Friday, January 13, 2012

လေ့လာဆဲ ပရိုဂရမ်မာများအတွက် လျှို့ဝှက်ချက်များ



Programming နဲ့ပက်သက်ပြီး လေ့လောနေဆဲဖြစ်တဲ့ Beginner များ သိထားသင့်တဲ့ လျှို့ဝှက်ချက်အချို့ကို ပြောပြချင်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိလို့ လမ်းပျောက်နေသူ၊ စိတ်ပျက်နေသူ ပရိုဂရမ်မာ အများအပြားကို တွေ့ဖူးတဲ့အတွက်
အခုလိုပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ချို့လည်း ပရိုဂရမ်ရေးစားတာထက်
အင်တာနက်ဆိုင်မှာ လုပ်တာကမှ ပိုက်ဆံရသေးတယ်လို့ ပြောနေကြသလို တစ်ချို့လည်း
ကွန်ပြူတာတက္ကသိုယ်တွေတက်၊ သင်တန်းတွေတက်ပြီး အချိန်တွေ ငွေတွေသာ ကုန်လာတယ်
ဘာမှမဖြစ်လာလို့ဆိုပြီး နယ်ပြန် ဈေးရောင်းတော့မယ်ပြောနေတာတွေ
တွေ့ဖူးနေပါတယ်။

ဒါတွေဟာ အခုပြောမယ့် လျှို့ဝှက်ချက်တွေကို မသိလို့ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိထားရင်
ပရိုဂရမ်မာတစ်ယောက်အဖို့ ရပ်တည်ဖို့တောင် ခက်ခဲတက်ပေမယ့်၊
သိထားမယ်ဆိုရင်တော့ ပရိုဂရမ်မာဆိုတာဟာ အကောင်းဆုံး Career လမ်းကြောင်းတစ်ခု
ဖြစ်လာမှာပါ။ လျှို့ဝှက်ချက်တွေလို့ ပြောပေမယ့် ဖြတ်လမ်းတွေ၊ Cheat တွေ
မဟုတ်ပါဘူး။ ဘယ်အရာမှာမှ ဖြတ်လမ်းဆိုတာ မရှိပါဘူး။ မှန်ကန်တဲ့နည်းလမ်း
ဆိုတာပဲ ရှိပါတယ်။

တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ လျှို့ဝှက်ချက် (၃) ခုအကြောင်းကို ပြောပြချင်ပါတယ်။ ပထမတစ်ခုက အလုပ်ရလွယ်ကူစေမယ့်
လျှို့ဝှက်ချက်တွေဖြစ်ပါတယ်...


အလုပ်ရလွယ်ကူစေမည့် လျှို့ဝှက်ချက်များ


လျှို့ဝှက်ချက်တွေကို မပြောခင် လက်ရှိ Software Industry မှာ ကြုံတွေ့နေရတဲ့
အလုပ်အကိုင်အခွင့်အလမ်းအခြေအနေတွေကို အရင်ပြောချင်ပါတယ်။

ကျွန်တော်နဲ့သိတဲ့ လုပ်ငန်းရှင်တစ်ချို့ကို "ခင်ဗျားတို့ဆီမှာ 'လူ' မလိုဘူးလား" လို့ မေးကြည့်ဖြစ်ပါတယ်။ သူတို့ပြန်ပြောတာက "လိုတာပေါ့ဗျာ... 'တစ်ကယ်'
လုပ်နိုင်တဲ့သူရှိရင် လွှတ်လိုက်စမ်းပါ” လို့ ပြန်ပြောလေ့ရှိပါတယ်။
လုပ်ငန်းတွေအနေနဲ့ အမှန်တစ်ကယ် လုပ်နိုင်တဲ့သူတွေ အမြဲလိုအပ်နေတာကို
တွေ့ရပါတယ်။ ဒါနဲ့ တစ်ပြိုင်နက်ထဲမှာ လူငယ်တွေဆီက -- "အလုပ်လေးများရှိရင်
ပြောပါဦး... အလုပ်ရှာရခက်လွန်းလို့” ဆိုတဲ့ အသံတွေကိုလည်း ကြားနေရပါတယ်။
လုပ်ငန်းတွေဘက်က အမြဲတမ်း 'လူ' လိုနေတဲ့အချိန်မှာ လူငယ်တွေအတွက်
အလုပ်ရှာရခက်နေတယ်ဆိုတော့ ဒီကြားထဲမှာ တစ်ခုခုလွဲနေပါပြီ။


ဒါဟာ ကွန်ပြူတာလောကမှာ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ဒီလို

ဘာကြောင့် ဖြစ်နေလည်းဆိုတာကို ကျွန်တော် နားလည်းထားတဲ့အတိုင်း
ရှင်းပြချင်ပါတယ်။

ကွန်ပြူတာတက္ကသိုလ်တွေနဲ့ သင်တန်းတွေကနေ ကွန်ပြူတာသိပ္ပံဘွဲ့ရတွေ၊ နိုင်ငံတကာ

အသိအမှတ်ပြု ကွန်ပြူတာဘွဲ့ရဆိုသူတွေ တစ်နှစ် တစ်နှစ်ကို မနည်းဘူး
မွေးထုပ်ပေးနေပါတယ်။ ကျောင်းဆင်းပြီး ဘွဲ့ရလာသော်ငြားလည်း
အဲ့ဒီကျောင်းသားတွေဟာ လက်တွေ့လုပ်ငန်းခွင်ဝင်ဖို့ အသင့်မဖြစ်သေးဘူးဆိုတာ
အသေအချာပါပဲ။ ကျောင်းသားတွေရဲ့ ပထမဦးဆုံးအမှားက "ငါ ကျောင်းဆင်းပြီး
ဘွဲ့ရလာပြီ၊ အလုပ်လုပ်တော့မယ်” လို့ ဆုံးဖြတ်ချင်းပဲဖြစ်ပါတယ်။ ဒါဟာ
ဘာနဲ့တူလဲဆိုရင် ရေကူးနည်းစာအုပ်ဖတ်ပြီး ငါ ရေကူးလို့ရပြီဆိုပြီး ရေထဲခုန်ချတာနဲ့ တူနေပါတယ်။ ဒါကိုသေချာသဘောမပေါက်လို့ လုပ်ငန်းခွင်ဝင်ဖို့အသင့်မဖြစ်သေးတဲ့ ကျောင်းသားတွေ ပုံနေတာ ဖြစ်ပါတယ်။

လူကြီးမိဘတစ်ချို့ရဲ့ အပြစ်လည်း ပါ ပါတယ်။ "ဘာ... သင်တန်းတက်ချင်တယ်

ဟုတ်လား... (၃)နှစ်တောင် ကျောင်းတက်လာပြီးမှ သင်တန်းထပ်တက်ဦးမယ်ဆိုတော့
မင့်ဟာက မလွန်လွန်းဘူးလား... သွား အလုပ်ရှာတော့...
ဒီလောက်ပညာတွေသင်လာပြီးမှ အလုပ်လေးတစ်ခုတောင် ဖြစ်မြောက်အောင်
မရှာနိုင်ဘူးဆိုရင် တော်တော်အသုံးမကျတာပဲ...” လို့ ပြောတာများ
ကြားဖူးကြပါသလား... “ဘာ... တစ်လ လေးသောင်းဟုတ်လား... ရပ်ကွက်ထဲက
ဘတ်စ်ကားစပါယ်ယာတောင် တစ်နေ့ လေး၊ ငါးထောင် ရတယ်... မင်းသင်လာတဲ့
ကွန်ပြူတာဆိုတဲ့ ပညာက ဒီလောက်ပဲတန်သလား...” လို့ ကြိမ်းမောင်းတာတွေကော
ကြားဖူးကြပါသလား... ဒါတွေဟာ လူကြီးမိဘတွေရဲ့ မသိနားမလည်မှုကြောင့်ဖြစ်ပြီး
ကလေးတွေဘက်ကလည်း ဒီလိုအပြောခံရဖန်များတော့ စိတ်ဓါတ်တွေကျပြီး
လမ်းကြောင်းမှန်ကို မရွေးချယ်နိုင်အောင် ဖြစ်ကြရပါတယ်။ ပညာမစုံမလင်နဲ့ CV
လေးတွေကိုင်ပြီး အလုပ်လျှောက်ရှာတော့တာပါပဲ။ မရတဲ့အခါမှာ
စောစောကပြောခဲ့သလို နယ်ပြန် ဈေးရောင်းရမလား စဉ်းစားတဲ့ ဘဝ
ရောက်ကုန်ရတာဖြစ်ပါတယ်။


အမှန်တော့ ကျောင်းတွေ သင်တန်းတွေက သင်မပေးနိုင်တာတွေအများကြီးရှိပါတယ်။ ဥပမာ -

  • Coding ဆိုတာ Software Development တစ်ခုလုံးရဲ့ ၂၀% လောက်ပဲ ရှိတယ်၊
  • Customer ဆိုတာမျိုးက စိတ်ကူးပဲ ရှိပြီး သူတို့ဘာလိုချင်လဲဆိုတာ အသေးစိတ်ကို သူတို့ကိုယ်တိုင် (ဘယ်တော့မှ) မသိဘူး
  • လက်တွေ့လောကမှာ Customer က နံပါတ်တစ်ပဲ
  • Bug မရှိတဲ့ Software ဆိုတာမရှိဘူး
  • စာရွက်ပေါ်မှာချထားတဲ့ Plan တွေ Design တွေဟာ လက်တွေ့မှာ အသုံးမ၀င်ဘူး
  • ပြီးမယ်လို့ မျှော်လင့်ထားတဲ့ အချိန်အတွင်း အချိန်မှီအောင်ပြီးတဲ့ Software ဆိုတာ မရှိသလောက်ရှားတယ်
စတဲ့အချက်တွေဟာ ဘယ်ကျောင်း၊ ဘယ်သင်တန်းကမှသင်မပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ နောက်ထပ်လည်း ဒါမျိုးတွေ အများကြီးကျန်ပါသေးတယ်။ ဒါတွေကို ထိုက်သင့်တဲ့ လက်တွေ့ အတွေ့အကြံတစ်ချို့ရှိလာပြီးမှသာ နားလည်လာမှာဖြစ်ပါတယ်။ ဒါကြောင့်
မယုံမရှိပါနဲ့။ ကျောင်းဆင်းလာစသူတွေဟာ လက်တွေ့ လုပ်ငန်းခွင်မှာ
အသုံးမ၀င်သေးပါဘူး။ အသင့်မဖြစ်သေးပါဘူး။


လုပ်ငန်းတွေအနေနဲ့ကလည်း အဲ့ဒီလို အသုံးမ၀င်သေးတာကို သိနေတဲ့အတွက်

အလုပ်အတွေ့အကြုံမရှိတဲ့သူဆိုရင် မခန့်တာပါ။ အမှန်တော့ သူတို့လိုချင်တာ "အရင်က တစ်ခြားမှာ အလုပ်လုပ်ဖူးတယ်" ဆိုတာကြီးကို လိုချင်တာမဟုတ်ပါဘူး။ "Software Development ကို အမှန်တစ်ကယ်နားလည်ပြီး လက်တွေ့အတွေ့အကြုံ အထိုက်အလျှောက်ရှိတယ်" ဆိုတာကို လိုချင်တာပါ။






ဒါကြောင့် အလုပ်ရလွယ်စေမယ့် ပထမဦးဆုံးလျှို့ဝှက်ချက်ကို ပြောပါမယ်။ အဲ့ဒါကတော့...

“သက်ဆိုင်ရာ ပညာရပ်ကို အမှန်တစ်ကယ် တက်ကျွမ်းထားခြင်းဖြစ်ပါတယ်”

အဟုတ်ပြောတာပါ။ နောက်တာမဟုတ်ပါဘူး။ ဒါဟာ သိသိနဲ့
နားမလည်ချင်ယောင်ဆောင်နေကြတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကို
အမှန်အတိုင်းနားလည်လက်ခံထားဖို့ လိုပါတယ်။

တစ်ကယ်မကျွမ်းကျင်ပဲနဲ့တော့ ဘယ်လိုမှ အလုပ်လွယ်လွယ်ရမှာမဟုတ်ပါဘူး။

ကံကောင်းပြီးရလဲ ခဏပါပဲ။ လက်တွေမှာ တစ်ကယ်မတက်တော့ ပြုတ်ရင်လည်းပြုတ်မယ်၊
မပြုတ်ရင်လည်း ကိုယ့်ဟာကိုယ် စိတ်ညစ်ပြီး ထွက်မှာပါပဲ။ အဲ့ဒါဆိုရင်
ပိုဆိုးသွားမယ်။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည့်မှုလျော့ကျမယ်။
အဲ့ဒီအလုပ်မှာလည်း နောက်တစ်ခေါက်ထပ်လျှောက်လို့ မရတော့တဲ့အတွက်
အလုပ်အကိုင်အခွင့်အလမ်းတစ်ခုပိတ်မယ်။ ဒါကြောင့် အလုပ်လုပ်မယ်စိတ်မကူးခင် တစ်ကယ်လုပ်နိုင်ပြီလား ကိုယ့်ကိုယ်ကို
အရင်မေးဖို့လိုပါတယ်။ ထပ်ပြောပါဦးမယ် ကျောင်းမှာသင်ထားတာလေးလောက်နဲ့တော့ တက်ပြီလို့ မထင်ပါနဲ့ဦး။ သင်တန်းပေါင်း သောင်းခြောက်ထောင်လောက် တက်ထားယုံနဲ့လည်း မတက်သေးပါဘူး။

တစ်ကယ်ကျွမ်းကျင်တဲ့ သူတစ်ယောက်အတွက်တော့
ဘယ်တော့မှ အလုပ်ရဖို့ မခက်ပါဘူး။

ဒါဆိုရင် တစ်ကယ်ကျွမ်းကျင်အောင် ဘယ်လိုလုပ်ရမလဲ?


အဲ့ဒါကို မကြာခင်ကျွန်တော်တို့ပြောတော့မှာပါ။ လောလောဆယ် ကြားဖြတ်ပြီး အလုပ်ရလွယ်စေတဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ကိုအရင်ပြောချင်ပါတယ်။ အဲ့ဒါကတော့...


“ကိုယ့်အကြောင်း လူတွေသိနေအောင် လုပ်ထားခြင်းပဲဖြစ်ပါတယ်”


ကိုယ့်အကြောင်းကို လူတွေသိထားမှ ကိုယ်ဘာတက်လဲ၊ ဘာလုပ်နိုင်လဲဆိုတာ လူတွေ (
တနည်းအားဖြင့် အလုပ်ရှင်တွေ)
သိမှာပါ။ ဒီတော့မှ ကိုယ်နဲ့ သင့်တော်တဲ့အလုပ်ရှိလာတဲ့အခါ ကိုယ့်အတွက်
အခွင့်အလမ်းဖြစ်လာမှာဖြစ်ပါတယ်။ တစ်ချို့ မိမိအရည်အချင်းကို မိမိသိရက်နဲ့
အင်တာဗျူးဖြေတာမကျွမ်းကျင်လို့၊ ကိုယ့်အရည်အချင်းကို မပြလိုက်ရလို့
အလုပ်မရလိုက်ပါဘူးဆိုတဲ့သူများ ဒီအချက်ကို သတိထားသင့်ပါတယ်။ ကိုယ်နဲ့
အမှန်တစ်ကယ်ထိုက်တန်တဲ့ အလုပ်တွေရဖို့ ကိုယ့်အကြောင်း
လူများနိုင်သမျှများများ သိနေအောင် လုပ်ထားသင့်ပါတယ်။


အများစုကတော့ ကိုယ့်အကြောင်းလူတွေသိဖို့ Certificate တွေကို

အသုံးပြုကြပါတယ်။ Certificate ဆိုတာဟာ လူတစ်ယောက် သက်ဆိုင်ရာနယ်ပယ်မှာ
အမှန်တစ်ကယ် တက်ကျွမ်းကြောင်းထောက်ခံချက်လက်မှတ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ Certificate တစ်ခု ရဖို့ဆိုတာ သိပ်လွယ်ပါတယ်။ အဲ့ဒီ
Certificate တွေကို စာမေးပွဲဖြေခြင်းအားဖြင့် ရနိုင်ပါတယ်။
အဲ့ဒီလိုစာမေးပွဲဖြေတဲ့အခါမှာ အမှတ်ပြည့်နဲ့အောင်ပြီး လက်မှတ်ရဖို့အတွက်
နည်းလမ်းတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ကယ်မတက်ပဲနဲ့လည်း ကျွမ်းကျင်ကြောင်း လက်မှတ်တွေကိုရနိုင်နေပါတယ်


ဒီနေရာမှာ အပေါ်မှာပြောခဲ့တဲ့ပြဿနာ ပြန်ပေါ်လာပါတယ်။ အမှန်တစ်ကယ်

မတက်ကျွမ်းပဲနဲ့ ကျွမ်းကျင်ကြောင်း လက်မှတ်တွေယူထားတဲ့အခါ
အလုပ်ရဖို့အခွင့်အလမ်းတော့ နည်းနည်း ပိုများလာပါတယ်။ ဒါပေမယ့်
လက်တွေ့လုပ်ငန်းခွင်ရောက်တဲ့အခါ တစ်ကယ်မလုပ်နိုင်လို့ ပြန်ပြုတ်တာတွေ၊
မနိုင်ဝန်ကိုထမ်းမိသလိုဖြစ်ပြီး လုပ်ငန်းခွင်စိတ်ဖိစီးမှုဝင်လာတာတွေဖြစ်လာပြီ ကိုယ်ကိုယ်တိုင်ပဲ နစ်နာရတက်ပါတယ်။

ဒီလိုပြောလို့ တက်ကျွမ်းကြောင်းသက်သေခံဖို့အတွက် Certificate တွေကို အသုံးမပြုသင့်ဘူးလို့ ပြောတာမဟုတ်ပါဘူး။
သက်ဆိုင်ရာနယ်ပယ်အတွက် ကျွမ်းကျင်ကြောင်း Certificate ယူထားတာနဲ့တစ်ပြိုင်နက် အဲ့ဒီနယ်ကို အမှန်တစ်ကယ် ကျွမ်းကျင်နေဖို့ လိုအပ်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။





Certificate တွေရှိထားခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း

ပိုကောင်းလာတယ်ဆိုတဲ့အချက်ဟာ ငြင်းလို့မရတဲ့ အမှန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း
ပြည်ပသွားအလုပ်လုပ်တော့မယ့်သူတိုင်း Certificate ရဖို့ စာမေးပွဲတွေ အပြေးအလွှားဖြေပြီးမှ သွားကြတာဖြစ်ပါတယ်။ ဟိုရောက်တဲ့အခါလည်း
လက်တွေ့အသုံးဝင်တာကို တွေ့ရပါတယ်။ Certificate တွေ ဘယ်လောက်
ပေါပေါလောလောရနိုင်နေပါစေ၊ ပိုက်ဆံပေးဝယ်လို့ ရတဲ့အမျိုးတော့ မဟုတ်ပါဘူး။
အနည်းဆုံး စာမေးပွဲတော့ဖြေရပါတယ်။ လက်မှတ်ရထားပြီဆိုတာနဲ့ အဲ့ဒီနယ်ပယ်ကို
အမှန်တစ်ကယ် မကျွမ်းကျင်ရင်တောင်မှ တီးမီးခေါက်မိတော့ ရှိထားတယ်လို့
သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေအနေနဲ့ Certificate
ရှိထားတဲ့လူနဲ့ မရှိထားတဲ့လူ နှစ်ယောက်မှာ တစ်ယောက်ကိုရွေးပြီး
အင်တာဗျူးရမယ်ဆိုရင် ရှိထားတဲ့သူကိုပဲ ရွေးမှာဖြစ်ပါတယ်။


ဒါကြောင့် Certificate တွေရှိထားခြင်းဟာ ကိုယ်အကြောင်းကို လူတွေသိအောင်လုပ်နည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။


ကိုယ့်အကြောင်းလူတွေသိအောင်လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုကတော့ (သက်ဆိုင်ရာနယ်ပယ်မှာ ကျင်လည်နေတဲ့) အပေါင်းအသင်းမိတ်ဆွေ

ပေါများခြင်းပဲဖြစ်ပါတယ်။ ဒီလိုအပေါင်းအသင်းမိတ်ဆွေတွေကို ကျောင်းတွေမှာ
ရှာလို့ရပါတယ်။ ဒါကြောင့် ကွန်ပြူတာတက္ကသိုလ် (သို့မဟုတ်) လူအများကြီးတက်တဲ့
နာမည်ကြီးသင်တန်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့
ဒီအချက်ကိုနားလည်ထားပြီး နောင်တစ်ချိန်မှာ Professional ဖြစ်လာမယ့် အပေါင်းအသင်းမိတ်ဆွေ များများရအောင်လုပ်ထားသင့်ပါတယ်။ ဒါဟာ ကျောင်းကသင်ပေးတဲ့ ပညာတွေလိုပဲ တန်းဖိုးရှိတဲ့ အရာ ဖြစ်ပါတယ်။ ဒီမိတ်ဆွေတွေက တစ်ချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့အလုပ်တွေ့တဲ့အခါ အသိပေးနိုင်သလို ကိုယ်ဘာတက်လဲဆိုတာကိုလည်း ထောက်ခံပေးခြင်းအားဖြင့်
အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒါနဲ့ပက်သက်ပြီး သိပ်အများကြီးပြောစရာမလိုပါဘူး။
အဆက်အသွယ်ကောင်းရှိထားခြင်းဟာ အစစအရာရာလွယ်ကူစေတယ်ဆိုတာကို
လူတိုင်းသိထားပြီးသားပါ။


နောက်ထပ် အလွန်ကောင်းမွန်တဲ့ နည်းတစ်ခုလည်း ရှိပါသေးတယ်။ ကနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မိမိအကြောင်း လူတွေသိနေအောင် အင်တာနက်ကို အသုံးချလို့ရပါတယ်။ ဒါကို Online

Identity တစ်ခု တည်ဆောက်တယ်လို့ ခေါ်ချင်ပါတယ်။ Software ရေးတဲ့အလုပ်ကို
Professional အဖြစ်လုပ်မယ်လို့ စိတ်ကူးထားသူတိုင်း Online Identity တစ်ခု
(မဖြစ်မနေ) ရှိထားသင့်ပါတယ်။


အင်တာနက်မှာရှိတဲ့ Professional Community တွေမှာ တက်ကြွစွာ

ဝင်ရောက်ပါဝင်ခြင်းဖြင့် မိမိရဲ့ Online Identityကို တည်ဆောက်လို့ရပါတယ်။
Facebook လို Social Network တွေကလည်း ကိုယ့်အကြောင်း လူတွေသိအောင်
တစ်နည်းအားဖြင့် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း Facebook ဟာ ရိုးရိုး
Social Community မျှသာဖြစ်တဲ့အတွက် သိပ်မလေးနက်ပါဘူး။
သက်ဆိုင်ရာနယ်ပယ်အတွက် အထူးပြုဖွဲ့စည်းထားတဲ့ Professional Community က
ပိုထိရောက်ပါတယ်။

ဒီနေရာမှာ IT နဲ့ပက်သက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတိုင်းအတွက် အကောင်းဆုံး Professional Community တစ်ခုဖြစ်တဲ့ Myanmar IT Pro ကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီ Community မှာ လူပေါင်းစုံရှိပါတယ်။ ကွန်ပြူတာလုပ်ငန်းရှင်တွေပါသလို၊ သက်ဆိုင်ရာနယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ Professional
တွေလည်းရှိပါတယ်။ လေ့လာဆဲ ကျောင်းသားတွေရှိသလို
သူတို့ကိုကူညီနေတဲ့သူတွေလည်း ရှိပါတယ်။ ပြည်တွင်းပြည်ပမှာ ပြန့်နှံ့နေတဲ့
မြန်မာလူမျိုး အိုင်တီသမားတွေအတွက် အတော်ကောင်းမွန်တဲ့ Community
တစ်ခုဖြစ်ပါတယ်။


ကိုယ့်အကြောင်း လူတွေသိဖို့ Professional Community တွေက ဘယ်လို
ကူညီလည်းဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော် ဥပမာထားပြီးပြောချင်ပါတယ်။
ကျွန်တော်ဟာ Myanmar IT Pro မှာ Web Development နဲ့ Open-source အကြောင်းကို တစ်စိုက်မတ်မတ်ပြောဆိုဆွေးနွေးလာခဲ့တာ ကြာပါပြီ။ အခုချိန်မှာဆိုရင် အဲ့ဒီ Community မှာရှိနေတဲ့လူအားလုံး
(လုပ်ငန်းရှင်တွေနဲ့ ပြည်ပရောက်ပညာရှင်တွေအပါအ၀င်) ကျွန်တော် Web Site
ရေးတက်ကြောင်း သိနေကြပါတယ်။ ဒီလိုသိထားတဲ့အတွက် သူတို့မှာ Web Site
ရေးဖို့အတွက် အလုပ်တွေရှိတဲ့အခါ ရေးပေးဖို့ အပ်ကြပါတယ်။
လူချင်းမမြင်ဖူးပေမယ့် ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကို လူတွေသိနေကြပါတယ်။
ဒီလိုနဲ့ လုပ်ခွင့်ရခဲ့တဲ့အလုပ်တွေ မနည်းပါဘူး။ ပြီတော့ အခုအချိန်မှာ
ကျွန်တော်ကသာ Web Development နဲ့ပက်သက်ပြီး အလုပ်လိုချင်ရင်
လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော့်ကို "တစ်ကယ်တက်ရဲ့လား" လို့
မေးခွန်းထုပ်နေမှာမဟုတ်ပါဘူး။ ဒါဟာ Professional Community မှာ ကိုယ့်ရဲ့
Identity ကို တည်ဆောက်ထားခြင်းအားဖြင့် ရရှိလာတဲ့အကျိုးဖြစ်ပါတယ်။


ပြည်တွင်းအလုပ်အကိုင်အတွက်မဟုတ်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိပေါက်ရောက်နိုင်တဲ့ Identity တစ်ခုတည်ဆောက်ချင်တယ်ဆိုရင်လည်း Stackoverflow လို Web Site မျိုးတွေ ရှိနေပါတယ်။ Stackoverflow ဆိုတာဟာ Programming
နဲ့ပက်သက်တဲ့ မေးခွန်းတွေ အမေးအဖြေ လုပ်လို့ရတဲ့ Web Site တစ်ခုဖြစ်ပါတယ်။
အဲ့ဒီ Web Site မှာ ကိုယ်မေးတဲ့မေးခွန်းက သိပ်ကောင်းတယ်ဆိုရင် အမှတ်
(Reputation) ရပါတယ်။ သူများမေးတာကို ဖြေမယ်ဆိုရင်လည်း
ကိုယ့်အဖြေကောင်းရင်ကောင်းသလို အမှတ်ရပါတယ်။ Stackoverflow မှာ Reputation
မြင့်နေတဲ့လူတစ်ယောက်ကိုလည်း ပရိုဂရမ်ရေးတက်ရဲ့လားလို့ ဘယ်သူကမှ
မေးခွန်းထုပ်နေမှာမဟုတ်ပါဘူး။

ဒါကြောင့် Online Identity တစ်ခုတည်ဆောက်ထားခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိဖို့အတွက် အလွန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ် ဆိုတာကို
ပြောချင်ပါတယ်။ ဒါပေမယ့် သတိချပ်သင့်တာက ဒီနည်းလမ်းဟာ
ကျွမ်းကျင်ပြီးသူတွေအတွက် အဓိကအားသာတဲ့နည်းလမ်းဖြစ်ပါတယ်။
သက်ဆိုင်ရာနယ်ပယ်မှာ အမှန်တစ်ကယ် ကျွမ်းကျင်ဖို့ကို အရင်လုပ်ရမှာပါ။ [ ... ]


[ အပြည့်အစုံကို Attachment Document တွင် ဆက်လက်ဖက်ရှုနိုင်ပါသည် ... ]

Professional တို့၏ လျှို့ဝှက်ချက်
လေ့လာဆဲ Beginner တွေအနေနဲ့ Professional တွေကို ဒီလို ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလေ့လာခဲ့သလိုဆိုတာကို အကြောင်းတိုက်ဆိုင်တိုင်း
မေးကြည့်ပြီး အတုယူသင့်ပါတယ်။


Beginner အများစုမှာ တွေ့ရလေ့ရှိတဲ့ အဓိကအမှားကတော့ သင်တန်းတွေနဲ့ ကျောင်းတွေကို
အားကိုးလွန်းခြင်းပဲဖြစ်ပါတယ်။
Professional တစ်ယောက်ကို
မေးကြည့်ပါ။ သင်တန်းဘယ်နှစ်ခုတက်ခဲ့သလဲလို့။
တစ်ချို့လည်း အများကြီးတက်ခဲ့ပါလိမ့်မယ်။
ဒါပေမယ့် အများစုကတော့ သင်တန်း
တစ်ခု နှစ်ခုထက် ပိုမတက်ခဲ့ဖူးတာကို
တွေ့ရပါလိမ့်မယ်။


သင်တန်းတွေ၊ ကျောင်းတွေဟာ စာသင်ပေးတဲ့နေရာလို့ပြောတဲ့အတွက် အဲ့ဒါတွေတက်လိုက်ရင် ပညာတက်သွားလိမ့်မယ်လို့ Beginner တွေအနေနဲ့ ထင်တက်ကြပါတယ်။ တနည်းအားဖြင့်
ပိုက်ဆံပေးပြီး သင်တန်းတက်လိုက်တာနဲ့
အဲ့ဒီဘာသာရပ်ကို အလွယ်တစ်ကူတက်သွားလိမ့်မယ်လို့
ထင်ကြတာပါ။ ဒါပေမယ့် လက်တွေ့မှာ
သင်တန်းပေါင်းစုံအောင်တက်ပြီးမှ
ငါ ဘာမှဖြစ်ဖြစ်မြောက်မြောက်မတက်သေးပါလား ဆိုတာကို သိသွားရတဲ့သူတွေအများကြီး
ရှိပါတယ်။ ဒီအသိကိုရဖို့
ပေးဆပ်လိုက်ရတဲ့
"ငွေ" က အရေးမကြီးဘူးဆိုရင်တောင်မှ "အချိန်" တွေ
နှမျောဖို့ ကောင်းလှပါတယ်။
ဒါဟာ
Beginner တွေရဲ့အမှားမဟုတ်ပါဘူး။
သင်တန်းပေါင်းစုံ လျှောက်တက်နေခြင်းဟာ
မှန်ကန်တဲ့လေ့လာနည်းမဟုတ်ဖူးဆိုတာကို သိအောင်ပြောပြဖို့ သင်တန်းတွေနဲ့
Professional တွေမှာ
တာဝန်ရှိပါတယ်။


လူတစ်ယောက်ဟာ Web Developer ဖြစ်ချင်လို့ သင်တန်းတွေလိုက်တက်တယ်ဆိုပါစို့။ ပထမဦးဆုံး Programming သင်တန်းဆိုတာ တက်လိုက်တယ်။ ပြီးတော့ ဟို ဒီပလိုမာ၊ ဒီ
ဒီပလိုမာဆိုတာလည်း တက်ဖြစ်လိုက်သေးတယ်။
တစ်ခါ
Web အကြောင်းနားလည်အောင် Web Essential တို့ဘာတို့
ထပ်တက်တယ်။ ပြီးတော့
ASP.NET နဲ့
အလုပ်ကိုင်အခွင့်အလမ်းကောင်းတယ်ဆိုလို့
ASP.NET တက်ပြန်တယ်။ တစ်ခါ PHP လူသုံးများတယ်ကြားလို့ PHP တက်ပြန်တယ်။
ဒီလောက်သင်တန်းတွေ တက်ပြီးပြီဆိုရင်
Web Developer အဖြစ်
လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်ပြီ
ထင်ကြပါတယ်။ လက်တွေ့မှာ ဒီလောက်နဲ့
အသင့်မဖြစ်သေးကြောင်းသိရတဲ့အခါမှာ အကြီးအကျယ်စိတ်ပျက်ကြ စိတ်ဓါတ်ကျကြပါတယ်။
ဘာဆက်လုပ်ရမလဲ မသိဖြစ်ကြပါတယ်။


အထက်မှာ သင်တန်းတွေ၊ ကျောင်းတွေက သင်မပေးနိုင်တဲ့အရာတွေ ရှိကြောင်း ပြောခဲ့ပါတယ်။
လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေတဲ့
Web Developer တစ်ယောက်အတွက်
အဲ့ဒါတွေကို သိထားဖို့လိုအပ်သလို၊
အခြားသင်သိထားရမယ့် နည်းပညာတွေရှိပါသေးတယ်။
ခေတ်စားနေတဲ့
Joomla တို့ Wordpress တို့လို CMS တွေကို သိထားရမယ်။ Web ရဲ့
အဓိကအသက်လိုဖြစ်နေတဲ့
Ajax လိုနည်းပညာမျိုးကိုသိထားရဦးမယ်။ ASP.NET ဘက်ကိုအဓိကထားလေ့လာတဲ့သူဆိုရင်လည်း Silverlight လိုနည်းပညာမျိုးကို သိထားရမယ်။ Sharepoint လိုနည်းပညာမျိုးကိုလည်း
သိထားရဦးမယ်။
MVC လို ခေတ်စားနေတဲ့ Design Pattern မျိုးကိုလည်း
နားလည်ထားရမယ်။
Regular
Expression
ဆိုတာကလေးလည်း
သိထားဦးမှ။ နောက်ပိုင်းပြောနေကြတဲ့
HTML5 တို့ CSS3 တို့ဆိုတာ
ဘာတွေလည်း နားလည်ထားရဦးမယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။
အများကြီး အများကြီး ကျန်ပါသေးတယ်။
အဲ့ဒါတွေအားလုံးအတွက် သင်တန်းတစ်ခုချင်းသာလိုက်တက်နေမယ်ဆိုရင် တက်လို့ ဆုံးတော့မှာမဟုတ်သလို
တစ်ခုမကျန် သင်ပေးနိုင်တဲ့
သင်တန်းလည်းရှိမှာမဟုတ်ပါဘူး။


ဒီလောက်ဆိုရင် Beginner တစ်ယောက်ဟာ သင်တန်းတွေ လျှောက်တက်နေယုံနဲ့ Professional တစ်ယောက်ဖြစ်လာမှာမဟုတ်ဖူး ဆိုတာကို နားလည်မယ်လို့ထင်ပါတယ်။

Self-Study လုပ်တက်ခြင်းဟာ Professional တွေရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။

မှန်ပါတယ်။ Beginner တစ်ယောက် Professional ဖြစ်လာဖို့ Self-Study လုပ်တက်ဖို့လိုသလို၊ Self-Study လုပ်ခြင်း နည်းလမ်းဖြင့် စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်ပါတယ်။

ဒီလိုပြောလို့ သင်တန်းတွေ လုံးဝတက်စရာမလိုတော့ဘူး၊ ကိုယ့်ဟာကိုယ်ပဲ လေ့လာရမယ်ဆိုတဲ့အဓိပ္ပါယ်
မဟုတ်ပါဘူး။ လိုအပ်တဲ့အခြေခံခိုင်မာပြီးမှသာ
Self-Study လုပ်ရတာ
ပိုမိုထိရောက်မှာဖြစ်တဲ့အတွက်
အခြေခံခိုင်မာဖို့ကိုတော့
ကျောင်းတွေ၊ သင်တန်းတွေ တက်ရဦးမှာဖြစ်ပါတယ်။
ကျောင်းတွေ၊ သင်တန်းတွေ တက်နေယုံသက်သက်နဲ့
ကျွမ်းကျင်တဲ့
Professional မဖြစ်နိုင်ဘူးလို့သာ
ဆိုလိုတာဖြစ်ပါတယ်။


ဒီလို အခြေခံခိုင်မာဖို့ သင်တန်းတက်တယ်ဆိုတဲ့နေရာမှာလည်း စကတည်းက ကိုယ်အမှန်တစ်ကယ်စိတ်ဝင်စားပြီး
ကိုယ်အားသန်တဲ့ ဘာသာရပ်ကို
ရွေးချယ်ပြီး တက်ဖို့ အရေးကြီးပါတယ်။
ဒီလိုင်းက အလုပ်ရလွယ်တယ်ကြားလို့
တက်တယ်ဆိုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ဒါလေးတက်လိုက်ရင် အလုပ်ရလွယ်မလားလို့တက်တာဆိုရင်တော့ အပေါ်မှာပြောခဲ့တဲ့ သင်တန်းတောင်း
သောင်းခြောက်ထောင်တက်ပြီး
လက်တွေကမှာ ဘာမှမတက်တဲ့ဘ၀ကို
ရောက်သွားပါလိမ့်မယ်။
Auto CAD သမားတွေ
အလုပ်ရလွယ်တယ်၊ လစာကောင်းတယ်ကြားလို့
Engineering တစ်လုံးမှနားမလည်ပဲ Auto CAD သင်တန်းတွေတက်နေတဲ့သူတွေကို
တွေ့ဖူးပါသလား။ အဲ့ဒီလူတွေ
Auto CAD နဲ့
အမှန်တစ်ကယ် အောင်မြင်နေတာကိုရောတွေ့ဖူးပါသလား။ သင်တန်းတစ်ခုခုကို ဒီလိုရည်ရွယ်ချက်နဲ့တက်တယ်ဆိုကတည်းက မှားနေပါပြီ။ ပညာရပ်တစ်ခုခုကို
အမှန်တစ်ကယ် တက်လိုလို့သာ
တက်တာမျိုးဖြစ်သင့်ပါတယ်။


အမှန်တော့ ဒီဆောင်းပါးက ကျောင်းဆင်းလာပြီးနောက် သင်တန်းပေါင်းစုံတက်ထားတာတောင်မှ ယောင်လည်လည်ဖြစ်နေသေးတဲ့သူတွေအတွက် အဓိကရည်ရွယ်ပါတယ်။ အခုမှ စမယ့်သူတစ်ယောက်အတွက်ဆိုရင်လည်း
အခြေခံခိုင်မာဖို့အတွက် အခြေခံကစပြီး
စတင်တကျသင်တဲ့ သင်တန်းတစ်ခုနှစ်ခုလောက်
တက်ထားမယ်ဆိုရင်လုံလောက်ပါပြီ။
အမှန်တစ်ကယ် ကျွမ်းကျင်ဖို့ကတော့
ကိုယ်တိုင်ဆက်လက်လေ့လာရမှာဖြစ်တယ်ဆိုတဲ့အချက်ကို နားလည်သဘောပေါက်ထားသင့်ပါတယ်။


ကိုယ်တိုက်ဆက်လက်လေ့လာရင်းနဲ့ တစ်နေရာရာမှာ လေ့လာရခက်ခဲပြီး တစ်, နေတယ်ဆိုတဲ့အချိန်မျိုးမှာလည်း
သင်တန်းတက်လို့ရပါတယ်။ ဒီအခါမှာ
တက်တဲ့ရည်ရွယ်ချက်က သင်တန်းမှာသင်ပြနေတဲ့
ဆရာတွေရဲ့
Guideline ကိုလိုချင်လို့၊
အဲ့ဒီဆရာတွေနဲ့ ဆွေးနွေးတိုင်ပင်ချင်လို့
တက်တာမျိုးဖြစ်သင့်ပါတယ်။
ဒီလို ဆရာတွေနဲ့ ဆွေးနွေးတိုင်ပင်လိုက်တဲ့အခါ
ကိုယ့်အတွက်ခက်ခဲနေတာတွေ
ပြေလည်သွားမယ်ဆိုရင် ဆက်လက်လေ့လာရတာ
မြန်ဆန်သွားနိုင်ပါတယ်။


ထပ်ပြောချင်ပါတယ်။ အခုပြောနေတာတွေဟာ သင်တန်းတွေ ကျောင်းတွေ မတက်ရဘူးလို့ပြောနေတာမဟုတ်ပါဘူး။ သင်တန်းတွေကျောင်းတွေ လျှောက်တက်နေယုံသက်သက်နဲ့ Professional တစ်ယောက်ဖြစ်မလာနိုင်ဘူးလို့
ဆိုလိုခြင်းဖြစ်ပါတယ်။
Professional ဖြစ်လိုသူတစ်ယောက်ဟာ
ရှေ့က
Professional များနည်းတူ ကိုယ်တိုင်လေ့လာ (Self-Study) ခြင်းနည်းနဲ့
စဉ်ဆက်မပြတ် လေ့လာနေဖို့
(မဖြစ်မနေ) လိုအပ်ပါတယ်။

တစ်ပါးသူက သင်ပြပေးတာမဟုတ်ပဲ ကိုယ်တိုင်လေ့လာရတာ ခက်ပါတယ်။ ဒါပေမယ့် ဒီလို ကိုယ်တိုင်လေ့လာတဲ့
အလေ့အကျင့်လေးရသွားပြီဆိုရင်
နေ့စဉ်ပညာရနေတဲ့အတွက် ပျော်စရာကောင်းလာပါလိမ့်မယ်။
အဆက်မပြတ်လေ့လာနေတဲ့ အလေ့အကျင့်လေး
ရှိထားဖို့ပဲလိုတာပါ။


ကနေ့လို အင်တာနက်ခေတ်ကြီးမှာ ကိုယ်တိုင် ပညာရှာရတာ သိပ်လွယ်ပါတယ်။ အင်တာနက်ကို ထိထိရောက်ရောက်အသုံးချတက်ဖို့ပဲလိုပါတယ်။ ဒါပေမယ့် လူငယ်တစ်ချို့ကိုမေးကြည့်ဖူးပါတယ်။ "ကနေ့ခေတ်လို အင်တာနက် Access အလွယ်တစ်ကူရပြီး
ပညာရှာလို့ သိပ်ကောင်းတဲ့အချိန်မှာ
မိမိကိုယ်ကိုယ်
'ပုံမှန်' တိုးတက်နေတယ်လို့
ထင်သလား” လို့ မေးကြည့်ဖြစ်ပါတယ်။
အများစုက တိုးတက်နေပါတယ်လို့
မဖြေရဲကြတာကိုတွေ့ပါတယ်။
အမှန်ပါပဲ။ လေ့လာသူတွေအနေနဲ့
အင်တာနက်ကို လေ့လာဖို့အတွက်မသုံးဖြစ်ပဲ
အချိန်ဖြုန်းဖို့အတွက် သုံးနေကြသလိုဖြစ်နေပါတယ်။
အင်တာနက်ကနေ လေ့လာနည်းတွေကို
မသိတာလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ အင်တာနက်ကနေလေ့လာနည်းတစ်ချို့
(တနည်းအားဖြင့်) Self-Study လုပ်နည်းတစ်ချို့ကို
ပြောပြချင်ပါတယ်။


ကျွန်တော်က Web Developer တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်ပေးတဲ့နည်းလမ်းတွေကလည်း Web Developer တွေအတွက်ပဲ အဆင်ပြေတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခြားနယ်ပယ်တွေကို အဓိကထားလေ့လာနေသူများအနေနဲ့
သင့်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။


အင်တာနက်မှ လေ့လာနည်း လျှို့ဝှက်ချက်များ

.) နေ့စဉ်ဖတ်ရမည့်စာရင်းတစ်ခု ထားပါ
တစ်ချို့ Tutorial Web Site တွေနဲ့ နည်းပညာ Blog တွေဟာ နေ့စဉ်နဲ့အမျှ Update အသစ်တွေ တင်ပေးလေ့ရှိပါတယ်။ ကိုယ့်အတွက်အကျိုးရှိတဲ့
အဲ့ဒီလို
Web
Site
တွေကို စာရင်းတစ်ခု
ပြုစုထားပြီး နေ့စဉ်ဖတ်ဖို့လိုအပ်ပါတယ်။
နေ့စဉ်အင်တာနက်အသုံးမပြုဖြစ်တဲ့သူတွေလည်း ဒီလိုစာရင်းတစ်ခု ထားမယ်ဆိုရင်
အသုံးပြုဖြစ်တဲ့အချိန်လေးတွေမှာ
အကျိုးရှိသွားမှာပါ။


Web Developer တွေအတွက်ဆိုရင် Smashing Magazine (smashingmagazine.com) လို Site မျိုးနဲ့ Sitepoint (sitepoint.com) လို Site မျိုးတွေဟာ နေ့စဉ် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ Site တွေ
ဖြစ်ပါတယ်။ အဲ့ဒီ
Site တွေဟာ ကျွမ်းကျင်သူပညာရှင်များ
စုပေါင်းရေးသားနေတဲ့
Blog တွေဖြစ်ပြီး
နေ့စဉ်နဲ့အမျှ
(Web
Development
ကို အသားပေးတဲ့) နည်းပညာ Article တွေတင်ပေးနေတဲ့ Site တွေဖြစ်ပါတယ်။
ဒီလို
Site မျိုးက Article တွေဟာ အကြောင်းအရာတစ်ခုကို
ထဲထဲဝင်ဝင် သိဖို့ ကူညီပေးလေ့ရှိပါတယ်။
သူတို့
Article တွေက ရှည်ပြီး တစ်ခါတစ်ရံ
လေးနက်တဲ့ အကြောင်းအရာတွေ
ဖြစ်တက်တဲ့အတွက် စာဖတ်မပျင်းဖို့တော့
လိုပါတယ်။


Nettuts (net.tutsplus.com) လို Site မျိုးကတော့ Tutorial Site တစ်ခုဖြစ်ပြီး နေ့စဉ်နဲ့အမျှ Free Tutorial လေးတွေ
တင်ပေးလေ့ရှိပါတယ်။ သူတို့တင်ပေးသမျှ
Tutorial တွေက
တစ်ခုမှ ပစ်ရက်စရာမရှိပါဘူး။
ကိုယ့်အတွက် အသုံးဝင်တာချည်းပါပဲ။


Your browser may not support display of this image.
OS News (osnews.com) တို့ Cnet (cnet.com) တို့လို သတင်း Site တွေကလည်းပဲ နေ့စဉ်
ကြည့်ရှု့နေဖို့ လိုအပ်တာပဲဖြစ်ပါတယ်။
အဲ့ဒီ
Site တွေက ကိုယ့်ကို
ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့
အဆက်ပြတ်မသွားစေဖို့ အကူအညီပေးပါလိမ့်မယ်။


ကိုယ့်မှာ အဲ့ဒီလို နေ့စဉ်ဖတ်သင့်ပါတယ်လို့ ယူဆတဲ့ Web Site စာရင်းတစ်ခုမရှိသေးဘူးဆိုရင်လည်း အခြားသူတွေကို အကူအညီတောင်းလို့ ရပါတယ်။

သူတို့ရေးသမျှ နေ့စဉ် တစ်လုံးမကျန် လိုက်ဖတ်နေရမယ်လို့ မဆိုလိုပါဘူး။ Update တွေကိုကြည့်ပြီး
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ၊
ကိုယ်နဲ့ ကိုက်ညီတဲ့အကြောင်းအရာဆိုရင်ဖတ်ပြီး ကိုယ့်အတွက် အလှမ်းဝေးနေတဲ့အရာ
(သို့မဟုတ်) လုံးဝစိတ်မ၀င်စားတဲ့
အကြောင်းအရာဆိုရင်တော့ ဖတ်ဖို့မလိုပါဘူး။
နေ့စဉ်ဖတ်ရမယ့်
Site ၁၀ခုလောက်ထားပြီး
အနည်းဆုံး ခေါင်းစဉ်တွေလောက်
ရွေးဖတ်ရင်ကို မဆိုးပါဘူး။


.) RSS Reader တစ်ခု သုံးပါ
အထက်မှာ နေ့စဉ် ဖတ်ရမယ့် Site စာရင်းထားပါလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တစ်ချို့ Site တွေက
ဖတ်ရတာ အကျိုးရှိပေမယ့် နေ့စဉ်
Update မဖြစ်ပါဘူး။
ပြီးတော့ ဖတ်ချင်တဲ့
Site တွေများလာတဲ့အခါ
အဲ့ဒါတွေကို နေ့တိုင်းသာ
အကုန်သာလျှောက်ကြည့်ရရင်
စာဖတ်တဲ့စခန်းကိုမရောက်ပဲ
Web Site တွေ
လိုက်ဖွင့်နေရာတာနဲ့တင် အချိန်ကုန်ပါလိမ့်မယ်။


ဖတ်ချင်သမျှ Web Site တွေအားလုံးရဲ့ Update တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖတ်ဖို့အတွက် RSS
Reader
တွေကို အသုံးပြုလို့ရပါတယ်။ RSS Reader သုံးခြင်းအားဖြင့်
ကိုယ်
Subscribe လုပ်ထားတဲ့ Web Site တွေမှာ
ဖတ်စရာအသစ် ရှိမရှိ တစ်ခုခြင်း
လျှောက်ကြည့်နေစရာ မလိုအပ်တော့ပါဘူး။
အသစ်ရှိတာနဲ့
Update တွေအားလုံးဟာ ကိုယ့်ရဲ့ RSS Reader ထဲမှာ
တစ်စုတစ်စည်းထဲ ရောက်ရှိနေမှာဖြစ်ပါတယ်။


ကနေ့ခေတ်မှာ အဲ့ဒီလို Content အသစ်ကို RSS Feed အနေနဲ့ Support မလုပ်တဲ့ Web Site ဆိုတာ
အတော်လေး နည်းသွားပါပြီ။


Reader အနေနဲ့ Google Reader (google.com/reader/) ကို Recommend ပေးချင်ပါတယ်။ လူတိုင်းနီးပါးမှာ Google Account ရှိနေတဲ့အတွက်
ထပ်ပြီးတော့လည်း
Register လုပ်ဖို့မလိုအပ်တော့ပါဘူး။ RSS Reader မသုံးဖူးသူတွေအတွက် Feed တွေ
ဘယ်လို
Subscribe လုပ်ရမလဲဆိုတာ
မရှင်းပြတော့ပါဘူး။
Google
Reader
ကိုသာ ၀င်လိုက်ပါ။ Google ရဲ့
အသုံးပြုရရိုးရှင်းတဲ့ အသွင်အပြင်ကြောင့်
အလိုလို နားလည်သွားလိမ့်မယ်လို့
ထင်ပါတယ်။ ရွေးချယ်စရာတစ်ခုအနေနဲ့
Bloglines (bloglines.com) ကိုလည်း
စမ်းကြည့်လို့ရပါတယ်။


Your browser may not support display of this image.
RSS Reader လက်ရှိသုံးနေပါတယ်ဆိုတဲ့သူတွေကိုလည်း အကြံပေးချင်ပါတယ်။ ကိုယ်ဖတ်နိုင်သလောက်သာ Subscribe လုပ်ပါ။ လောဘတစ်ကြီး Site တွေအများကြီးကို Subscribe လုပ်မထားပါနဲ့။ Subscribe လုပ်ထားပြီး
မဖတ်နိုင်ရင်အလကားပါပဲ။ မဖတ်နိုင်ပဲ
Subscribe လုပ်ထားတော့ Feed တွေ
ထောင်ကျော်လာတဲ့အခါ သိပ်များတဲ့အတွက်
ဖတ်ရမှာပျင်းသွားတက်ပါတယ်။
Feed Update တွေကိုလည်း
နေ့စဉ် ဖတ်ဖို့လိုပါတယ်။
မဖတ်ချင်တဲ့
Feed တွေ၊ မဖတ်နိုင်တဲ့ Feed ကို
ထားမနေပါနဲ့
Un-Subscribe သာလုပ်ပစ်ပါ။ နေ့စဉ်ဖတ်တယ်ဆိုတဲ့နေရာမှာလည်း
အထက်မှာ ပြောခဲ့သလိုပဲ တစ်လုံးမကျန်
လိုက်ဖတ်နေဖို့မလိုပါဘူး။
အနည်းဆုံး ခေါင်းစဉ်တွေလောက်
လိုက်ဖတ်သွားနိုင်ရင်တောင်
မဆိုးပါဘူး။ ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့
အကြောင်းအရာမှ အသေးစိတ်ဖတ်လို့ရပါတယ်။


.) တစ်နေ့ အနည်းဆုံး ()နာရီ စာဖတ်ပါ
ဘယ်လောက်ပဲ အလုပ်များများ တစ်နေ့ကို ()နာရီလောက်တော့ စာဖတ်ဖို့ အချိန်ပေးသင့်ပါတယ်။
ပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ
စာဖတ်မယ်ဆိုပြီး တိတိကျကျ
သတ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။
ဒီလိုအချိန်ပေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက်
Self-Study လုပ်တက်တဲ့အလေ့အကျင့်လေးတစ်ခု
အလိုလိုဖြစ်သွားပြီး စာဖတ်ရတာလည်း
ပိုမိုအဆင်ပြေလာနိုင်ပါတယ်။

ကျွန်တော်ကတော့ နေ့စဉ် အလုပ်တွေမစခင် ()နာရီကနေ (၁၀)နာရီအထိကု စာဖတ်ဖို့ သက်သက်ပဲ အသုံးပြုပါတယ်။
အဲ့ဒီအချိန်အတွင်းမှာ
RSS Reader ထဲမှာ
ရောက်နေသမျှ
Update တွေကုန်အောင်ဖတ်ပါတယ်။
တစ်နေ့ကို
Update
(
၁၂၀) လောက် ရလေ့ရှိပြီး (၁၀၀) လောက်ကို
အကြမ်းဖျင်းသာ ဖတ်ဖြစ်ပါတယ်။
(၂၀) လောက်ကိုတော့
အသေးစိတ် ဖတ်ဖြစ်ပါတယ်။


အဲ့ဒီလို နေ့စဉ် ()နာရီလောက်ပဲ မဖြစ်မနေ အချိန်ပေးသွားပါ။ () လလောက်ကြာတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင်
အများကြီးတိုးတက်လာတာကို
တွေ့လိမ့်မယ်လို့ အာမခံပါတယ်။


.) Online Forum တွေမှာ ပါဝင်ဆွေးနွေးပါ
Online Forum တွေမှာ တက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးခြင်းဟာလည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးမြှင့်ဖို့အတွက်
အများကြီးအထောက်အကူဖြစ်ပါတယ်။
သိချင်တာရှိရင်လည်း မေးလို့ရသလို၊
သူများတွေ ဆွေးနွေးတိုင်ပင်တာတွေကနေ
ကိုယ့်အတွက် စိတ်ဝင်စားစရာအသစ်တွေ
ရနိုင်သလို မသိသေးတာတွေလည်း
အများကြီး သိလာနိုင်ပါတယ်။


Your browser may not support display of this image.
ကိုယ်သိထားတာတစ်ခုရှိလို့ သူများမေးတာကိုဖြေတော့မယ်ဆိုရင်လည်း စကားပြောတာမဟုတ်ပဲ စာနဲ့ရေးတာဖြစ်လို့ တိတိကျကျ ရေးသားဖို့လဲလိုအပ်လာပါတယ်။
အဲ့ဒီအတွက်လည်း သိထားပြီးသားကို
ဖြေပေးတာဖြစ်ပေမယ့် စာပြန်ဖတ်ဖို့
လိုအပ်တက်ပါတယ်။ ပြန်ဖတ်ပြီး
သေချာတော့မှ အသေးစိတ်ဖြေပေးရတာဖြစ်လို့
ကိုယ်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းအရာကို
နဂိုကထက်ပိုပြီး အသေးစိတ်
သိရှိသွားတက်ပါသေးတယ်။


ဒီလို Online Forum တွေမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာဟာ အရည်အချင်းတိုးမြှင့်ရာမှာ
အထောက်အကူဖြစ်ယုံမက အသိမိတ်ဆွေတိုးပွားပြီး
အလုပ်အကိုင်အခွင့်အလမ်းပါတိုးပွားလာတက်ပါတယ်။


.) Social Bookmark Site တွေသုံးပါ
ဘယ် Site တွေကို ဖတ်ရမှန်းမသိဖြစ်နေသူတွေအနေနဲ့ Digg (digg.com) တို့ Reddit (reddit.com) တို့လို Social Bookmark Site တွေကနေ စကြည့်သင့်ပါတယ်။ Web Site တစ်ခု ဒါမှမဟုတ် Blog Post တစ်ခုကို
ကြိုက်တယ်ဆိုရင် အဲ့ဒီ
Site ရဲ့ Link ကို Social Bookmark Site တွေမှာ
တင်ပေးလို့ရပါတယ်။ အဲ့ဒီလို
တင်ပေးလို့ရတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက
လူတွေက
Link တွေ တင်ပေးနေပါတယ်။

Your browser may not support display of this image.
ဒါကြောင့် Social Bookmark Site တွေဟာ ဒီနေ့အတွက် ကမ္ဘာမှာ ဘာတွေလူကြိုက်များနေလဲဆိုတာကို စုစည်းပေးထားတဲ့ Collection ကြီးတွေလို ဖြစ်နေပါတယ်။
ဘာကောင်းလဲ ကိုယ်လိုက်ရှာနေစရာမလိုပဲ
အကောင်းတစ်ကာ့အကောင်းဆုံးတွေကို
Social Bookmark Site တွေမှာ
စုစည်းထားပြီးသား ရနိုင်ပါတယ်။
Popular အဖြစ်ဆုံးနဲ့ Latest အဖြစ်ဆုံး Link တွေက Home Page မှာ
ရှိနေပါလိမ့်မယ်။


Link တွေက အကြောင်းအရာပေါင်းစုံပြီး သိပ်များလွန်းလို့လည်း စိတ်ညစ်စရာမလိုပါဘူး။
ကိုယ်လိုချင်တဲ့
Category ပဲရွေးပြီး ကြည့်လို့ရပါတယ်။
ဒါကြောင့်
Social
Bookmark Site
တွေဟာလည်း
နေ့စဉ် ကြည့်ရမယ့် စာရင်းထဲမှာ
ပါ ပါတယ်
.

.) Google ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်အောင် လုပ်ပါ
Online ကို လေ့လာဖို့အတွက် အသုံးပြုလိုသူတွေအတွက် လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ကတော့ Google ကို
ထိထိရောက်ရောက် အသုံးပြုတက်ဖို့ပါပဲ။


ကနေ့ခေတ်မှာ လေ့လာစရာတွေက များလွန်းလှပါတယ်။ Professional Web Developer တစ်ယောက်သိထားသင့်တာတွေကို အပေါ်မှာ ပြောခဲ့ပြီးပါပြီ။
ဒီလောက်များတဲ့လေ့လာစရာတွေထဲမှာ
ဘယ်သူကမှ အားလုံးကို တစ်ခုမကျန်
အလွတ်မှတ်ထားနိုင်မှာ မဟုတ်ပါဘူး။
အများကြီး သိထားဖို့လိုအပ်နေတဲ့အချိန်မှာ
Programming Language တစ်ခုမှာ
ရှိသမျှ
Function တွေကို အကုန်အလွတ်ကျက်ဖို့
ကြိုးစားနေမယ်ဆိုရင် အချိန်တွေ
ကုန်သွားပါလိမ့်မယ်။ အလွတ်မှတ်နေဖို့မလိုပါဘူး။
သဘောတရားပဲ နားလည်ထားဖို့လိုပြီး
အသေးစိတ်ကို လိုအပ်လာတော့မှ
လိုအပ်သလို ရှာဖွေအသုံးပြုတက်ဖို့လိုပါတယ်။


Google ဟာ ရှာဖွေတက်သူအတွက် အမှန်တစ်ကယ်အကျိုးရှိတဲ့ Tool တစ်ခုဖြစ်ပါတယ်။ သိချင်တာတစ်ခုကို စာအုပ်ထဲမှာရှာရင်
တစ်မျိုးပဲသိရပါတယ်။
Google မှာ
ရှာရင်တော့ နည်းလမ်းပေါင်းစုံနဲ့
ပုံစံစုံ ရှင်းပြထားတဲ့ အဖြေတွေကို
ရနိုင်ပါတယ်။ ဒါကြောင့်
Google မှာ
ရှာတက်ဖို့ကလည်း အရေးပါတဲ့
အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်
...

ဒါတွေဟာ Professional ဖြစ်လိုသူတစ်ယောက်အတွက် အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုပြီး ဘယ်လို လေ့လာရမလဲဆိုတဲ့
နည်းလမ်းတွေထဲက တစ်ချို့ဖြစ်ပါတယ်။
ကျွန်တော်က
Web
Developer
တစ်ယောက်ဖြစ်လို့
ကျွန်တော်ပြောတဲ့ နည်းလမ်းတွေက
Professional Web Developer ဖြစ်လိုသူတွေနဲ့သာ
ကိုက်ညီတာမျိုးဖြစ်နိုင်ပါတယ်။
တစ်ခြားနယ်ပယ်တစ်ခုကို လေ့လာနေသူဆိုရင်လည်း
သင်တော်သလို သုံးရင် အသုံးဝင်မယ်လို့
မျှော်လင့်ပါတယ်။


ဒီလေ့လာနည်းတွေက လေ့လာနေစဉ်အတွင်းမှာပဲ လက်တွေ့လုပ်ဖို့ကို အားပေးပါတယ်။ ဒါကြောင့် စာဖတ်နေယုံသက်သက်နဲ့
မရနိုင်တဲ့ လက်တွေ့အတွေ့အကြုံတစ်ချို့ကိုလည်း တစ်ပါတည်း ရလာပါလိမ့်မယ်။
လက်တွေ့လုပ်ဖြစ်တာလေးတွေ
များလာတဲ့အခါမှာ
Software
Project
တွေရဲ့ သဘောသဘာဝတွေကိုလည်း
ပိုမိုနားလည်လာပါလိမ့်မယ်။
ဒီလိုသာ အဆက်မပြတ် လေ့လာသွားမယ်ဆိုရင်
အချိန်တိုအတွင်း အမှန်တစ်ကယ်ကျွမ်းကျင်တဲ့
Professional တွေ
ဖြစ်လာပြီး လုပ်ငန်းခွင်က
လိုအပ်နေတဲ့ အတွေ့အကြုံ နဲ့
အရည်အချင်းတွေလည်း ပြည့်ဝလာမှာပဲဖြစ်ပါတယ်။



Ei Maung (Durosoft)

ref 1: http://www.myanmaritpro.com/profiles/blogs/certificate-selfstudy-1
ref 2: http://www.myanmaritpro.com/profiles/blogs/professional-2

No comments: