Pages

Thursday, February 9, 2012

ရှေးမြန်မာတို့ရဲ့ ချစ်စရာ စကားဝှက်ဖွဲ့မှုထုံစံလေးတွေ ပျောက်ကွယ်သွားတော့မှာလား

ရှေးမြန်မာတို့သည် ခင်မင်ရင်းနှီးသောသူငယ်ချင်းတွေ့လျှင် တစ်ဦးနှင့်တစ်ဦးစကားပြောရာ၌ မိမိပြောလိုသော စကား
၏ အနက်အဓိပ္ပါယ်ကို ကွယ်ဝှက်၍ မေးခွန်ထုတ်ကာမေးသောဓလေ့ရှိ၏ ။့ဤသို့ပုစ္ဆာထုက်ကာမေးသည်ကို စကားထာ
ဝှက်သည်ဟု ခေါ်သည်။
စကားထာဝှက်သည်၏ မေး ခွန်းကို အမေးခံရသူက ပြန်မဖြေနိုင်ပါက ပန်းပေးသည်ဟု ပြော
ရသည်။ ပန်းပေးလာလျှင် စကားထာဝှက် သူက စကားထာ ၏ အနက်အဓိပ္ပါယ်နှင့် အဖြေကို ရှင်းပြရသည်။


စကားထာ အမျိုးအစား(၅)မျိုးခန့်ရှိသည်ကိုတွေ့ရသည်။

ကာရန်ဖြင့်ဝှက်သောစကားထာ ၊
ဥပမာ ဖြင့် ၀ှက်သောစကားထာ ၊
အနက်ဖြင့် ၀ှက်သောစကားထာ ၊
စကားလိမ်ဖြင့်ဝှက်သော စကားထာ ၊
သင်္ချာဖြင့်ဝှက်သော စကားထာ ဟူ၍ ဖြစ်သည်။


ကာရန်ဖြင့်ဝှက်သောစကားထာမှာ “တောင်ကြိုတောင် ကြားပေါက်တဲ့ဝါး အဖျားခပ်သွယ် သွယ်”မှာ ဆိုသည့်စကား

ထာ၏ အဖြေမှာ“အိမ်ကြိုအိမ်ကြားပေါက်တဲ့သား စကားခပ်ကြွယ်ကြွယ် ” ဟူ၍ ဖြစ်သည်။

နောက်ဥပမာ တစ်ခုကိုပြရလျှင်“ဓားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်....ငယ်ကပေါင်းမို့အောင်းမေ့တယ်.” ဟူ၍ဖြစ်

သည်။ အမေးကာရန် ပါသလိုပါသလိုအဖြေကာရန်ပါ ပါသည်။

ဥပမာ ဖြင့် ၀ှက်သောစကားထာ မှာ မ၀တ်ဘဲ ဖြူတဲ့ နတ်ပုဆိုး ၊ မလောင်းဘဲ ပြည့်တဲ့ နတ်ရေအိုး ။ ထို စကားထာ၏
အဖြေမှာ အုန်းသီးအဆန်နှင့် အုန်းရေ ဖြစ်သည်။ အုန်းသီးအဆန်သည်မည်သူမျှ မလျှော်ဖွတ်မဆေးကြောဘဲ နှင့် ဖြူဖွေး
နေပြီး အုန်းသီးထဲ၌ ပြည့်နေသောအုန်းရေသည် မည်သူမှ မဖြည့်ထားဘဲ ပြည့်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။


အနက်ဖြင့် ၀ှက်သောစကားထာမှာ ရင်မှာ ထား သားလည်းမဟုတ်၊ မြေမ သက်ငှက်လည်းမဟုတ် ၊ အမြှီးကောက်

မျောက်လည်းမဟုတ် ၊ မုတ်ဆိတ်ဖွား ကုလားလည်းမဟုတ် ဟူသောစကားထာမှာ စောင်းကောက် ဖြစ်လေသည်။


မဟောသဓာ ဇာတ်တော်၌ တွေ့ရသော မဟောသဓာ နဲ့ အမရာတို့ပြောသောစကား၌လည်း အနက်စကားထာနှင့် ပြော

ကြသည်ကိုတွေ့ရသည်။ မဟောသဓာက အမရာ၏ဖခင်ဘာအလုပ်လုပ်ကိုင်သလဲ မေးသည်ကို လူတို့ အကြိမ်တရာ
ရောက်က တစ်ခေါက်ပြန်မလာနိုင်သော အရပ်၌ လယ်လုပ်ပါသည်ဟု အမရာက ပြန်ဖြေသည်။ အနက် အဓိပါယ်က
သင်္ချိုင်းကုန်းမြေ၌လယ်လုပ်ခြင်းဖြစ်သည်။


စကားလိမ်ဖြင့် ၀ှက်သောစကားထာမှာ စကားလုံး၏ အသံကာရန်ကို ပြောင်းပြန်ပြု ထားပြီးပြောရသော စကားဖြစ်သည်။

ဥပမာ လောကဓံကို လံကဓော ၊ အ၀ိဇ္ဇာကို အ၀ါဇိတ် ဟူ၍ စပါယ်ဖူးစ ဆီးယောင်းမ ဟူသော စကားထာသည် စကား
လိမ်ဖြင့်ဝှက်သော စကားထာ အမျိုးအစားဖြစ်သည်။


စပါယ်ဖူးစသည် ငုံ၍ မနေပါလော..... ယောင်းမသည် မွှေသော်အရာ မဟုတ်ပါလော

ထိုကြောင့် ငုံမွှေ ဟူ၏။ ငုံမွှေကိုအသံ ကာရန် ပြောင်းပြန်လှန်လိုက်သောအခါ ငွေမှုံဟူ၍မဖြစ်ပါလော။

ငွေမှုံ သည် မိန်းခလေးများကိုမှည့်ခေါ်သောနာမည် ဖြစ်သည်။

သင်္ချာဖြင့်ဝှက်သော စကားထား၌ မိန်းခလေး တစ်ဦးသည် သူ၏ အသက်ကို ယခုလိုစကားထာဖြင့်ပြော၍ လာသည်။

အလံတစ်ရာမြွေ တွင်းမှာ ခွေ ၊ တစ်နေ့လက်နှစ်သစ် ၊ကျွန်တော်က သက္ကရာဇ် ဟူ၍အဆိုပါစကားထာကိုဖြေရန်မှာ
မြန်မာရိုးရာ အတိုင်းအရှည် တွက်ချက်နည်းဖြင့်တွက်ချက်မှရပါသည်။

အလံတစ်ရာကို လက်သစ်ဖွဲ့သော် (၉၆၀၀) ရ၏။ တစ်နေ့လက်နှစ်သစ် ဆိုသည့်အတွက်(၉၆၀၀)ကို ၂ဖြင့်စားသော်
(၄၈၀၀) ရ၏ ။ (၄၈၀၀) သည် ရက်ဖြစ်၍ လဖွဲ့သော် လပေါင်း (၁၆၀)ရ၏။ (၁၆၀) ကို နှစ်ဖွဲ့သော် ၁၃ နှစ်နှင့် ၄ လရ၏။
ထိုကြောင့် စကားထာဝှက်သူ မိန်းခလေးသည် အသက် ၁၃နှစ် နှင့် ၄လ ဖြစ်ကြောင်းအဖြေရသည်။

သူ၏မွေး သက္ကရာဇ်ကိုသိလိုပါက ကောဇာသက္ကရာဇ်မှ ၁၃နှစ်နှင့် ၄ လ ကို နှုတ်ပါက မွေးသက္ကရာဇ်ကို ရ၏ ။

ဤသို့စကားထာ အမျိုးမျိုးတို့ကိုပြောဆိုတက်ရန်မှာ မြန်မာမှုနှင့် မြန်မာစာကဗျာ ကာရန်ကိုနားလည်မှာသာလျှင်

ပြောနိုင်ပါလိမ့်မည် ။ နားလည်တက်ကျွမ်းခြင်းမရှိပါကပြောနိုင်လိမ်မည်မဟုတ်ပါ ။

ယခုအခါမှာ ထိုချစ်စရာ မြန်မာမှုဓလေ့မှာပျောက်ကွယ်လုနီးပါးဖြစ်နေလေပြီ။

Posted by pyiesone ( မြန်မာချစ်သူများ )



1 comment:

  1. မှတ်သားလောက်တဲ့ စကားဝှက်လေးတွေပဲ ညချစ်သူရေ
    မသိတာတွေလည်းအခုမှဖတ်ရသလို တစ်ချို့လည်း
    ဖတ်ဘူး ကြားဘူးတာတွေပါတယ်။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete