တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးဟာ ကုန်ပစ္စည်းတစ်ခုလုပ်ဖို့ ရွာတစ်ရွာကို
သစ်တုံးကြီးတစ်တုံးစီပေးတယ်တဲ့…
ရွာတစ်ရွာမှာတော့ သူကြီးက တုံးခေါက်ပြီး.. ရွာသားတွေကို စုဝေးစေသတဲ့..။
ပြီးတော့ သူကြီးက ဘရင်ကြီးပို့လိုက်တဲ့ သစ်တုံးပေါ်မှာ ခန့်ခန့်ညားညားကြီးရပ်ပြီး..
ဘုရင်မင်းမြတ်က.. ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ ရွာတစ်ရွာကို သစ်တုံးကြီးတစ်တုံးစီ..
ပေးသနားတော်မူတယ်….
ကဲ….
သစ်တုံးကြီးကို ဒို့ဘာလုပ်ရင်ကောင်းမလဲ.. လို့ ရွာသားတွေကို မေးတယ်တဲ့..။
ရွာသားတွေလည်း သစ်တုံးကြီးကို ဟိုပတ်လိုက် ဒီပတ်လိုက်ကြည့်ပြီး..
သူကြီးကို ဒီလောက်ကြီးတဲ့ သစ်တုံးကြီးကို လှေထွင်းရင်ရလောက်တယ်…လို့ပြောေ
အားလုံးသဘောတူပြီး… လှေထွင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်..။
နောက်တစ်နေ့မနက်မှာတော့ ရွာသားတွေအားလုံး ဓား၊ ပုဆိန်တွေနဲ့ အားတတ်သရော..
သစ်တုံးကြီးကို လှေဖြစ်အောင်ထွင်းကြတယ်တဲ့.. ပြီးလဲပြီးရော သူကြီးက တတ်ကြည့်လိုက်တော့..
လှေဝမ်းက .. အပေါက်ကြီးဖြစ်နေတယ်တဲ့..၊။
သူကြီးက ဒုက္ခပါဘဲ လို့ လှေကြီးက အပေါက်ကြီးနဲ့ဆိုတော့ .. ဘယ်မှာသွားသုံးမလဲ လို့ ပြောရှာတယ်
ကဲ နောက်ထပ် ၀ိုင်းဝန်းစဉ်းစားကြဦး.. ဒီလှေကို ဘာဆက်လုပ်ရင်ကောင်းမလဲ လို့မေးတယ်တဲ့။
ဒီတော့ ရွာသားတွေက တစ်ယောက်တစ်ပေါက် အကြံမျိုးမျိုးပေးကြရင်း..
တစ်ယောက်က စားပွဲ၊ ကုလားထိုင်တစ်စုံ.. စာလုပ်လို့ရသေးတယ်လို့ အကြံပေးရင်း..
အားလုံးသဘောတူကြပြီး စားပွဲ၊ ကုလားထိုင်တစ်စုံ အားကျိုးမာန်တတ် ကြိုးစားဝိုင်းလုပ်ကြပြန်တယ်.။
အားလုံး ပြီးသွားရော သူကြီးက မောမောနဲ့ ကုလားထိုင်ပေါ်မှာ နားမယ်ဆိုပြီး တက်ထိုင်လိုက်တာနဲ့
ကုလားထိုင်ခြေထောက်က ကျိုးသွားပြန်ပါရောတဲ့.။
သူကြီးက ဒုက္ခပါဘဲ ဖြစ်ပြန်ပါပြီး ကဲ… ဘာဆက်လုပ်လို့ ရမလဲ.. ၀ိုင်းစဉ်းစားကြပါဦး. ဆိုပြီး
ပြောတော့.. စဉ်းတီးတုံးတော့ ဖြစ်ဦးမယ်ဆိုပြီး စဉ်းတီးတုံး -၀ိုင်းလုပ်ကြပြန်ရောတဲ့…
စဉ်းတီတုံးလည်း ပြီးသွားရော၊ ကြည့်လိုက်တော့ အပဲ့ ကြီးဖြစ်နေတယ်တဲ့. ၊ သူကြီးက ပြောရင်း..
ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတုန်း (သွားကြားထိုးတံ) ကိုက်ထားတဲ့ ရွာထဲက လူငယ်တစ်ယောက်
က သူကြီး ဘာဆက်လုပ်မလဲ လို့ မေးတယ်တဲ့..
အဲ့ဒီတော့မှ သူကြီးက မျက်နှာဝင်းခနဲ ဖြစ်သွားပြီး ဟာ.. ခုမှ ငါအကြံရတယ်။
သွားကြားထိုးတံ လုပ်လို့ရသေးတယ်ဆိုပြီး သွားကြားထိုးတံ လုပ်နေကြပြန်တယ်တဲ့…။
နည်းပညာမရှိရင် .. ကြီးမားတဲ့
သစ်တုံးကြီးတောင် … သွားကြားထိုးတံ ဖြစ်တတ်တယ်…။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်……
ကျေးဇူးတင်ပါတယ်.. ဖတ်ရှု့ကြသော စာဖတ်ဝါသနာသူငယ်ချင်းများကို …
Posted By..La Min
မေမွန်ကျော်
No comments:
Post a Comment