Pages

Saturday, January 7, 2012

အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်သော ယောက်ျား


၁။ဗြဟ္မစိုရ်တရားနှင့်ပြည့်စုံခြင်း*

မိခင်စိတ်အခံရှိတဲ့ယောက်ကျားတွေဟာ ပတ်ဝန်းကျင်ကို
ထိန်းသိမ်းစောင့်ရှောက်ကာကွယ်လို့တဲ့ စိတ်ရှိကြပါတယ်။ ပတ်ဝန်းကျင်ဆိုတဲ့
နေရာမှာလည်း မိမိကျင်လည်ပေါက်ဖွားကြီးပြင်းရာ မိသားစုအသိုက်အ၀န်း ၊
ဆွေမျိုးအသိုက်အ၀န်း ၊ မိတ်ဆွေအသိုင်းအ၀ိုင်းတို့ကို ဆိုလိုတာ ဖြစ်ပါ တယ်။
သူတို့တွေဟာ လူမှု့အဖွဲ့အစည်းရဲ့အနေအထားကို ကျယ်ပြန့်လာအောင်လုပ်ပေးတဲ့သူတွေပဲ
ဖြစ်ပါတယ်။ တခြားသူတွေရဲ့ ခံစားချက်ကို စာနာပေးတယ်။ ကိုယ်ချင်းစာပေးတဲ့သူတွေပဲ
ဖြစ်ပါတယ်။ နယ်ပယ်ပေါင်းစုံကလူတွေရဲ့ ခံစားချက်တွေကို စာနာနားလည်ပေးပြီး
ဂရုတစိုက်နဲ့ နားထောင်ပေးတတ်တဲ့သူများပဲ ဖြစ်ပါတယ်။

၂။သည်းခံခြင်း*

ထကြွ၊နိုးကြွား၊သနား၊သည်းခံ၊ဝေဖန်ထောက်ရှု ဤခြောက်ခု ကြီးသူကျင့်ဝတ်တာစတဲ့
နာယကဂုဏ်ခြောက်ပါးထဲက သည်းခံခြင်းဆိုတဲ့ ဂုဏ်အင်္ဂါတစ်ပါးဟာ နာယကဂုဏ်အနေနဲ့ သာမက အဆိုပါ မိခင်စိတ်ယောက်ကျားများရဲ့ ၀ိသေသတစ်ရပ်လည်း ဖြစ်ပါတယ်။ သည်းခံခြင်းဟာ ရန်လိုခြင်း၊ ပဋိပက္ခစတဲ့ ဝိရောဓိတွေကို တိုက်ခိုက် ရာမှာ
အရေးပါတဲ့လက်နက်တစ်ခုဖြစ်ပြီး လူသားတွေရဲ့ အခြေခံအကျဆုံး
မရှိမဖြစ်ထားရှိသင့်တဲ့ စိတ်ထားတစ်ရပ်လည်း ဖြစ်ပါတယ်။ သည်းခံ စိတ်ဟာ
လူသားတွေအတွက် မွေးကတည်းက ပါရှိလာတဲ့ ပင်ကိုယ်စိတ်ထားမဟုတ်ပါဘူး။ မွေးကတည်းကပါရှိလာတဲ့ ဇာတိစိတ်ခေါ် ပင်ကိုယ် စိတ်ထဲက ရန်လိုစိတ်ကို အတိုက်အခံပြုပြီး
သည်းခံစိတ်ကို မွေးရတာမို့ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့်
သည်းခံစိတ်များတဲ့ သူဟာ မလိုတမာရန်မုန်းထားခြင်းတွေကို ရှောင်ရှားနိုင်ပါတယ်။
ကွန်ဖြူးရှပ်ပြောခဲ့တဲ့ လူသားအားလုံးရဲ့အပေါ် မှာနေချင်တဲ့သူဟာ
မြေကြီးလိုကျင့်ရမယ် ဆိုတဲ့စကားလိုပဲ ဖြစ်ပါတယ်။ နောက်ပြီး လင်နဲ့မယား၊
ချစ်သူအချင်းချင်း ဆက်ဆံရေးမှာလည်း စိတ်ဆိုး စိတ်ကောက်၊
စကားများရန်ဖြစ်ခြင်းတွေကိုလည်း နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၃။အနုပညာရှင်*

အနုပညာ၊ယဉ်ကျေးမှု၊စာပေရေးရာ၊ဂီတနဲ့ရုပ်ရှင်အနုပညာလိုင်းတွေကို
စိတ်ဝင်စားတဲ့သူဟာ လူသားဆန်တဲ့ အပြုသဘောတန်ဖိုး ရှိပါတယ်။ ယင်းဝိသေသဟာ
မိခင်စိတ်ရှိတဲ့ယောက်ကျားတွေရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်ပါတယ်။
ယဉ်ကျေးမှုရေးရာစိတ်ဝင်စားတဲ့သူတွေ ဟာ အပြုသဘောဆောင်တဲ့အမြင် ကျယ်ပြန့်ပြီး
သူ့ကြင်ဖော်ကြင်ဖက်နဲ့ သူ့ပတ်ဝန်းကျင်က အမျိုးသမီးများအပေါ် အထောက်အပံ့
ပေးလေ့ရှိ ပါတယ်။ အမျိုးသမီးတွေအပေါ် နိုင်လိုမင်းထက် ဆက်ဆံမှု၊
အကြမ်းပရမ်းဆက်ဆံမှုတွေ နည်းလေ့ရှိပါတယ်။

၎။ကိုယ်ချင်းစာနားလည်*

မိခင်စိတ်ရှိတဲ့ယောက်ကျားတွေဟာ လွတ်လပ်မှုကို
လေးစားပါတယ်။လွတ်လပ်မှုဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ချစ်သူ၊အိမ်ထောက်ဖက်ရဲ့
လွတ်လပ်မှုအပေါ် တန်ဖိုးထားလေးစားမှုရှိပါတယ်။ ကိုယ့်ရဲ့ပါတနာ၊ အိမ်ထောင်ဖက်ရဲ့
အတွေးအခေါ်၊ အလုပ်အကိုင်၊ အပြုအမူ နဲ့ပတ်သတ်ပြီး အလေးထားတန်ဖိုးထားလေ့ရှိပါတယ်။
ဒီစိတ်ထားဟာ အိမ်ထောင်ရေး၊ အချစ်ရေးဆက်ဆံရေးမှာ ချောမွေ့ စေပါတယ်။
အိမ်တွင်းမှုဗာဟီရအလုပ်တွေနဲ့ပတ်သတ်လာရင်လည်း ခွဲခြမ်းခွဲခြမ်းလုပ်ပြီး
အိမ်ထောင်ရှင်မတစ်ဦးတည်းအပေါ်မှာသာ တာဝန်ပေး ထားတာမျိုးမဟုတ်ဘဲ
ကိုယ်လုပ်နိုင်တဲ့အလုပ်တွေ ၀င်ယူ ၀င်ထမ်းတတ်တဲ့သူများပဲ ဖြစ်ပါတယ်။ ဒါကြောင့်
တချို့အိမ်ထောင်သည်ယောက်ကျား များဟာ အ၀တ်လျှော်ပေးတာ၊ မီးပူတိုက်ပေးတာ၊
ဟင်းချက်ပေးတာ၊ အိမ်ရှင်းပေးတာ၊ ကလေးအနှီးလဲပေးတာ၊ ကလေးထိန်းပေးတာတွေဟာ
မိခင်စိတ် ရှိတဲ့ယောက်ကျားတွေပဲ ဖြစ်ပါတယ်။

၅။အိမ်ထောင်ရေးသုခ*

မိခင်စိတ်ရှိတဲ့ယောက်ျားတွေဟာ အိမ်ထောင်ရေးသုခကိစ္စမှာလည်း
မိမိအလိုဆန္ဒပြည့်ဖို့ချည်းပဲ ဂရုမစိုက်ဘဲ မိမိအိမ်ထောင်ဖက်ရဲ့ ဆန္ဒကိုလည်း
ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ အမြဲတမ်း ကိုယ့်အိမ်ထောင်ဖက်ရဲ့ အလိုကို
ပြီးမြောက်အောင် ဖြည့်ဆည်းပေးလေ့ ရှိကြပါတယ်။ ဒါကြောင့်
ဒီလိုအိမ်ထောင်ရေးတွေမှာ အိမ်ထောင်ရေးသုခအပြည့်အ၀ရရှိပြီး
အိမ်ထောင်ရေးဖောက်ပြန်မှုလည်း မရှိတော့ပါဘူး။

၆။တစ်လင်တစ်မယားစနစ်*
မိခင်စိတ်ရှိတဲ့ယောက်ကျားတွေဟာ တစ်လင်တစ်မယားစနစ်ကို တန်ဖိုးထားကြပါတယ်။
အိမ်ထောင်ဖက်အများအပြားယူခြင်းကို ဆန့်ကျင်ကြပါတယ်။ ကိုယ့်ရဲ့
အိမ်ထောင်ဖက်တစ်ယောက်တည်းအပေါ်မှာသာ သစ္စာရှိရှိနဲ့ သေတစ်ပန် သက်တစ်ဆုံး
ပေါင်းဖက်လေ့ ရှိကြပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ရောဂါဆိုးတွေ ၊ Broken
Family, Problem Child တွေဖြစ်မယ့်ရန်မှ ကင်းဝေးသလို အိမ်ထောင်ရေးဟာလည်း
ပျော်ရွှင်မှု အပြည့်ရရှိကြမှာ ဖြစ်ပါတယ်။

ဒီလိုယောက်ကျားတွေဟာ ပျိုတို့အတွက် အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်တဲ့
ယောက်ျားများပဲ ဖြစ်ပါတယ်။နောက်ပြီး ကမ္ဘာကြီးကို ဟန်ချက်ညီအောင်
ထိန်းညှိပေးဖို့ လိုအပ်တဲ့ သူများပဲ ဖြစ်ပါတယ်။
MMLover မှကူးယူသည်။




No comments:

Post a Comment