- လူကို စိတ်ကအုပ်စိုး၍ စိတ်ကို စဉ်းစားတက်တဲ့ အသိဥာဏ်က အုပ်စိုးတယ်။
- စိတ်ဓာတ်ပျက်လျှင် ဒုက္ခကြီးလာ၏၊ စိတ်ဓာတ်တက်လျှင် ဒုက္ခသေးသွား၏၊ စီးပွားပျက်လျှင်လည်း စိတ်ဓာတ်မပျက်နှင့်၊ ကျန်းမာရေးပျက်လည်း စိတ်ဓာတ်မပျက်နှင့်။
- စူးစိုက်သောသမာဓိသည် စိတ်တန်ခိုး။ စိတ်ဓာတ်ကြွယ်ဝမှ လူကြွယ်ဝသည်။ စိတ်ဓာတ်သန်မှ လူသန်သည်။ စိတ်မွဲလျှင် လူလည်းမွဲတော့သည်။
- သောကစိတ်သည် အထွေထွေသော ဒုက္ခဆင်းရဲခြင်း၏ မြစ်ဖျားခံရာဖြစ်သည်။
- စိတ်တို့မည်သည် ညစ်မည်ဆိုလျှင် တိုး၍တိုး၍သာ ညစ်ပြီးမညစ်တော့ပါဘူးဆိုလျှင် တစ်နေ့တစ်ခြား အညစ်ပြေသွားတော့သည်။
- အောင်စိတ်ရှိမှအောင်မြင်မည်။
- ရှုံးနိမ့်မှုသည် ရဲစွမ်းသတ္တိရှသူတို့အဖို့ အောင်မြင်ခြင်းတက်လှမ်းရန် ခုတုံးများဖြစ်သည်။
- လူတစ်ယောက်၏ စိတ်နေသဘောထားကို ကြည့်လျှင် ထိုသူ၏ အနီးစပ်ဆုံးလူများ၏ ဆက်ဆံရေး ကိုကြည့်ပါ။
- စိတ်သဘောထား ကြီးမြတ်သူတို့သည် ကြီးကြယ်မြင့်မြတ်သော ရည်မှန်းချက်ကိုသာ မျှော်မှန်း ထားကြသည်။
- စိတ်ဆိုးစဉ် စကားမပြောနှင့်။ မှန်သောစကားဆိုမှ ကျော်ဇော၏ ကျော်ဇောမှ အလုပ်တွင်၏။
- စိတ်ဓာတ်ရင့်ကျက် ကြံ့ခိုင်တည်မြဲစေရန်မှာ တစ်ခဏလုပ်၍မရနိုင်၊ စွဲမြဲစူးစိုက် အချိန်ပေးလုပ်ယူရမည်။
- စိတ်ဆိုးခြင်းသည် ခေတ္တရူးခြင်းတစ်မျိုးပင်။
- လောက၌ စိတ်ကူးရုံသာစိတ်ကူးပြီး အလုပ်တစ်စုံတစ်ခု မလုပ်ဘဲ ကြီးပွားခြင်းရယ်လို့မရှိ။ စိတ်ကူးကို စွန့်စွန့်စားစား လုပ်ခဲ့သူတွေသာ ကြီးပွားတိုးတက်ခဲ့၏။ ကြီးပွားသူတိုင်းသည် အပင်ပန်းခံ ကြိုးကြိုးစားလုပ်ကြသည်။
- အလွန်ညံ့ဖျင်းသော စိတ်ယုတ်မာအပေါင်းတွင် ကြောက်ရွံ့စိတ်သည်အဆိုးရွားဆုံးဖြစ်၏။
- သင့်ဆန္ဒသာလျှင်ပြင်းပြပါစေ၊ သင်မုချအောင်မြင်ရမည်။
- ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ ရောက်နေလို့ စိတ်ဓာတ်မပျက်ပါနဲ့။ ကြာပန်းလို ရွှံ့ထဲက ထိုးထွက် ရေပေါ်မှာ နေပြလိုက်စမ်းပါ။
- ကိုယ်ဟာ တစ်ဆင့်ထက်တစ်ဆင့် အမြင့်ကိုရောက်လာတိုင်း ကျေနပ်တင်းတိမ်မနေပါနဲ့။ အမြင့်ဆုံးရောက်သည့်တိုင်အောင် ကြိုးစားရုန်းကန်ရမည်။http://www.mee-pya-tite.com/2007/11/blog-post_30.html
No comments:
Post a Comment