ရွှေတိဂုံ
စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိဂဿငုတဿတရ
ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံဟုလည်း ခေါ်တွင်သည်။
စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။
မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟုအမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြ သည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ (Golden land) ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမဿဘာ့ တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗဿဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတဿတဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတဿတဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥကဿကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉဿစနမြို့၌ သုဝဏဿဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုသဿသနှင့် ဘလဿလိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းင်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းင်းကုန်သည် ညီနောင်တို့သည် ကုန်များကို သဘေဿငာဖြင့် တင်ဆောင်ကာ မဇဿဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇဿဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သဘေဿငာကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇဿဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုသဿသ ဘလဿလိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်ဿခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုကဿခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုကဿခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုကဿခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုကဿခစိုးနတ်ကို မေး၏။ ထိုအခါ ရုကဿခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇဿဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုသဿသနှင့် ဘလဿလိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုကဿခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုကဿခစိုးနတ်သည် တဖုသဿသနှင့် ဘလဿလိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒဿဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သကဿကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒဿဓံသရဏံ ဂစဿဆာမိ၊ ဓမဿမံသရဏ ဂစဿဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒဿဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုသဿသနှင့် ဘလဿလိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုသဿသနှင့် ဘလ်ဿလိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုသဿသနှင့် ဘလဿလိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒဿဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သဘေဿငာနှင့်ပင့်ဆောင်ကာ ဥကဿကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုသဿသနှင့် ဘလဿလိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥကဿကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥကဿကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥကဿကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။နောင်တော်ကြီးစေတီထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိဂဿငုတဿတရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိဂဿငုတဿတရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂဿငုတဿတရကုန်းတော် သို့ရောက်လျှင် ဗုဒဿဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏဿဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏဿဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါးဥကဿကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒဿဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂဿငုတဿတရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ဆူးလေနက်ကြီးထံမှ ရရှိသော ကကုသဿသန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်ဒကဿခိဏ မည်သော သကဿငန်းကျွန်း ကျိုကဿကဆံ နတ်ကြီးထံမှ ရရှိသည့် ကသဿသပမြတ်စွာဘုရားရှင်၏ ရေသနုပ်သကဿငန်းတော်မြတ်တဖုသဿသနှင့် ဘလဿလိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသကဿကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိသဿသရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။သာသနာအစရွှေတိဂုံကဥကဿကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား “တိဂုမဿဗစေတီတော်”ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို “တိဂုမဿဗစေတီတော်”သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမဿဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌“သာသနာအစ ရွှေတိဂုံက”ဟု ကဗဿဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။
[၁]ထူးခြားဖြစ်စဉ်
၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ရွှေတိဂုံ စေတီတော် အဂဿငါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။ [၂]လှို့ဝှက်ချက်များ
သိဖွယ်မှတ်ဖွယ်များ
ခေါင်းလောင်းများ
ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။သာယာဝတီမင်း ခေါင်းလောင်းတော်စဉ့်ကူးမင်း ခေါင်းလောင်းတော်သကဿကရာဇ်(၈၃၈) ခုနှစ်တွင် မွန်ဘုရင်ဓမဿမစေတီမင်းကြီးသည် “အဝိနဿဒဆောက်”အမည်ရဓမဿမစေတီ ခေါင်းလောင်းကြီး ကြေးပိသဿသာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ဦးသတင်း
ရွှေတိဂုံစေတီတော်ကြီးကို သကဿကရာဇ် ၁၇၆၈ ခုနှစ်တွင် မြေဒူးမင်းလက်ထက် တွင်ငလျင်ကြီးစွာ လှုပ်ခဲ့သည့် အတွက် ဖောင်းရစ် အဝထိပြိုကျခဲ့သည့် အတွက် ဆင်ဖြူရှင်မင်းတရားကြီးမှ ယခုဖူးတွေ့ရသည် ၃၂၆ ပေ မြင့်သော စေတီးတော်ကြီးကို ယခင်စေတီကို ငုံကာ တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း၊ ယခုစေတီတော် သက်တမ်းမှာ ၂၅၉၇ နှစ်ရှိပြီး ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြား ရွှေသကဿငန်းများမှာ ရွှေပြား အချပ်ရေ ၃၃၆၀၀ ခုရှိပြီး ရွှေစင်ရွှေသား ၃ တန်ခွဲ ရှိပါသည်။ နာဂစ်မုန်တိုင်း ကြောင့် လွင်စင်ကျခဲ့သော ရွှေစ ရွှေနများမှာ ၉ ပိသာခန့်ကို ပြန်လည် ကောက်ယူခဲ့ကြောင်း ။ ယခုအခါ နာဂစ်မုန်တိုင်း လေတိုက်နှုန်းထက် ပိုမိုပြင်ထန်းသော လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် စီစဉ်ကြရာတွင် ငလျင်ဒဏ်ကြီးများကို ပင် ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရကြောင်း ၊ ထီးတော်မှ ခေါင်းလောင်းတော်အထိ အလေးချိန် တန် ၆၀၀ ခန့် ထမ်းထားရကြောင်း ၊ ကြာမှောက်ကြာလှန်ကို စတီးတိုင်း ၊ စတီး သံကွင်းနှင့် စတီး သံပတ် များ ဖြင့် ချုပ်၍ အတွင်းရှိ ရှေ့ယခင် စေတီဟောင်းနှင့် လက်ရှိ ငုံထားသော စေတီတော်ကြား ကွာဟနေသော နေရာများကို စလစ် လောင်းသွားမည် ဖြစ်ပါသည်။ကြာမှောက် ကြာလှန် အတွင်းပိုင်း ခိုင်ခံ့အောင် ပြုလုပ်သည့် ကဏဿဍ တွင် ငွေကျပ် သိန်း ၁၀၀၀ ကျော် ကုန်ကျမည် ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများမှ ဖေါ်ပြပါ စတီး ၊ သံ နှင့် ဘိလပ်မြေများကို စေတနာရှင် အလှူရှင်များမှ ငွေသားများ လှူဒါန်းထားပြီး ဖြစ်ပါသည်။

No comments:
Post a Comment