Thursday, January 5, 2012

ဘ၀အင်အားလှေကားထစ်များ

စာရေးသူ၏အမှာစာ
ကမ္ဘာ့ပညာရှင်ကြီးများ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ မှတ်သားလိုက်နာဖွယ် အတွေးအခေါ် အဆိုအမိန့် (Philosophies)များနှင့် ဆိုစကား(Saying) များကို စုစည်း၍ စာအုပ်ပြုစုရေးသားလိုသည်မှာ ကြာခဲ့ပါပြီ။ မိမိသိရှိမှတ်သားထားသည့် “တန်ဖိုးမြင့်မား ဆိုစကားများ” ကို တစ်ဦးတည်း စုဆောင်းသိမ်းဆည်းထားမည့်အစား ဘ၀တူမြန်မာလူငယ်များထံ မျှဝေခံစားစေလိုသည့် စိတ်စေတနာမှာ အလွန်ပြင်းပြလျက်ရှိပါသည်။
ဂရိပညာရှင်ကြီး “ဆိုကရေးတီး” ကဆိုခဲ့ပါသည်။ “To Know a thing is nothing unless others know you Know it” "မိမိသိရှိနားလည်ထားသည့် မှတ်ဖွယ်ရာဆိုစကားကို အခြားသူများအား မဖြန့်ဖြူးနိုင်ပါက မိမိသိထားသည့် အကြောင်းအရာမှာ အဓိပ္ပါယ်မရှိတော့ပါတဲ့" ။ ထိုသို့ မဖြစ်စေလိုသည့်အတွက် ယခုကဲ့သို့ ရေးသားဖြန့်ဝေရခြင်း ဖြစ်ပါသည်။
ဤစာအုပ်ကိုရေးသားပြုစုရာတွင် ရည်ရွယ်ချက်များစွာရှိပါသည်။ ယခုအခါ “No English, no literacy” . “အင်္ဂလိပ်စာမတတ်၊ စာမတတ်ခေတ်” ရောက်လာသဖြင့် မြန်မာလူငယ်များ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ နားလည် တတ်ကျွမ်းဖို့လိုပါသည်။
ရည်ရွယ်ချက်တစ်ခုရှိသေးသည်။ အင်္ဂလိပ်စာတတ်ကျွမ်းသဖြင့် မြန်မာကို ကမ္ဘာကသိရှိနားလည်ရေး၊ ကမ္ဘာကို မြန်မာကသိရှိနားလည်ရေးနှင့် မြန်မာကို မြန်မာများသိရှိရေးလည်း ပါဝင်ပါသည်။
စာပါဆုံးမစကားများကို မြန်မာလူငယ်များ လက်တွေ့အသုံးချ နိုင်မည်ဆိုပါက မိမိအားထုတ်ရကျိုးနပ်မည် ဖြစ်ပါသည်။
ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ အားပေးကူညီလမ်းဖြောင့်ပေးကြသော ဆရာကြီး ဦးဖေအောင်ကြိုင်၊ မြို့နယ်ပညာရေးမှူး (ငြိမ်း) (စာရေးဆရာမျိုးဂုဏ်ရည်) Top မဂ္ဂဇင်း အယ်ဒီတာချုပ် နှင့် “Top-English Speaking Class” နည်းပြချုပ် ဆရာမိုးမြင့်မောင်၊ စာရေးဆရာ မှော်ဝန်းကြည်မြတ် (ချမ်းသာစာပေ) တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂါရ၀ပြု မှတ်တမ်းတင်အပ်ပါသည်။
မိုးသူဇာအောင်
ဘ၀အင်အားလှေကားထစ်များ
Family
1. A House is built of bricks and stones,
A House is built of love alone.
အဆောက်အဦးတစ်လုံးကို အုတ်ခဲ၊ ကျောက်ခဲများဖြင့်တည်ဆောက်ကြသည်။
မိသားစုနေအိမ်ကိုမူ ချစ်ခြင်းမေတ္တာသက်သက်ဖြင့်သာ တည်ဆောက်ရပါသည်။
2. North, South, East, West
Home is the best
အရှေ့ အနောက် တောင် မြောက် သွားလိုရာသွား နေအိမ်သာအကောင်းဆုံးပါ။
3. Sweetest is the smile of home.
နေအိမ်ထဲမှ အပြုံး အချိုမြိန်ဆုံး။
4. A good home must be made, not bought.
သိရီဂေဟာကို ဖန်တီးယူရသည်၊ ၀ယ်ယူ၍ မရပါ။
5. Home is a shelter from storms-all sorts of storms.
နေအိမ်ဟူသည် မုန်တိုင်းများမှ ကာကွယ်ရာတစ်ခုဖြစ်၏ ။ မုန်တိုင်းအမျိုးမျိုးမှ ကာကွယ်ရာဖြစ်၏။
6. The most important things in your home are members of family.
သင့်နေအိမ်၏ အရေးကြီးဆုံးသောအရာများမှာ မိသားစုဝင်များသာဖြစ်သည်။
7. Be he a king or a peasant, he is happiest who finds peace at home.
Goethe (writer)
ရှင်ဘုရင်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ နေအိမ်တွင်စိတ်ချမ်းသာမှုရရှိသူသည် အပျော်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
8. It is the mother who can cure her child’s tears.
မိခင်သာလျှင် ကလေးငယ်၏ မျက်ရည်များကို ပျောက်ကင်းစေနိုင်သည်။
9. A child, like your stomach, doesn’t need all you can afford to give it.
ကလေးငယ်သည် သင့်အစာအိမ်နှင့်တူသည်။ သင်ပေးနိုင်သမျှအားလုံးကို မလိုအပ်ပါ။
10. When you teach your son, you teach your son’s son.
သင့်သားငယ်ကို သင် သွန်သင်ဆုံးမလျှင် သင့်သား၏ သားမြေးကို သွန်သင်ဆုံးမရာရောက်၏။
11. Human beings are the only creatures on earth that allow their children to come back home.
ကမ္ဘာပေါ်ရှိ သတ္တ၀ါများအနက် လူသားသာလျှင် သူ့ရင်သွေးများကို အိမ်ပြန်လာခွင့်ပြုကြသည်။
12. God could not be everywhere and therefore the created mothers.
ဘုရားသခင်သည် နေရာအနှံ့တွင် မရှိနိုင်သဖြင့် မိခင်များကို ဖန်ဆင်းလိုက်သတည်း။
13. I look back on my childhood and thank the stars above. For everything you gave me, but mostly for your love.
ငယ်စဉ်ကလေးဘ၀ကို ပြန်တွေးရင်းထက် ကောင်းကင်မှ ကြယ်ကလေးများကိုကျေးဇူးတင်မိသည်။ မေမေပေးခဲ့သမျှ အရာအားလုံးအတွက် အထူးသဖြင့် မေမေ့မေတ္တာအတွက်ပါ။
14. All that I am my mother made me.
ကျွန်ုပ်လက်ရှိဖြစ်နေသမျှအားလုံးသည် ကျွန်ုပ်အမေကြောင့်ပင် ဖြစ်သည်။
15. One good mother is worth hundred schoolmasters.
မိခင်ကောင်းတစ်ယောက်သည် ကျောင်းဆရာပေါင်းတစ်ရာနှင့်ညီမျှသည်။
16. Nothing else will ever make you as happy or as sad, as proud or as tired as motherhood.
မိခင်လောင်းဘ၀ထက် မည်သည့်အရာကမျှ သင့်အား ၀မ်းနည်းဝမ်းသာခြင်း ဂုဏ်ယူဝင့်ကြွားခြင်း၊ ပင်ပန်းခြင်းတို့ကို မဖြစ်စေပါ။
17. You don’t appreciate your mother until you’re a mother yourself.
ကိုယ်ကိုယ်တိုင် မိခင်မဖြစ်သေးသရွေ့ ကိုယ့်မိခင်ကို လေးစားတန်ဖိုးထားတတ်မည်မဟုတ်။
18. A mother understands what a child does not say.
မိခင်သည်ရင်သွေးငယ်မပြောသည့် စကားကိုနားလည်သည်။
19. Most mothers are instinctive philosophers.
မိခင်အများစုသည် မွေးရာပါ အတွေးခေါ်ပညာရှင်များဖြစ်သည်။
20. Sometimes the poorest woman leaves her children the richest inheritance.
တစ်ခါတစ်ရံ အဆင်းရဲဆုံးအမျိုးသမီးသည် သူမ၏ ရင်သွေးငယ်များအတွက်အချမ်းသာဆုံးအမွေအနှစ်ကို ထားခဲ့သည်။
21. A mother holds her children’s hands for a while, their hearts forever.
မိခင်သည် သူမရင်သွေးငယ်၏လက်များကို ခေတ္တမျှသာကိုင်ဆောင်သော်လည်း နှလုံးသားကိုမူ ထာဝရ ကိုင်ဆောင်သည်။
22. People usually are the happiest of home.
William Shakespeare ( Playwright)
လူသားတို့သည် နေအိမ်တွင်သာအပျော်ဆုံးဖြစ်ကြသည်။
ဝီလျှံ - ရှိတ်စပီးယား
23. Home is the most excellent place of all.
Neil Diamond(Vocalist)
နေအိမ်ဆိုသည်မှာ ရှိရှိသမျှသောနေရာများအနက် အကောင်းတကာ့အကောင်းဆုံးနေရာဖြစ်သည်။
နီးလ် ဒိုင်းမွန်း (အဆိုတော်)
24. It takes hands to build house, but only hearts can build a home.
အဆာက်အဦတစ်ခုတည်ဆောက်ရာတွင် လက်များလိုအပ်သည်။ နေအိမ်ကိုတည်ဆောက်ရာတွင်မူ နှလုံးသား လိုအပ်သည်။
25. A man’s home may seem to be his castle from the outside, inside, it is more often his nursery.
လူတစ်ဦး၏ နေအိမ်သည် အပြင်ပန်းမှကြည့်လျှင် သူ၏ရဲတိုက်ဟုထင်ရသည်။ အတွင်း၌မူ သူ၏ပျိုးခင်း နှင့် ပို၍တူ၏။
26. Ah! There’s nothing like staying at home, for real comfort.
Jane Austen (writer)
အား စစ်မှန်သော သက်သာရရှိစေရန်အတွက် အိမ်တွင်နေထိုင်ခြင်းထက်သာ၍ကောင်းသောအရာမရှိ။
ဂျိန်း - အော်စတင် ( စာရေးဆရာမ)
27. Peace - that was the other name of home.
ငြိမ်းချမ်းခြင်း - နေအိမ် ၏ အခြားအမည်ဖြစ်သည်။
28. An empty house is like a body from which life has departed.
ဘာမှ မရှိသောအိမ်အလွတ်သည် အသက်မရှိတော့သည့် ခန္ဓာကိုယ်နှင့်တူ၏။
29. Mothers love grows by giving.
မိခင်မေတ္တာသည် ပေးကမ်းခြင်းဖြင့် ပို၍ကြီးထွားသည်။
30. A mother never quite leaves her children at home, even when she doesn’t take them along.
မိခင်တစ်ယောက်သည် သူမ၏ရင်သွေးများကို သူမနှင့်အတူ ခေါ်မသွားသည့်တိုင် အိမ်တွင်ဘယ်တော့မှ မထားခဲ့ပါ။
31. The mother’s heart is the child’s school-room.
မိခင်၏နှလုံးသားသည် ရင်သွေးငယ်၏ ကျောင်းခန်းဖြစ်သည်။
32. Worse than tears-the smile of the abandoned child.
မျက်ရည်ထက်ဆိုးသောအရာကား ပြစ်ပယ်ခြင်းခံရသော ကလေးငယ်တစ်ဦး၏ အပြုံးပင်ဖြစ်သည်။
33. A mother’s love is like a circle-it has no end.
မိခင်မေတ္တာသည် စက်ဝိုင်းပမာ - အဆုံးမရှိပါ။
34. Mother is the name of God on the lips and hearts of little children.
“အမေ” ဆိုသည်မှာ ကလေးငယ်များ၏ နှုတ်ခမ်းများနှင့် နှလုံးသားများမှ ထွက်ပေါ်လာသော ဘုရားသခင်၏ နာမတော်ဖြစ်သည်။
35. The best thing to send on your children is your time.
သင်၏ကလေးငယ်များအတွက် အသုံးပြုစရာ အကောင်းဆုံးသော အရာမှာ သင်၏အချိန်သာဖြစ်သည်။
36. A mother’s love never ages.
မေမေ့မေတ္တာ အိုသည်မရှိ။
37. If you want creative children give them time to play.
အကယ်၍ သင်ဖန်တီးတတ်သော ကလေးငယ်များကို လိုချင်လျှင် သူတို့ကို ကစားဖို့အချိန်ပေးပါ။
38. A child who disrespectful to his parents will not have true respect from anyone.
မိဘကိုမရိုသေသောကလေးသည် မည်သူ့ထံကမှ စစ်မှန်သော ရိုသေမှုကို မရနိုင်ပါ။
39. No language can express the power and beauty and heroism of a mother’s love.
မည်သည့်ဘာသာစကားမျှ မိခင်မေတ္တာ၏ အစွမ်း၊ အလှနှင့် သတ္တိတို့ကို မဖော်ကျူးနိုင်။
40. A father is banker provided by nature.
ဖခင်ဟူသည် သဘာဝကပေးစွမ်းသော ဘဏ်တိုက်ကြီးတစ်ခုဖြစ်သည်။
41. A wise son maketh a glad father.
ပညာရှိသောသားသည် ၀မ်းမြောက်သောဖခင်ကို ဖခင်ကို ဖြစ်စေသည်။
42. Any man can be father but it takes someone special to be a dad.
မည်သူမဆိုဖခင်တစ်ဦးဦးဖြစ်နိုင်သော်လည်း “ဖေဖေ” ဖြစ်ရန်မှာ ထူခြားသော အရည်အချင်းရှိဖို့လိုသည်။
Teacher
1. Teachers open the door but you must enter yourself.
ဆရာများသည် တံခါးကိုဖွင့်ပေး၏။ သို့သော် သင်ကိုယ်တိုင်ဝင်ရပါမည်။
2. A good teacher is like a candle it consumes itself to light the way for others.
ဆရာကောင်းဟူသည် ဖယောင်းတိုင်နှင့်တူ၏ ။ အခြားသူများလျှောက်လှမ်းရာလမ်းတွင် ထွန်းလင်းစေအံ့ သောငှာ မိမိကိုယ်ကို အနစ်နာခံသွားသည်။
3. Good teacher are costly, but bad teachers are cost more.
ဆရာကောင်းများသည် အကုန်အကျများ၏။ ဆရာဆိုးများသည် အကုန်ကျပိုများ၏။
4. Give a man a fish and you fee him for a day teach a man how to fish and you feed him for a lifetime.
တစ်ဦးတစ်ယောက်ကို ငါးတစ်ကောင်ပေးခြင်းဖြင့် ထိုသူကို ငါးဖမ်းနည်းသင်ပေးခြင်းဖြင့် ဘ၀တစ်သက် စာ ၀မ်းစာရစေသည်။
5. If you can read this, thank a teacher.
ဤ၀ါကျကိုဖတ်တတ်လျှင် ဆရာကိုကျေးဇူးတင်လှည့်ပါ။
6. A teacher is like a hone, the more he sharpens, the more the wears out.
ဆရာတစ်ယောက်က ဓါးသွေးကျောက်နှင့်တူ၏။ သွေးပါများလေ ကျောက်သားခွက်လေ။
7. Every truth has four corners. As a teacher, I give you one corner it is for you to find the other corner.
အမှန်တရားတိုင်းမှာ ထောင့်လေးထောင့် ရှိသည်။ ဆရာတစ်ယောက်အနေနဲ့ ကျွန်ုပ် သင့်အား ထောင့် တစ်ခုပေးသည်။ ကျန်ထောင့်သုံးခုအား ရှာဖွေရန်မှာ သင့်အတွက်ဖြစ်သည်။
8. Whenever I read a good book, I stop and thank my teacher.
ကျွန်ုပ်စာအုပ်ကောင်းတစ်အုပ်ဖတ်တိုင်း ကျွန်ုပ်ရပ်ပြီး ကျွန်ုပ်ရပ်ပြီး ကျွန်ုပ်၏ဆရာကို ကျေးဇူးတင်သည်။
9. A bad teacher’s words fall on his students like a heavy rain. A good teacher’s words fall on his student’s like gentle dewdrops.
မကောင်းသောဆရာ၏ စကားလုံးများသည် သူ၏ကျောင်းသားများအပေါ် သည်းထန်သော မိုးစက်များ
ကဲ့သို့ ကျရောက်သည်။ ကောင်းသောဆရာများ၏ စကားလုံးများသည် သူ၏ ကျောင်းသားများအပေါ်
နူးညံ့သော နှင်းရည်များကဲ့သို့ ကျရောက်၏။
10. What a teacher is, is more important than what he teaches.
ဆရာဆိုတာ သင်ကြားနေတဲ့အကြောင်းအရာထက်ကို ပိုအရေးကြီးပါတယ်။
11. It is noble to teach oneself; it is nobler to teach others.
Mark Twaim
မိမိကိုယ်ကို သင်ပြခြင်းကကောင်း၏ အခြားသူများကို မိမိက သင်ပြခြင်းသည် သာ၍ကောင်း၏။
မတ်(ခ်) တွိန်း
12. The one exclusive sign of a through knowledge is the power of teaching.
Aristotle.
နှံ့နှံ့စပ်စပ်သိနားလည်ခြင်း၏ သီးခြားအမှတ်လက္ခဏာတစ်ခုမှာ သင်ကြားပို့ချနိုင်စွမ်းပင်ဖြစ်သည်။
အရစ္စတိုတယ်လ်
13. I touch the fucture …………………….. I teach.
ကျွန်ုပ်အနာဂတ်ကို ထိတွေ့နေတယ်။ ကျွန်ုပ်စာသင်ကြားပို့ချတယ်လေ။
14. To know how to suggest is the great art of teaching.
မှန်ကန်စွာအကြံ ဥာဏ်ပေးတတ်ခြင်းသည် သင်ကြားခြင်း၏ အဓိကအနုပညာဖြစ်သည်။
15. The man who can make hard things easy is the educator.
ခက်ခဲတယ်ဆိုတဲ့အရာကို လွယ်ကူအောင်ပြုလုပ်ပေးနိုင်တဲ့သူဟာ ဆရာပါပဲ။
16. Teaching is beyond doubt the greatest of all professions.
အသက်မွေးဝမ်းကျောင်းမှုပညာရပ်အားလုံးထဲတွင် ဆရာအလုပ်သည် အကြီးမြတ်ဆုံးဖြစ်သည်မှာ သံသယ၀င်စရာမရှိပါ။
17. The best teachers teach from the heart, not from the book.
အကောင်းဆုံးဆရာများသည် နှလုံးသာမှ သင်ကြားသည်။ စာအုပ်ထဲမှ မသင်ကြားပါ။
18. In teaching, you cannot see the fruit of a day’s work. It is invisible and remains so, may be for twenty years.
စာသင်ကြားရာတွင် တစ်နေ့လုပ်ရပ်ဖြင့်အသီးကို မမြင်နိုင်ပါ။ တစ်ခါတစ်ရံ နှစ်ပေါင်း နှစ်ဆယ်မျှကြာရှည် တတ်သည်။
19. I would thank you from the bottom of my heart, but for my teacher, my heart has no bottom.
သင့်ကို ကျွန်ုပ်နှလုံးသား၏ အနက်ရှိုင်းဆုံးအောက်ခြေမှ ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ဆရာအတွက်မူ ကျွန်ုပ်၏ နှလုံးသားသည် အောက်ခြေမရှိပါ။
20. I like the teacher who gives you something to take home to think about besides homework.
အိမ်စာအပြင် တခြားတွေးတောစရာများကို အိမ်သို့ပေးတတ်သော ဆရာမျိုးကို ကျွန်ုပ်ကြိုက်နှစ်သည်။
21. I am indebted to my father for living, but to my teacher for living well.
ကျွန်ုပ်အသက်ရှင်ရခြင်းအတွက် အဖေ့ကိုကျေးဇူးရှိသည်။ ကောင်းမွန်စွာ အသက်ရှင်နိုင်ခြင်းအတွက် ကျွန်ုပ်၏ဆရာကို ကျေးဇူးတင်ရှိသည်။
22. Teaching is the profession that teaches all the other professions.
စာသင်ကြားခြင်းသည် အခြားသောအသက်မွေးဝမ်းကျောင်းများကို သင်ကြားပို့ချပေးသော အသက်မွေး ၀မ်းကျောင်းဖြစ်သည်။
23. What a teacher is, is more important than what he teaches.
ဆရာတစ်ဦး၏ အရည်အချင်းသည် သူစာသင်ကြားခြင်းထက်သာ၍ အရေးကြီးသည်။
24. A teacher is a campass that activities the magnets of curiosity, knowledge, and wisdom in the pupils.
ဆရာဆိုသည်မှာ တပည့်များတွင်ရှိသော သိချင်စိတ်ပြင်းပြခြင်း၊ ဗဟုသုတနှင့် ဥာဏ်ပညာ သံလိုက်များကို နှိုးဆွပေးသော သံလိုက်အိမ်မြှောင်ဖြစ်သည်။
25. A wise teacher does not bid you enter the house of his wisdom but rather leads you to the threshold of your mind.
ပညာရှိသောကျောင်းဆရာသည် သူ့ဥာဏ်ပညာနေအိမ်အတွင်းသို့ လက်ယပ်ပြီးလှမ်းခေါ်လိမ့်မည် မဟုတ်။ သင့်စိတ်၏လှေကားအထိ ဦးဆောင်သွားပေလိမ့်မည်။
26. Teachers are those who educate people to appreciate the things they need.
ဆရာများဆိုသည်မှာ လူတို့အား အလိုရှိသော အရာများကိုတန်ဖိုးထားတတ်ရန် သင်ကြားပေးသော ပုဂ္ဂိုလ်များဖြစ်သည်။
27. The successful teacher is no longer on a height, pumping knowledge into his students but a senior student anxious to help the juniors.
အောင်မြင်သောဆရာဆိုသည်မှာ အမြင့်နေရာမှနေပြီး တပည့်များအား ပညာရည်လောင်းချပေးနေသူ မဟုတ်ပဲ ၀ါရင့်၊ သမ္ဘာရင့်တပည့်တစ်ဦးသာဖြစ်ပြီး ကိုယ့်ထက်ငယ်ရွယ်သူများအား ကူညီစိတ်ပြင်းပြ နေသူ တစ်ဦးသာဖြစ်သည်။
28. The teacher is to students what the rains is to the field.
ကျောင်းသူကျောင်းသားများအတွက် ဆရာဆိုသည်မှာ လယ်၊ ယာ၊ မြေ အတွက် မိုးရေစက်များ ဖြစ်ပါသည်။
29. A good teacher loves the job: good teacher are well prepared to do their work, and are proud of teaching their pupils.
ဆရာကောင်းတစ်ယောက်သည် အလုပ်ကိုချစ်၏။ ဆရာကောင်းများသည် သူတို့အလုပ်အတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်၏။ သူတို့၏တပည့်များကို သင်ကြားပေးရခြင်းကို ဂုဏ်ယူ၏။
30. A good teacher is a star guide of a future in our life.
ဆရာကောင်းတစ်ယောက်ဆိုတာ ကျွန်ုပ်တို့ရဲ့ အနာဂတ်ဘ၀ကို လမ်းညွှန်ပေးသည့် လမ်းပြကြယ်ကြီး ဖြစ်သည်။
Friendship
1. True friendship never ends.
စစ်မှန်သောခင်မင်မှု၌ အဆုံးမရှိ။
2. A faithful friend is a medicine of life.
သစ္စာရှိသောသူငယ်ချင်းသည် ဘ၀၏ဆေးပင်ဖြစ်သည်။
3. Love is temporary - but friends are forever.
ချစ်ခြင်းမှာ ယာယီမျှသာဖြစ်သည်။ သူငယ်ချင်းများသည်သာ ထာဝရ။
4. Let your best be for your friend.
သင်၏အကောင်းဆုံးသည် သင်၏သူငယ်ချင်းအတွက်ဖြစ်ပါစေ။
5. My friend is he who will tell me faults in private.
ကျွန်ုပ်၏သူငယ်ချင်းဟူသည် ကျွန်ုပ်၏အပြစ်များကို လူကွယ်ရာတွင် သာပြောတတ်သူဖြစ်သည်။
6. However rare true love may be, it is less so than true friendship.
အချစ်စစ်မည်မျှရှားပါးစေကာမူ စစ်မှန်သောခင်မင်မှုလောက် မရှားပါချေ။
7. True friendship is like sound health, the value of it is seldom known unit it be lost.
စစ်မှန်သောခင်မင်မှုသည် ဒေါင်ဒေါင်မြည်သော ကျန်းမာရေးနှင့် တူသည်။ ၎င်းမရှိမှသာ ၎င်း၏တန်ဖိုးကို သိကြသည်။
8. Friends, like books, should be few and well chosen.
သူငယ်ချင်းများသည် စာအုပ်များနည်းတူနည်းပါးပြီး ကောင်းမွန်စွာ ရွေးချယ်ရမည်။
9. Hold a true friend with both your hands.
စစ်မှန်သောသူငယ်ချင်းကို သင့်လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ပါ။
10. Love is blind, but friendship closes its eyes.
အချစ်တွင် မျက်စိမရှိသော်လည်း ခင်မင်မှုက မျက်လုံးအစုံကို ပိတ်ထား၏။
11. A single rose can be my garden, a single friend, my world.
နှင်းဆီတစ်ပွင့်သည် ကျွန်ုပ်၏ပန်းဥယျာဉ်ဖြစ်သည်။ သူငယ်ချင်းတစ်ဦးသည် ကျွန်ုပ်၏ ကမ္ဘာဖြစ်သည်။
12. Friends are the sunshine of life.
သူငယ်ချင်းများသည် ဘ၀၏နေရောင်ခြည်ဖြစ်သည်။
13. Gems may be precious, but friends are priceless.
ရတနာများသည် တန်ဖိုးရှိလိမ့်မည်။ သို့သော် သူငယ်ချင်းများမှာ တန်ဖိုးမဖြတ်နိုင်ပေ။
14. The best vitamin for making friends is B.1.
မိတ်ဆွေဖြစ်ရန် အကောင်းဆုံးအားဆေးမှာ (Be one) မိတ်ဆွေတစ်ယောက်ဖြစ်လိုက်ပါ။
15. A friend can tell you things you don’t want to tell yourself.
သင့်ကိုယ်သင် မပြောရဲသောစကားများကို သူငယ်ချင်းက သင့်အား ပြောနိုင်စွမ်းရှိသည်။
16. A friend is the one who comes in when the whole world has gone out.
သူငယ်ချင်းဆိုသည်မှာ တစ်ကမ္ဘာလုံးကိုယ့်ထံမှ ထွက်ခွာသွားနေချိန်တွင် ကိုယ့်ထံရောက်ရှိလာသူ ဖြစ်သည်။
17. Strangers are just friends waiting to happen.
သူစိမ်းဆိုသည်မှာ မိတ်ဆွေဖြစ်ရန် စောင့်ဆိုင်းနေသူများသာဖြစ်ကြသည်။
18. The best way to keep your friends is not to give them away.
သူငယ်ချင်းများကို ပိုင်ဆိုင်ထားရန် အကောင်းဆုံးနည်းလမ်းမှာ မစွန့်လွတ်ပစ်ခြင်းဖြစ်သည်။
19. True friendship is like sound health, the value of it is seldom known until it be lost.
ခင်မင်မှုအစစ်သည် ကောင်းမွန်သော ကျန်းမာခြင်းနှင့်တူ၏။ ဆုံးရှုံးသွားမှသာ တန်ဖိုးကိုသိနိုင်၏။
20. No man is useless while he has a friend.
သူငယ်ချင်းရှိသရွေ့ မည်သူမျှအသုံးမ၀င် အချည်းအနှီးမဖြစ်ပါ။
21. An honest answer is the sign of true friendship.
ရိုးသားသောအဖြေသည် စစ်မှန်သောခင်မင်မှု၏ အမှတ်လက္ခဏာဖြစ်သည်။
22. Most people walk in and out of your life. But only friends leave footprints in your heart.
လူအများစုသည် သင့်ဘ၀တွင် အ၀င်အထွက်ပြုတတ်သည်။ သို့သော သူငယ်ချင်းများသာလျှင် သင့်၏ နှလုံးသားထဲ၌ ခြေရာများ ချန်ထားခဲ့ကြသည်။
23. Good friends are good for your health.
သူငယ်ချင်းကောင်းများသည် သင့်ကျန်းမာရေးအတွက်ကောင်းသည်။
24. Do not protect yourself by a fence, but rather by your friends.
သင့်ကိုယ်သင်ခြံစည်းရိုးဖြင့် မကာကွယ်ပါနှင့်၊ သူငယ်ချင်းများဖြင့်သာ ကာကွယ်ပါ။
25. Who finds a faithful friend finds a treasure.
သစ္စာရှိသောသူငယ်ချင်းကို တွေ့ရှိသူသည် ရတနာတွေ့ရှိသူဖြစ်၏။
26. The best way to destroy an enemy is to make him a friend.
ရန်သူတစ်ဦးကို ဖျက်ဆီးရန်အကောင်းဆုံးနည်းလမ်းမှာ သူ့အား သူငယ်ချင်းအဖြစ် ပြောင်းလဲခြင်းပင် ဖြစ်သည်။
27. Good friends are hard to find, harder to leave, and impossible to forget.
မိတ်ဆွေကောင်းများသည် ရှာဖွေရခက်သည်။ ခွဲခွါရန်ပို၍ခက်ခဲပြီး မေ့ပျောက်ရန်လုံးဝ မဖြစ်နိုင်ပါ။
28. Good friends are like stars. You don’t always seem them, but you known they are always there.
သူငယ်ချင်းကောင်းများသည် ကြယ်များနှင့်တူသည်။ သူတို့ကို အမြဲမမြင်ရသော်လည်း သူတို့က အမြဲရှိနေသည်ကိုကား သိနေသည်။
29. Friendship doubles your joys, and divides your sorrows.
ခင်မင်မှုသည် သင်၏ပျော်ရွှင်မှုကို နှစ်ဆပွားစေပြီး၊ သင်၏၀မ်းနည်းမှုများကို လျော့နည်းသွားစေသည်။
30. Walking with a friend in the dark is better than walking alone in the light.
သူငယ်ချင်းတစ်ဦးနှင့် အမှောင်ထဲ၌လျှောက်ခြင်းသည် တစ်ကိုယ်တည်းအလင်းရောင်ထဲ၌ လျှောက်ခြင်း ထက် သာ၍ကောင်း၏။
31. “Stay” is charming word in a friend’s vocabulary.
Louisa May Alcott
နေပါဟူသောစကားလုံးသည် သူငယ်ချင်း၏ ဝေါဟာရများထဲမှ ချစ်စဖွယ်ကောင်းသောစာလုံးဖြစ်သည်။
လူဝီစာ - မေအောလ်ကော့တ်
32. Friends are people you can talk to without words, when you have to.
Elvis Presley
သူငယ်ချင်းများဟူသည် စကားလုံးမပါဘဲစကားပြောဆိုနိုင်သူများဖြစ်သည်။
အဲလက်ဗွစ် - ပရက်စလေ
33. Friendship is the marriage of souls.
ခင်မင်မှုဆိုသည်မှာ ၀ိညာဉ်များ၏ ထိမ်းမြားခြင်းဖြစ်သည်။
34. True friends are like diamonds, very precious and rare. False friends are like autumn – leaves,(can be) found everywhere.
မိတ်ဆွေစစ်များသည် စိန်များလိုပဲ တန်ဖိုးကြီးပြီး ရှားပါးသည်။ မိတ်ဆွေတုများကား ဆောင်းဦးရွက်ကြွေ များလိုပဲ နေရာတကာတွေ့နိုင်သည်။
35. One loyal friend is better than ten thousand relatives.
သစ္စာရှိသော သူငယ်ချင်းသည် ဆွေမျိုးတစ်ထောင်ထက်သာ၏။
Education
1. The fountain of wisdom flows through books.
ပညာရေး၏အခြေခံဇာစ်မြစ်တို့သည် စာအုပ်များမှတစ်ဆင့် စီးဆင်းကြရ၏။
2. Something is learned very time a book is opened.
စာအုပ်တစ်အုပ်ကိုဖွင့်ဖတ်လေတိုင်း ပညာတစ်ခုတော့ရလိုက်သည်။
3. No man is so wise that he cannot become wiser.
ဥာဏ်ပညာ၊ အသိအမြင်ဗဟုသုတပို၍ ပြည့်စုံရန်မလိုတော့လောက်အောင်တော်လွန်းသောပညာရှိဟူ၍ မရှိပါ။
4. Reading must be broad.
Knowledge must be Sought.
စာဖတ်နယ်မြေ ကျယ်ပါစေ။
အထွေထွေဗဟုသုတ စုဆောင်းကြ။
5. “Books are our friends, our companions, our guards, our guides and our refuge.”
စာအုပ်သည် ကျွန်ုပ်တို့၏ မိတ်ဆွေ၊ ကျွန်ုပ်တို့၏ အဖော်မွန်၊ လမ်းညွှန်သူ၊ စောင့်ရှောက်သူ၊ ခိုကိုးရာ ဖြစ်သည်။
6. No matter how occupied a man may be, he must snatch at least one hour for study daily.
လူတစ်ဦးတစ်ယောက်သည် မည်မျှပင် မအားလပ်မလပ်ဖြစ်နေစေကာမူ တစ်နေ့လျှင်အနည်းဆုံး တစ်နာရီခန့် စာလေ့လာချိန်ပေးသင့်သည်။
7. A cuttered desk is a sign of genius.
ရှုပ်ထွေးနေသောစာရေးစားပွဲသည် ပညာရှိ၏ အမှတ်လက္ခဏာဖြစ်၏။
8. Knowledge in youth is wisdom in age.
ငယ်ရွယ်စဉ်မှာ သုတရှာ၊ ကြီးသောအခါ ပညာရှိ၏။
9. First learning, then wealth.
ပညာကိုရှေ့၊ ဥစ္စာကိုနောက်။
10. The roots of education are bitter, but its fruits are very sweet.
ပညာ၏အမြစ်များသည် ခါးသီးသော်လည်း အသီးများကားချိုလှ၏။
11. He who graduates today and stops learning tomorrow will be uneducated the day after.
ယနေ့ဘွဲ့ရပြီး မနက်ဖြန်ပညာဆက်လက်ဆည်းပူးခြင်းမရှိသူသည် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။
12. Learning is like rowing upstream, not to advange is to drop back.
ပညာသင်ယူခြင်းသည် ရေဆန်ကိုလှော်ရသည်နှင့်တူ၏။ ရှေ့ဆက်မတက်နိုင်ခြင်းသည် နောက်ကျန်ရစ် ခြင်းပင်ဖြစ်သည်။
13. Learn when young and not when old
For learning is better than silver and gold
Silver and gold may vanish away
But good education will never decay.
ငယ်ရွယ်စဉ်မှာ ပညာရှာ
ပညာသည် ရွှေ၊ ငွေထက် တန်ဖိုးပိုရှိ၏။
ရွှေ၊ ငွေ ပျောက်ကောင်း ပျောက်ကွယ်နိုင်
ကောင်းသောပညာ ထာဝရရှိမှာ။
14. Some people drink at the fountain of knowledge. And some just gurgle.
အချို့လူများသည် ဗဟုသုတရေပန်းများ၌ သောက်သုံးကြသည်။ တစ်ချို့ ပလုတ်ကျင်းရုံသာ ဖြစ်သည်။
15. A book is good friend which never betrays you.
စာအုပ်သည် သင့်အား ဘယ်တော့မှ သစ္စာမဖောက်။ မိတ်ဆွေကောင်းဖြစ်သည်။
16. Measure the value of a book by how much can be carried away from it.
စာအုပ်၏တန်ဖိုးကို ၎င်းထံမှ မည်မျှသယ်ဆောင်သွားနိုင်သည်ဖြင့် တိုင်းထွာပါ။
17. Reading without thinking is like eating without digesting.
မတွေးတောပဲစာဖတ်ခြင်းသည် အစာမချေပဲ အစာစားခြင်းနှင့်တူ၏။
18. If you have knowledge, let others light their candle from it.
သင့်တွင်ဗဟုသုတရှိလျှင် အခြားသူများ၏ ဖယောင်းတိုင်များကို ၎င်းမှ ထွန်းညှိပါစေ။
19. A person who thinks he has enough to knowledge has nothing.
သူ့တွင် ဗဟုသုတ လုံလုံလောက်လောက်ရှိသည်ဟု ထင်သောသူသည် ဘာမှမရှိ။
20. Today a reader, tomorrow a leader.
ယနေ့စာဖတ်သူသည် မနက်ဖြန် ဦးဆောင်နိုင်လိမ့်မည်။
21. The real mistake is that from which we learn nothing.
တကယ့်အမှားသည် ယင်းအမှားမှ ကျွန်ုပ်တို့ ဘာမှမတတ်ခဲ့သော အမှားဖြစ်သည်။
22. You can only go as far as you push.
သင်သည် တွန်းနိုင်သလောက်သာ သွားနိုင်သည်။
23. It is impossible to defeat and ignorant person in argument.
အငြင်းပွားခြင်း၌ စာမတတ်သူကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပါ။
24. “Light the torch of knowledge to built the place of the future.”
Madamme Curie
ဗဟုသုတမီးရှူးတိုင်ကြီးကို ထွန်းညှိပြီး အနာဂတ်နန်းတော်ကြီးကို တည်ဆောက်ကြမယ်။
25. If hungry - a short time, if uneducated – a life time.
အစာငတ်ရင် တစ်ခဏ၊ စာငတ်ရင် တစ်ဘ၀။
26. Wisdom in the mind is better than money in the hand.
ဦးနှောက်ထဲ၌ ဥာဏ်ပညာရှိခြင်းသည် လက်ထဲ၌ငွေရှိခြင်းထက်သာ၍ကောင်း၏။
27. The world is a beautiful book, but of little use to those who cannot read.
ကမ္ဘာကြီးသည် လှပသောစာအုပ်ကြီးတစ်အုပ်ဖြစ်သည်။ သို့သော်စာမတတ်သူအတွက် အသုံးမ၀င် သလောက်ပင်ဖြစ်သည်။
28. A house without books is like a room without windows.
စာအုပ်မရှိသောအိမ်သည် ပြတင်းပေါက်များမရှိသော အခန်းနှင့်တူ၏။
29. A book is like a garden carried in the pocket.
စာအုပ်မရှိသောအိမ်သည် ပြတင်းပေါက်များမရှိသော အခန်းနှင့်တူ၏။
30. A good book has no ending.
စာအုပ်ကောင်းတွင် အဆုံးမရှိ။
31. Books- the best antidote against boredom.
စာအုပ်များ - ငြီးငွေ့ခြင်း၏ ဖြေဆေးဖြစ်သည်။
32. A good book should leave you slightly exhausted at the end.
စာအုပ်ကောင်းမှန်လျှင် ဖတ်ရှုပြီးသော အချိန်၌ သင့်အား အနည်းငယ်မောပန်းစေလိမ့်မည်။
33. Some books are to be tasted; other to be swallowed; and some few to be chewed and digested.
အချို့သောစာအုပ်များမှာ မြည်းကြည့်ရုံသာဖြစ်၏။ အချို့မှာ မျိုချရန်ဖြစ်ပြီး၊ အနည်းငယ်သောစာအုပ်များ သာလျှင် ၀ါးပြီးအစာချေသင့်သည်။
34. A person who has a book is not alone.
စာအုပ်တစ်အုပ်ရှိသူသည် အဖော်မဲ့သူမဟုတ်ပါ။
Success
1. In order to succeed you must fail, so that you know what not to do the next time.
အောင်မြင်ရန်အလို့ငှာ အသင်သည်ကျရှုံးရမည်။ ဤသို့အားဖြင့် သင်သည် နောက်တစ်ကြိမ် ဘာမလုပ်ရမည်ကို သိလိမ့်မည်။
2. What is success? It is a toy balloon among children armed with pins.
အောင်မြင်မှုဆိုသည်မှာ အဘယ်နည်း။ အောင်မြင်မှုဆိုသည်မှာ ပင်အပ်များကိုင်ဆောင်ထားသော ကလေးသူငယ်များအတွင်းမှ ကစားစရာ ပူပေါင်းတစ်လုံးဖြစ်၏။
3. As you climb the ladder of success, be sure it’s leaning against the right building.
အောင်မြင်မှုလှေကားကို လှမ်းတက်စဉ် လှေကားကို မှန်ကန်သော အဆောင်အဦး၌ မှီထားသည်ကို သေချာပါစေ။
4. Success is a ladder, not an escalator.
အောင်မြင်မှုသည်လှေကားအရှင်ဖြစ်၏။ စက်လှေကားမဟုတ်ပါ။
5. Success has made failures of many men.
အောင်မြင်မှုသည် လူအတော်များများကို ကျရှုံးစေခဲ့သည်။
6. Some people dream of success-while other wake up and work hard at it.
အချို့လူများ အောင်မြင်မှုအကြောင်း အိမ်မက်စိတ်ကူးများ မက်ကြသည်။ ထိုစဉ်အခြားသူများသည် အိပ်ရာမှ ထကာအတော်လေး ကြိုးစားခဲ့ကြသည်။
7. Success is how high you bounce when you hit the bottom.
အောင်မြင်ခြင်းဆိုသည်မှာ သင်အောက်ခြေကို ထိသောအချိန်တွင် မည်မျှမြင့်မြင့် ပြန်ခုန်တက်နိုင်ခြင်း ပင်ဖြစ်သည်။
8. If at first you do succeed, try to hide your astonishment.
ပထမတစ်ကြိမ်တည်းဖြင့် သင်အောင်မြင်သွားလျှင် သင်၏သြမှုကို ၀ှက်ထားပါ။ ( ပထမတစ်ကြိမ်တည်း ဖြင့် အောင်မြင်မှုရရှိရန်မှာ မဖြစ်နိုင်ကြောင်းဆိုလိုပါသည်။)
9. The road to success is dotted with the most tempting parking places.
အောင်မြင်မှုသို့သွားရာလမ်းပေါ်မှာ မြူဆွယ်တတ်တဲ့ အပန်းဖြေနေရာတွေ ပြည့်နေတတ်တယ်။
10. All men fail. Champions simply get up and begin again.
လူတိုင်းကျရှုံးပါသည်။ ချန်ပီယံများသည် ပြန်ထ၍ အစမှပြန်စတတ်ပါသည်။
11. Success is getting up just one more time after you last fall.
အောင်မြင်ခြင်းဆိုသည်မှာကျရှုံးပြီး နောက်တစ်ကြိမ် ပြန်ထခြင်းဖြစ်သည်။
12. Failure is never final and success is never ending.
ကျရှုံးခြင်းဟူသည် နောက်ဆုံးမဟုတ်သလို အောင်မြင်မှုသည်အဆုံးမရှိ။
13. Life is like licking from honey the thorn.
ဘ၀ဆိုသည်မှာ အဆူးပျားရည်ကိုလျှက်နေခြင်းနှင့်တူသည်။
14. Everything is Okay in the end. It is not Okay is not in the end.
နောက်ဆုံးတော့လည်း အားလုံးအဆင်ပြေတာချည်းပဲ။ အဆင်မပြေသေးရင် နောက်ဆုံးမဟုတ်သေးဘူး။
15. One key to success is self-confidence. And important key to self-confidence is preparing.
အောင်မြင်မှုအတွက် သော့ချက်တစ်ခုမှာ မိမိကိုယ်မိမိ ယုံကြည်ခြင်းဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှု အတွက် အရေးကြီးသော သော့ချက်မှာ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။
16. “Impossible” is the word to be found only in the dictionaries of the fools.
မဖြစ်နိုင်ဘူးဟူသောစကားလုံးကို လူမိုက်တို့၏ အဘိဓါန်များ၌သာ မြင်နိုင်သည်။
17. Every winner has scars.
အောင်နိုင်သူတိုင်း၌ အမာရွတ်များရှိသည်။
18. A person who moves a mountain starts by moving tiny pieces of stones.
တောင်တစ်လုံးကိုရွေ့သောသူသည် သေးငယ်သော ကျောက်ခဲကလေးကိုရွေ့ခြင်းပင်ဖြစ်သည်။
19. The greatest loss of self-confidence.
အကြီးမားဆုံးသောဆုံးရှုံးခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုဆုံးရှုံးခြင်းပင်ဖြစ်သည်။
20. Victory belongs only to the most perseverant.
အောင်ပွဲကို ၀ိရိယအရှိဆုံးသူသာ ပိုင်ဆိုင်သည်။
21. Victory belongs to the brave.
အောင်ပွဲကိုသတ္တိရှိတဲ့သူသာ ပိုင်ဆိုင်သည်။
22. Success has a simple formula. Do your best.
အောင်မြင်မှုအတွက် ရိုးရှင်းသောပုံသေနည်းရှိသည်။ သင်၏အကောင်းဆုံးကိုဆောင်ရွက်ပါ။
23. Learn to listen. Opportunity sometimes knocks very softly.
နားထောင်တတ်ဖို့ သင်ယူပါ။ အခွင့်အရေးသည် တစ်ခါတစ်ရံ အလွန်တိုးတိတ်စွာ တံခါးခေါက် တတ်သည်။
24. If in doubt-don’t.
သံသယဖြစ်နေလျှင် မလုပ်နှင့်။
25. It is better to say “I will try ” than “I can’t”
ကျွန်ုပ် မလုပ်နိုင်ဟုပြောသည်ထက် ကျွန်ုပ်ကြိုးစားမည်ဟု ပြောသည်က သာ၍ကောင်း၏။
26. Everyone must row with the oar that he has.
လူတိုင်း သူ့မှာရှိတဲ့ လှော်တက်များဖြင့် လှော်ခတ်ရမည်။
27. Among life dying embers
These are my regrets;
When I was right, nobody remembers
When I was wrong, nobody forgets
ဘ၀ပြာဖုံးနေသည်။ ငြိမ်းအံ့ဆဲဆဲ မီးသွေးများကြား၌ ဤအရာများသည် ကျွန်ုပ်၏၀မ်းနည်းနောင်တများ ဖြစ်သည်။ ကျွန်ုပ် မှန်သောအခါ မည်သူမျှ သတိမရ။
ကျွန်ုပ် မှားသောအခါ မည်သူမျှ မေ့မရ။
28. What is the use of running, if we are on the wrong road?
အကယ်၍ ကျွန်ုပ်တို့သည် လမ်းမှားပေါ်ရောက်နေလျှင် ပြေးနေ၍ မည်သို့အကျိုးရှိမည်နည်း။
29. There are two kinds of light. The glow that shines and the glare that blinds.
အလင်းရောင်(၂)မျိုးရှိသည်။ အလင်းရောင်ပေးသော အလင်းနှင့် မျက်စိစူးသောအလင်း။
30. A man’s fear and doubts are his worst enemies.
လူတစ်ဦး၏ ကြောက်ရွံ့ခြင်းနှင့် သံသယများမှာ ထိုသူ၏ အဆိုးဆုံးရန်သူများဖြစ်ကြသည်။
31. People with goals succeed because they know where they are going.
ရည်မှန်းချက်ရှိသောသူများ အောင်မြင်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဘယ်သွားနေသည်ကို သိသောကြောင့်ဖြစ်သည်။
32. Great opportunities come disguised as difficult problems.
ကြီးမားသောအခွင့်အရေးများသည် ခက်ခဲသောပြဿနာများအဖြစ် ရုပ်ဖျက်၍လာကြသည်။
33. If you do not make mistakes, it only means you are not trying 100 percent.
သင်၏အမှား မပြုလုပ်ခြင်းသည် သင်ရာနှုန်းပြည့် မကြိုးစားသေးကြောင်းကို ဖော်ညွှန်းနေပါသည်။
34. Be thankful if you have a job a little harder than you like. A razor cannot be sharpened on a piece of level.
အလုပ်တစ်ခုသည် မိမိလိုချင်သည်ထက် အနည်းငယ်ပို၍ ပင်ပန်းနေလျှင် ကျေးဇူးတင်ပါ။ သင်တုန်းဓါး ကို ကတ္တီပါတစ်စပေါ်၌ သွေး၍မရပါ။
35. What you can do, or dream you can begin it. Boldness has genius, power and magic in it.
လုပ်နိုင်လျှင် သို့မဟုတ် လုပ်နိုင်သည်ဟုထင်လျှင် စတင်လုပ်လိုက်ပါ။ ရဲရင့်ခြင်းတွင် ဥာဏ်ပညာ၊ ခွန်အားနှင့် အံ့ဖွယ်အစွမ်းများရှိ၏။
36. Problems are not stop signs, they are guidelines.
Helen Keller
ပြဿနာများသည် “ရပ်” ဟုပြောသော ဆိုင်းဘုတ်များမဟုတ်ပါ။ ၎င်းတို့သည် သင်၏လမ်းညွှန်မှုများ ဖြစ်သည်။ ဟယ်လင် ကဲလား
37. When the world says, “Give up”, Hope whispers, “Try it one more time”.
တစ်ကမ္ဘာလုံးက “လက်လျှော့လိုက်ပါ”ဟုပြောနေချိန်တွင် မျှော်လင့်ခြင်းက “တစ်ကြိမ်ထပ်ကြိုးစား လိုက်ပါဦး” ဟု တီးတိုးပြောနေသည်။
38. There is no elevator to success. You have to take the stairs.
အောင်မြင်မှုဆီသို့သွားသော ဓါတ်လှေကားဟူ၍မရှိ။ ရိုးရိုးလှေကားကိုသာ သင်အသုံးပြုရလိမ့်မည်။
39. Opportunities multiply as they are seized.
အခွင့်အရေးများသည် ဖမ်းမိလေ အဆပွားလေဖြစ်သည်။
40. I try, I fail. I try again. I fail better.
ကျွန်ုပ် ကြိုးစားသည်။ ကျွန်ုပ် ကျရှုံးသည်။ ကျွန်ုပ် ထပ်မံကြိုးစားသည်။ ကျွန်ုပ် ပို၍ကောင်းမွန်စွာ ကျဆုံးသည်။
41. A lost inch of gold may be found; a lost inch of time, never.
ပျောက်ဆုံးသွားသော ရွှေတစ်လက်မကို ပြန်တွေ့ကောင်းတွေ့နိုင်မည်။ ပျောက်ဆုံးသွားသော အချိန်တစ်လက်မကိုကား မည်သည့်အခါမျှ ပြန်မတွေ့နိုင်။
42. A Pessimist sees the difficulty in every opportunity; an optimist sees the opportunity in every difficulty.
အဆိုးမြင်ဝါဒီသမားသည် အခွင့်အရေးတိုင်း၌ အခက်အခဲကိုမြင်သည်။ အကောင်းမြင်ဝါဒီသမားသည် အခက်အခဲတိုင်း၌ အခွင့်အရေးကိုမြင်သည်။
General
1. Anger is a bad counselor.
အမျက်ဒေါသသည် ဆိုးသွမ်းသော တိုင်ပင်ဖော်ဖြစ်၏။
2. The best remedy for a short temper is a long walk.
ခဏတာဒေါသထွက်ခြင်းအတွက် အကောင်းဆုံးကုသမှုမှာ ခရီးရှည်လမ်းလျှောက်ထွက်ခြင်းဖြစ်၏။
3. Anger is short - lived madness.
ဒေါသသည် ခဏတာရူးသွပ်ခြင်းဖြစ်၏။
4. Whatever begins in anger ends in shame.
Benjamin Franklin
အမျက်ဒေါသဖြင့်စတင်ခဲ့သော အရာတိုင်း အရှက်ရခြင်းဖြင့် နိဂုံးချုပ်ရသည်။
ဘင်ဂျမင် ဖရန်ကလင်
5. People who fly into a range always make a bad landing.
ဒေါသဖြင့်အရှိန်မြင့်တက်သူသည် အကျနာတတ်သည်။
6. Anger blows out the lamp of the mind.
အမျက်ဒေါသသည် စိတ်၏ မီးခွက်ကို မှုတ်ငြိမ်းလေသည်။
7. So long as a man is angry he cannot be in the right.
လူတစ်ဦး အမျက်ဒေါသထွက်နေသရွေ့ အမှန်ဘက်တွင် မရှိနိုင်ပါ။
8. The best answer to anger is silence.
အမျက်ဒေါသအတွက် အကောင်းဆုံးအဖြေမှာ ဆိတ်ဆိတ်နေခြင်းပင်ဖြစ်သည်။
9. Anger dwells only in the bosom of fools.
Ablest Einstein
ဒေါသသည် လူမိုက်တို့၏ နှလုံးသားအတွင်း၌သာ ခိုအောင်းသည်။
အဲလ်ဘတ်အိုင်းစတိုင်း
10. The door to happiness opens outward.
ပျော်ရွှင်မှုတံခါးသည် အပြင်သို့ပွင့်၏။
11. The really happy man is the one who can enjoy the scenery when he has to take a detour.
အမှန်တကယ်ပျော်ရွှင်သောသူဆိုသည်မှာ လမ်းလွဲမှ သွားရချိန်တွင်ပင် ရူခင်းများကို ကြည်နူးစွာခံစား တတ်သူ ဖြစ်သည်။
12. Like Summer and winter, happiness and sorrow are always changing places.
နွေနှင့်ဆောင်းကဲ့သို့ပင် ပျော်ရွှင်မှုနှင့် ၀မ်းနည်းခြင်းတို့သည် အမြဲတစေ နေရာချင်းဖလှယ်လျက် ရှိပါသည်။
13. Happiness depends upon ourselves.
ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်၌သာ မူတည်နေတတ်သည်။
14. Real happiness is cheap enough, yet how dearly we pay for its counterfeit.
ပျော်ရွှင်မှုအစစ်သည် ဈေးပေါလင့်ကစား၊ ပျော်ရွှင်မှုအတူယောင်အတွက် မည်မျှဈေးကြီးပေးရသည်ကို တွေးကြည့်ပါ။
15. It is not how we have, but now much we enjoy, that makes happiness.
ကျွန်ုပ်တို့တွင် “မည်မျှရှိသည်” မဟုတ်ဘဲ “မည်မျှပျော်နိုင်သည်”ကသာလျှင် ပျော်ရွှင်မှုကိုဖြစ်စေသည်။
16. Smile - and the world will smile with you.
Frown - and it will leave you alone.
သင်ပြုံးလျှင် တစ်ကမ္ဘာလုံး သင်နှင့်လိုက်ပြုံးမည်။ သင်မျက်မှောင်ကြုတ်လျှင် တစ်ကမ္ဘာလုံး သင့်ကို ကျောခိုင်းသွားလိမ့်မည်။
17. The greatest wealth in life is health.
ဘ၀တွင် အကြီးမားဆုံးသောချမ်းသာခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။
18. From the bitterness of disease man learns the sweetness of health.
ရောဂါဘယ၏ခါးသီးမှုမှ လူသားသည် ကျန်းမာခြင်း၏ ချိုမြိန်မှုကို သိရှိလေသည်။
19. An apple a day keeps the doctor away.
ပန်းသီးတစ်နေ့တစ်လုံးစားပေး ဆရာဝန်နှင့် အစဉ်ကင်းဝေး။
20. To get rich never risky your health. For it is the truth that health is the wealth of wealth.
ချမ်းသာစေဖို့ ကျန်းမာရေးကို ဘယ်တော့မှ မစွန့်ပါနှင့်။ ကျန်းမာခြင်းသည် ချမ်းသာခြင်းတကာ့ အချမ်းသာဆုံး လာဘ်တစ်ပါးဖြစ်သည်။
21. A man too busy to take care of his health is like a mechanic too busy to take care of his tools.
ကိုယ့်ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်အောင် အလုပ်များနေသူသည် ကိုယ့်ကိရိယာတန်ဆာပလာများ ကို ဂရုမစိုက်အားသော စက်ပြင်ဆရာနှင့်တူသည်။
22. Happiness lies, first of all in health.
ပျော်ရွှင်ခြင်းသည် ကျန်းမာခြင်းပေါ်၌ ဦးစွာတည်ရှိသည်။
23. The first wealth is health.
ပထမဆုံးသော ချမ်းသာကြွယ်ဝခြင်းသည် ကျန်းမာခြင်းပင်ဖြစ်သည်။
24. The groundwork of all in health.
ပျော်ရွင်မှုအားလုံး၏ အရင်းအမြစ်မှာ ကျန်းမာခြင်းပင်ဖြစ်သည်။
25. Health is not valued till sickness comes.
ဖျားနာခြင်းကင်းနေသရွေ့ ကျန်းမာခြင်း၏တနဖိုးကို မသိကြချေ။
26. To wish to be well is a part of becoming well.
ပြန်လည်ကျန်းမာလိုချင်သောစိတ်ကပင် ပြန်လည်ကျန်းမာခြင်းတစ်စိတ်တစ်ဒေသ ဖြစ်၏။
27. He who takes medicine and neglects to diet wastes the skill of his doctors.
ဆေးသောက်သုံးသော်လည်း အစားအစာ မရှောင်သောသူသည် သူဆရာဝန်၏ ကျွမ်းကျင်မှုကို ဖြုန်းတီးရာရောက်၏။
28. A good laugh and a long sleep are the best cures in the doctor’s book.
အားပါးတရရယ်မောခြင်းနှင့် ကြာမြင့်စွာအိပ်စက်ခြင်းတို့သည် ဆရာဝန်၏ စာအုပ်ထဲမှ အကောင်းဆုံး ကုသမှုများဖြစ်သည်။
29. It one does not know to which part one is sailing, no wind is favourable.
မိမိမည်သည့်သင်္ဘောဆိပ်သို့ ရွက်လွှင့်ပြီးသွားနေသည်ကို မသိလျှင် မည်သည့်လေမျှ အထောက်အကူ မပြုနိုင်ချေ။
30. Luck never gives. It only lends.
Swedish proverb
ကံကြမ္မာသည် အပြီးအပိုင်ပေးခြင်းမဟုတ်။ ခေတ္တငှားရမ်းခြင်းမျှသာ ဖြစ်သည်။
ဆွီဒင်စကားပုံ
31. He that is afraid of bad luck will never know good luck.
Russian Proverb
ကံကြမ္မာဆိုးကို ကြောက်ရွံ့သောသူသည် ကြမ္မာကောင်းကို မည်သည့်အခါမျှ သိရှိမည်မဟုတ်ပေ။
ရုရှားစကားပုံ
32. I am a greater believer in luck and I find that the harder I work, the more I have of it.
Thomas Jefferson
ကျွန်ုပ်သည် ကံကြမ္မာကို အလွန်ယုံကြည်သူဖြစ်ပြီး အပင်ပန်းခံအလုပ်လုပ်လေ ကံကြမ္မာပိုမိုကောင်း လေကိုတွေ့မြင်ရသည်။
သောမတ်(စ်) ဂျက်ဖာဆင်
33. The only thing that overcomes hard luck is hard work.
ကံခေမှုကို အောင်မြင်ကျော်လွှားနိုင်သည့် တစ်ခုတည်းသောအရာမှာ အပင်ပန်းခံအလုပ်လုပ်ခြင်းပင် ဖြစ်သည်။
34. Fortune brings in some boats that are not steered
- William Shakespeare
ကံကြမ္မာသည် အထိန်းအကွပ်မဲ့လှေအချို့ကို ဆိပ်ကမ်းသို့ ယူဆောင်လာတတ်သည်။
ဝီလျှံရှိတ်စပီးယား
35. The only sure thing about luck is that it can change.
ကံကြမ္မာနှင့်ပတ်သက်၍ သေချာမှုတစ်ခု ပြောင်းလဲတတ်ခြင်းပင်ဖြစ်သည်။
36. Laughter is the sun that drives winter from the human face.
ရယ်မောခြင်းဟူသည် လူ၏မျက်နှာပေါ်မှ ဆောင်းရာသီကိုဖယ်ရှားပေးသော သူရိန်နေမင်းဖြစ်သည်။
37. Laugh and your life will be lengthened; for this is the great secret of long life.
ရယ်မောပါ။ သင်အသက်ပိုမိုရှည်ပါလိမ့်မည်။ ဤသည်မှာ အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။
38. A day without laughter is a day wasted.
မရယ်မောမိသောတစ်နေ့သည် ဖြုန်းတီးခဲ့သော နေ့တစ်နေ့ပင်ဖြစ်သည်။
39. Nobody ever died of laughter.
ရယ်မောခြင်းကြောင့်သေဆုံးသွားသူမရှိ။
40. Laughter is an instant vacation.
ရယ်မောခြင်းသည် လျှပ်တစ်ပြက်အပန်းဖြေခြင်းဖြစ်သည်။
41. A man isn’t poor if he can still laugh.
လူတစ်ဦးသည် ရယ်နိုင်စွမ်းရှိသရွေ့ မဆင်းရဲပါ။
42. A good laugh is sunshine in the house.
ကောင်းသောရယ်မောခြင်းသည် အိမ်အတွင်း၌ နေသာခြင်းဖြစ်၏။
43. Seven days without laughter make one weak.
ခုနစ်ရက် မရယ်မောသောသူသည် အားယုတ်လာပါသည်။
44. Laughter keeps the heart and face young.
ရယ်မောခြင်းသည် နှလုံးသားနှင့်မျက်နှာကို နုပျိုစေသည်။
45. We cannot really love and anybody with whom we never laugh.
အတူရယ်မောခြင်းမရှိသောသူကို အမှန်တကယ် မေတ္တာထားရှိရန် မဖြစ်နိုင်ပါ။
46. Man is the only creature who has the ability to laugh.
ရယ်မောနိုင်စွမ်းရှိသည့် တစ်မျိုးတည်းသောသတ္တ၀ါမှာ လူသားပင်ဖြစ်သည်။
47. You don’t stop laughing because you grow old. You grow old because you stop laughing.
အသက်အိုမင်းလာသောကြောင့်ရယ်မောခြင်း ရပ်ဆိုင်းသည်မဟုတ်။ ရယ်မောခြင်းရပ်ဆိုင်းခြင်းကြောင့် သာ အိုမင်းလာခြင်းဖြစ်၏။
48. Always laugh when you can. It is cheap medicine.
ရယ်နိုင်သရွေ့ရယ်ပါ။ ၎င်းသည် ဈေးပေါသောဆေးဝါးဖြစ်သည်။
49. The human race has only one effective weapon, and that is laughter.
လူသားတို့တွင် ထိရောက်သောလက်နက် တစ်ခုတည်းသာရှိသည်။ ယင်းကားရယ်မောခြင်းဖြစ်၏။
50. Laughter is inner jogging.
ရယ်မောခြင်းသည် ခန္ဓာကိုယ်အတွင်းပြေးလျှောက် အားကစားလှုပ်ရှားခြင်းတစ်မျိုးဖြစ်၏။
51. If you lose the power to laugh, you lose the power to think.
ရယ်မောခြင်းစွမ်းအားပျောက်ဆုံးလျှင် စဉ်းစားတွေးတောခြင်း စွမ်းအားလည်း ပျောက်ဆုံးသည်။

No comments: