Sunday, January 1, 2012

ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ကောက်နှုတ်ချက် မိန့်ခွန်း

  •    ဗိုလ်ချုပ်အောင်ဆန်း
  •      (၁၉၁၅-၁၉၄၇)
  • ကောက်နှုတ်ချက် မိန့်ခွန်း
  •     လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။ဘာဖြစ်လို့လဲ ဆိုရင်ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လိုစိတ်ကူးပြသလဲဆိုရင်ပဒေသာပင်ကြီးချက်ချင်းနေ့ချင်းညချင်း ပေါက်လာကြတော့မလိုခင်ဗျားတို့ထင်ကြတဲ့သူတွေများကြတယ်။
  • တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ဘာလုပ်ချင်သလဲဆိုတော့ကျွန်တော်အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။ဂျပန်ခေတ်တုန်း
  • က ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့လူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးဆေးတွေလှန်းကြတယ်။ဒီတော့လမ်းသွားလမ်းလာလုပ်တဲ့သူတွေအတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူးဓဓလွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲ။လွတ်လပ်ရေးဆိုတာဟာကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့
  • ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေလုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့
  • အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာလွတ်လပ်ရေးတဲ့ ပဒေသာပင် ပေါက်အောင်
  • ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက်ပြန်ပါသွားမှာပဲ စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှလုပ်နိုင်မှ...အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့အခါမှာတော်ကာကျမယ်။ဒီတော့ ကျွန်တော်တို့ကတကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေကခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့ကခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ...အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာလွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထားစေချင်တယ်။   ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့ လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။
  • သြဂုတ်လ ၁၉၄၅
  •     
  •      လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီး
  • ဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။
  •  
  • ( ၂ဝ . ၁ဝ . ၁၉၄၆ )
  •     
  •     ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီးထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်းမကျေနပ်မှု အသေး
  • အဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။

  • ( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
  •     
  •      ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်းငါတို့လောက်
  • မမြတ်ဆိုပြီး အခြားလူမျိုးတွေအပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကိုအမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။
  • ( ၁၈ . ၁၁ . ၁၉၄၅ )
  • နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ
  • ( ဧပြီ ၁၉၄၇ နတ်မောက် )
  •     သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာတော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝမမှန်ဘူး။တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့
  • တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။
  • ( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
  •     လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။
  • ( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
  •     စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်း
  • ပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ်ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားပါ
  • စေနဲ့။ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရမယ့်တိုက်
  • ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ဗမာ၊ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှ အကျိုးမရှိဘူး။တိုင်းသူပြည်သားဆန္ဒအရ
  • မဟုတ်ပဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲဖက်
  • ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်
  • စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံထူထောင်နိုင်အောင်ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေး
  • တယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။
  • ( ၁၉၄၅ သြဂုတ်လ )
  •     ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ
  • ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး
  • ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
  • ( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
  •     တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီးအင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊
  • ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
  • ( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
  •     ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာလျှော့ပြီးတော့ကာ တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြော
  • ခဲ့ချင်တယ်။
  • ( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
  •     ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ ရာဇဝင်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ရာဇဝင်မှာအဆဲခံမယ့် လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ပဒေသာပင်
  • ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်ဖြစ်စေ၊
  • နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲသည်
  • လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို
  • လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက်
  • ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်
  • တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။  ( ၁၃ . ၇ . ၁၉၄၇ ) မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း များအား အိုးဝေ သတင်းဂျာနယ်မှ မိန့်ခွန်း
  • ကောက်နုတ် ချက်များအား စုစည်းတင်ပြဂုဏ်ပြုလိုက်ပါသည်။)
  •      အိုးဝေ သတင်းဂျာနယ်
  •      အယ်ဒီတာ
  •      နေမင်းထွန်း

No comments: