Pages

Monday, February 6, 2012

မနောက်နဲ့ 



လူတစ်ယောက်မှာအကျင့် ပါလာပြီဆိုရင် အဲဒိအကျင့်ကို ဖျောက်ပျက်ပြစ်ဖို့  အတော်ခဲရင်းတယ်ဗျ။
တစ်ခါကရွာတစ်ရွာမှာ ဘကြီးတစ်ယောက်ရဲ အဖြစ်က အတော်လေးကို ရည်စရာကောင်းတယ်တဲ့ ။
သူကစကားပြောရင် “ဟုတ်တာ မဟုတ်တာအပါထားပြီးတော့ ” ခဏခဏ ပြောတတ်တယ်။
ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီစကားမပါရင်ကို စကားမပြောတတ်ဘူး။
တစ်နေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ ရွာသူရွာသားတွေ စုပြီး ဥပုသ် ဖို့ ဘုန်းကြီးကျောင်းကိုသွာကျတယ်။
ဥပုသ်သယ်ကလည်း ပြည့်လျှံနေတာပဲတဲ့ ။ရွာသူရွာသားတွေစုံပြီဆိုတော့ ဘုန်းကြီးလည်း တရားပလ္လင်ပေါ်မှာ
တင်ပျဉ်ခွေထိုင်ြ့ပီးစီတင်းသူံး
နေတယ်။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထို အဘကြီးက နောက်ကလူတွေကိုကြည့်ပြီး
ဗျို့ စဟစ်တော့ တယ်။ အဘကြီးရဲ့ ဗျို့ ဟစ်သံကိုကြားပြီး လက်အုပ်ချီ အာရုံပြုပြီး ငြိမ်ငြိမ်လေးထိုင်နေကြတဲ့ 
ဥပုသ်တွေ တဝါးဝါးနဲ့ ပွဲကျကုန်တယ်။ အဘကြီးရဲ့ ဗျို့ ဟစ်သံကလည်း ကြည့်ပါဦး။
““ သပ္ပုရိသနွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျာ ဆရာတော်ဘုရား တရားပလ္လင်ပေါ်သို့ 
ကြွရောက်ပြီ ဖြစ်ပါသဖြင့် “ဟုတ်တာ မဟုတ်တာအပါထားပြီး” ဆရာတော်ကြီးအား ကန်တော့ ကြပါဗျို့ ””

ဘုန်းကြီးကန်တော့ တာတောင် ဟုတ်တာ မဟုတ်တာက ပါလိုက်သေးတယ်။။

No comments:

Post a Comment