Pages

Monday, January 30, 2012

လူတိုင်းမှာ မိမိ ကိုယ်ပိုင်ဘ၀လေး တစ်ခု ကိုယ်စီကိုယ်စီရှိကြပါတယ်...။ ကိုယ်ရတဲ့ ဘ၀လေးကို ကိုယ်ဘယ်လိုယူဆပါသလဲ ။ ကိုယ်ဘယ်လိုခံယူသလဲ ။


လူတိုင်းမှာ မိမိ ကိုယ်ပိုင်ဘ၀လေး တစ်ခု ကိုယ်စီကိုယ်စီရှိကြပါတယ်...။
ကိုယ်ရတဲ့ ဘ၀လေးကို ကိုယ်ဘယ်လိုယူဆပါသလဲ ။
ကိုယ်ဘယ်လိုခံယူသလဲ ။ဘယ်လိုစိတ်ထားမျိုးနဲ့ ဘယ်လိုနေထိုင်သလဲ ။
အရေးကြီးတာ တခဏ လေးရလာတဲ့  ဘ၀တာတိုတို နေမညိုခင်လေးမှာ တန်ဖိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်
စိတ်ချမ်းချမ်းသာနဲ့  နေထိုင်သွားနိုင် ဖို့ ပါပဲ...။

လူအများစုဟာမိမိရတဲ့ကိုယ်ပိုင်ဘ၀လေးကိုမကျေနပ်ကြဘူး မိမိထက်သာလွန်တယ်လို့ 
ထင်တဲ့တခြားသူတွေကိုကြည့် ပြီးအားမလိုအားမရဖြစ်တတ်ကြတယ် ။
အဲသလိုဘ၀မျိုး မဖြစ်ရကောင်းလားဆိုပြီးမကျေမနပ်နဲ့  စိတ်အားငယ်၊ စိတ်ဆင်းရဲ
စိတ်ဓာတ်ကျခြင်းတွေ....အဲလိုအတွေးမျိုးတွေသူငယ်ချင်းတို့ တွေ ရောဝင်မိသေးလားကွယ်.....။
မိမိကိုယ် ကိုမကျေနပ်တဲ့စိတ်တွေလေ......၀င်ခဲ့ ဖူးတယ်ဆိုရင်တော့ ..ဆရာ့ စကားလေးကို မျှဝေ
ပေးချင်ပါတယ်.....ဆရာ့ ဆုံးမပေးခဲ့ တဲ့  အရာထင်တဲ့ စကားလေးပါ......။

စိတ်မချမ်းမသာဖြစ်ရပြီ ၊ စိတ်ညစ်ရ ပြီ ၊ စိတ်ဓာတ်ကျပြီဆိုရင်
မိ မိရဲ့ စိတ်ကိုသေသေချာချာရှင်းရှင်းလင်းလင်း ကြည့်  လိုက် ဖို့ လို လိမ့် မယ်။
ငါဘာလို့ စိတ်ညစ်နေရတာလည်းလို့ ပြတ်ပြတ်သားသား မေးကြည့် ဖို့ လို လိမ့်မယ်...။
အဲသလိုကြည့် လိုက်ရင် အခါပေါင်းများစွာမှာ ငါဟာဘ၀မှာ ဘာဆို ဘာမှ
အရေးမပါတဲ့  အသေးအဖွဲလေးတွေကြောင့်  အလကားနေရင်းစိတ်ညစ်
စိတ်ဓာတ်ကျနေတာပါလားဆိုတာကို အံ့ သြဖွယ်ကောင်းလောက်အောင် တွေ့ မြင်ရမှာ
အမှန်ပါပဲ ........

.................တစ်ခါတလေများ ဒီထက် အံ့ သြစရာကောင်းတာတောင်တွေ့ ရလိမ်
့ဦးမယ် ။ လူတစ်ယောက်ဟာ ကိုယ့် ဘ၀ကို မပိုင်ပါလား ။
မိမိရဲ့ ပျော်ရွှင်မှု့ စိတ်ချမ်းသာမှု့  တွေဟာမိမိမပိုင် ဘဲ တခြားသူတစ်ယောက်ရဲ့ 
လက်ထဲကို ၀ကွက် ပြီး အပ်ထားသလိုမျိုးပေါ့  ။
အဲဒီိလူက ပျော်စေ ဆိုမှ မိမိကပျော်ခွင့်ရတဲ့ ဘဝ
အဲဒိလူကမင်းစိတ်ညစ်ဆိုရင်သေလောက်အောင်စိတ်ဓာတ်ကျရတဲ့ ဘ၀ ။
အဲဒီိလူရဲ့ မျက်နှာကိုကြည့် ပြီး သူ့  ရဲ့ အမိန့် ကိုစောင့် ပြီး ပျော်ရွှင်မှု့ 
လေးတွေကို မျှော်လင့် ရတဲ့ ဘ၀..။
ဘယ်လောက်တောင်ဆိုးတဲ့ ဘ၀လဲကွယ်....။

တကယ်တမ်းကျတော့ အဲသလိုမျိုး မဖြစ် သင့် ဘူး ၊ မဖြစ်ရဘူး ၊
အဲသလို မိမိ ဘ၀ ကိုစိုးပိုင်ထားသူတွေဟာ မိမိရဲ့ အချစ်ဆုံးတွေ..
ဒါမှမဟုတ်အမုန်းဆုံး သူတွေ ပဲ ဖြစ်တတ်တယ်..။

မိမိချစ်တဲ့ သူရဲ့  ချစ်ခင်ဂရုစိုက်မှု့  ကိုလိုချင်တယ်..
မုန်းတဲ့သူကမိမိဘ၀ကိုပိုင်ဆိုင်ထားတာမျိုးလည်းရှိနေတတ်တာပဲ..။
အဲဒီလူရဲ့  လောင်းရိပ်အောက်ကမထွက်နိုင်ဘူး။
လုံးဝမပျော်ရွှင်ရ..၊စိတ်ညစ် ရ၊စိတ်ဓာတ်ကျ... အစွန်းရောက်တဲ့ ..အချစ်နဲ့ အမုန်းတွေ ပေါ့ ..။
အဲလိုတွေကြုံလာရင်တော့ မိမိရဲ့ စိတ်ကိုပြန်ကြည့် ပြီး တရားလွန်မဖြစ်အောင်၊မခံစားဖြစ်အောင်...မိမိစိတ်ကို စောင့် တည် ရလိမ့် မယ်..။

မိမိဘ၀ကို မိမိပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်..၊ပြီးတော့မိမိရဲ့ ပျော်ရွှင် စိတ်ချမ်းသာမှု့ ကို
မိမိရဲ့ လက်ထဲမှာပဲထားရမယ်..၊တခြားဘယ်သူ့  လက်ထဲမှာမှ
မထားရဘူး မိမိဘ၀ကိုမိမိပဲပိုင်ဆိုင်ရမယ် ..တခြားသူတွေ နဲ့ လည်းလိုက်ပြီးနှိုင်းယှဉ်မနေရဘူး..။
ကိုယ့် ရဲ့ ဘ၀လေးကို ကျေကျေနပ်နပ်နဲ့ ကိုယ်လိုချင်တာဘာလဲ
ကိုယ်စိတ်ဝင်စားတတ်တာဘာလဲ ၊ ကိုယ်ဟာ ဒီလောကကြီးထဲကို ဘာလုပ်ဖို့ရောက်လာတာလည်း....ဆိုတဲ့ မေးခွန်းတွေကိုမေးရမယ်..။
ဒီမေးခွန်းတွေကို မညှာပဲ... မညာတမ်းဖြေဆိုနိုင်ဖို့ ကြိုးစားရ မယ်...။
ငါ့ ရဲ့ စိတ်ချမ်းသာမှု့ ကို တခြားဘယ်သူမှ မဖျက်ဆီး နိုင်စေရဘူး လို့  ခိုင်မာတဲ့  ဆုံးဖြတ်ချက်ရှိရမယ် ။
တခြားဖြစ်တာပျက်တာမှန်သမျှ ဟာ ကိုယ်နဲ့  မဆိုင်ဘူး။
ကိုယ်ကလည်းဘာဆိုဘာမှ မတတ်နိုင်ဘူး..။
ဘာကိုမှလည်းလိုက်ပြီးပြောင်းလဲပစ်လို့  မရ ဘူး ဆိုရင် ကိုယ်တတ်နိုင်တာ တစ်ခုပဲရှိတယ် ။
အဲဒါကတော့ ကိုယ့် ရဲ့ စိတ်သဘောထားကို ပြုပြင်ပြောင်းလဲပစ်ဖို့ ပါပဲ ။
မိမိရဲ့ စိတ်သဘောထားကိုတော့  မိမိပိုင်ဆိုင်တာ ပဲ...။

ကိုယ့် လက်ထဲမှာ ရှိတာကိုပဲ ကိုယ်ပြောင်းလဲပစ်၇တော့ မယ်..လေ.. ...
အကောင်းဆုံးစိတ်..၊ အကောင်းဆုံးအတွေးအခေါ်..လေးတွေနဲ့ .
အကောင်းဆုံးနဲ့ အမှန် ဆုံး ..အရိုးအရှင်း ဆုံးစကားလေးကတော့  ကောင်းတာတွေလုပ်ရင်
ကောင်းတာတွေ ခံစားရမယ်..တွေးပြီး ကောင်းအောင်ကြိုးစားပြီးနေတတ်ဖို့ ပါ .......

အချစ်နတ်ဆိုး
 

No comments:

Post a Comment