Pages

Wednesday, January 18, 2012

လေပြွန်ရောင်ခြင်း (Bronchitis)



လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေးလွှာ
(mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ
ချွဲသလိပ်များပြားလာခြင်းကြောင့် လေပြွန်ကျဉ်းမြောင်းလာ၍ ချောင်းဆိုးသလိပ်ထွက်ဖြစ်လာပြီး မောလာတတ်ပါတယ်..
လေပြွန် ရောင်ခြင်း ကို

1.    လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့

2.    နာတာရှည် လေပြွန် ရောင်ခြင်း (chronic bronchitis) ဟု
ခေါ်ဝေါ် သတ်မှတ်ထားပါတယ်..

လတ်တလော လေပြွန် ရောင်ခြင်း ဆိုသည်မှာ အချိန် ကာလ ၆ ပတ် ထက် လျော့နည်း ပြီး လေပြွန် ရောင်ခြင်းကို
ခေါ်ပြီး အသက် ရှူ လမ်းကြောင်း ပိုးဝင် မှုကြောင့် ဖြစ်ပေါ် ပါတယ်..


၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင် မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်..

လက္ခဏာ များကတော့ ချွဲသလိပ် ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေ အားလျော့ လာခြင်း တို့ ဖြစ်ပေါ် တတ်ပြီး အချို့
မှာ ဖျားလာ ခြင်း နဲ့ အသက် ရှူရာ တွင် ရင်ကျပ် ပြီး ၀ီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်..

ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွားသူများတွင်လည်း လေပြွန် ရောင်ခြင်း ဖြစ်ပေါ်တတ်ပြီး ပန်းနာကြောင့် လေပြွန်ရောင်ခြင်း
(Asthmatic Bronchitis) လို့ ခေါ်ပါတယ်..

လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ် ပါက
•    အိမ်တွင် လုံလောက် စွာ အနားယူပါ..
•    အရည် များများ သောက်ပေးပါ..
•    ဆေးလိပ် လုံးဝ မသောက် ပါနဲ့..
•    ဖျားနာ ကိုက်ခဲ ခြင်းရှိပါက ပါရာစီတမော သောက်နိုင် ပါတယ်..
•    ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးပါ..
•    ချွဲမထွက်လျှင် (သို့) ချွဲနည်းသွားလျှင် ချောင်းဆိုးပျောက်ဆေး (Cough Suppressant) သောက်နိုင်ပါတယ်..
•    များသော အားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်သဖြင့် ပဋိဇီဝဆေး (Antibiotic) များမလိုအပ်ပါ..
ဘက်တီးရီးယားကြောင့် ဖြစ်ပါကသင့်တော်သော ပဋိဇီဝဆေးလိုအပ် ပါတယ်..


ပုံမှန်ကျန်းမာသောသူများမှာ လတ်တလော လေပြွန်ရောင်ပြီး နောက်ပုံမှန်လေပြွန် အခြေအနေသို့ ပြန်ရောက်နိုင်

ပါတယ်..နာတာရှည် လေပြွန်ရောင်ခြင်းဆိုသည် မှာ ချောင်းဆိုးခြင်းဟာ တစ်နှစ်မှာ ၂ လ မှ ၃ လ ဆက်တိုက်ဆိုးပြီး
အနည်းဆုံး နှစ်နှစ်ထိဖြစ်ပွားခြင်းကို ခေါ်ဆိုပါတယ်.. ဆေးလိပ်သောက်ခြင်း ဟာ နာတာရှည် လေပြွန်ရောင်ခြင်း ရဲ့
အဓိကအကြောင်းတစ်ရပ် ဖြစ်ပါတယ်.. နာတာရှည်လေပြွန် ရောင်ခြင်းဟာ အကြောင်း အမျိုးမျိုး ပေါ် မူတည် ပြီး
ဖြစ်ပွားတတ်ပါတယ်.. ပိုးဝင်လေပြွန်ရောင်ခြင်း မကြာခဏဖြစ်လျှင်သော်၎င်း၊ အသက်ရှူ လမ်းကြောင်းတစ်လျှောက်
အမှုန်အငွေ့ တစ်မျိုးမျိုး ကြာရှည်စွာထိတွေ့နေရလျှင်သော် ၎င်း လေပြွန်အချွဲမြှေးလွှာ အမြဲရောင်ရမ်းပြီး လေပြွန်မွှေးမျှင်
(Cilia) များပျက်စီးကာ နာတာရှည်လေပြွန်ရောင်ခြင်း ဖြစ်ပေါ်စေပါတယ်.. ကျောက်မီးသွေး မိုင်းလုပ်သားများ၊ သီးနှံ
ဆွတ်ခူးရသူများ၊ သတ္တုလုပ်ငန်းလုပ်ကိုင် သူများသည် အခြားသူများထက် နာတာရှည်လေပြွန်ရောင်ခြင်း ပိုမို ဖြစ်ပွား
ကြောင်း တွေ့ရ ပါတယ်.. နာတာရှည်လေပြွန်ရောင်ခြင်းဖြစ်ပွား လျှင်


•    ဆေးလိပ် လုံးဝ ဖြတ်ရ ပါမယ်..

•    ဆရာဝန် ညွှန်ကြားမှုမရှိပဲ ချောင်းဆိုးပျောက်ဆေး (Cough Suppressant) များကိုမသုံးရပါ..
     ချွဲပျော်ဆေး (Expectorant) များကို အသုံး ပြုနိုင် ပါတယ်..
•    လေပြွန် ကျဉ်းမြောင်း ခြင်း (Bronchoconstriction) ဖြစ်ပေါ်ပါက လေပြွန်ကျယ်ဆေး (Bronchodilator) နဲ့
     စတီးရွိုက်ဆေး (Steroid) များကိုအသုံးပြုနိုင်ပါတယ်..
•    သလိပ်အရောင်ပြောင်းခြင်း၊ ပုံမှန်ထက်များလာခြင်း ဖြစ်ပေါ်ပါက သင့်တော်သော ပဋိဇီဝဆေးကို (၅) ရက်မှ
     (၁၀) ရက်ထိသောက်ရပါမယ်..


လေပြွန်ရောင်ခြင်း မဖြစ်စေရန် ဆေးလိပ်မသောက်ရပါ။ မိမိ နေအိမ်တွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ရပါမယ်။

လူထူထပ်သော၊ အခိုးအငွေ့ များသော၊ ဖုံမှုန်ထူထပ်သော နေရာများကို ရှောင်ရှားရပါမယ်။ အအေးမိဖျားနာပါက
လုံလောက်စွာ အနားယူပါ။ ဆရာဝန်ညွန်ကြား သည့်ဆေးကိုလိုက်နာသောက်သုံးပါ။ အာဟာရ ပြည့်ဝ စွာစား သုံးပါ။
မကြာခဏ လက်ဆေးပါ။ အစားအသောက်အသုံးအဆောင် ပစ္စည်းများ မျှဝေသုံးစွဲ ခြင်းရှောင်ကြဉ်ပါ။ နာတာရှည်လေ
ပြွန်ရောင်သူများဟာ အေးသော ရာသီတွင်နွေးထွေးစွာဝတ်ဆင်ခြင်းဖြင့် အအေးမမိအောင်ကာကွယ်နေထိုင်ပါ။
နမိုးနီးယားကာကွယ်ဆေး(Pneumonia Vaccine)၊ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) များကို ထိုးနှံထားပါ။
အစရှိသဖြင့် ကာကွယ်နေထိုင်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်..


အားလုံး အဆုတ်ရောဂါအပေါင်းမှ ကင်းဝေးကြပါစေ...။

No comments:

Post a Comment