Monday, January 9, 2012

ဘ၀မှာ ရပ်တာ မှန်ပါစေ


ရဲရင့်တည်ကြည်တဲ့သူတွေက
ကိုယ့်ခြေထောက်ပေါ်  ကိုယ်ရပ်ကြတယ်

နူးညံ့သိမ်မွေ.ပြီးစိတ်သဘောထားကြီးတဲ့သူက
ကိုယ့်နှလုံးသားပေါ် ကိုယ်ရပ်ကြတယ်

တွေးခေါ်မျှော်မြင်ပြီးထိန်းချုပ်နိုင်စွမ်းရှိသူက
ကိုယ့်ဦးနှောက်ပေါ် ကိုယ်ရပ်ကြတယ်

ကြီးမြတ်သူတွေကတော့
အမှန်တရားပေါ် ရပ်ကြတယ်

ဘ၀မှာ ရပ်တာ မှန်ပါစေ
အမှန်တရားမှာ ရပ်နိုင်ပါစေ......

by / စိုးဝင်းငြိမ်း ( ၁၉၉၉)

No comments: