ ကွယ်။ ဒါနဲ့ ဘုရင်ကြီးက တိုင်းသူပြည်သားတွေကို သူ့ သမီးတော်လေးအတွက် ကြင်ယာဖက် ရွေးချယ်
မည့်အကြောင်းကို ကြေညာမောင်းခတ်သတဲ့။ ဘယ်လိုကြေညာမောင်းခတ်သလဲဆိုတော့ မစင်စားဘူးတဲ့ 
မစင်အရသာကို သိတဲ့  မည်သည့်ယောက်ျားကိုမဆို ကြင်ယာဖက် ရွေးချယ်ခွင့်ရှိသည်လို့ ကြေညာသတဲ့ .။
ဘုရင်ကသမီးတော်နဲ့ ပေးစားဖို့ သားမတ်လောင်းရှာတာပါ။
ဘုရင်ဆိုတော့ချမ်းသာပြီးသားလေ ဒီတော့ သူဌေးသားမလိုဘူး။
သူလိုချင်တဲ့သမတ်ဟာ ပညာ၇ှိပဲဖြစ်ရတယ်။ ဒီတော့်ဘုရင်က မူးမတ်တွေနဲ့လည်းမတိုင်ပင်ပဲ။ သူကိုယ်တိုင်ပဲ
စီစဉ်လိုက်တယ်။ သူ့သမီးရဲ့သားမတ်ဟာ ချီးရဲ့အရသာကိုသိရမယ်လို့ကြေညာမောင်းခတ်ခိုင်းလိုက်တယ်။
ဒီတော့ တိုင်းပြည်ကလူတွေက မစင်ရဲ့အရသာကိုသိအောင်ဆိုပြီး မစင်ကို စားကြည့်ကျတယ်။
ဘုန်းကြီး မစင်(ချီး)
မယ်သီလရှင် မစင်(ချီး)
သူတောင်းစား မစင်(ချီး)
လူချမ်းသာ မစင်(ချီး)
လူဆင်ရဲ မစင်(ချီး) စသည်ဖြင့်ပေါ့ဗျာ အကုန်ပတ်စားကျတာပေါ့။
ဒီလိုနဲ့ဘုရင်က မစင်ရဲ့အရသာကိုစစ်ဆေးဖို့ရက်ရောက်လာတော့ ဘုရင်က သူကိုယ်တိုင်စစ်တယ်။
လူတွေကလည်းများကြီးပဲတဲ့ဗျာ ။
""ကဲမောင်မင်း မင်းကိုစစစ်ပြီး မစင်ရဲ့အရသာဘယ်လိုရှိလဲ?""
""မှန်လှပါ မင်းကြီး မစင်က ချဉ်ပါတယ် ဘုရား""
""ဟေ ဟုတ်ရဲ့လားမောင်မင်းရဲ့""
""မှန်ပါ ကျွန်တော်မျိုးကိုယ်တိုင်စားလာကြောင်းပါ မလိမ်ဝံပါဘုရား""




ဒီလိုနဲ့စစ်လာတာ လူတွေတော်တော်များများပေါ့ဗျ.....မစင်က ခါးတယ် ချဉ်တယ် ချိုတယ် စသည်ဖြင့်ပေါ့အမျိုး
မျိုးပေါ့ သူတို့တွေကိုယ် တိုင်စားလာတဲ့အကြောင်းလည်းပြောပြတယ်။ ကဲ ဘုရင့်သမီးတော်နေရာလည်း စဉ်းစား
ကြည့်ပါ မစင်စားတဲ့လူရဲ့ အနမ်းကိုခံရမလား အာဘွားပေးတာလည်း ခံရမယ်ထင်တယ်ဗျ မစင်စားတဲ့ လူကို
တကယ်ယူရမလိုပေါ့။




ဒီလိုနဲ့စစ်လာလိုက်တာ နောက်ဆုံးလူတစ်ယောက်ရောက်လာတယ်
""ကဲမောင်းမင်း
မောင်မင်းတစ်ယောက်ပဲကျန်တော့တယ် ကဲပြောစမ်းပါဦး မစင်ကဘယ်လိုအရသာ ရှိပါလေ့""
""မှန်ပါအရှင်မင်းကြီး
မစင်ရဲ့အရသာကိုသိဖို့ မစင်ကိုစားနေစရာမလိုပါ ဥာဏ်နဲ့ ဝေဖန်ပိုင်းရှားတတ်ရင်ရပါတယ်ဘုရား""




""ကဲဆိုစမ်းပါဘူး မင်းကဘယ်လိုပိုင်းခြားမလဲ""


""ဒီလိုပါအရှင်မင်းကြီး
သရက်သီးအမှည့်တွေမှာ ယင်ကောင်တွေ ၀ိုင်းတယ်နားတယ်လေ ဘုရား
သရက်သီမှားချဉ်သော ချိုသော အရသာရှိပါတယ်ဘုရား။""
""ဒီလိုပါပဲ မစင်အစိမ်းဆိုရင်လည်း ယင်ကောင်တွေ ၀ိုင်းပါတယ်
ဒီတော့ ဒီမစင်စိမ်းဟာ ချိုသော ချဉ်သောအရသာ ရှိကြောင်းပါ။""
""မစင်ကခြောက်သွေ့သွားရင်တော့ ယင်ကောင်တွေမ၀ိုင်တော့ပဲ ကင်းလိပ်ချော ကင်းခြေပြား
မြွေ စသောအကောင် တွေသာစားသုံးသောကြောင့်
ဒီ မစင်ခြောက်မှာခါးသောအရသာ ရှိကြောင်းပါဘုရား............""




ကဲဒီတော့ ဘုရင်က ဒီအဖြေကိုနှစ်သက်တော့မူတယ်
ပညာဆိုတာ မှတ်သားတဲ့သဘော့ မဟုတ်ပဲ ဝေဖန်ပိုင်းခြားတတ်တဲ့ သဘောလည်းဖြစ်တယ်။




ကဲနောက်ဆုံးကျွန်တော်ပြောချင်တာက
ကျွန်တော်တို့မြန်မာတွေ စာမဖတ်ရင် စာဖတ်နည်းရင်း ဗဟုသုတနည်းရင်း ခုလိုပဲ ချီးကို တကယ်စားတဲ့
လုပ်ရက်တွေ လုပ်မိမယ်ဆိုတာပါပဲ။ သူများပြောသမျှယုံပြီး သူများနောက်ကပဲလိုက်နေရဦးမယ်။
ဒါကြောင့် ကျွန်တော်တို့လူမျိုးတွေ စာများများဖတ်ပြီး ဗဟုသုတများများရှိစေချင်ပါတယ်။
နောက်တစ်ခုကတော့ ကြွက်ထောင်ချောက်
ဥပမာ ပုံပြင်လေးပါ။
ရွာတစ်ရွာမှာပေါ့..မိသားစုတစ်စုနေထိုင်ကြသတဲ့ .။ သူတို့ အိမ်မှာ ကြွက်တွေ အလွန်သောင်းကျန်နေတယ်ဆိုပဲ။
ဒါနဲ့ အဖေဖြစ်သူက မြို့ တက်ပြီး ကြွက်ထောင်ချောက်ကို သွားဝယ်သတဲ့ ကွယ်။ ၀ယ်ပြီးတော့ သူအိမ်ပြန်လာပြီး
ကြွက်ထောင်ချောက်ဆင်တော့တာပေါ့။ ဒါကို ကြွက်တွေကလည်း သိသတဲ။ ဒါနဲ့ကြွက်တွေထဲကတစ်ကောင်
သောကြွက်က နွားကြီးဆီသွားပြိး ပြောသတဲ့ ။
အိမ်ရှင်ကြီး ထောင်ချောက်ဝယ်လာတယ်ဆိုတဲ့ အကြောင်းကိုပေါ့။
နွားကြီးက ကြွက်ထောင်ချောက်ဝယ်တာသူနဲ့ ဘာဆိုင်လို လဲပေါ့..။ သူနဲ့ က အနေသာကြီးလေ လို့ ပြောလိုက်သ
တဲ့ ..။ ကြွက်ကလေးကတော့ ပြောလိုက်တယ်တဲ့ ကိုယ်နဲ မဆိုင်သလိုတော့ မနေနဲ့ ပေါ့တဲ့ သွယ်ဝိုက်သောနည်း
နဲ့ အန္တရာယ်ရှိနိုင်တာကို သတိထားဖို့ ပြောတာပါတဲ့။
ပြီးတော့ အဲဒီအကြောင်းကို နွားကြီးက ၀က်ကိုလည်း ပြောပြလိုက်သတဲ့ ။ ၀က်ကြီးကလည်း နွားလိုပဲ..ဘာဆိုင်
ပေါ့ ကြွက်ထောင်ချောက်နဲ့ ဝက် အနေသာကြီးပါပေါ့။ ဒီအကြောင်းကို ကြွက်ကလေးက အလှမွေးထားတဲ့ 
ကြက်ကြီးကိုလည်း သတိထားနေဖို့ သွားပြောတော့ ကြက်ဖကြီးကလည်း ငါက ကြက်ဖ ..၀ဆွဲပါတဲ့ မင်းတို့ လို
ကြွက်မဟုတ်ဘူးကွ..ကြွက်ထောင်ချောက်နဲ့ ငါဘာမှမဆိုင် အနေသာကြီးပဲလို့ ပြောလိုက်သတဲ့ ။ ဒီလိုနဲ့ ညဘက
မိုးချုပ် အိပ်တန်းဝင်ကြပြီပေါ့။ မနက် ၄နာရီလောက်မှာ မီးဖိုထဲကြွက်ထောင်ချောက်မိသံကို အိမ်ရှင်ရဲ့ အမျိုးသမီး
က ကြားသတဲ့ ။ ဒါနဲ့သူ့ ယောက်ျားကို သွားကြည့်ခိုင်းတာပေါ့။ တောရွာဆိုတော့ မီးကလည်းမရှိ လက်နှိပ်ဓာတ်
မီး မှုန်ဝါးဝါးနဲ့ ပြီးတော့ မနက် ၄ နာရီဆိုတာအိပ်လို့ ကောင်းနေတဲ့ အချိန်လေ..။ အိမ်ရှင်က လက်နှိပ်ဓာတ်မီး
ကြီးကိုင် အိပ်မှုန်စုပ်ဖွားနဲ့  နောက်ဖေးမီးဖိုကို ကြွက်ထောင်ချောက်ကြည့်ဖို့ ထွက်လာခဲ့ သတဲ့။မီးဖိုခန်းထဲရောက်
တော့ ကြွက်ထောင်ချောက်ကို သေချာဓာတ်မီးနဲ့ ထိုးကြည့်တော့ ကြွက်ထောင်ချောက်မှာ မိနေတာ ကြွက်ကို
ဖမ်းတဲ့ ကြောင်လဲမဟုတ်..ကြွက်လဲမဟုတ်ဘဲ လင်းမြွေကြီးတစ်ကောင်ရဲ့ အမြီးကို ညှပ်မိနေသတဲ့ ။ ဓာတ်မီး
ရောင် မှုန်ဝါးဝါးကြောင့် မြင်ကွင်းမသဲကွဲတဲ့ အတွက် သေချာ ကုန်းကြည့်နေတဲ့ အိမ်ရှင်ကို ကြွက်ထောင်ချောက်
မိလို့  စိတ်တိုနေတဲ့ မြွေကြီးက ပေါက်လိုက်ပါလေရော။ အဲဒီမှာ အိမ်ရှင်အမျိုးသားကြီးက အိမ်သားတွေကို အော်
ဟစ်အကူအညီတောင်ရတော့တာပေါ့။ သူ့ ကို ပိုးထိသွားပြီပေါ့။ အဲဒီမှာ အိမ်သားတွေရောက်လာပြီး မြွေကြီးကို
သတ်လိုက်ပါတယ်။ ကြွက်ထောင်ချောက်ကြောင့် ဘာမှမဆိုင်တဲ့ မြွေကြီးသေသွားပြီနော်။ ဒီလိုနဲ့  အိမ်သားတွေ
က သူတို့ အဖေ သေမှာစိုးတော့ မြန်မာဆေးမြီးတို ဖြစ်တဲ့ ကြက်အရှင်ကို အမွှေးနုတ် အရှင်လတ်လတ် မှိုင်း
တိုက်ရင် မြွေဆိပ်ပြေတဲ့ အတွက် ကြက်ဖကြီးကို သတ်လိုက်သတဲ့။ ဘာမှမဆိုင်ဘဲကြက်ဖကြီးသေသွားပြီခေါင်
တဲ့ ရွာဆိုတော့ ကျေးလက်ဆေးခန်းနဲ့လည်းဝေးတော့ အသက်ဆက်နိုင်အောင် ဆေးမြီးတိုကို သုံးလိုက်တာ
လည်းပါမပေါ့။ ဒီလိုနဲ့ မနက်ရောက်တော့ ဆေးမြီးတို က မစွမ်းတော့ အိမ်ရှင် ယောက်ျားကြီးဆုံးပါး သွားပါလေ
ရော။ လာပြီးနာရေးသတင်းမေးတဲ့ ဆွေမျိုးတွေ.ကူညီလုပ်ကိုင်ပေးကြတဲ့ ရပ်မိရပ်ဖ တွေကို ကျွေးမွေးဖို့  ပိုက်ဆံ
ကမရှိတော့ အိမ်က ၀က်ကြီးကို သတ်လိုက်ရပါလေရောလား။ ဘာမှမဆိုင်တဲ့ ဝက်ကြီးလည်း သေသွားပြီနော်။
ဒီလိုနဲ့ ရက်လည်နေ့ အတွက် ကျွေးဖို့ နွားကြီးကိုပါထပ်ပြီး သတ်လိုက်ရပြန်ပါတယ်။ ဆိုလိုတာကတော့ ဘာမှမ
ဆိုင်ပါဘူးအနေသာကြီးပါ လို့ ပြောခဲ့ တဲ့သူတွေ ကြွက်ထောင်ချောက်တစ်ခုကြောင့် သေပွဲဝင်ခဲ့ ရပါသည်။
လူလောကမှာလည်း ဒီလိုပါပဲဘယ်ကိစ္စမဆို..ငါနဲ့ မဆိုင်ဘူး..အနေသာကြီး..။ သွားမပက်သက်နဲ့ ..။ ကိုယ်နဲ့ 
မဆိုင်သလိုနေ.။ ကိုယ့်ထမင်းကိုယ်စားပြီး အနေသာကြီး..အနေသာကြီးနဲ့ ..။ အနာသေ နေကြတာ များပါပြီ။
ဥပမာ အခုဆို သဘာဝ ပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ တောတွေပြုန်း မြစ်တွေကောနေပါပြီ။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ငါတို့ နဲ့ မဆိုင်ဘူး..အနေသာကြီးပါလို့ နေကြည့်ပါလား။ လာမည့် နွေရာသ
မှာ ပူပြင်းပြီး ဘယ်သူတွေ သေကြဦးမည် မသိ။ဒါကြောင့် သူငယ်ချင်းတို့ လည်း အနာသာကြီးမနေပဲ ကိုယ့် ပတ်
ဝန်းကျင် ကလိုအပ်နေတဲ့ နေရာလေးတွေ ကို ကိုယ်အသိစိတ်ကလေးနဲ့  ဖြည့်ပေးနိုင်ပါစေလို့ 
မျှော်လင့်ရင်း ........................
သူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
ညချစ်သူ

No comments:

Post a Comment