Monday, January 23, 2012
ရင့်ကျက်ခြင်း၏ ဝိသေသများ
ဦးဦးမှော်ဆရာ မေးလ်ဂရုမှ ကူးယူဖေါ်ပြပါသည်။
           ရင့်ကျက်သူ ဆိုတာ သည်းခံတတ်သော၊ ပြီးတော့ ရေရှည်အကျိုးအမြတ်ကို ရှေးရှုးပြီး တဒင်္ဂ
သာယာမှုကို စွန့် လွှတ်လိုက်ဖို့  ဝန်မလေးတတ်သူ။
           ရင့်ကျက်သူ ဆိုတာ ပြောင်းလဲမှုတွေကို မကျေမချမ်းလည်းမဖြစ်၊ဒေါသလည်းမထွက်ဘဲ
ကျေအေးစေတတ်တဲ့  အရည်အချင်းရှိသူ။
           ရင့်ကျက်သူ ဆိုတာ အဟန့် အတား၊ အနှောင့်အယှက်တွေရှိပေမယ့်လည်း သည်းခံကြိုးပမ်းတတ်သူ။
            ရင့်ကျက်သူ  ဆိုတာ စိတ်ပျက်စရာများ၊ အခက်အခဲများကိုနာကြည်းမှုမရှိဘဲ ရင်ဆိုင်ရဲတဲ့အစွမ်းရှိသူ။
နာမေတ္တာနဲ့  တုံ့ ပြန်တတ်သူ။
             ရင့်ကျက်သူ ဆိုတာ “ ကျွန်တော်မှားသွားပါတယ် ”  လို့ မာနမထားဘဲ ပြောတတ်ပြီး သူ့ 
ဘက်က မှန်ကုန်ကြောင်းပြသဖို့  ဖန်လာရင်လည်း သူ့ ကိုယ်သူထိန်းချုပ်နိုင်ပြီး  “ ငါပြောသားပဲ မ
ဟုတ်လား ” လို့  မပြောသူ။
ထပ်တည်းကျသူ။
             ရင့်ကျက်သူ ဆိုတာ ကုန်ဆုံးသွားပြီဖြစ်တဲ့  အတိတ်နဲ့ မဖြစ်သေးသော အနာဂတ်တွေရဲ့
ချည်နှောင်ထားခြင်း ကင်းမဲ့စွာ  ပစ္စုပ္ပန်မှာ နေသူ။
              ရင့်ကျက်သူ  ဆိုတာ သူတတ်နိုင်တဲ့ အရာတွေကိုပြောင်းလဲနိုင်ဖို့  ကြိုးပမ်းတတ်ပြီး သူ
မလုပ်နိုင်တဲ့ အရာတွေနဲ့ အတူ ငြိမ်းချမ်းစွာ နေတတ်သူ
                ရင့်ကျက်သူ   ဆိုတာ “ ငါရင့်ကျက်သူဖြစ်ပြီလား” လို့ မိမိကိုယ်ကို မိမိညှင်ညှင်သာသာ မကြာခဏ မေးတတ်သူ။
                         လူသားအားလုံး ရင့်ကျက်သူများဖြစ်နိုင်ကြပါစေ။
No comments: