Thursday, January 5, 2012

ဒီလိုတွေလည်း ရှိတတ်ပါတယ်

သနားပါတယ်လို့ လူတိုင်းပြောတတ် ကြပေမယ့် ကိုယ်ချင်းစာစိတ် လူတိုင်းမထား တတ်ကြဘူး။

ချစ်တယ်လို့ လူတိုင်းပြောတတ် ကြပေမယ့် မေတ္တာတရားနဲ့ ဘယ်သူမှ မပြည့်စုံကြဘူး။


sorryလို့လူတိုင်း ပြောတတ် ကြပေမယ့် အမှားကင်းအောင် ဘယ်သူမှ မနေတတ် ခဲ့ကြဘူး။

နုတ်ချိုစွာလူတိုင်းပြောတတ်ကြပေမယ့်က္ကုဿာစိတ်ကင်းအောင်မနေနိုင်ကြဘူး။

ကိလေသာကင်းအောင် လူတိုင်းကျင့်ဆောင် နိုင်ပေမယ့် မစ္ဆရိယစိတ်ကို လူတိုင်းမတွန်း လှန်နိုင်ကြဘူး။

အမှန်တရားကို လူတိုင်းလက်ခံနိုင် ကြပေမယ့် ကိုယ့်ကိုကိုယ် အထင်ကြီးမှု(ဘဝင်)ကို
လူတိုင်းမတွန်းလှန် နိုင်ကြဘူး။

လူတိုင်းက ကျော်ကြားမှုကို မတောင့်တ ချင်ပေမယ့် ချီးကျုးခံ ရဖို့ရဲ့ အဝေးမှာ မနေတတ် ချင်ကြဘူး။

လူတိုင်းမှာ သဒ္ဒါတရား ရှိကြပေမယ့် ပေးကမ်းစွန့် ကြဲမှုကို လူတိုင်းမလုပ် နိုင်ခဲ့ကြဘူး။

လူတိုင်းက ရောင့်ရဲနိုင် ကြပါတယ်လို့ ပြောပေမယ့် လောဘရဲ့ သားကောင်ဘဝက ဘယ်သူမှ ရုန်းထွက်နိုင်ခြင်း မရှိကြဘူး။

အောင်မြင်မှုကို လူတိုင်းလို ချင်ကြပေမယ့် ပေးဆပ်မှုကို လူသားတိုင်း မလုပ်နိုင်ကြပါဘူး။


ခုလိုလာ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments: