Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Tuesday, April 10, 2012

သူငယ်ချင်း မင်း ဘ၀အတွက် စကားလေးတစ်ခွန်း လက်ဆောင်ပါ ♥♥.



သူငယ်ချင်း မင်း ဘ၀အတွက် စကားလေးတစ်ခွန်း လက်ဆောင်ပါ ♥♥.

သူငယ်ချင်းတွေနဲ့အတူရှိနေချိန် ဟာ အိပ်မက်တစ်ခုဆိုရင်...ငါဘယ်တော့မှ
 နိုးထဖို့မကြိုးစားတော့ဘူး သူငယ်ချင်း
..........မင်းအားငယ် နေလား..........
အားတင်းထားပါ..ဆုံးရှုံးမှု့ ဆိုတဲ့နတ်ဆိုးကို 
မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။

++++++++++++++++++++++++++++++ ++++++++


သူငယ်ချင်း..........အရမ်းဝမ်း နည်းနေလား......
မင်းမျက်ရည်တွေသုတ်ပစ်လိုက်
သူတို့ကမင်းရဲ့စိတ်ဓါတ်ကို
ပျော့ညံ့ညံ့ ဖြစ်စေတယ်။
++++++++++++++++++++++++++++++ ++++++++

Sunday, April 8, 2012

အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း ...



 
ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ပင် ရရှိနိုင်ပါသည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြောသမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နိုင်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။

Sunday, April 1, 2012

ကျနော်နှစ်သက်မိသော တာရာမင်းဝေ၏ စာသားအချို့-




ကျနော် ရေလိုစီးခဲ့ပါသည်။
အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။  ကြည်လင်စွာစီးခဲ့ပါသည်။
သို့သော်… ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက် တချို့လည်း ပါလာနိုင်ပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\


ခွက်လွတ်တစ်လုံးကို ကျနော်ကြည့်သည်။
အထဲမှာ ဘာမှမရှိသောကြောင့် သူ ခွက်လွတ်ဖြစ်နေသည်။
ထိုဘာမှမရှိသော နေရာကပင် အသုံးဝင်လှသည်။
ကျနော်လည်း “ဘာမှမရှိသော နေရာ” ဖြစ်ချင်သည်။
ဘယ်ခွက်ထဲသို့ ၀င်ရမည်နည်း။

/\♥/\♥/\♥/\♥/\♥/\♥/\

အကောင်းမြင် စိတ်ကလေး တစ်ခု







ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။
သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့
ရှိပါတယ်။ သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဘယ်စားသောက်ဆိုင်မှာ
လုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား



ဆရာဖေမြင့်ရေးတဲ့ ဆောင်းပါးလေးပါ။ အရမ်းကိုကောင်းပါတယ်။ အတုယူစရာတွေ ၊ လိုက်နာ မှတ်သားသင့်တာတွေ အများကြီးပါ။ စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည် ဖော်ခြင်းဖြစ်ပါသည်။

လက်(စ)ပေါလ်(Les Paul)အမေရိကန် ဂစ်တာသမား။ ၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။

ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၁၀ ချက်



ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။ မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။

Monday, March 26, 2012

ကမ္ဘာကျော်တို့၏ တန်ဖိုးရှိသောစကားများ

သူငယ်ချင်းတို့ကိုလည်း တူညီသောအကျိုးကို ရရှိကြစေဖို့  သုတေသီ ဘုန်းမြင့်သွေးရဲ့ ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများကို မျှဝေပေးလိုက်ပါတယ်နော်

(၁)   သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။        (မာဇင်နီ )

 
(၂)   လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။  ( ဆာဗန်တီ )

(၃)   တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )


(၄)   ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။          ( အရစ်စတိုတယ် )


(၅)   မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။  ( နီကီတာခရုရှက် )

မူကြိုဆရာမနှင့် အင်တာဗျူး



  • အိပ်ခန်းထဲ၌ စလောင်းတီဗီမှ အင်တာဗျူးတစ်ခု လာနေသည်။ ၄င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။

    ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။

    ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

    '' ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ''

    '' (၃) နှစ်လောက်ရှိပြီ ''

    '' ဘာတာဝန်ယူရသလဲ ''

    '' ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ကို ယူရတယ် ''

    '' မူကြိုဆရာမအလုပ်ကို ဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ''



    '' နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်၊ ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမ အလုပ်ပဲရှိတာလေ။ ဒါကြောင့် မူကြိုဆရာမ အလုပ်ကို ကျွန်မရွေးချယ်တာ ''

    '' ဒီထက်ပိုပြီး ရှင်းပြလို့ရမလား ''

Saturday, March 24, 2012

နတ်စည်းစိမ်ပိုင်ရှင်များ(သို့)လူပျိုကြီး အပျိုကြီး



ဒီစာစုလေးကတော့မေတို့ရဲ့အနီးအနားပတ်ဝန်းကျင်နဲ့ ခင်မင်ရာဆွေမျိုးသားချင်းတွေထဲက လူပျိုကြီး အပျိုကြီး
တွေရဲ့ထွက်ဆိုချက်တွေကိုစစ်တမ်းကောက်ထားပြီးထွက်ပေါ်လာတဲ့ရလဒ်တွေကို ပြန်လည်ရေးသားထားတာပါ…..
အိမ်ထောင်ရှင်များနှင့် အိမ်ထောင်ပြုရန်ရည်ရွယ်ထားသူများအနေနဲ့ဒီစာကိုဖတ်ဖို့မတိုက်တွန်းလိုပါ……
လက်ရှိလူပျိုကြီး အပျိုကြီးများနှင့် လူပျိုကြီး အပျိုကြီးလုပ်ဖို့ ရည်ရွယ်သူများသာဒီစာကို ဖတ်ရှုစေလိုပါသည်။
လူတွေက လူပျိုကြီး အပျိုကြီးဆိုတာနဲ့ စချင်နောက်ချင်ကြတယ် သူများအပူကိုယ့်အပူလုပ်ပြီး ၀င်စွက်ဖက်
လေ့ရှိကြပါတယ်။

Thursday, March 22, 2012

အလုပ်ရှင် နှင့် သင်



Boss vs Me




အလုပ်ရှင် နှင့် သင်

When I Take a long time to finish,
I am slow,
When my boss takes a long time,
he is thorough

အလုပ်တစ်ခုကို တော်တော်နဲ့ မပြီးရင်-
“ငါလုပ်တာ နှေးတယ်” တဲ့။
သူလုပ်တာ တော်တော်နဲ့ မပြီးရင်တော့-
“သူစဉ်းစားနေတာ” တဲ့။

Monday, March 19, 2012

အအေးမိ၊ တုပ်ကွေး ရောဂါ အတွက် ကြက်စွပ်ပြုတ် သောက်သင့်သည့် အကြောင်းရင်းများ

အအေးမိ၊ တုပ်ကွေး ရောဂါ အတွက် ကြက်စွပ် ပြုတ် သောက်သင့် သည့် အကြောင်း ရင်းများ










 
 
 
 
 
သင့်အဘိုး၊ အဘွား တွေ လက်ထက် ကတည်းက အသုံးပြု ခဲ့ကြတဲ့ ကြက်စွပ် ပြုတ်ရည် သောက် တာ ဟာ အအေးမိ ဝေဒနာနဲ့ တုပ်ကွေးရောဂါအတွက် ကောင်းမွန်တယ် ဆိုတာကို အခုခေတ်မှာ သိပ္ပံပညာရှင်တွေကလည်း သက်သေပြထားနိုင်ပြီဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးမှ ရရှိတဲ့အငွေ့ကြောင့် နှာပိတ စွပ်ပြုတ်ရည်ကြောင့် Cell ချင်းစီမှာလည်း အောက်ပါအတိုင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိကြပါတယ်။

Sunday, March 18, 2012

အင်တာနက်လွတ်လပ်မှုသဘော Net neutrality အကြောင်း



by Nyi Min Khant on Tuesday, November 16, 2010 at 2:02am ·
 
 
ကနေ့ကာလရဲ့ နည်းပညာနဲ့ဆက်သွယ်ရေးကဏ္ဍ communictions sector မှာ မူဝါဒရေးရာနဲ့ပတ်သက်လို့ အငြင်းအခုံအဖြစ်ရဆုံး ဝေါဟာရဟာ net neutrality ဆိုတဲ့ စကားစုဖြစ်လို့လာနေပါတယ်။ Net neutrality ဆိုတဲ့ဝေါဟာရမှာ net ကတော့ “အင်တာနက်ကွန်ရက်ကြီး” တစ်ခုလုံးကိုရည်ညွှန်းတာဖြစ်ပြီး၊ neutrality ဆိုတာကိုတော့ “ဘက်မလိုက်မှု၊ ကြားနေမှု” စတဲ့ အနက်သဘောတွေနဲ့သုံးကြတာပါ။ ဒီစကားစုကို “အင်တာနက်ကြားနေမှု” လို့လည်း ဟိုတစ်ပတ်က အင်တာနက်ဆောင်းပါးတစ်စောင်မှာ စမ်းသပ်ပြန်ဆိုသုံးစွဲခဲ့ပါသေးတယ်။

အော် ဘ၀ ဘဝ

ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏

အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏

အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏

ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏

အကောင်းဆုံး ပြန်ချေပနိုင်သူနှစ်ဦး



အမေရိကားမှာ ရှေ့နေဆိုတာ ဝင်ငွေကောင်းတဲ့အလုပ်လို့ဆိုပေမယ့် လူတွေရဲ့လေးစားမှုကို သိပ်မခံကြရဘူး။ ဒါကြောင့် ရှေ့နေတွေကို မနှစ်လိုတဲ့ ဟာသတွေ၊ ပျက်လုံးတွေရှိခဲ့ကြတယ်။

အောက်က ဇာတ်လမ်းနှစ်ပုဒ်က နှစ်တစ်နှစ်ရဲ့ "အကောင်းဆုံး ပြန်ချေပသူ" (TWO OF THE YEAR'S BEST COMEBACK RESPONSES)အဖြစ် စံချိန်တင်ခဲ့ပါတယ်။

(၁)
ရဲအရာရှိတစ်ဦးဟာ ကြီးလေးတဲ့ပြစ်မှုတစ်ခုအတွက် တရားခံရဲ့ရှေ့နေမေးမြန်းခြင်းကို ခံခဲ့ရတယ်။ ရှေ့နေက ရဲအရာရှိရဲ့ယုံကြည်လက်ခံနိုင်စွမ်းကို သိမ်ငယ်စေချင်ခဲ့တယ်။

Friday, March 16, 2012

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတ
ဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့်
 ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစား
နပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်
လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။ကောင်လေး(၁၂)နှစ်အရွယ်
တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်
ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။

Thursday, March 15, 2012

သူရဿဝါနှင့် ပညာရှာပမာသူဖုန်းစား






(၁)

ဆိုရိုး တစ်ခု ရှိသည်။ ပညာရှာ ပမာ သူဖုန်းစားတဲ့။ ဆိုလိုရင်းက ပညာရှာရာတွင် သူတောင်းစား တစ်ဦးကဲ့သို့ မရှက်မကြောက်၊ အငမ်းမရ အာသာငမ်းငမ်း ရှာဖွေ ဆည်းပူး ကြရမည် ဟူသည့် သဘော။ ဘာပညာပဲ ဖြစ်ဖြစ်ပါ။ တခြား မကြည့်နှင့်.. အိုင်တီ နည်းပညာ လောကမှာပဲ ကြည့်။ အဆင့်မြင့် Network ပိုင်း ဆိုင်ရာလား.. စာတွေ့တွေ လက်တွေ့တွေ အများကြီး လုပ်ရမည်။ စာတွေ ဖတ်ရမည်၊ လက်တွေ့ပိုင်း ဆိုင်ရာတွေ ကြိုးပမ်း လုပ်ဆောင်ရမည်။ စာစီစာရိုက် အလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်း ပြုချင်တာလား။ အလကားနေရင်း စာစီ စာရိုက် အလုပ်ကို ကျွမ်းကျင် လာကြတာတော့ မဟုတ်။ Typing မြန်အောင် လက်နှင့် ကွန်ပျူတာ ကီးဘုတ်ကို တဒေါက်ဒေါက် တဒက်ဒက် ကျင့်ကြ ရသည်။ အခုခေတ် ကလည်း ပညာခေတ်ဟု ဆိုကြပြန်သည်။ လူတိုင်းလိုလို မိမိ တတ်ကျွမ်းသော ပညာကို အသုံးချ၍ မိမိဘဝကို တည်ဆောက် ကြရသည့်ခေတ်။ သူရဿဝါ ပတ်ဝန်းကျင်တွင် အချိန်ပြည့် ပညာရှာ၍ နေကြသည့် သူဖုန်းစား လေးတွေ အများကြီး။

Sunday, March 11, 2012

ကွန်ပျူတာသူရဲ များအတွက် Pen Drives လှလှလေးနဲ မိုက်မိုက်လေးတွေ.......................


 COOL THUMB DRIVES..... 




 
usb

usb
usb

ကမ္ဘာကြီးသည်ရွာကြီး ဖြစ်၏။ သို့သော် အင်္ဂလိပ်စာ တက်ရန်လိုသည်........



ခေါင်းစဉ်ကို ဘာနာမည် ပေးရမလဲ ထပ်ကာထပ်ကာ စဉ်းစားပြီးမှ ချရေးမိသည်။ ပြန်ဖတ်ကြည့်သည် မြန်မာစာ မြန်မာစကားကိုပဲ အပြစ်တင်ရအောင်လဲ မဟုတ်သေး။ အင်္ဂလိပ်စာ ထွင်ခဲ့တဲ့ လူကို ကျိန်ဆဲရအောင်ကလဲ မဟုတ်။
ကဲ g-talk တွေရှိနေတာပဲ ။
 ကိုရီးယားက လူကို ကိုရီးယားလို ပြန်ပြောလို့ရပါပြီ။
သို့သော် အင်္ဂလိပ်စာ တက်ရန်လိုသည်။
ကဲ..... ကဲ ..... ကဲ

Saturday, March 10, 2012

အပျိုကြီး၊လူပျိုကြီးတို့၏ စရိုက်လက္ခဏာများ..


၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။


၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။


၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။


၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။


၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။


ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုး

ရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။


၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။


၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။

Monday, March 5, 2012

မွေးနေ မွေးရက်များနဲ သူတို.၏ ဂုဏ်သတ္တိတွေပါ.....။ ဖက်ကြည်နော် စိတ်ဝင်စားဖို.ကောင်းတယ်.....။



တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၁) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၂) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၃) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၄) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၅) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၆) သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၇ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် ၈ သမား...

တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. ==
မင်းဟာ.. နံပါတ် (၉) သမား...


*******************************************