Wednesday, January 25, 2012

“ တန်ဖိုးရှိတဲ့ အရာများကိုရယူခြင်း”



ဦးဦးမှော်ဆရာ မေးလ်ဂရုမှ ....
     သင်က အခြေခံကျပြီး တန်းဖိုးရှိတဲ့အရာတွေကို ရယူဖို့ တန့် နေပါသလား။
အောက်ပါတန်ဖိုးရှိတဲ့အရာတွေကို စဉ်းစားဆင်ခြင်ပြီး ကြည့်စေလိုပါတယ်။
ဒီအရာတွေရယူဖို့ အတွက်အဟန့် အတားဖြစ်စေတဲ့ မကောင်းတဲ့ အမူအကျင့်တွေ သင့်မှာ ရှိနေပါသလား။ စာရွက်ပေါ်မှာ ချရေးကြည့်ရင် အထောက်အကူရရှိတာ တွေ့ ရပါလိမ့်မယ်။


စိတ်ချမ်းသာရေး


သင်စာ စိတ်ချမ်းသာဖို့  အဟန့် အတားဖြစ်စေတဲ့ အလေ့အထတွေကို ချပြီးရေးကြည့်ပါ။ 
သင်က စိတ်ပူပန်တတ်တဲ့ အလေ့အထရှိကောင်းရှိပါလိမ့်မယ်။
ဒါမှမဟုတ် သတ်သတ်မှတ်မှတ် ကြောက်ရွံ့ နေတာတွေများ ရှိနေမလား။ 
အချိန်ဆွဲတာတွေ၊ ဒေါသဖြစ်တတ်တာတွေ၊ ခံစားမှုတွေကို သိုသိပ်ချူပ်တည်းထားတာတွေ ပြီးတော့ တခြားသူတွေဆီမှာ သင့်မှာမရှိတဲ့ အရည်အသွေးတွေ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ
့နှိုင်းယှဉ်ကြည့်တာတွေ ရှိနေပြီလား။


“ ငါသာ သူတို့ လိုလှရင်၊ ချမ်းသာရင် သူတို့ လိုချစ်သူတွေရှိရင်၊ သား
သမီးတွေရှိရင် ငါဟာ စိတ်ချမ်းသာမှာပဲ ” 


လို့  တွေးတတ်တယ်မဟုတ်ပါလား။


ကျန်းမာရေး



  သင့်ရဲ့ ကျန်းမာရေးကို ယတ်လျော့အခြေပျက်စေတဲ့ အမှုအကျင့်တွေကို ချရေးကြည့်ပါ။

ဒါတွေထဲမှ  အရက်သေစာသောက်ခြင်း၊ ပျင်းရိခြင်း၊ လုံလောက်တဲ့ လေ့ကျင့်ခန်း
မပြုလုပ်နိုင်ခြင်း၊ အဆိုးမြင်အတွေးတွေကို လက်ခံခြင်း၊
အိပ်ရေးဝဝမအိပ်ခြင်းနဲ့ စိတ်ပူပန်ခြင်းတွေ ပါဝင်နေပါလိမ့်မယ်။



ကျေနပ်ပြည့်မီရေး


  ကျေနပ်နှစ်သိမ့်မှုမရအောင် ဘယ်လိုအလေ့အထတွေနဲ့  သင်တားဆီးမိပါသလဲ။
အောက်ပါဖြစ်နိုင်ခြေများကို ဆင်ခြင်ကြည့်ပါ။ 

အသက်မွေးဝမ်းကျောင်းမှုပြောင်းလဲပစ်ဖို့ လိုအပ်နေခြင်း၊ ဒါပေမယ့် ရွေ့ ဆိုင်းနေခြင်း၊
စွမ်းအားရှိသလောက် အမီလိုက်ပြီး မလုပ်ဆောင်ခြင်း၊ ဘယ်သောအခါမှ ငွေလုံလောက်စွာ မရှိခြင်း၊ အချိန်ဆွဲခြင်း၊ မိမိကိုယ်မိမိ မရိုးဖြောင့်ခြင်း၊ ဆင်ခြေဆင်လက်တွေများခြင်း၊ 
မိမိကိုယ်ကိုမိမိ ယုံကြည်မှုမရှိခြင်း၊ အာရုံစူးစိုက်မှု နည်းပါခြင်း၊
သင်လိုချင်နေတဲ့ အရာတွေကို ပယ်ချခြင်း၊ ပြီးတော့ အလွယ်တကူ အရှုံးပေးခြင်း။



လေးစားမှု



                  လေးစားမှုရရှိအောင် ဘာတွေက ဟန့် တားနေပါသလဲ။ 

သင့်ကို သင် မလေးစားလို့  ဖြစ်နိုင်ပါတယ်။ 
မိမိကိုယ်မိမိ တန်ဖိုးထားတာနိမ့်ကျနေလို့ လည်း ဖြစ်နိုင်ပါတယ်။ 
လိုအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းမှုတွေကို ရှောင်လွဲနေမယ်။
တခြားသူတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ်၊ ပြီးတော့ 
အတင်းပြောမယ် စတာတွေ ပါဝင်နေပါလိမ့်မယ်။

သင့်ကို တခြားသူတစ်ယောက်အကြောင်း လာပြီးပြောတဲ့ သူက သင့်အကြောင်းကိုလည်း
နောက်ကွယ်မှာ ပြောမှာပါပဲ။ ပျက်စီးစေတဲ့ လုပ်ရပ်ကို လူအများ ကျင့်သုံးနေကြပါတယ်။
လူတစ်ယောက် စိတ်ချမ်းသာနေတာကိုတွေ့ ရင် သူ့ အတွက် မုဒိတာပွားရမယ့်အစား သူတို့ 
က မထိတထိနဲ့ ရှုတ်ချစကား ပြောကြပါလိမ့်မယ်။ ဒါဟာ ပြောတဲ့သူတွေရော အပြောခံရသူ
ရဲ့  ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေပါတယ်။


ချစ်ခြင်းမေတ္တာ
 

                 သင် အချစ်ခံရအောင် ဘာတွေပြုလုပ်လေ့ရှိပါသလဲ။ 
သင့်ကိုသင်ချစ်တတ်မှသာ တခြားသူတွေဆီကို မေတ္တာတွေ ပို့ လွှတ်နိုင်မှာဖြစ်ပြီး
မေတ္တာတွေပြန်လည်ရရှိပါလိမ့်မယ်။ 
သင်ကပျော့ပျော့ပျောင်းပျောင်းရှိဖို့ လိုအပ်သလို စွန့် စားဖို့ လည်း လိုအပ်ပါလိမ့်မယ်။
သင်က ပွင့်ပွင့်လင်းလင်းမရှိရင်  ချစ်စရာကောင်းဖို့ ခက်ခဲပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့

သင် တကယ်ခံစားနေရတာကို သိုဝှက်ထားတဲ့အခါမှာ လူတွေက သူတို့ အပေါ်မှာ ထားရှိတဲ့
သင့်ရဲ့ ခံစားမှုတွေကို ခန့် မှန်းရုံပဲ ခန့်မှန်းလို့ ရကြပါတယ်။ 
သင့်ကို သူတို့ က ပစ်ပယ်လိုက်မှာကို စိုးရွံ့ပြီး မပွင့်လင်းတာလည်း ဖြစ်နိုင်ပါတယ်။ 
ဒါမှမဟုတ် သင် ဘယ်လိုခံစားနေရသလဲဆိုတာကို မျက်ခြေပြတ်နေလို့ လည်း ဖြစ်နိုင်ပါတယ်။


ငွေရေးကြေးရေး မလုံခြုံမှု ( စိတ်အေးလက်ပေး မရှိမှု )
 

                  ငွေရေးကြေးရေးအရ လုံခြုံမှုမရှိတာ ဘာတွေက ဟန့် တားနေလို့ ပါလဲ။ 
သင်က မအောင်မြင်မှာကို ကြောက်ရွဲ့ ပြီး မစွန့်စားရဲတာလား။
ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး စိတ်အေးလက်အေးရှိသူတွေက
ငွေက တွန်းအားပေးလို့  မဟုတ်သလို သူတို့ ပိုင်ဆိုင်ထား
တာတွေ ဆုံးရှုံးရမှာကို ကြောက်ရွံ့လို့လည်းမဟုတ်ပါဘူး။

ငွေတွေဆုံးရှုံးမှာကို ကြောက်ရွံ့ တတ်တဲ့သူတွေက သူတို့ မှာ ဘယ်တော့မှ 
လုံလောက်အောင်ရှိတယ်လို့  မထင်တဲ့သူတွေဖြစ် ပါတယ်။ 
သူတို့ မှာ ဘယ်လောက်ချမ်းသာနေပါစေ ပိုပိုပြီး ရရှိလာအောင် အရူးအမူး ဆက်
လက်ရှာဖွေတတ်ကြပါတယ်။ ဒါက စိတ်ဓာတ်မလုံခြုံတာကို ပြသတာပါပဲ။

                   သင်ဟာ ဘယ်သူလဲဆိုတာနဲ့  ဘာလုပ်သလဲဆိုတာ အပေါ်မှာမူတည်ပြီး စိတ်
ချမ်းသာတတ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ ဘဝနေနည်းကို ဘယ်လောက် ချမ်းသာသလဲဆိုတာ
ကို ဂရုမထားဘဲ အလိုက်သင့်ညှိပြီး နေနိုင်မှသာ စိတ်ချမ်းသာရာရပြီး
ဘဝလုံခြုံလာပါလိမ့်မယ်။ 
ဘဝနေနည်းက သင်ပြုမူလုပ်ဆောင်နေတာနဲ့  အချိုးညီမျှနေရမယ်ဆိုတာကိုတော့
လက်ခံဖို့ လိုပါလိမ့်မယ်။ 
 
ဥပမာ-သင်က ချို့ငဲ့သူများကို ကူညီမယ်ဆိုတဲ့ ပရဟိတလုပ်ငန်းကို လုပ်ဆောင်မယ်ဆိုရင်
နောက်ဆုံးပေါ်ကားကြီးတွေ ကြီးကျယ်ခန်းနားတဲ့ ပရိဘောဂတွေဟာ သာမညသာဖြစ်ပါလိမ့်မယ်။
ပေါင်းစပ်လို့ မရတဲ့ အရာနှစ်မျိုးပါပဲ။ 
ပရဟိတလုပ်ငန်းကိုလုပ်ဆောင်တာက တခြားအရာတွေကို ရရှိဖို့ ထက် ပိုပြီး
အရေးကြီးတယ်ဆိုတာကို နားလည် သဘောပေါက်လာမယ်ဆိုရင် 
ရိုးရှင်းတဲ့ ဘဝနေနည်းကို လက်ခံလိုက်ခြင်း
ဖြစ်တဲ့အတွက် သင် စိတ်ချမ်းသာဖို့  သေချာသွားပြီး ဖြစ်ပါတော့တယ်။
 
 
The hardest thing to learn in life is which bridge to cross…and which
To burn.

                                                        (  Laurence J.Peter )

 “ ဘဝမှာ  သင်ယူရမယ့် အရာတွေထဲက အခက်ခဲဆုံးကတော့ ဘယ်တံတားကို
ဖြတ်ကျော်ပြီး ဘယ်တံတားကို မီးရှို့ပစ်ခဲ့ရမလဲဆိုတာပါပဲ ”
 

No comments: