ပန်းအဘိဓာန်.....
လူတွေက ကိုယ်ချစ်တဲ့ သူ..... ကိုယ်မြတ်နိုးတဲ့သူတွေကို ..အမှတ်တရနေနဲကသော်လည်ကောင်း လက်ဆောင်အနေနဲ့သော်လည်ကောင်း ပန်တွေကို ပေးတက်ကြပါတယ်...ဒါပေမယ့်လူတော်တော်များများက ကိုယ်ပေးလိုက်တဲ့ပန် ရဲ့အဓိပ္ပါယ်ကိုတော့မသိကြပါဘူး...ဥပမာ... မိန်းကလေး တစ်ယောက် ယောက်ျားလေးတစ်ယောက်ကို... စံပယ်ပန်း လက်ဆောင်ပေးတယ်ဆိုပါဆို့...အဲဒီမိန်းကလေးက မိမိပေးတဲ့ပန်းရဲ့အဓိပ္ပါယ်ကို သေချာမသိ ပဲသွားပေးမိတော့ ယောက်ျားလေးဘက်က ဒီကောင်မလေးငါ့ကို ချစ်နေတယ်လို့ထင်သွားတာမျိုး...ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ် ယောက်ကို ဆပ်သွားဖူးပန်း လက်ဆောင်ပေးပြန်ရင်လဲ...ကောင်မလေးဘက်က သူ့ကိုသစ္စာမရှိဘူးလို့..ထင်သွားတာမျိုးအစရှိသဖြင့်ပေါ့...ဒီပိုစ့်လေးက သူငယ်ချင်းတစ်ယောက်ကိုအကြောင်းပြု့ပြီးရေးဖြစ်သွားတာပါ... ဖက်ဖူးတဲ့စာအုပ်တစ်အုပ်ထဲကနေ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်...
၁) ကံကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်
၂)ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့ ခင်မင်ကြရအောင်..
၃)ခရေပန်း - မေ့မသွားပါနဲ့...
၎)ခေတ္တာပန်း - အားငယ်ရသူမို့ညှာတာပါ...
၅)ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်...
၆)ခေါင်းလောင်းပန်း - အမြန်ဆုံးနီးဆပ်ချင်တယ်....
၇)ဂန္တာမာပန်းအဖြူ - ငြိမ်းချမ်းပါစေ..
၈)ဂန္တာမာပန်းအဝါ - သတိရနေမယ်....
၉)ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်..သူ
၁၀)စံပါယ်ပန်း - မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်...
၁၁)ဆပ်သွားဖူးပန်း - သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်...
၁၂)ဆောင်တော်ကူးပန်း - မင်းကြောင့်ရူးနေရပြီ
၁၃)ညမွှေးပန်း - အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်....
၁၄) ဒေလီယာပန်း - မကြာခင်မှာ ဆုံတွေ့ကြရအောင်...
၁၅)ဒန်းပန်း - ဘဝကိုအရုံးမပေးပါနဲ့.
၁၆)ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ...
၁၇)ဒေါနပန်း - တို့တွေ ခွဲခွာကြစို့...
၁၈)နှင်းပန်း - အဆင်မပြေမှုတွေက ခဏပါ
၁၉)နှင်းဆီပန်း အနီ - မင်းကိုချစ်မိနေပြီ
၂၀)နှင်းဆီပန်း အဝါ - မိတ်ဆွေအဖြစ် ခင်ရအောင်
၂၁)နှင်းဆီပန်း ပန်းရောင် - ကျေးဇူးတင်ကြောင်း..
၂၂)နေကြာပန်း - မင်းရဲ့ဘဝရှေ့ရေးအတွက်တာဝန်ယူပါတယ်
၂၃)ပျားခတ်ပန်း - မင်းဟာ ပန်းပွင့်လေးလို လှပါသူပါ...
၂၄)ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်ပါ...
၂၅)ဖယောင်းပန်း - အထီကျန်ကျေကွဲရခြင်း
၂၆)မြတ်လေးပန်း - ဇွဲသတ္တိရှိခြင်း
၂၇)မိုးမခပန်း - လွမ်းဆွတ်ကျေကွဲရခြင်း..
၂၈)သဇင်ပန်း - ကျေးဇူးပြု့ပြီးမမုန်းပါနဲ့
၂၉) သစ်ခွပန်း - ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...
၃၀)သော်ကပန်း - ကိုယ့်ကိုခွင့်လွတ်ပါ..
၃၁)သံလွင်ပန်း - အောင်မြင်ခြင်း ..ဂုဏ်ပြု့ခြင်း
၃၂)ရွက်လှပန်း - နှုတ်ဆက်လိုက်ပါတယ်...
၃၃)ဝိုင်အိုလက်ပန်း(ခရမ်းရောင်) - မျှော်လင့်သလို ဖြစ်လာပါစေ..
၃၄) အုန်းပန်း - ကံကောင်းခြင်း ။ ။
DavidO.flyno ၏ Feoral Dictionary ကို ဆရာမင်းခိုက်စိုးစန် ဘာသာပြန်ထားသော... စာအုပ်တစ်အုပ်မှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။။
No comments:
Post a Comment