Pages
Wednesday, January 25, 2012
ဘဝတစ်ကွေ့ သင်ခန်းစာများ
                    “သင်သည် မိမိ၏ဂုဏ်သိက္ခာကို မခုခံမကာကွယ်ပါက 
                        သင့်မှာ ဘာဂုဏ်သိက္ခာမှ မရှိဟု လူတွေကယူဆကြ   ပေလိမ့်မည်”
ကျွန်တော့်အသက်သည်28ထဲရောက်နေပြီဖြစ်၍ ဘဝတစ်ဆစ်ချိုးသို့ ရောက်နေပြီဟု ဆိုရပါမည်။ထိုအပြောင်းလဲကို တွေးမိတိုင်း ကျွန်တော်ကြောက်စိတ် ဝင်လာတတ်စမြဲ။ရက်သတ္တပတ် အနည်းငယ်ကြာလာမှသာ ကျွန်တော်တို့ သည် အမေရိကန်ကဗျာ ဆရာ ကားလ်ဆင်းဘတ်၏
“လမ်းဆုံးရှိသည့် အမြန်ရထားကို စီးနင်းခြင်း”ဆိုသော ကဗျာစာသားများလို ဖြစ်နေသည်ဆိုတာကို
သဘောပေါက်မိပြီး စိတ်တွေတည်ငြိမ်မှုရလာသည်။
  ကိုယ့်ဘဝဘယ်အခြေစိုက်သလဲဆိုတာကို မသိနိုင်သည့်အခါတိုင်း လူငယ်ကင်းထောက် လက်စွဲစာအုပ်ဟောင်းလေးထဲက တေးသီချင်းစာသားတွေကို ဖတ်ဖို့ လိုလာသလို ထင်နေမိသည်။
အမှန်တကယ်လည်း ဖတ်ဖြစ်ခဲ့ပါသည်။ပူပန်နေမိတာတွေ ရပ်ပစ်လိုက်။ဘာကြောင့် ပူပန်နေသလဲဆိုတာ
သိအောင်လုပ်။ကိုယ်သိထားတာတွေအားလုံး ပြန်လှန်သုံးသပ်။မိမိ၏ လမ်းကြောင်းသေချာသည်ဆိုတော့မှ
ယခုဖတ်ရှုရမည် ဖြစ်သော မှတ်စုများမှာ ကျွန်တော်၏ မှတ်စုများဖြစ်သည်။ထိုသင်ခန်းစာ မှတ်စုများကို ရေးသားပြီးသောအခါ ကျွန်တော်အပြင်ထွက်လမ်းလျှောက်နိုင်ပါတော့သည်။ထိုအချိန်ကာလသည် သစ်တော၏
မိုးသက်လေ စိုစိမ့်စိမ့် ရှိနေချိန်၄၂ ဒီဂရီစင်တီဂရိတ် ရာသီဥတု ရှိနေသောနေ့ တစ်နေ့ ဖြစ်သည်။
အသက်၈၃နှစ်ရှိပြီဖြစ်သည့် အိမ်နီးချင်း အဘိုးအို လမ်းလျှောက်တုတ်ကောက်ဖြင့် လမ်းလျှောက်နေသည်ကိုတွေ့ ရသည်။
“အဘနေကောင်းလားဗျာ့”ဟုကျွန်တော်က လှမ်း၍နှုတ်ဆက်လိုက်သည်။
သူကမည်ကဲ့သို့ ပြန်ဖြေလိုက်သည်ဟု ထင်သနည်း။
  “ဒီနေ့ ထိတော့ ကောင်းတုန်းပဲငါ့မြေးလေးရေ” ဟုပြန်ဖြေသည်။
ကျွန်တော် မားမားမတ်မတ်ရပ်တည်ရပ် ဆုံးဖြတ်ချက် ချလိုက်ပါသည်။ခန္ဓာကိုယ်ကို မားမား မတ်မတ် ရပ်တည်နေနိုင်ရေးသည် လွန်စွာမှ အရေးကြီးလှသည် မဟုတ်ပါသလား။
ယခုဖော်ပြမည့် ဘဝတစ်ဆစ်ချိုး သင်ခန်းစာများသည် ကျွန်တော်ကိုယ်တိုင်ရှာဖွေရရှိထားသော
မှတ်စုများပင် ဖြစ်ပါသည်။ ထိုသင်ခန်းစာများသည် နာကျင်နေသူတစ်ယောက်အတွက် စိတ်သက်သာရာ
ရနိုင်သလို သက်တောင့်သက်သာ နေသူတစ်ယောက်အတွက် နာကျင်မှုများ ဖြစ်ပွားစေနိုင်ပါသည်။
“မိမိကိုယ်မိမိနှင့်မတူသော လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်ခြင်းလောက် ပင်ပန်းဆင်းရဲ ဖြစ်ရသည့်အရာမရှိ”
“စစ်မှန်သော မိတ်ဆွေများနှင့် အတူအချိန်မဖြုန်းသည့်အခါ သင်၏ဟန်ချက်ပျက်ပြားသွားတတ်သည်”
“အံ့သြစရာကောင်းသည်က လူအများသည် သူတို့ ကြုံတွေ့ ရသည့် အဖြစ်ပျက်များကို သူတို့ သာ
ကြုံဖူးသည်ဟု ထင်နေကြခြင်းဖြစ်သည်”
“သူများကို လိမ်လည်ပြောဆိုခြင်းထက် မိမိကိုယ်မိမိလိမ်ညာပြောဆိုခြင်းက ပို၍ အန္တရာယ်များသည်။
ဥပမာ“ကျွန်တော့်မှာ အမေနဲ့ တူတာတစ်စက်လေးမှမရှိဘူး”
“ကျွန်တော့်မှာလေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိလောက်အောင်ကို အလုပ်များတယ်”
“ကျွန်တော်ကတော့ ဆေးကုစရာကိုမလိုတာ”
“ကျွန်တော် အိမ်ထောင်မပြုချင်ဘူး“စတဲ့ စကားမျိုးတွေပေါ့”
“စီမံကိန်းချမှတ်ရာတွင် ကောက်ရိုးမီးလို ဖြစ်တတ်သူတို့ သည် သူတို့ ၏ အရည်ချင်းကို ပြသရာတွင် မကြာခဏ
မသေမချာဖြစ်တတ်ကြသည်”
“တခြားသော လူမျိုးစုများ ဘာသာရေးအဖွဲ့ အစည်းများ ယဉ်ကျေးမှု အဖွဲ့ အစည်းများနှင့် သင်သည် အကျွမ်းတဝင် ရင်းနှီးမှုမရှိပါက သင်သည် ထိုသူများကို အဆိုးမြင်လွယ်မည်။
အလွယ်တကူကြောက်လန့် နေတတ်သည်။”
“ဝလွန်းသူ အတော်များများသည် မနက်စာ မစားတတ်ကြကြောင်း ကျွန်တော်သိရှိထားသလို ပိန်လွန်းသူအတော်များများသည်လည်း မနက်စာကိုမလွတ်တတ်ကြကြောင်းကို ကျွန်တော် သိရှိထားပါသည်”
“မြက်ခင်းကို ရေရှည်မပျက်စီးအောင် အချိန်ပေးပြီး ထိန်းသိမ်းတတ်သူတချို့ သည်  ခင်မင်ရင်းနှီးမှုကို ရေရှည်တည်တံ့အောင် မလုပ်တတ်ကြပါ”
မိမိကိုလူအများစိတ်ဝင်စားအောင်လုပ်ချင်သည့်စိတ်က ကျွန်တော့်မှာ ရှိနေဆဲပင်ဖြစ်သည်”
“အမှားတစ်ခုကို ပြုလုပ်မိသည့်အခါ ထိုတစ်ပတ်အတွင်းမှာ သင်ရရှိလိုက်သည့် သင်ခန်းစာကိုရေးမှတ်ထားပါ
အမှားများကို ရေးမှတ်ခြင်း ပြန်လည်ဖတ်ရှု့ ခြင်းဖြင့် နောက်ထပ် အမှားများ မကျူးလွန်အောင် ကာကွယ်နိုင်သည်”
“ကလေးသူငယ်များ သိသင့်သည့် အချက်သုံးချက်ရှိသည်။ ပထမ အချက်မှာ ကိုယ့်အရှင်သခင်က ဘယ်သူလဲ
ဒုတိယအချက်မှာ စည်းကမ်းပြဌာန်းချက်က ဘာလဲ တတိယအချက်က သူတို့ ကို အတင်းအကျပ်စေခိုင်းမည့်သူက ဘယ်သူလဲ.....”
တစ်နေ့ ၁၂ နာရီ အလုပ်လုပ်သောသူတစ်ဦးသည် အိမ်ပြန်သည့်အခါ တစ်နေ့ ၈နာရီ အလုပ်လုပ်သောသူထက် ပိုပြီးပြည့်စုံသော စားကောင်းဖွယ်ရာ ဟင်းလျှာများကို ဝယ်ယူသွားနိုင်သည်ဟု ကျွန်တော်ယုံကြည်သည်”
“တချို့ သော စိတ်ကူးစိတ်သန်းများမှာ မိုက်မဲလွန်းလှသောကြောင့် ဥာဏ်ရှိသူတို့ သာလျှင် ယုံကြည်နိုင်ကြသည်”
“မည်ကဲ့သို့ သော အခြေနေမျိုးမှာပဲဖြစ်ဖြစ် မိမိ၏ အခြေခံစည်းမျဉ်းကို စောစောစီးစီး စိတ်ပိုင်းဖြတ်ထားပါ
စွဲစွဲမြဲမဲလုပ်ဆောင်ပါ”
ဆင်းရဲခြင်းကြောင့် ရာဇဝတ်မှုတွေ မွေးဖွားလာသည်ဆိုခြင်းထက် ရာဇဝတ်မှုကြောင့်ဆင်းရဲခြင်းကို ဖြစ်ပေါ်သည်က ပို၍ဖြစ်တတ်သည်”
“၂၀ဖြစ်ဖို့ “၀”ရှိဖို့ လိုခြင်းထက် သုညဖြစ်ဖို့  သုညရှိခြင်းက ပို၍ကောင်းသည်”
“ကျွန်တော် အသက် ပိုကြီးလာသည်နှင့်အမျှ ကျွန်တော်၏ဆုတောင်းခြင်းများသည် ပို၍အသက်ပါလာရ၏”
“အလုပ်မလုပ်သောသူများသည် အလုပ်လုပ်သောသူများထက် ပို၍မောပန်းနေတတ်သည်”
“သမိုင်းကို ပြန်ကြည့်သောအခါ လူသားတို့ ၏ အမူအကျင့်သည် မိုးလေဝသထက် ပို၍ခန့် မှန်းရလွယ်သည်ကို
သိသာလှသည်”
......................................................................................
  by    နေပိုင်(ကောင်းကင်ကကြယ်)
No comments:
Post a Comment