Tuesday, December 6, 2011

နတ်တော် လပြည့်နေ့

နတ်တော်လ













နတ်တော်လဘွဲ့ 

ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)

 



ငွေနှင်းငယ်တဲ့ မှုန်ဝေေ၀
ပျံ့မွှေးခိုင်သဇင်နှင့်
ဂမုန်းအင် ပန်တော်ဦးကြတယ်
ထူးတဲ့လပေ။

မိဂသီ ပုဏ္ဍာလင်းပါလို့
ရွှေဟင်္သာ တာရာငွေလို
ဖြာဖြာဝေလျက် စံကွန့်မြူး။

ပဏာတင်
ပိန္နဲမဟာရှင်၏
ခါသဘင် ပျော်ရွှင်ပွဲမှာလ
ဖော်ကွဲသူ မကြည်သာဖို့
ရထည်လွှာ ခြုံလို့ကွေးရတယ်
အေးတဲ့ လထူး။

 နတ်တော်လသည် မြန်မာလများတွင် န၀မ မြောက်လဖြစ်ပြီး မိုးအနှောင်းဆောင်းအ

ကူးကာလဖြစ်သည် ၊ ရာသီဥတုသာယာသောလဖြစ်သဖြင့် မြန်မာတို့၏ရိုးရာပွဲလမ်းသဘင်များ

ဇာတ်ပွဲ နတ်ပွဲများအလွန်စည်းကားသောလဖြစ်သည်၊အင်္ဂလိပ်ပြက္ခဒိန်တွင် နိုဝင်ဘာ ၊ဒီဇင်ဘာလ

တွင် ကျရောက်တတ်ပါသည်၊
ရာသီအားဖြင့်ဓနုရာသီ ၊ စန်းယှဉ်သောနက္ခမှာမိဂသီနက္ခဖြစ်ပါသည်၊ ရာသီအရုပ်မှာ
မြင်းခြေ နှင့်လူကိုယ်လေးသမားမြှားပစ်နေပုံဖြစ်သည်၊ရာသီပန်းများမှာသဇင်ပန်းနှင့် ဂမုန်းပန်း
တို့ဖြစ်သည် ၊
နတ်တော်လဟူသောဝေါဟာရတွင် ” နတ် ” ဟူသည်နာတပုဒ်မှဆင်းသက်လာသော
ပါဠိသက်ဝေါဟာရဖြစ်ပြီး၊အဓိပါယ်မှာကိုးကွယ်ရာဟုဆိုလိုသည်၊ ” တော် ” ဟူသောစကားမှာ
ပေါရာဏစကားဖြစ်ပြီး အရှင်သခင် ၊ ကြီးကဲသူ ၊မြင့်မြတ်သူဟုအဓိပါယ်ရသည်၊ မြန်မာစာပေ
တွင် ရတနာသုံးပါးနှင့်သော်လည်းကောင်း မင်း မိဖုရား နှင့်ပတ်သက်၍သော်လည်းကောင်း ၊
သုံးစွဲသောအခါ ” တော် ” ကိုသုံးစွဲလေ့ရှိသည်၊နတ်တော်လဟူသည်အရှင်နတ်မင်းများကိုပူ
ဇော်ပသသောလဖြစ်ခဲ့သည်၊မဟာဂီရိနတ်မောင်နှမကိုပူဇော်သောပွဲများရှေးအခါကပြုလုပ်ခဲ့
ကြသည်၊ထို့ကြောင့် ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ
သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍နတ်တော်လ
တွင် နတ်များကိုပူဇော်သည့်ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင်
ဖြစ်သည်.၁၃၀၆ ခုနှစ်သို့ရောက်သော အခါ နတ်တော်လအတွက်ရာသီပွဲတော်တစ်ခုထူးခြား
စွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကားမျက်မှောက်ခေတ် တွင်ကျင်းပနေသော
စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုပွဲတော်ဆိုသည်မှာ ဘုရင်ခေတ်က တွင်ကျယ်ခဲ့သည့်
ထီးသုံးနန်းသုံးဝေါဟာရတစ်ခုဖြစ်သည်
စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ်နေ့တနေ့ရှိခဲ့ သည်၊
ကုန်းဘောင်ခေတ်နောက်ပိုင်းတွင်အလွန်ထင်ရှားသည့်စာဆိုတော်ကြီး ဦးပုည ကိုချီးကျူးသည့်
ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲတော်သည် ဦးပုညနေ့နှင့်ဆက်စပ်ဖြစ်ပေါ်လာသဖြစ်
ဦးပုညနေ့ကို မြစ်ဖျားခံသည် ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်
တွင်စတင်ကျင်းပခဲ့သည်. . ၁၃၀၆ ခု နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ်
သတ်မှတ်ခဲ့သည် ၊
စာပေသည် တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြသည်. . . လူမျိုးတိုင်းတွင် အမျိုးသားစာပေဟူ၍ ရှိသည်. . . စာပေမရှိသော လူမျိုးဟူ၍ မရှိ. . ရှိလျှင် ထိုလူမျိုးသည် မယဉ်ကျေးသည့် အဆင့်၌သာရှိသေးသော လူမျိုးဖြစ်ပေမည်. . . စာပေနှင့် ကင်း၍ မည်သည့်လူမျိုးမျှ မတိုးတက် မဖွံ့ဖြိုးနိုင် ၊ အဓွန့်မရှည်နိုင်ပေ။

စာပေသည် ဤမျှ အရေးပါအရာရောက်သည် ဆိုလျှင် စာပေကို ဖန်တီးပြုစုသည့် စာပေပညာရှင်များ ၊ စာဆိုတော်များ၏ ဂုဏ်ကျေးဇူးသည်လည်း အထူးကြီးမားလှသည် ဟု ဆိုနိုင်သည်. . ခေတ်အဆက်ဆက် စာဆိုတော်ကြီးများသည် အမျိုးသားစာပေ၏ ဂုဏ်ကို ထင်ရှားအောင်အားထုတ် လုပ်ဆောင်ခဲ့ကြသည်. . စာဆိုတော်ကြီးများ ကျေးဇူးကြောင့် စာပေ အရည်အသွေး တင့်တယ် ပြောမြောက်သည်. . စာပေတင့်တယ်သည်နှင့် အမျှ လူမျိုးလည်း အဆင့်အတန်းမြင့်မား၍ ဂုဏ်သိက္ခာ တက်ရပေသည်. .

ထို့ကြောင့် စာဆိုတော်များ ဂုဏ်ကျေးဇူးကို အမှတ်ထင်ထင် ဖော်ထုတ် ဂုဏ်ပြုသည့် အနေနှင့် "စာဆိုတော်ပွဲသဘင်" ကို ကျင်းပကြခြင်းဖြစ်သည်. . မြန်မာနိုင်ငံ၌ နတ်တော်လဆန်း (၁) ရက်နေ့ကို "စာဆိုတော်နေ့"ဟု သတ်မှတ်ပြိး အနယ်နယ် အရပ်ရပ်၌ "စာဆိုတော်နေ့" အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်. . . နိုင်ငံတော် အစိုးရက ချီးမြှင့်သည့် "အမျိုးသားစာပေ ဆုနှင်းသဘင်" ကိုလည်း ယင်းစာဆိုတော်နေ့တွင် နှစ်စဉ် ပြုလုပ်လေ့ရှိပါသည်. . . "အမျိုးသားစာပေဆု " ဆိုစ်ာမှယ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များအနက် ဘာသာရပ်အလိုက်လက်ရာ အကောင်းဆုံး အကျိုးပြုစာအုပ်ကို ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည် . .

အခြေခံပညာကျောင်းများတွင်လည်း "စာဆိုတော်နေ့" အထိမ်းအမှတ် အကြိုဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြပါသည်. . စာဆိုတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ စာပေဟောပြောပွဲများကို လည်း မြို့နယ်အလိုက် ကျင်းပပြုလုပ်ကြပါသည်. . . သက်ကြီးစာပေပညာရှင်များကို လည်း ပူဇော်ကန်တော့ပွဲများ ပြုလုပ်ကြပါသည်. .

"သားမယားပင် ၊ မိုက်မှားခဲ့စွာ
မလိမ္မာလည်း ၊ စာပေစကား
နေ့တိုင်းကြားက ၊ ထူးခြားလိမ္မာ
ရှိသည်သာတည့်"

ဟုဆိုသည့်အတိုင်း စာပေအလေ့အထ ရင့်ကျက် ခိုင်မာလျှင် အသိအလိမ္မာ ရင့်ကျက် ခိုင်မာလာစမြဲဖြစ်သည်. . မြန်မာလူမျိုးသည် စာပေ ၌ မွေ့လျော်တတ်၏ စာပေ ကို မြတ်နိုးတတ်၏. . . စာဆိုပွဲတော်သည် မြန်မာနိုင်ငံ၏ ထူးခြားသော ပွဲသဘင်ဖြစ်၏ . . . မြန်မာတို့၏ စာပေစိတ်ဓာတ် ကို ဖော်ပြသည်. . . စာပေ အစဉ်အလာ အမျိုးသာရေး အစဉ်အလာ ကြီးမားသော လူမျိုးသည် လွယ်လွယ်နှင့် မဆုတ်မယုတ် မတိမ်ကောနိုင် ၊ ထာဝစဉ် တည်တံ့ ခိုင်မြဲနေပေမည်။

စာပေသည်အနုပညာအားလုံး၏ကိန်းဝပ်ရာဖြစ်သည်သာမက၊ယဉ်ကျေးမှု၏အသက်
သွေးခဲဖြစ်သည်၊အလိမ္မာ စာမှာရှိ ဆိုသည့်စကားအတိုင်းအသိပညာဥာဏ်ပညာထွန်းကားရေး
ဘ၀တိုးတက်ရေးတို့အတွက်၊အဓိကကျသည်၊စာပေနှင့်လူမျိုးသည်ခွဲခြား၍မရနိုင်ပေ။စာပေပျောက်
လျှင်လူမျိုးလည်းပျောက်ပေမည်၊ထို့ကြောင့်ရှေးရှေးသောကျမ်းပြုဆရာအကျော်အမော်များ ၊
ရဟန်းပညာရှိ၊လူပညာရှိများကယဉ်ကျေးမှုအမွေအနှစ်များကိုရေးသား၍မြန်မာ့စာပေနှင့်ယဉ်
ကျေးမှုအမွေအနှစ်များကိုမြုပ်နှံပေးခဲ့ကြပေသည်။
နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယမှာ ကျွန်တော် နှစ်သက် လေးစားကြည်ညိုခဲ့တဲ့ ပုဂံခေတ်က ဓမ္မစာဆိုတော် *အနန္တသူရိယ အမတ်ကြီး* ရဲ့သံဝေဂ စာလင်္ကာ တစ်ပုဒ်ဟာ ကျွန်တော် ဝိဉာဉ်ကို ပူးဝင်ရှင်သန် လို့လာ ပြန်ပါတော့တယ်။

၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာ
ခိုင်ကျည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
၎။ ရှိခိုးကော်ရော်၊ ပူဇော် အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစစ်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ ငါခန္ဓာတည်း။

ရဲရင့်တည်ကြည်သလို စိတ်နှလုံးထက်မြက် လှတဲ့ ဓမ္မစာဆိုတော်ကြီးဟာ  လူသတ်ကုန်းရောက်တဲ့ အချိန်တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကိုအမှန်အတိုင်းသိရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ထွန်းတောက် ပြီးသည်ကဗျာလေးကို ရေးသွားခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ပုဂံခေတ် နေပြည်တော် တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင်ဖုံးခဲ့တဲ့ အရေးမှာ အမတ်ကြီးဟာ တန်ဆာခံဖြစ်ခဲ့ရတာ ဘယ်သူ့ကိုမှ အပြစ်မတင်သွားခဲ့ပါဘူး။ သူ့ရဲ့ သေမင်းကိုရင်ဆိုင်ပုံ ဟာလည်း အကြောင် အကျိုးသိမြင်တဲ့ စိတ်နဲ့ငြိမ်သက်နေပါတယ်။ သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့်မယူလိုပါကြောင်း သဘောထားကြီးပြခဲ့ပါတယ်။


 ထိုကြောင့် ပုဂံစာဆိုတော်ကြီး အန္တသူရိယအမတ်ကြီးမှအစချီ၍ ------
ပုဂံ ပင်းယ တောင်ငူ အင်းဝ ကုန်းဘောင် ခေတ်အဆက်ဆက်တို့တွင်ထင်ရှားခဲ့သော
အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွါးရေး၊ပေါင်းသင်းဆက်ဆံရေး၊ပညာရေး၊အုပ်ချုပ်ရေး၊
သာသနာရေး၊စသည်တို့ကိုအချက်ကျကျလမ်းညွှန်ပြသခဲ့သောလောကနိတိကျမ်းများ၊ကိုရေး
သားခဲ့သည့်ပင်းယခေတ်တွင်ထင်းရှားကျော်ကြားခဲ့သောစတုင်္ရဂဗလအမတ်ကြီး---
ဟတ္တိပါလာပျို့၊ စတ္တုဓမ္မသာရပျို့၊ကိုးခန်းပျို့၊ကဗျာ၊လင်္ကာ၊မော်ကွန်း၊ရတုနှင့်ဆုံးမစာများကို
ဂုဏ်ယူဝမ်းမြောက်ဖွယ်ရေးဘွဲ့ခဲ့သည့် အင်းဝခေတ်စာဆိုတော်များဖြစ်ကြသည့်ပေလေးပင်
ရှင်လေးပါးတွင်အပါအ၀င်ရှင်မဟာရဌသာရ နှင့် ရှင်ဟာသီလ၀ံသ တို့အား၎င်း ---
တောင်ငူ ခေတ်စာဆိုတော် နတ်ရှင်နောင် လှိုင်ထိပ်ခေါင်တင် ၊ရဝေရှင်ထွေး
န၀ဒေး ၊ မြ၀တီမင်းကြီးဦးစ ။ ၀န်ကြီးပဒေသရာဇာ ။ လက်ဝဲသုန္ဒရအမတ်ကြီး
ဗုဒ္ဓဘာသာဝင်များသီလခံယူဆောက်တည်ရာတွင်ရွတ်ဆိုလျက်ရှိသော ”အဟံဘန္တေ ”
အစချီသီလတောင်းစာချိုးကိုရေးသားပေးခဲ့တော်မူခဲ့သည့် - တောင်ဖီလာဆရာတော်
ပါဠိ နိဿယ ၊ စကာပြေ ၊ ကဗျာ ၊ သတ်ပုံကျမ်းအမျိုးမျိုးတို့ကိုရေးသားတော်မူခဲ့သည့်
( ဗုဓ် အစ ၊ ဗုဓ်အလယ် ၊ ဗုဓ်အဆုံး ) ဟုခေါ်စမှတ်ပြုလောက်အောင် စာပေတွင်အတော်ဆုံး
အတက်ဆုံး အသိဆုံးဟု ကျော်ကြားခဲ့သည် ကုန်းဘောင်ခေတ်စာဆိုတော်ကြီး ဆရာတော်
ဦးဗုဓ်၊ ကုန်းဘောင်ခေတ်စာဆိုတော်များဖြစ်ကြသော ဦးပုည ၊ဦးကြီး ၊ ဦးကြော့ ။မယ်ခွေ
ဖိုးသူတော်ဦးမင်း ၊ လူဦးမင်း ၊စသည်များ
ခလေးလူကြီး ၊ယောက်ျားမိန်းမ ရဟန်းရှင်လူတို့၏နှုတ်ဖျားတွင် အလွတ်ရနေစေသည့်
လွယ်ကုသောကဗျာကလေးများဖြင့် သီကုးစပ်ဆိုထာသော သိင်္ဂါလောဝါဒ ဆုံးမစာများကိုရေး
သားတော်မူခဲ့သည့်သင်္ဂဇာဆရာတော်၊ပိဋကတ်စာပေကျမ်းဂန်များကို ဘာသာမျိုးစုံကိုပါရဂူမြောက်အောင်တက်မြောက်ပြီး
အရေး အဟော အကျင့် ဘတ်စုံထူးချွန်၍ ကျမ်းစာပေါင်း ၆၀ ကျော် ဘုရားရှစ်ခိုး ၁၁ မျိုး ၊
မောင်းထောင်းတေး ၊ အံတော်သီချင်း ၊ ဒွေးချိုး ၊ လေးချိုး ၊တေးထပ် ၊ ရတုသံချို ၊ ဘုန်းကြီးပျံ
ငိုချင်းမှအစ ၊ ကဗျာမျိုးစုံ ၊ နက္ခကျမ်း ၊ ဆေးကျမ်း ၊ အဂ္ဂရကျမ်းများနှင့် စာပေ၀ါဒနာပါသူတိုင်း
လက်ကိုင်ထားရသည့် မဟာသုတကာရီ ၊ မဃဒေ၀လင်္ကာတို့ကိုရေးသားပြုစုတော်မူခဲ့သည်
ကိုလိုနီခေတ်စာဆို မန်လည်ဆရာတော် - ဒီပနီကျမ်းစာအမျိုးမျိုး ၊ မေတ္တာစာအမျိုးမျိုး၊ဆုံးမ
စာအမျိုးမျိုး ၊တို့ကိုရေးသားပြုစုခဲ့သော လယ်တီဆရာတော် -
အနာဂတ်သာသနာရေး ၊ ဘာသာသွေး ၊ ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ ၊
စသည့်ကျမ်းစာအမျိုးမျိုးတို့ကိုရေးသားခဲ့ပြီး ။ ဘာသာ ၊ သာသနာ ကိုအခြေခံမှစ၍မြင့်တင်ပေး
ခဲ့သော မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၊ တိပိဋကဓရ ဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ မှ သည် ခေတ်စမ်းမြန်မာစာပေကိုစတင်ခဲ့သော သိပ္ပံမောင်ဝ ၊ ဆရာ
ဇော်ဂျီ ၊ မင်းသုဝဏ် ၊ ၂၀ ရာစု စာရေးဆရာများ အားလုံးကို မြန်မာမှု မြန်မာ့အမွေအနှစ်
များကိုရင်းနှီးမြုပ်နှံပေးကြသူများအဖြစ် သဇင်သင်း၍နှင်းတွေဝေသောစာဆိုတော်နတ်တော်လမြတ်
တွင်ဂုဏ်ပြုမှတ်တမ်းတင်ရင်းနှင့် ကဗျာဆရာ ထီယု ၏ ကဗျာ လေးဖြင့်နိဂုံချုပ်လိုက်ပါသည်။

ပန်းလှသဇင် ပြည်တခွင်၌
ဝေလွင်ပြည့်သိပ် အလှဖိတ်၍
ဆောင်းရိပ်စံမြန်း သင်းထုံလွမ်းသည်
လန်ဆန်းပါသည့် နတ်တော်လ
ဤသည်ချိန်ခါ ဒို့ပြည်မှာကွယ်
စဉ်လာကျင်းပ စာဆိုလဟု
စကားရည်ပွဲ ၊ ကျပမ်းပွဲနှင့်
ပြိုင်ပွဲစာပေ ၊ ကျင်းပလေ၏
ရှေးကစာဆို ထူးကြည်ညို၍
စာဆိုသီရာ တေးကဗျာကို
ရွေးကာသီဆိုကြပါ၏
စာပေရေးရာစုံလင်စွာပင်
ဟောကာပြောကြ ဆွေးနွေးကြနှင့်
သုတထွေထွေရပါ၏
သက်ကြီးစာဆိုဂုဏ်ပြုကြိုလျက်
စာဆိုနေ့မှာသိုက်မျြိုက်စွာပင်
ကျန်းမာစေကြောင်းဆုမွန်တောင်းကာ
စုပေါင်းကန်တော့ကြပါ၏
စာပေဆုဝင် ကလောင်ရှင်ကို
ဂုဏ်တင်ထွန်းလင်း ချီးမြှင့်ခြင်းဖြင့်
ဆုနှင်းသဘင်ကျင်းပပါ၏
သြော် --- ပြည်လူထုအကျိုးပြုသည့်
ရှေးရှုစာပေအထွေထွေကို -ခေတ်တွေဆက်ဆက်ရေးသားလျက်ဖြင့်
ထမ်းရွက်စဉ်လာ - ထိန်းသိမ်းလာသော ရှင်လူများကို
စာဆိုတော်နေ့ ရက်မြတ်နေ့ဝယ်
ဦးညွှတ်ကော်ရော် ကန်တော့ပါသည်။
ဓမ္မစာဆိုတော်တို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မား ကြတာဟာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ ရလို့ပါပဲ။ အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓ ကိုဦးထိပ်ပန်ဆင်ပြီး လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့တဲ့ဓမ္မစာဆိုတော်များကို၊ မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့ကို သူငယ်ချင်းများနှင့် ထပ်တူ ဖြတ်သန်းလွန်မြောက် စေမိချင်ပါတော့တယ်။။။။။။။။

သူငယ်ချင်းအားလုံးကိုခင်မင်လျှက်
။။။။။။ညချစ်သူ။။။။။။

မှီငြမ်းသောဆောင်းပါးများ
မောင်ထင် ၁၂ လရာသီဆောင်းပါးများ
ဒေါ်ခင်မျိုးချစ် ၁၂ လရာသီဆောင်းပါးများ
တင်ထွဋ် ( အစိုးရတိုင်းရင်းဆေး ) သဇင်နှင်းစို လစာဆို
မောင်သုည (ကန်တော်၇ိပ်သာ)
ဒေါ်နုကြည် (မဟာဝိဇ္ဖာ)

1 comment:

လမင်းငယ် said...

စာကောင်းလေးတွေလာဖတ်သွားပါတယ်ရှင်