Saturday, February 4, 2012

ချွေတာခြင်းသည်



ချွေတာခြင်းသည် အရာရာ၌ စည်းစနစ် ထားခြင်းပင်ဖြစ်လေရာ ချွေတာခြင်းကိုလေ့ကျင့်သူမှန် က အရာရာ၌စည်းစနစ်ကျသူ၏ အဖြစ်သို့ ရောက်ရမည်သာတည်း။
ထိုအလေ့အကျင့်ကား ကိုယ်တိုင်မှာပင် စိတ်နှင့်ကိုယ်ကို အရာရာ၌ ထိန်းသိမ်းစောင့်ရှောက် ခြင်း ဖြစ်သဖြင့် အထူးအဖိုးထိုက်တန်လေသည်။

ချွေတာခြင်းသည် ငွေနှင့်သာ ပတ်သက်သည် မဟုတ်။ အချိန်နှင့်လည်း ပတ်သက်၏။ ငွေကို ချွေတာသလို အချိန်ကိုလည်း ချွေတာရလေသည်။
ငါလည်း တစ်နာရီလျှင် အဘယ်မျှတန်ဖိုးရှိသည်ဟု မိမိကိုယ်ကို နာရီနှင့်တန်ဖိုးဖြတ်ရလေ သည်။
လက်ဖြင့်လုပ်သော အခစားကူလီများပင် ထိုကဲ့သို့ အဖိုးဖြတ်ကြလေရာ စိတ်၊ ဥာဏ်နှင့် လုပ်သူတို့မှာလည်း ထိုနည်းအတိုင်း အဖိုးဖြတ်သင့်ကြလေသည်။
အချိန်ကိုချွေတာခြင်းတွက် အဘယ်အချိန်မှာ အဘယ်အရာကို လုပ်မည်ဟူသောစနစ်ကို ပုံ သေထားမည်ဟု ပြောကြလေသည်။
ဤကဲ့သို့ထားခြင်းသည် လူမှုရေးရာ လွန်စွာမှများပြားသော ဤခေတ်ဤအခါ၌ အခါခပ်သိမ်း သင့်လျော်မည် မဟုတ်ပေ။
အကောင်းဆုံးသောနည်းများမှာ နေ့စဉ်နေ့တိုင်း ပထမ ရရှိသော အစေားဆုံးအချိန်မှာ အရေး ကြီးဆုံးသော အလုပ်ကို လုပ်ပေးရမည်။
အဘယ်မျှလောက် အရေးကြီးသည်ကိုကား စောစောကပင ကြိုတင်၍ စဉ်းစားမှတ်သား၍ ထာ ရမည်။ ထို့နောက် အားလပ်သမဆအချိန်များ၌ ငါဘာလုပ်ရမည်ဟူ၍ စဉ်းစားကာ အသိကို တစ်မျိုးပြီး တစ်မျိုး အလှည့်ကျလုပ်ကိုင်ဖို့သာ လိုလေသည်။
ချွေတာခြင်းကို မဖြစ်နိုင်ဟု မည်သူမဆ ပြောခွင့်မရှိပေ။ ချွေတာသဖြင့် ကြီးပွားချမ်းသာ၍သွား သူတွေ များစွာရှိကြလေရာ သူသူ၊ ငါငါ လေ့ကျင့်နိုင်သောအရာကို အဘယ်အတွက် လေ့ကျင့် ခြင်းမပြုဘဲ နေနိုင်ပါမည်နည်းဟု မိမိကိုယ်ကိုသာ မေးဖို့ရှိလေသည်။
အချို့သောသူများသည် အသက်ကိုစွန့်စား၍ စီးပွားကို ရှာကြလေသည်။
ထိုမျှလောက် စွန့်စားခြင်းပြုဖို့မလိုဘဲလျက် သုံးလေးနှစ်အတွင်းမှာ တကယ်ကြီးပွားချမ်းသာ မည်။ အအိပ်မပျက် ပင်ပန်းနွမ်းနယ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ချမ်းသာမည်ဟု သေချာစွာ သိရချေက အဘယ်အတွက် မလုပ်နိုင်ဘဲ ရှိပါမည်နည်း။
ထိုအလုပ်ကို လုပ်သူသည် ဆင်းရဲ့ဒုက္ခအနည်းငယ်မဆ ရဖို့မရှိရုံမျှမက လုပ်ဆောင်သောနေ့မှ စ၍ တစ်နေ့တစ်ခြား စိတ်လက်ပျော်ရွှင် ချမ်းသာဖို့သာ ရှိသည်ကိုသိရကာ အဘယ်လို လုပ်ရ ပါမည်နည်းဟု စိတ်အားထက်သန်စွာ မေးမည် မဟုတ်ပါလော။
ယခုသင်မေးအံ့။
ယခုပင် ဖြေနိုင်၏။
အဖြေကား အသင်ကြိုက်နှစ်သက်သော နေ့စဉ် အပျော်အပါး အပိုကုန်ကျသည့် အလုပ်ကလေ များကို ယနေ့မှစ၍ ခြိုးခြုံပြီး ၄င်းတို့အတွက် ကုန်ကျမည့်စရိတ်များကို စာတိုက်၌ ယနေ့ကစ၍ စုထားပါက ဤကား ကျိန်းသေ အဖြေပင်တည်း။
ဤခြိုးခြံခြင်းကလေးသည် အဘယ်မျှလောက်ဝန်လေးပါ မည်နည်း။
ဝန်လေးရုံမက အစမထမရက် နည်းငယ်ကုန်လွန်သောအခါ နေသာကျလျက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကျေနပ်၍ လာဖို့သာ ရှိလေသည်။
အသင်သည် ဘောလုံးပွဲကို လွန်စွာစွဲ၍ နေအံ့။
ဘောလုံးပွဲရာသီပင်ကုန်ပြီဟု စိတ်၌ မေ့လျော့ ဖျောက်ဖျက်ထားကာ စရိတ်မကုန်သော အခြား အပျော်ကလေးတစ်ခုကို စီမံကာ ငြိမ်ငြိမ်ကလေးနေပါက အလွန်ဆုံး ရက်တစ်ပတ် ကြာသော အခါ သင်သည်ကျင့်သားရ၍မသွားပါလော။ မည့်သည့်အရာမဆို အမှန်မှာ စိတ်နှင့်သာ ဆိုင်ပါ သည်။
အသင်သည် အလုပ်ကအပြန်မှာ ဘီယာကလေးတစ်လုံးကို သောက်တတ်အံ့။
တစ်နေ့မျှ ခြိုးခြုံ၍ ကြည့်ပါ။
ဤတစ်နေ့သာ ခြိုးခြံမည်ဟု နံနက်အချိန်မှစ၍ ပိုင်းပါ။ နောက်တစ်နေ့ လွယ်၍ သွားပေလိမ့် မည်။
ထို့အတွက် ကုန်ကျမည့်ငွေကို စာတိုက်၌ စု၍ထားပါက တစ်လကြာသောအခါ၌ ထိုဝန်သည် လေးတော့မည် မဟုတ်တော့ပေ။
စုဆောင်းရာ၌ မစုသကဲ့သို့ သဘောထားရမည်။
အဘယ်သောအခါ အဘယ်မျှရည်ဟု တွေး၍ မနေရ။ ငါမှာ စိုးရိမ်စရာ ဘာမှမရှိ။ အရေးကြုံက ငါ့မှာမှီခိုရာကြီးရှိသည် ဟူသော စိတ်တစ်ခုသာ ထားဖို့လိုလေသည်။
ထိုအခါ မျက်နှာမှာ ကြည်လင်၍ လာလိမ့်မည်။
ကြောက်စိတ်တွေ ကင်း၍ လာလိမ့်မည်။ စိတ်၏ လွတ်လပ်ခြင်း စည်းစိမ်ကို ခံစားရတော့မည်။
မည်သူကိုမဆ ကညဖို့ ခဖို့ လိုတော့မည် မဟုတ်ပေ။
အသင်၏ ၀င်ငွေသည် အဘယ်မျှပင် သေးငယ်စေကာမှု အပိုတစ်ခုအတွက် ကုန်ကျလျက်ရှိ ၏။ ရှာဖွေစစ်ဆေးလေ။
စီးကရက်လား၊ ဆေးပြင်းလိပ်လား၊ ဗိုလ်လသာဆေးလား၊ တင်ပလ်ဘားဆေးတံဆေးလား၊ အရေးမကြီးဘဲနှင့် လန်ချားစီးတတ်လား၊ လက်ဖက်ရည်ဆိုင်၌ အဘယ်မဆကုန်ကျသနည်း။
စသည်စသည်ဖြင့် စစ်ဆေးကာ အနည်းငယ်မျှစီ လျှော့ချက လျှော့မှန်မသိရဘဲ ပိုက်ဆံပို၍ ပိုလာလိမ့်မည်။
ထိုအပိုကိုစု၊ ငါးကျပ် တစ်ဆယ် အစိတ်သုံးဆယ် ဖြစ်၍ လာသောအခါ ပွားဖို့ရန်လွယ်၍ လာလိမ့်မည်။ အပင်စိုက်တတ်လျှင် အသီးသီးတော့မည်။
လခ လွန်စွာမှနည်းသူ….
လခွန်စွာမှ နည်းသူသည် အဘယ်ပုံ အဘယ်နည်း တွေ့ကြုံရမည်နည်း။
ငါသည် ဤလခကလေးကို စားသုံး၍ သာနေ၏။ အဘယ်နှစ်၊ ရက်မျှ၊ အဘယ်လောက် ချွေတာလျှင် ငါ၏လခကိုသုံး၍ မပစ်ဘဲ ပွားလမ်းတစ်ခုခု မဖြစ်ပေဘူးလား။ ငါ့မယားသည်ဘာ ကို လုပ်နေသလဲ၊ ငါ့သားသမီးများသည် ပေါ်ကြာ့လုပ်နေသလား။
၎င်းတို့အား ငါဘယ်လိုအသုံးချမလဲ သို့မဟုတ် ဆင်းရဲသူတစ်ယောက်အား ငါအဘယ်လိုခိုင်း လျှင် နှစ်ဦးနှစ်ဝ အဘယ်ပုံ အကျိုးရှိမည် ဟူသော အကြောင်းများကို စစ်ဆေး တွက်ချက် ကြည့်လဆင် ဆန္ဒရှိက နည်းလမ်းပေါ်၍ လာလိမ့်မည်။


posted by တောသူမလေး

No comments: