အတွေးမှတ်စုများ

- ပစ္စည်းဥစ္စာ
 ပေါများရခြင်း အကြောင်းသည် ဒါန၊ ဘေးအန္တရာယ် ကင်းရှင်းရခြင်း အကြောင်းသည် 
သီလ၊ ကိုယ်စိတ်နှပါး ချမ်းသာရခြင်း အကြောင်းသည် ဘာဝနာ။
 
- ဆန္ဒဆိုတာရဲ့နောက်မှာ
 အသိတရား၊ ဒါမှမဟုတ် ဆင်ခြင်တုန်တရား၊ ဆိုတဲ့ တစ်ခုခုသာ အမြဲရှိနေရင် အမှား
 ဆိုတဲ့ စကားလုံး ဝင်လာဖို့ နေရာ မရှိတော့ဘူး။
 
- ပြောသင့်ပြောထိုက်တဲ့ စကားတွေကို ပြောသင့်ပြောထိုက်တဲ့အချိန်မှာ မပြောခဲ့ဘူးဆိုရင် အဲ့ဒီစကားတွေက ကြာလေလေပြောဖို့ခက်လေပဲ။
 
- အမှားများ ကို မှားရန်အတွက် ကြိုးစားရှာဖွေနေသူများကို လူငယ်ဟုခေါ်သည်။
အမှားများ ဖြင့် ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများ စွာကို အကြိမ်ကြိမ် ကျူးလွန်ပြီးနောက် နောင်တတရားဖြင့် ရှင်သန် နေထိုင်သူကို လူကြီးဟု ခေါ်သည်။ 
- အောင်မြင်ခြင်း
 ဆိုသည်မှာ သင် ကိုယ်စွမ်းကိုယ်စ ရှိသလောက် ထွန်းပေါက်လာခြင်း ဖြစ်သည်။ 
လုပ်သင့် လုပ်ထိုက်တဲ့ ရည်မှန်းချက် ပန်းတိုင်များသို့ ခရီးပေါက် 
အောင်မြင်ခြင်းဖြစ်သည်။
 
- ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ....
အတိတ်ကနေ သင်ခန်းစာထုတ်ယူပါ၊
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ၊
အဲ့ဒီ ဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ၊
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ။ 
- အနာဂါတ်ကို ပစ္စုပ္ပန်ထက် သာလွန်ကောင်းမှန်အောင် ဖန်တီးချင်တဲ့အခါ....
အနာဂတ်အတွက် စီမံကိန်းချပါ၊
သာယာဝေစည်တဲ့ အနာဂတ်ပုံရိပ်ကို မြင်ယောင်ကြည့်ပါ၊
အဲ့ဒီပုံရိပ် တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ၊
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်ဆောင်ရွက်ပါ။ 
- အရည်အချင်းရှိအောင်သာ ကြိုးစားပါ။ အောင်မြင်မှု က သူ့ဘာသာလိုက်လာလိမ့်မည်။
 
- ကိုယ့်အနေနဲ့
 အနာဂါတ်အကြောင်း မျက်ရမ်းမှန်းဆ တွေးပူနေမယ့်အစား တစ်နေ့ချင်း 
တစ်နေ့ချင်းကို ချမ်းသာသုခ အပြည့်နဲ့ နေနိုင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါ။
 
- သင်
 စိတ်ချမ်းသာပြီး အောင်မြင်သူဖြစ်လိုတဲ့အခါ ပစ္စုပ္ပန်မှာ  
မွေ့ပျော်နေထိုင်ပါ။ ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ။ သင့်ရည်မှန်းချက်ကို 
အသုံးပြုပြီး လောလောဆယ်အရေးကြီးနေတဲ့ ကိစ္စကိုတုံ့ပြန်ဆောင်ရွက်ပါ။
 
- စိတ်ကို ပစ္စုပ္ပန်မှာ တည်ထားလိုက်ရုံနဲ့ မင်းစိတ်ချမ်းသာလာမယ်၊ အောင်မြင်မှုတွေရလာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?။
ပစ္စုပ္ပန်မှာ
 ဖြစ်တည်နေထိုင်ခြင်း၊ အတိတ်မှ သင်ခန်းစာယူခြင်း၊ အနာဂါတ်အတွက်  
စီမံကိန်းချခြင်း ဆိုတာတွေလောက်နဲ့ မပြီးသေး။ ရည်မှန်းချက်နဲ့ 
ရှင်သန်နေထိုင်ပြီး  ပစ္စုပ္ပန်၊ အတိတ်နဲ့ အနာဂတ် အတွက်အရေးကြီးကိစ္စတွေကို 
တုံ့ပြန်ဆောင်ရွက်မှသာ  ပြုမူဆောင်ရွက်ချက်အားလုံး အဓိပ္ပါယ်ရှိလာမည်။ 
- ယုံကြည်မှုသည် အောင်မြင်မှု၏ ဇစ်မြစ်။
 
- သင်သည်ရည်ရွယ်ချက်ရှိရှိနေထိုင်ပြီး
 လုပ်ကိုင်ဆောင်ရွက်တဲ့အခါ၊ မျက်မှောက်ကာလမှာ အရေးကြီးတာကို 
တုန့်ပြန်ဆောင်ရွက်တဲ့အခါ ဦးစီးဦးဆောင်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ 
ကူညီထောက်ပံ့ခြင်း၊ အဆွေခင်ပွန်းဖွဲ့ခြင်း၊ မေတ္တာထားခြင်း တွေမှာ 
စွမ်းရည်များ သိသိသာသာ ပိုမိုမြင့်တတ်လာမည်။
 
- အချစ်ဆိုတာ ဇိမ်ခံပစ္စည်းတစ်ခု။ စားဝတ်နေရေးပြည့်စုံမှ အချစ်ဆိုတာ စိတ်ကူးယဉ်လို့ရတာ။ စားဝတ်နေရေးမပြည့်စုံရင် အချစ်ဆိုတာ ခါးသီးမှုပဲ။
 
- ဘ၀မှာ အချစ်က လွှမ်းမိုးသွားရင် ဘာကိုမှမြင်မှာမဟုတ်တော့ဘူး။
 
- မှားတာ၊ အဆင်မပြေတာကို များများကြည့်လေ အားမာန်နဲ့ ယုံကြည်မှုနည်းလေပဲ။ 
 
- အခြေအနေဆိုးနဲ့
 ကြုံနေချိန်မှာ ရှာကြည့်ဖို့ခက်ခဲပေမယ့် လမ်းမှန်တဲ့ 
အဆင်ပြေတဲ့အကြောင်းတွေ ရှာကြည့်တတ်ဖို့ အရေးကြီး၏။ ထို့နောက် 
မှန်ကန်အဆင်ပြေသည့် အကြောင်းကို တန်ဖိုးထားလေးစားပါ။ ထို့နောက် ယင်းအပေါ် 
အခြေပြုပြီး နောက်ထပ်မှန်တဲ့အဆေင်ပြေတဲ့ ဖြစ်ရပ်တွေဖြစ်အောင် တည်ဆောက်ယူပါ။
 
- အတိတ်ကနေ သင်ခန်းစာ ထုတ်ယူလို့ရသည်။ သို့သော် အတိတ်တွင် မွေ့ပျော်နေခြင်းသည် အမြော်အမြင်ရှိခြင်းမဟုတ်။
 
- လောလောဆယ်အချိန်မှာ အဆင်ပြေတဲ့အကြောင်းကို တန်ဖိုးထား လေးစားလေ ပိုပြီးစိတ်ချမ်းသာမှုရလေပဲ။
 
- ပစ္စုပ္ပန်မှာ
 ဖြစ်တည်နေထိုင်ခြင်းဆိုသည်မှာ လက်တလောရည်မှန်းချက်က ဘာလဲဆိုတာ သတိကပ်ပြီး 
အဲ့ဒီရည်မှန်းချက်အတိုင်း တုံ့ပြန်ဆောင်ရွက်ခြင်းသာ။
 
- သာယာလှပတဲ့
 အနာဂတ်ဘဝဟာ ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူးပုံရိပ်ဖော်ကြည့်ပါ။ အဲ့ဒီဘဝမျိုး 
ဖြစ်ထွန်းလာအောင် လက်တွေ့ကျတဲ့ စီမံကိန်းတစ်ခု ဖန်တီးပါ။ သင့်စီမံကိန်းကို 
လောလောဆယ်ပဲ အကောင်ထည်ဖော်ပါ။ 
 
- လတ်တလော
 ရည်မှန်းချက်က ဘာလဲ? အဲ့ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်ထည်ပေါ်လာအောင် 
ဘာတွေလုပ်နေလဲ? ဆိုတာကို နေ့စဉ် သုံးသပ်တတ်တဲ့ အကျင့်ရှိပါစေ။
 
- အောင်မြင်မှု ရဖို့သည် မလွယ်ကူပါ။ ရပြီးသား အောင်မြင်မှုကို ထိန်းသိမ်း ရခြင်းက ပို၍ခက်ခဲသည်ကိုလည်း သတိပြုပါ။
 
 
 http://www.mee-pya-tite.com/ 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment