“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)
" ဗိုလ်ချုပ်ပေးတဲ့ မြန်မာပြည် "
လူ့လောကထဲ သူနေခဲ့ရတာက
၃၂နှစ်၊၅လ၊၆ရက်တည်းရယ်ပါ။
၁၃.၂.၁၉၁၅ မှ ၁၉.၇.၁၉၄၇
နက်မောက်ဦးသောဘိတကျောင်း..
ရေနံချောင်း အမျိုးသားကျောင်း...
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့..
၁၉၄၃ ကျောင်းသားသမဂ္ဂအမှု့ဆောင်နဲ့
နိုင်ငံရေးဘဝစတင်
နိုင်ငံရေးလုပ်သက်၁၃နှစ်
အဓိကဖြတ်သန်းမှု့တွေကတော့
မြန်မာ့လွတ်လပ်ရေး(သို့)
စတုတ္ထမြန်မာနိုင်ငံတော်....။
အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုးအရိုးးခံ
ခေါင်းအမာဆုံး
ဇွဲအရှိ့ဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား...။
သူမသိနားမလည်တာတွေက အများသား
ရေမကူးတတ်ဘူး...
စက်ဘီးမစီးတက်ဘူး...
စန္ဒရားမတီးတက်ဘူး...
သီချင်းကောင်းကောင်းနားမထောင်ခ့
ဒါကြောင့်မို့  >>>>>>>>>>>>>>>>>>>>
တိုင်းတစ်ပါးကထွင်လိုက်တဲ့မိမိ
ကိုကျွန်တော်တို့ မြန်မာပြည်သူတွေ အမြဲတမ်းအမှတ်ရနေကြလျှင်၊ ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးအကျိုးစီးပွားအတွ
မိမိတို့တိုင်းပြည်ရဲ့ သူရဲကောင်းအာဇာနည်တစ်ဦးရဲ့ မွေးနေ့ကို
အမှတ်ရဖို့ဆိုတာကြတော့ကော ဘာကြောင့် ၀န်လေးနေကြရမှာလဲဗျာ
အောက်က ကဗျာလေးကတော့ အခုခေတ် သင်ပုန်းကြီး ဖတ်စာမှာ သင်ခွင့်မရတော့တဲ့
ဗိုလ်ချုပ် အမှတ်တရ ကဗျာလေးပါ။ မှတ်မိကျအုံးမလားတော့မသိပါဘူးဗျ
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်dr
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ရန်နိုင်
1 comment:
ကဗျာလေးမှတ်တရဖတ်သွားပါတယ်
Post a Comment