Pages

Wednesday, January 25, 2012

အနီးကြည့်ကြည့် အဝေးကြည့်ကြည့် ကြည့်လို့ကောင်းဖို့ အရေးကြီးတယ်




better-eye-vision-2 

   










လူတိုင်းဟာ အမြင်အာရုံကောင်းဖို့ လိုအပ်ပါတယ်၊၊ ဒါပေမယ့် ကမ္ဘာပေါ်ရှိ လူဦးရေရဲ့ တစ်ဝက်ခန့်သာ အမြင်အာရုံကောင်းမွန် ကြတာကို တွေ့ရှိရပါတယ်။ မျက်စိပါဝါ နည်းချင် သူတွေ၊ မျက်မှန် မတပ်ချင်သူတွေနဲ့ အသက်ကြီးတဲ့အထိ အမြင်အာရုံကောင်း မွန်နေလိုသူတွေ အတွက် နည်းလမ်းကောင်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

Feed Your Eyes
   တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုဘဲ မျက်စိဟာ လည်းကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အာဟာရပြည့်ဝစွာ စားသောက် ဖို့လိုပါတယ်။
  •  မုန်လာဥ၀ါတို့ကဲ့သို့ vit A ကြွယ်ဝတဲ့အစားအစာ များများစားပေးပါ။ vit A ကြွယ်ဝတဲ့အစားအစာတွေကတော့ လိမ္မော်ရောင်၊ အနီရောင်၊ အ၀ါရောင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစိမ်းရောင်အရွက်တွေဘဲ ဖြစ်ပါတယ်။
  • တစ်ပတ်လျှင် ၂ ကြိမ် ငါးစားပေးပါ။ ငါးမှာ ကြွယ်ဝစွာပါဝင်တဲ့ Omeg 3 fatty Acid ဟာ Dry Eye Syndrome ကိုကာကွယ်ပေးနိုင်သလို အသက်ကြီးလာလို့ အမြင်အာရုံ ယိုယွင်းလာမှုကိုတားဆီးပေးပြီး မျက်ကြည်လွှာကို ကျန်းမာစေပါတယ်။
  • တစ်ပတ်ကို ဟင်းနုနွယ် ၂ ကြိမ်ခန့် စားပေးသင့်ပါတယ်။ ဟင်းနုနွယ်မှာပါတဲ့ Lutein က အသက်အရွှယ်အကြောင့် အမြင်အာရုံ ချို့ယွင်းလာခြင်းနဲ့ အတွင်းတိမ်ကို ကာကွယ်ပေးပါတယ်။
  • Taurine (Amino acid ) ဟာမျက်စိကို ဆိုးကျိုးပေးနိုင်တဲ့ Free Radical တွေ ဒဏ်မှ ကာကွယ်ပေးပြီး မျက်စိတစ်ရူး တွေကို ကျန်းမာနေအောင် ထိန်းသိမ်းပေးပါတယ်။
  • Vit C ကလည်း သင့်အမြင်အာရုံကို ကာကွယ်ပေးရာမှာ အရေးပါပါတယ်။ Vit C ဟာ အတွင်းတိမ်၊ ရေတိမ်တို့ကို ကာကွယ်ပေးနိုင်သလို အမြင်အာရုံအတွက် အရေးကြီးတဲ့ အစိတ်အပိုင်း ယိုယွင်းပျက်စီးလာမှုကို နှေးကွေးစေပါတယ်။
  • Blueberry ကလည်း မျက်စိတွင်းသွေးလည်ပတ်မှုကို ကောင်းမွန်စေလို့မျက်စိနဲ့ ကျန်းမာရေးနဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်နိုင်ဖို့ အရေးပါပါတယ်။
    မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို အစားအစာတွေမှ လုံလောက်စွာ မရနိုင်ခဲ့ရင် ဆေးဝါးတွေကို အားကိုးရမှာပါ။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုတာကိုတော့ သတိပြုရမှာပါ။

Stay Hydrated
  • ရေဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက်သာမက မျက်စိအတွက်ပါ အလွန်အရေးပါပါတယ်။
  • တကယ်လို့ သင့်မျက်လုံးဟာ မကြာခဏခြောက်သွေ့ခြင်း ၊မောပန်းနွမ်းနယ်ခြင်း ၊ေ၀၀ါးခြင်းတွေ ဖြစ်နေပြီ ဆိုရင်တော့ရေကိုသာများ များသောက်လိုက်ပါ။


Reduce Stress
  • လူတွေ ကျန်းမာသက်ရှည်ဖို့ အတွက် စိတ်ဖိစီးမှုဆိုတာ ရန်သူပါ။
  • မျက်စိအမြဲကြည့်ကောင်းနေစေဖို့အတွက်လည်း မျက်စိကိုဒဏ်မဖြစ်အောင်၊ မနိုင်ဝန်မထမ်းမိအောင် အမြဲသတိထားရမှာပါ။
  • တီဗီဂိမ်း၊ ကွန်ပြူတာနဲ့ စာတွေကို အကြာကြီးကြည့်လေလေ မျက်လုံးအတွက် ဖိအားများလေလေပါပဲ။
  • ဒါကြောင့် မျက်လုံးကို တတ်နိုင်သလောက် အနားပေးဖို့ မမေ့ပါနဲ့။


Take a Time Out
   မျက်စိကို အမြဲအလုပ်ပေးနေရသူတွေ အထူးသဖြင့် ကွန်ပြူတာ အမြဲကြည့်နေရသူတွေ ကတော့ မျက်စိအတွက် ဒဏ်ဖြစ်မှုကိုလျှော့အောင် ဂရုစိုက်ရပါမယ်။
  • အလင်းရောင် လုံလောက်စွာရပါစေ။
  • ၁၅ မိနစ်လောက် မျက်စိအာရုံစိုက်ပြီးတိုင်း အဝေးတစ်နေရာကို ၁ မိနစ်ခန့်စိုက်ကြည့်ပါ။
  • ၁ နာရီကြာပြီးတိုင်း မျက်တောင် အကြိမ် ၂၀ ခတ်ပါ။ ကွန်ပြူတာကို ကြည့်နေတဲ့အခါ မျက်တောင်မခတ်မိတာ ကြာလာပြီး မျက်လုံး အိမ်ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့ဖြစ်ပါတယ်။


Keep adequate sleep
  • အိပ်ရေးပျက်တာများလာတဲ့ အခါခေါင်းကိုက်ခြင်း ၊မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရနိုင်သလို အမြင်အာရုံေ၀၀ါးပြီး မျက်ခွံတွေလေးနေ တတ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလည်း လျှော့နည်းသွားတတ်ပါတယ်။
  • အိပ်ရေး၀၀ အိပ်စက်ခြင်းဖြင့် မျက်လုံးကြွက်သားများ လုံလောက်စွာ အနားရပြီး မျက်စိလည်း ပိုကြည့်ကောင်းလာမှာပါ။

Exercise your eyes
မျက်လုံးအတွက် အလွယ်ဆုံးလေ့ကျင့်ခန်းကတော့ ကြွက်သားများကို ဖြေလျှော့တဲ့လေ့ကျင့်ခန်းပါပဲ။
  • မျက်လုံးကို မှိတ်ပြီး စိမ်းလန်းတဲ့ရူခင်းတွေကို မြင်ယောင်ကြည့်ပါ။ မျက်လုံးကြွက်သားတွေ ပြေလျှော့သွား
    တာကို ခံစားရပါလိမ့်မယ်။
  • လက်ဝါးတွေကို ပွတ်တိုက်ပြီး ပူနွေးလာတဲ့အခါ မျက်လုံးပေါ်မှာ ကပ်ထားပေးခြင်းဟာလည်း မျက်လုံးကြွက်သားတွေ အညောင်းပြေစေပါတယ်။


Protect your Eyes
  • ရေကူးတဲ့အခါ နှင့်လေပြင်းတိုက်တဲ့နေရာတွေကို သွားတဲ့အခါမှာ ရေထဲမှာပါတဲ့ Chlorine နှင့်လေထဲမှာပါ တဲ့ဖုန်တွေ၊ အမှိုက်တွေကြောင့် မျက်စိ မထိခိုက်အောင် ကာကွယ်ပေးဖို့ မျက်မှန်တပ်ပါ။
  • နေပူထဲသွားတဲ့အခါလည်း နေရောင်ခြည်ဒဏ်က ကာကွယ်နိုင်ဖို့ နေကာမျက်မှန်တပ်ပါ။ နေကာမျက်မှန်ထဲမှာ မီးခိုးရောင်ကတော့ အကောင်းဆုံးပါ။
  • ဦးထုပ်ဆောင်းပြီးတော့လည်း နေဒဏ်ကို ကာကွယ်နိုင်ပါတယ်။
Clean Your Eyes
  • အိပ်ယာဝင်ခါနီးတိုင်း မျက်လုံးတစ်ဝိုက်ကမိတ်ကပ်တွေကို ဖျက်ပေးဖို့မမေ့ပါနဲ့။
  • မျက်နှာသစ်ပြီးတိုင်းလည်း သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါကိုသာ အသုံးပြုပါ။
  • ညစ်ပတ်တဲ့လက်နဲ့ မျက်စိကို မပွတ်မိဖို့ ၊ မကိုင်တွယ်မိဖို့လည်း သတိထားရပါမယ်။


   အထက်ပါနည်းလမ်းတွေအတိုင်း အမြဲကျင့်သုံးမယ်ဆိုရင် သင်တို့ရဲ့မျက်လုံးလေးတွေဟာ အမြဲကြည့်ကောင်းပြီး ရောဂါကင်းနေမှာ သေချာပါတယ်။

Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com    မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment