(၁) ငြိမ်းချမ်းစိတ်၊ ကျန်းမာရေးစိတ်၊ မျှော်လင့်သည့်စိတ်၊
သတ္တိရှိသောစိတ်တို့ဖြင့် ပြည့်လျှမ်းနေပါစေ.. . အဘယ့်ကြောင့်ဆိုသော်
လူတို့၏ ဘ၀သည် မိမိတို့စိတ်က ပြုပြင်သမျှ ဖြစ်ရပါသည်.
(၂) ရန်သူကို ဂရုမပြုပါနှင့်၊ ဂရုပြုလျှင် ရန်သူကို ထိခိုက်သည်ထက်
ကိုယ့်ကိုယ်ကို ပိုထိခိုက်စေပါသည်. .
(၃) သူတစ်ပါးက ကျေးဇူးမဲ့မှုနှင့် ပတ်သက်၍ သောက ဖြစ်နေမည့်အစား
ကျေးဇူးမဲ့မည်ကို ကြိုတင်၍ မျှော်လင့်သင့်သည်. . ကျေးဇူးအတင်ခံဖို့
မမျှော်လင့်မှ စိတ်ချမ်းမြေ့ဖွယ် ရမည် ဖြစ်ပါသည်. . . . .
မိမိသားသမီးတို့ကို ကျေးဇူးသိတတ်သည့် အလေ့ရှိစေလိုလျှင်
ကျေးဇူးသိတတ်မှုကို အားပေးကာ သင်ကြားပေးရပါသည်. .
(၄)ကိုယ့်မှာ ခံစားရသည့် အကျိုးကျေးဇူးတို့ကိုသာပွားများ
ချို့တဲ့မှုကို နှလုံး မသွင်းပါနှင့်. . .
(၅) သူတစ်ပါးကို မတုပါနှင့်. . . နဂိုအနေအတိုင်း ပြုပါ. . .သူတစ်ပါးကို
မနာလိုခြင်းသည် အလွန်ဆိုးရွားခြင်းပင်ဖြစ်သည်. . တုပခြင်းသည်. . မိမိ၏
နဂို အရည်အချင်းများကို ချိုးနှိမ်လိုက်ခြင်း ဖြစ်သည်. . ကိုယ့်ကိုယ်
ကိုသတ်ခြင်းနှင့် တူသည်. .
(၆) ကံဆိုးတည်းဟူသော သံပရာကို ရရှိလျှင် ကံကောင်းတည်း ဟူသော
သံပရာဖျော်ရည် ဖြစ်အောင် ကြိုးပမ်းပါ. . .
(၇) သူတစ်ပါး အကျိုးဆောင်နိုင်သလောက် ဆောင်ခြင်းဖြင့် ကိုယ့်သောကကို
ဖျောက်ပစ်ပါ. . . "သူတပါး အကျိုးဆောင် ကိုယ့်အကျိုးအောင်သည် "
စာဖတ်သူ ညီအကိုမောင်နှမများ အားလုံးအထက်ပါ နည်းလမ်း (၇)
သွယ်ဖြင့် စိတ်ငြိမ်းချမ်း သာယာမှုရပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်. .
တက်တိုး (သောကကင်းဝေးနေနိုင်ရေး) စာအုပ်မှ
အားလုံးကိုချစ်ခင်လေးစားလျှက်..
ချစ်ခင်လေးစားလျှက်..
ညချစ်သူ
No comments:
Post a Comment