ကျေးသားနှစ်ကောင်၏ပုံပြင် သည် အလွန်လူသိများသော နမူနာ တစ်ခုဖြစ်၏။
လူအားလုံးက ကြား ဖူးပြီးသားဖြစ် သော်လည်း ယင်းကျေး သားနှစ်ကောင်က လူတို့၏
ရင်တွင်း သို့ ထဲထဲဝင်ဝင်မရောက်ဟုဆိုရ မည်။ အဘယ်ကြောင့်ပါနည်း။ နား
ထောင်ရုံသာ၊ ရင်ဝယ်မသိမ်းဆည်း၍ ဖြစ်၏။
ပတ်ဝန်းကျင်သည် လူကို ပြောင်းလဲသည်လား ဆိုသည့်မေး ခွန်းသည် အလွန်ဝိဝါဒကွဲကာ ငြင်းရ ခုန်ရသည့်အဆိုတစ်ခုဖြစ်သည်။ သို့ သော်ကျေးသားကား ပြောင်းလဲသွား သည်မှာအသေအချာ။ လူ့ဝန်းကျင်၌ လည်း ပြောင်းလဲသွားကြသူတို့က အနမတဂ္ဂ။
ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲ သွားသူသည် ကိုယ်ပိုင်ခိုင်မာသော မူ မရှိသူလား။ မပြောင်းလဲသူက တရား သေဝါဒကိုင်ဆွဲထားသူလား၊ ခေါင်းမာ သူလား။ လူသည် ကိုယ့်မူ၊ ကိုယ့် စည်းကမ်းနှင့် နေသည်ကပင် လူဝင် မဆံ့သူလား တွေးဆဖွယ်ရာပင်။
ကျေးသားပုံပြင်ထဲက ကျေး သားတစ်ကောင်ကဲ့သို့ အဖြစ်မျိုး ရောက်လျှင် မိမိအဘယ်သို့ ပြုမူမည် နည်း။ အချို့ကပြောင်းလဲသည်။ အချို့ ကမပြောင်းလဲ။ ဆဲဆိုသောဓားပြ၊ သူခိုး၊ လူဆိုးများကဲ့သို့ စကားမျိုး မိမိပါးစပ်က ထွက်နိုင်ပါမည်လား။ အနိုင်ကျင့်မည်လား။ ရက်စက်ရဲ သည်လား...။
ဆဲဆို လုယက်သော လူဆိုးများ သည် ရွှေ၊ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများ ပိုင်ဆိုင်သည်ကိုတွေ့ရသည်။ ယုတ်မာ၊ ရက်စက် အနိုင်ကျင့်ခြင်းနှင့် ရွှေ၊ ငွေ လဲလှယ်မည်လား။ ပတ်ဝန်းကျင်နှင့် အတူပြောင်းလဲရိုး၊ လိုက်လျောရိုးထုံးစံ ရှိသည်ဟု ဆင်ခြေပေးကာ မိမိလိုချင် မှုကို ဖုံးကွယ်ကာပြောကြသည်။
ပုံပြင်ထဲက ကျေးသားပမာ၊ ဆဲ ဆိုခြင်းသည် ရောမမြို့ရောက်လျှင် ရောမမြို့ကဲ့သို့ကျင့်ရမည့်စကားကို ဥပမာထားပြောကြသည်။ ပြောင်းလဲ သွားသည့် လူ၏ဆင်ခြေဖြစ်သည်။ မိမိ၏အပြုအမူသည် သူတို့ကြောင့်ဟု အဘယ်ကြောင့် လက်ညှိုးထိုးရဲပါ သနည်း။
လူအဖြစ် မိမိကိုယ်မိမိ အသိ အမှတ်ပြု၊ လက်ခံလိုက်ပြီးကတည်း က လူအားလုံးသည် မိမိတို့ဟန်၊ မိမိ တို့အတွေး၊ မိမိတို့သင်ယူခဲ့သော အမှတ်သညာများနှင့် နေခဲ့၊ ပြောခဲ့၊ ပြုမူခဲ့သည်။ ဤသည်မှာ လူအားလုံး ၏အပြုအမူ၊ ယခုမှအဘယ်ကြောင့် အခြားသူများကို အပြစ်တင်ရမည် နည်း။
သူတော်စင်တို့အလယ်သို့ ရောက်သွားသည့်ကျေးသားက ဘုရား စာဆိုသည်။ ယဉ်ကျေးသည်။ လူဆိုး တို့အလယ်ရောက်သွားသည့် ကျေး သားက ဆဲရေး တိုင်းထွာသည်။ ကျေးသားနှစ်ကောင်ကို အပြစ်တင်ရ မည်မဟုတ်။ နေ့စဉ်တွေ့ရသမျှသော လူအားလုံး မိမိအပါအဝင် ပြုမူတော့ မည်ဆိုလျှင် ထိုကျေးသားနှစ်ဦး ဥပမာ ကို သတိရရန်သာဖြစ်သည်။
ကျေးသားနှစ်ဦးလုံး အတူတူ ပင်။ ဥပမာအဖြစ်ပေးသော နမူနာ ပစ္စည်းနှစ်ခုသာဖြစ်သည်။ ဆဲဆိုနေ သောလူများ၊ ယုတ်မာသောလူများကို တွေ့ရလျှင် ထိုကျေးသားကိုသတိရ ရန်၊ ဘုရားစာဆို၊ မေတ္တာပို့နေသော သူကိုတွေ့လျှင်လည်း ထိုကျေးသား ကိုသတိရရန်သာ... ထိုသူကောင်း သည်။ ဤသူ... ဟူ၍ဝင်ရောက် မဆုံးဖြတ်ရန်သာဖြစ်၏။
မိမိတို့၌ အခြားသူများအပေါ် ဝင်ရောက်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ရှေး ဦးစွာမိမိကိုယ်မိမိ ဆုံးဖြတ်ကြည့်လျှင် သဘောပေါက်ပါလိမ့်မည်။ မိမိကိုယ် မိမိဆုံးဖြတ်ရဲသည်လား။ ရယ်စရာပင် မဟုတ်ပါလား။ မိမိသည်မည်သို့သော သူမျိုးနည်း...။ သတ္တိရှိစွာဆုံးဖြတ် ကြည့်ပါ။
မိမိ၏ ဘက်လိုက်မှုကိုတွေ့ရ ပါလိမ့်မည်။ မိမိတစ်ယောက်တည်း ကိုပင် ဘက်လိုက်သည်ဆိုလျှင် အခြားသူများနှင့် ပတ်သက်၍ မိမိ၏ ဆုံးဖြတ်မှုသည် မှန်ပါမည်လား။ ဘက်တစ်ခုခု၌ ရပ်တည်နေပေလိမ့် မည်။
ကျေးသားနှစ်ဦးလုံးကမူ သူတို့ ဘဝ သူတို့ကျေနပ်နေကြ၊ ဝမ်း မြောက်ဝမ်းသာ၊ ထပ်တလဲလဲရွတ်နေ ကြသည်။ မည်သည့်ကျေးသားကိုမှ ပြင်ပေးစရာမလိုပေ။ မိမိတို့သည် လည်း ထိုကျေးသားတစ်ဦးဦးကဲ့သို့ ပင် ထင်ရာ၊ မြင်ရာ ရွတ်ဆိုနေကြ သည်မဟုတ်ပါလား...။

No comments:
Post a Comment