Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, March 19, 2012

19.03.2012 နေ့ဖတ်ရန်သတင်းများ






by Myanmar Journal on Monday, March 19, 2012 at 6:42am ·
 
 
 

ဆန်နူဆီကို ဘယ်ပို့မလဲ
မော်ရီတေးနီးယားအနေနဲ့ မစ္စတာဆန်နူဆီကို ဘယ်ပို့မလဲဆိုတာဟာ ပဟေဠိဖြစ်နေပါတယ်
လစ်ဗျားခေါင်းဆောင်ဟောင်းဗိုလ်မှူးကြီ ကဒါဖီ ရဲ့ လက်ရုံးတဆူဖြစ်တဲ့ အဗ္ဗဒူလာ ဆန်နူဆီ ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှဲပြောင်း ပေးပြီး တရား စီရင်သင့်တယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့တို့က ပြောကြားရာမှာ မစ္စတာ ဆန်နူဆီကို ဖမ်းဆီးမိထားတဲ့ မော်ရီတေးနီးယား နိုင်ငံအနေနဲ့ ICC နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
မော်ရီတေးနီးယား နိုင်ငံဟာ အခုလို လုပ်ဖို့ ဆိုတာကို တရားဝင် လက်မှတ် ရေးထိုးထား တာ မရှိပေမယ့်လည်း လွှဲပြောင်းပေးသင့်တယ်လို့ ဆိုပါတယ်။

Sunday, March 18, 2012

18.03.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Sunday, March 18, 2012 at 5:23am ·
မစ္စတာ ဆန်နူဆီကို လူမဆန်တဲ့ သတ်ဖြတ်မှု တွေ အတွက် ICC က အလိုရှိနေလစ်ဗျားထောက်လှမ်းရေး အကြီးအကဲဟောင်းကို ဖမ်းမိပြီ
လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲဟောင်း အဗ္ဗဒူလာ အဲလ် ဆန်နူဆီကို ဖမ်းဆီးမိပြီ ဖြစ်တယ် လို့ မော်ရေတေးနီးယန်း နိုင်ငံ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
လစ်ဗျားနိုင်ငံမှာ ပြီခဲ့တဲ့နှစ် ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုတွေအတွင်း မစ္စတာ ဆန်နူဆီဟာ လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ICC က အလိုရှိ နေတာ ဖြစ်ပါတယ်။

Saturday, March 17, 2012

17.03.2012 နေ့ဖတ်ရန်သတင်းများ





by Myanmar Journal on Saturday, March 17, 2012 at 9:06am ·




အကျဉ်းသားချင်း လဲဖို့ ဆွေးနွေးခဲ့အမေရိကန် က တာလီဘန်နဲ့ ဆက်ဆွေးနွေးချင်
အမေရိကန် ဘက်က အာဖဂန် ပြန်လည် စည်းလုံးရေး အတွက် စိတ်အား ထက်သန်ဆဲ ရှိသေးကြောင်း သမ္မတ အိုဘားမားရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
တာလီဘန် ဘက်က အမေရိကန်နဲ့ ငြိမ်းချမ်းရေး ညှိနှိုင်း အဖြေရှာ နေရာက နောက်ဆုတ် သွားပြီးတဲ့ နောက် ဒီကြေညာချက် ထွက်လာတာပါ။
အမေရိကန် ဘက်ကတော့ ဒီဆွေးနွေးပွဲ တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်အောင် ကြိုးစား နေတာပါ။
ကာတာမှာ နိုင်ငံရေး ရုံး ဖွင့်နိုင်ဖို့နဲ့ ပြန်ပေးဆွဲထားတဲ့ အမေရိကန် စစ်သား တယောက်ကို တာလီဘန် တပ်သား ၅ ယောက်နဲ့ လဲလှယ်ဖို့ ကိစ္စတွေကို တာလီဘန် ဘက်က အမေရိကန်တွေနဲ့ ဆွေးနွေး နေခဲ့တာပါ။
အာဖဂန် အာဏာပိုင်တွေ ဆွေးနွေးပွဲ တွေမှာ ပါဝင်တာကိုလည်း လက်ပါးစေ တွေ မပါဝင် စေချင်ဘူးလို့ စစ်သွေးကြွတွေ ဘက်က ကန့်ကွက် ထားပါတယ်။




ဒုက္ခသည် တွေအတွက် အိမ်ရာဆေးဝါး ကူညီထားလို့ လက်ဘနွန်ဆိုဆီးရီးယား လူမှုကူညီရေး ကုလပါခွင့်ရ
ဆီးရီးယားမှာ ဒီသီတင်းပတ် ကုန်မှာ စေလွှတ်မယ့် အစိုးရ ခေါင်းဆောင်တဲ့ လူမှု ကူညီရေး အဖွဲ့မှာ ကုလ သမဂ္ဂ ကလည်း လိုက်ပါ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့က အဆိုးရွားဆုံး ပစ်ခတ် ခံခဲ့ရတဲ့ ဟုမ်းစ်၊ ဒဲရာနဲ့ ဟာမာ မြို့ခံလူထု တွေရဲ့ အခြေအနေ တွေကို စုံစမ်းမှာ ဖြစ်ပါတယ်။
ဆီးရီးယား အစိုးရနဲ့ နီးစပ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ပျက်ကွက်တယ် ဆိုတဲ့ လက်ဘနွန် အပေါ် စွပ်စွဲချက် တွေကို လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ် မီကာတီ က ငြင်းဆို ခဲ့ပါတယ်။
ဒုက္ခသည်တွေ အတွက် အိမ်ရာနဲ့ ဆေးဝါး အကူအညီ တွေ ပေးထားတယ်လို့ သူက ဆိုပါတယ်။
အားလုံး ကိုလည်း ကြိုဆိုပါတယ်၊ ဘယ်သူ့ကိုမှ ဆီးရီးယား ဘက် ပြန်မပို့ ပါဘူးလို့ လည်း ပြောကြား သွားပါတယ် ။

Monday, March 12, 2012

12.03.2012 နေ့ဖတ်ရန်သတင်းများ





by Myanmar Journal on Monday, March 12, 2012 at 7:01am ·





ဂျပန် ငလျင်နဲ့ ဆူနာမီ နှစ်ပတ်လည် ကျင်းပ


ငလျင်နဲ့ ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ နေရာကို ဂျပန်ဧကရာဇ် နဲ့ ကြင်ယာတော် လာကြစဉ်
ဂျပန်နိုင်ငံ မှာတော့ ပြင်းထန် လှတဲ့ ငလျင်ကြီးနဲ့ ဆူနာမီ လှိုင်းကြီးတွေရဲ့ သဘာဝဘေးဒဏ်ကို အကြီး အကျယ် ခံစားခဲ့ရတာတနှစ်ပြည့်တဲ့နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံတဝှမ်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီ သဘာဝဘေးကြောင့် သေကြေ ပျောက်ဆုံး ခဲ့ရ သူပေါင်း ၂ သောင်းနီးပါး လောက်ရှိပြီး ဖူကူရှီးမား မှာ ရှိတဲ့ နျူကလီးယား ဓာတ်အား ပေးစက်ရုံ တွေလဲ ထိခိုက် ပျက်ဆီးခဲ့ရပါတယ်။
မနှစ်က ငလျင်ကြီး စလှုပ်ခတ် တဲ့ အချိန်အတိအကျမှာ နိုင်ငံ အရှေ့မြောက် တဝှမ်းမှာ သတိပေး ဥဩတွေ ဆွဲသွားကြမှာ ဖြစ်ပါတယ်။
တိုကျို မြို့တော် မှာတော့ အမျိုးသား အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပ သွားမှာ ဖြစ်ပြီး ဂျပန် ဧကရာဇ် အာကီဟီတို နဲ့ ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ တို့လဲ တက်ရောက်မှာ ဖြစ်ပါတယ်။
ဖူကူရှီးမား နဲ့ နိုင်ငံတွင်းက တခြား ဒေသတွေ မှာတော့ နျူကလီးယား ဆန့်ကျင်တဲ့ ချီတက် ဆန္ဒပြပွဲတွေ ကို ကျင်းပသွားကြဖို့ ရှိပါတယ်။

Saturday, March 10, 2012

10.03.2012 နေ့ဖတ်ရန်သတင်းများ



 
ထင်ရှားတဲ့ အနုပညာရှင် အိုင်ဝေဝေ လည်း အဖမ်းခံခဲ့ရတရုတ် လူ့အခွင့်အရေး ပိုဆိုးနေ
တရုတ် နိုင်ငံမှာ အရှေ့ အလယ်ပိုင်း ဒေသ ပုံစံ တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း အာဏာပိုင် တွေက အတိုက်အခံ တွေ အပေါ် ပိုမို တင်းကျပ် လာတယ်လို့ ထင်ရှားတဲ့ လူ့ အခွင့် အရေး ကာကွယ် သူများ အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။
ဟောင်ကောင် အခြေစိုက် လူ့ အခွင့် အရေး ကာကွယ်သူများ အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ မှာ ဖော်ပြထား တာပါ။
အစိုးရရဲ့ ဖမ်းဆီး နှိမ်နင်းမှုတွေ အတွင်းမှာ ထင်ရှားတဲ့ အတိုက်အခံ ၂၀ ကျော် လောက် သီတင်းပတ်တွေ လတွေနဲ့ ချီပြီး ပျောက်သွားခဲ့ ကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီး ခံရသူတွေ ထဲမှာ ထင်ရှားတဲ့ အနုပညာရှင် အိုင်ဝေဝေ လည်း ပါဝင် ပါတယ်။
လျှို့ဝှက် နေရာတွေမှာ ဖမ်းဆီး ထားတာ ဟာလည်း ရဲတွေရဲ့ ညှင်းပန်း နှိပ်စက်မှု တွေ ခံရနိုင်တဲ့ အန္တရာယ် ပိုကြီးတယ်လို့ ထောက်ပြ ပါတယ်။
အဖမ်းခံ နေရတုန်း ဒီမိုကရေစီရေး လှုပ်ရှားသူ ၁၅၀ လောက် ညှဉ်းပန်း နှိပ်စက် ခံခဲ့ကြရ တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

Sunday, March 4, 2012

ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်။







မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။

မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နား သော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံကို ပြည်သူလူထု တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။

နိုင်ငံတော်သမ္မတ မိန့်ခွန်းအပေါ် ကိုမင်းကိုနိုင် ပြောကြားခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ အမြင်



by Eleven Media Group on Sunday, March 4, 2012 at 7:53pm ·



သမ္မတမိန့်ခွန်းအကြောင်းကို ပြောမယ်ဆိုရင် တော်တော်ကျယ်ပြန့်လိမ့်မယ်။ အဲဒီတော့ အပိုင်းလိုက် ဖြေပါ့မယ်။ကျွန်တော် တစ်ယောက်တည်းတင် မကပဲနဲ့ ၈၈မျိုးဆက်တစ်ခုလုံးရဲ့ သဘောထားအမြင်တွေကို ခြုံငုံပြီးတော့  ဖြေပေးမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ စနစ်တကျ ပြင်ဆင်ပြီးသားပါ။ အဓိက ကျွန်တော် ပြောချင်တာက နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့် မယ်ဆိုကတည်းက ကျွန်တော်တို့ စိတ်ဝင်စားစွာနဲ့ စောင့်ပြီးတော့ နားထောင်ခဲ့ပါတယ်။ ခြုံပြောလိုက်မယ် ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ဆွေးနွေးလိုတာက အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်ဆိုတဲ့ စကားလုံးကို ကျွန်တော်အဓိကထားပြီး ဆွေးနွေးပါမယ်။ သမ္မတကြီး ပြောသွားတာရှိပါတယ်။ ကျွန်တော် သေချာလည်း မှတ်ထားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာပြီဆိုတဲ့ ဟာမျိုးပါ။ အဲတာတွေဟာ ဘယ်အချက်တွေကို အခြေခံလဲဆိုတာ ကျွန်တော်တို့ တွေးပါတယ်။

Thursday, March 1, 2012

01.03.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Thursday, March 1, 2012 at 11:37am ·



မြောက်ကိုရီးယား ခြေလှမ်းသစ် ကန်ကြို


မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်နဲ့ အဏုမြူနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေ ရပ်ဆိုင်းထားဖို့ ကြေညာချက်ကို အမေရိကန် အစိုးရ က ကြိုဆိုခဲ့ပါတယ်။
ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ လုံးဝ ကင်းစင်ရေး အတွက် အကောင်းဘက် ဦးတည် တဲ့ ပထမ ခြေလှမ်း၊ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်ဖို့ စွဲမြဲဖို့ လိုတယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။
အရင်ပတ်က ဘေဂျင်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား သံတမန်တွေ တွေ့ဆုံပြီးနောက် ဒီကြေညာချက် ထွက်လာတာပါ။
အပြန်အလှန် အနေနဲ့ အမေရိကန်က မြောက်ကိုရီးယားကို စားနပ်ရိက္ခာ အများအပြား ကူညီ ပေးဖို့ အစီအစဉ်ကို လက်စသတ် နေပါတယ်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၂)



by The Voice Weekly on Thursday, March 1, 2012 at 4:27pm ·
 
 
ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန် ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၁)



by The Voice Weekly on Thursday, March 1, 2012 at 1:56pm ·
 
 
လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာ ကာလအတွင်း မိမိအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှ တစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာ ရှိတဲ့ မိဘပြည်သူများ အားလုံး၊ အကြောင်း အမျိုးအမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

29.02.2012 နေ့ဖတ်ရန်သတင်းများ





by Myanmar Journal on Wednesday, February 29, 2012 at 10:19am ·





ရီပတ်ဘလစ်ကန် သမ္မတလောင်း အပြိုင်လု
ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာ အကြိတ်အနယ် စည်းရုံး
အကြိတ်အနယ် ယှဉ်ပြိုင် နေကြတဲ့ မစ်ချီဂန် ပြည်နယ်က ရီပတ်ဘလစ်ကန် သမ္မတလောင်း ပဏာမ ရွေးပွဲ အတွက် မဲပေးမှုတွေ အဆုံးသတ်တော့မှာပါ။
ပါတီ သမ္မတလောင်း ရွေးပွဲမှာ ရှေ့ကနေ ပြေးနေတဲ့ မစ်ချီဂန် ပြည်နယ်သား မစ်ရွန်နီကို အထက်လွှတ်တော် အမတ်ဟောင်း ရစ် ဆန်တိုရမ်က အကြီးအကျယ် စိန်ခေါ် နေပါတယ်။
ရစ် ဆန်တိုရမ်ကို ရှေးရိုးစွဲ မဲဆန္ဒရှင်တွေက တော်တော် ထောက်ခံကြ ပါတယ်။
မစ္စတာ ရွမ်နီကတော့ မစ္စတာ ဆန်တိုရမ်တို့ လူစုကို ဒီမိုကရက်တွေကို စည်းရုံးပြီး ရွေးကောက်ပွဲ ပြန်ပေးဆွဲဖို့ ကြိုးစားတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။
ပဏာမ ရွေးပွဲမှာ ဒီမိုကရက်တွေ ပါဝင်ခွင့် ပြုထားပါတယ်။
အာရီဇိုးနား ပြည်နယ်တွက်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်း တဦး ရွေးချယ် နေကြပါတယ်။ ဒါပေမယ့် မစ္စတာ ရွန်နီ အလွယ်တကူ နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

Tuesday, February 28, 2012

28.02.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Tuesday, February 28, 2012 at 9:30am ·





၂၀၁၁ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲ
 Jean Dujardin က The Artist ကား ကနေ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ
၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ ရုပ်ရှင်ထူးချွန်ဆု အော်စကာ ဆုပေးပွဲမှာ အဖြူနဲ့အမည်း ရိုက်ကူးထားတဲ့ ပြင်သစ် အသံတိတ်ရုပ်ရှင် The Artist ကား ကနေ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုတွေ ဆွတ်ခူးရရှိသွားပါတယ်။
Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိတာဖြစ်ပြီး၊ ဒါရိုက်တာဆုကို Michel Hazanavicius က ရရှိသွားတာ ဖြစ်ပါတယ်။
The Artist ရုပ်ရှင်ကားဟာ ၁၉၂၇ ခုနှစ်တုန်းက ထင်ရှားကျော်ကြားတဲ့ ဟော်လီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်နဲ့ သာမန် အမျိုးသမီးလေးတဦးတို့ရဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ပြီး စုစုပေါင်း ဆု ၅ ခု ရရှိသွားတာ ဖြစ်ပါတယ်။
အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ The Iron Lady ဇာတ်ကားမှာ ဗြိတိသျှ ဝန်ကြီးချုပ် မာဂရက် သက်ချာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Meryl Streep က ရရှိသွား ပါတယ်။
နောက်ထပ် ဆု ၅ ခုရရှိသွားတဲ့ကားကတော့ Hugo (3D) ရုပ်ရှင်ကားဖြစ်ပြီး၊ အဲဒီကားဟာ နည်းပညာပိုင်းအတွက် အဓိက ရရှိသွားတာ ဖြစ်ပါတယ်။
အသက် ၈၂ နှစ်အရွယ် ကနေဒါ လူမျိုး Christopher Plummer က အကောင်းဆုံး အမျိုးသား ဇတ်ပို့ဆုကို Beginners ဆိုတဲ့ ရုပ်ရှင်ကားကနေ ဆွတ်ခူး ရရှိသွားပြီး အော်စကာဆု ပေးပွဲ သမိုင်းမှာ သူဟာ အသက်အကြီးဆုံး ဆုရရှိသူ အဖြစ် မှတ်တမ်း ဝင်သွားပါတယ်။
နိုင်ငံခြား သာဘာစကားပြော အကောင်းဆုံး ရုပ်ရှင်ဆုကိုတော့ အီရန်ရုပ်ရှင်ကား A Separation က ရရှိသွားပါတယ်။

Monday, February 27, 2012

27.02.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Monday, February 27, 2012 at 3:26am ·



ဘင်လာဒင် ခြံဝင်း ပါကစ္စတန် တပ်တွေ စဖြိုဘင်လာဒင် သေတဲ့ခြံ ရှင်းနေ
အိုစမာ ဘင်လာဒင်ကို မနှစ် မေလက အမေရိကန် တပ်တွေက စီးနင်း သုတ်သင် ခဲ့တဲ့ ခြံဝင်းကို ပါကစ္စတန် လုံခြုံရေး တပ်တွေက စတင် ဖြိုချ ရှင်းလင်း နေပါပြီ။
အဘိုတာဘတ် ခံတပ်မြို့က အဆောက်အဦ အစိတ်အပိုင်း အများစုကို မြေတူးစက်တွေနဲ့ ထိုးပြီး ဖြိုချထား ပါတယ်။ ညလုံးပေါက် ရှင်းလင်း နေကြတာပါ။
ဝင်းနားမှာလည်း လုံခြုံရေးတွေ အထပ်ထပ် ချထားပါတယ်။ ဒီနေရာမှာ အယ်လ်ကေဒါ ခေါင်းဆောင် ဘင်လာဒင် ၅ နှစ် ကျော်ကျော် ပုန်းခို ခဲ့တာပါ။
ဒီနေရာကို ကိုးကွယ်စရာ ဌာနတခု ဖြစ်မလာအောင် ပါကစ္စတန် အာဏာပိုင်တွေက ဟန့်တားချင်တာလို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

26.02.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Sunday, February 26, 2012 at 7:52am ·



မန်ဒဲလား ဆေးရုံတင် ကုသခဲ့ရ
 မစ္စတာ မန်ဒဲလားဟာ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါကို ရေရှည်ခံစား နေရတာ ဖြစ်ပါတယ်
ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကြောင့် ဆေးရုံတင် လိုက်ရတဲ့ တောင်အဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ အခုတော့ အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး စကားလည်း ပြန်ပြောနိုင်ပြီ ဖြစ်ပါတယ်။
မစ္စတာ မန်ဒဲလားနဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် ထုတ်ပြန်ရာမှာ၊ အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ၊ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကို ရေရှည်ခံစား နေရတာ ဖြစ်ပြီး၊ အထူးကူသဖို့ လိုအပ်နေတဲ့ အတွက် ဆေးရုံတင်ရတာ ဖြစ်ပြီး၊ ဒါဟာ အရေးပေါ် ခွဲစိတ်ကုသဖို့ ဆေးရုံ တင်လိုက်ရတာမျိုး မဟုတ်ဘူးလို့ ဖေါ်ပြထားပါတယ်။

Saturday, February 25, 2012

25.02.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Saturday, February 25, 2012 at 6:49am ·

ညီလာခံအတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဆီးရီးယားအရေး ဆွေးနွေးပွဲစ
ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး တူနီရှားနိုင်ငံ တူးနစ်မြို့မှာ အာရပ်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဆီးရီးယားနိုင်ငံရဲ့ မိတ်ဆွေများညီလာခံကို အမေရိကန် ယူကေ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော် တက်ရောက်ကြပါတယ်။
ဒါပေမယ့် ဒီညီလာခံကို ဆီးရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ တက်ရောက်ခြင်း မရှိကြပါဘူး။
ဒီညီလာခံကနေ စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ ဒါမှမဟုတ် အဲဒီလို အလားတူ ဆောင်ရွက်မှုတွေကို လုပ်ဖို့ ဆိုတာတွေကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့
အာရပ် နိုင်ငံများအဖွဲ့ချုပ် ဥက္ကဌ နာဘီ အဲလ် အာရဘီ က ပြောပါတယ်။
အာရပ်အဖွဲ့ချုပ်က အစပြု ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းစွာ ပြေလည်ရေး အကောင်အထည်ပေါ်လာ နိုင်ဖို့အတွက် ဆွေးနွေးနေကြတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Friday, February 24, 2012

24.02.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, February 24, 2012 at 9:07am ·

မကျေမနပ် ဆန္ဒပြကြသူများအာဖဂန်ဆန္ဒပြမှု နေတိုးတပ်ဖွဲ့ဝင် နှစ်ဦးသေ
အာဖဂန်နစ္စတန်နိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ကိုရမ် ကျမ်းစာကို အမေရိကန် တပ်ဖွဲ့ဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြတယ် ဆိုတဲ့ သတင်းကြောင့် မကျေမနပ် ဆန္ဒပြမှုတွေ ၃ရက်ကြာ ဖြစ်ပွားနေရာမှာ အာဖဂန် နိုင်ငံသား အနည်းဆုံး ၆ ဦးနဲ့ နေတိုး တပ်ဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပါတယ်။ အတော် များများလည်း ဒဏ်ရာ ရသွားပါတယ်။
အကြမ်းဖက်မှုတွေဆီထိ ဦးတည်လာတဲ့ ဒီလို ဆန္ဒပြမှုတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းကနေ အနောက်ပိုင်းထိ ပြန့်နှံ့သွားခဲ့ပါပြီ။

23.02.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, February 23, 2012 at 10:02am ·



အဖိနှိပ်ခံတွေ ဘဝမှန် ဖော်ထုတ်ဖို့ အင်မတန် စိတ်ထက်သန်ဆီးရီးယားကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
သိက္ခာရှိ စစ်သတင်းထောက် မာရီ ကိုလ်ဗင်ကို သတ်မှု၊ အတိုက်အခံကို ဆက်လက် ချေမှုန်း နေမှုတွေ အတွက် ဆီးရီးယား အစိုးရကို အပြင်းအထန် ရှုတ်ချ နေကြပါတယ်။
အစိုးရ ထွက်ပေးသင့်ပြီလို့ ပြင်သစ် သမ္မတက ဆိုပါတယ်။
သူ့သမီးဟာ အဖိနှိပ်ခံ ပြည်သူတွေ ဘဝမှန်ကို ဖော်ထုတ်ဖို့ အင်မတန် စိတ်ဓာတ် ထက်သန် တယ်လို့ မာရီကိုလ်ဗင် အမေက ဆိုပါတယ်။
အစိုးရတပ်က ဟုမ်းစ်မြို့ကို ထပ်တဆင့်တိုးပြီး ပြင်းပြင်း ထန်ထန် တိုက်နေ ပြန်ပြီလို့လည်း သိရပါတယ်။
ကုလသမဂ် အတွင်းရေးမှူးချုပ် ကတော့ မြို့ထဲ အကူအညီ ပေးနိုင်အောင် လူမှုကူညီရေး အကြီးအကဲ လွှတ်မယ်လို့ ဆိုပါတယ်။

Wednesday, February 22, 2012

22.02.2012 နေ့ဖတ်ရန်သတင်းများ



အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဆွေးနွေးမှုကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာ အသိုင်းအ၀န်း၏ အမြင်များ၊ အစိုးရအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ကိစ္စရပ်များန
ှင့် လူထုအားလုံး အကျိုး သက်ရောက်မှု ခံစားရရှိစေနိုင်မည့် လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု ဒေါက်တာ ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

Tuesday, February 21, 2012

21.02.2012 နေ့ဖတ်ရန်သတင်းများ






တောင်ကိုးရီးယားရဲ့ စစ်ရေး လေ့ကျင့်ပစ်ခတ်မှုတောင်ကိုးရီးယား စစ်ရေးလေ့ကျင့်မှု ဝေဖန်ခံရ
တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ၂ နိုင်ငံ အငြင်းပွား မှုတွေ ဖြစ်ခဲ့တဲ့ မြောက် ကိုးရီးယား နယ်စပ်မှာ တောင် ကိုးရီးယား နိုင်ငံက စစ်ရေး လေ့ကျင့်မှု တရပ်ကို လုပ်ဆောင် ခဲ့ပါတယ်။
မြောက်ကိုးရီးယား နိုင်ငံရဲ့ တားမြစ် ထားတဲ့ ကြားက အခုလို လုပ်ဆောင် ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု မှာ အမြောက်တွေ၊ မော်တာတွေ အပြင် ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခတ် မှုတွေ ပါဝင်ပါတယ်။
မြောက်ကိုးရီးယားက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား နိုင်ငံသား ၄ ဦး သေဆုံးခဲ့တဲ့ ကျွန်းတခု အနီးမှာ အခုလို စစ်ရေး လေ့ကျင်မှု တွေကို တောင်ကိုးရီးယားက လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ရေး လေ့ကျင့်မှုတွေ မလုပ်ခင်မှာ ဒေသံအနီးမှာ နေထိုင်တဲ့ လူထောင်ပေါင်း များစွာဟာ ဗုံးခို ကျင်းတွေထဲ ဝင်ရောက် ပုန်းခို ခဲ့ကြ ပါတယ်။
တောင်ကိုးရီးယား နိုင်ငံကတော့ ဒီစစ်ရေး လေ့ကျင့်မှု တွေဟာ ပုံမှန်စစ်ရေး လေ့ကျင့်မှု တခုလို ဆိုနေပေမဲ့ မြောက်ကိုးရီးယား နိုင်ငံကတော့ ဒီလုပ်ရပ်ဟာ ကြိုတင် စီစဉ်မှု တခု ဖြစ်တယ်လို့ စွပ်စွဲ ပြောကြား လိုက်ပါတယ်။

Sunday, January 1, 2012

နိုင်ငံရေးသမား ဖြစ်ချင်တယ်ဆိုရင် (၅)

မိမိဟာ ၁၉၅၃ / ၅၄ ခုနှစ် သတ္တမတန်း ကျောင်းသားဘဝမှာကတည်းက ကျောင်းသားလှုပ်ရှားမှုထဲမှာ စတင်ပါဝင်ခဲ့ပြီး မိမိရဲ့ နိုင်ငံရေးဘဝကို စတင်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီကာလက လွတ်လပ်ရေးခေတ်ဦးကာလ (၁၉၄၈/၅၃) ဖြစ်ပါတယ်။ ကျောင်းသားအဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားခွင့် ရရှိနေချိန်လည်းဖြစ်ပါတယ်။ တခု ထူးခြားတာက ကျနော်တို့ရဲ့ ဆရာများဟာ အမျိုးသားကျောင်းများက ထွက်လာတဲ့သူများ ဖြစ်ပါတယ်။ ဒီကျောင်းဆရာ မျိုးဆက်များက မိမိတို့ကို နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်ရှိကြဖို့အကြောင်း ဆုံးစည်းတိုင်း လှုံ့ဆော်ပေးခဲ့ကြပါတယ်။ ကျောင်းသား သမဂ္ဂများဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားပညာရေး လှုပ်ရှားမှုအတွင်းက ပေါ်ထွက်လာခဲ့တာ ဖြစ် ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ၁၈၂၀ နဲ့ ၁၉၃၆ ကျောင်းသားသပိတ်ကြီးများက (တကသ/၁၉၃၁) နဲ့ ဗကသများ အဖွဲ့ချုပ်/၁၉၃၆ တို့ကို ဖော်ထုတ်ပေးခဲ့ကြောင်း၊ ဦးနု (သခင်နု)၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ တို့ဟာ ကျောင်း သားခေါင်းဆောင်နဲ့ တို့ဗမာအစည်းအရုံးနဲ့ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင်များ ဖြစ်ခဲ့ကြောင်း မိတ်ဆက်ပေးခဲ့ကြပါတယ်။ ဒီ ဗီဇစိတ်များဟာ မိမိတို့အတွက် အထက်တန်းကျောင်းသား တက္ကသိုလ် ကျောင်းသား တက္ကသိုလ်ပြင်ပ လူမှုဘဝများအထိ စိုးမိုးခိုင်မြဲခဲ့ပါတယ်။ ကျောင်းဆရာအဖြစ် အသက်မွေးကျောင်းရတဲ့ အခါ မိမိတို့ကို မိမိတို့ ဆရာများက မိတ်ဆက်ပေးခဲ့တဲ့ အသိတရားများကို မိမိတို့ကတဆင့် နောက်မျိုးဆက်တဆက်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ မျိုးဆက်ဆိုတာ ဒီလို ပါပဲ။
ဒီလိုနဲ့ မိမိဟာ သမိုင်းက မိမိ ပခုံးပေါ်တင်ပေးလိုက်တဲ့ လောကပါလတရားများ တည်တံ့ရေးနဲ့ ရှင်သန်ဖွံ့ဖြိုးရေးတာဝန်ကို မိမိရဲ့ လူမှုဘဝ တာဝန်အဖြစ် ယုံကြည်လက်ခံပြီး၊ လူမှုဘဝ အပေါင်းအနုတ်များကို ဒီကနေ့အထိ ရင်ဆိုင်ဖြတ်သန်းခဲ့ပါ တယ်။ ဒီလိုနဲ့ မိမိဟာ မိမိတို့လို အောက်ဆုံးလွှာတွေရဲ့ ဘဝကို လွတ်မြောက်စေဖို့ အာမခံချက်ပေးမယ့် အယူဝါဒနဲ့ အဖွဲ့ အစည်းတခုအတွင်း မိမိဘဝကို မြှုပ်နှံပြီး ဖြစ်နိုင်ခြေရှိတဲ့ စွန့်လွှတ်အနစ်နာခံမှု အမျိုးမျိုး ပေးဆပ်ခဲ့ပါတယ်။ မိမိယုံကြည် ကိုင်စွဲခဲ့တဲ့ အယူဝါဒနဲ့ အဖွဲ့အစည်းဟာ မိမိကို တန်းရှိတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်စေခဲ့ပါတယ်။ စွန့်လွှတ်အနစ်နာ ခံနိုင်တဲ့ နိုင်ငံသမားတယောက် ဖြစ်စေခဲ့ပါတယ်။ ဂိုဏ်ဂဏဝါဒ၊ မင်းမဲ့ဝါဒများကို ဆင်ခြင် ရှောင်ကြဉ်နိုင်တဲ့ နိုင်ငံရေးသ မား ဖြစ်စေခဲ့ပါတယ်။ အတိတ်ကအမှားကို နောင်မမှားဖို့ သင်ခန်းစာယူ လူနာကို ကယ်တင်ဖို့ ရောဂါကို ကုတဲ့ ဝေဖန်ရေး တရားကို ယုံကြည်ကိုင်စွဲနိုင်တဲ့ နိုင်ငံရေးသမား ဖြစ်စေခဲ့ပါတယ်။ ဖြစ်ရပ်က တရားရှာ၊ လက်တွေ့ကို အထောက်အထား ပြုတဲ့ လေ့လာဟန်ရှိတဲ့ နိုင်ငံရေးသမား ဖြစ်စေခဲ့ပါတယ်။ ဘာမဆို ဘဝကစ၊ ဘာမဆို လူထုက စတဲ့ တွေးခေါ်ဟန်ရှိတဲ့ နိုင်ငံရေးသမား ဖြစ်စေခဲ့ပါတယ်။ လင်းယုန်ဟာ ကြက်လောက် နိမ့်နိမ့် ပျံနိုင်ပေမယ့် ကြက်ဟာ လင်းယုန်လောက် မြင့် မြင့် မပျံနိုင်ဘူး ဆိုတဲ့ ဝေဖန်ရေး စံကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမား ဖြစ်စေခဲ့ပါတယ်။ တခုလုံးနဲ့ အစိတ်အပိုင်းရဲ့ ဆက် သွယ်မှု၊ The partial and the Whole ရဲ့ အဖက်အစပ်ကို မှန်မှန်ကန်ကန် နားလည်စေခဲ့ပါတယ်။
ဘယ်လို လူ့အဖွဲ့အစည်းမျိုးမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးပါတီ ဆိုတာဟာ သီးခြား ဖြစ်တည်နေတဲ့ လူမှုအခြင်းအရာမျိုး မဟုတ် ပါဘူး။ ခေတ်သစ် လူ့အဖွဲ့အစည်းများ ဖြစ်ထွန်းလာတဲ့ အခါမှာ နိုင်ငံရေးပါတီဆိုတာမျိုးလည်း သူ့သမိုင်းခေတ်အလိုက် လူ့အဖွဲ့အစည်းအလိုက် ဖြစ်တည်လာတဲ့ လူမှုအစုအစည်းတမျိုးပါ။ ဒီလိုဖြစ်တည်လာတဲ့ နိုင်ငံရေးပါတီများဟာ လူတန်း စား တရပ်ရပ်ကို ကိုယ်စားပြုထားကြရိုး ထုံးစံပါပဲ။ ကျုပ်တို့ပါတီဟာ လူထုကြီးတရပ်လုံးရဲ့ အကျိုးကို ကိုယ်စားပြုပါတယ် လို့ မကြွေးကြော်တဲ့ ပါတီမျိုး (ဘယ်ကမ္ဘာမှာမှ မရှိကြပါဘူး) ဒါပေမဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိရှိသမျှ နိုင်ငံရေးပါတီတိုင်း ဟာ အဓိကအားဖြင့် လူတန်းစား တရပ်တည်းရဲ့ အကျိုးစီးပွားကိုသာ အရင်းခံထားကြစမြဲ ပါပဲ။ ကမ္ဘာ့မထဝီဒေသ အမျိုး မျိုးမှာ ရှိနေကြတဲ့ ပါတီမှန်သမျှဟာ မျက်မှောက်ခေတ်မှာ ဒေသဆိုင်ရာ အရင်းရှင် လူတန်းစားများ အထူးသဖြင့် တီအင်န်စီ သူဌေးကြီးများကို ကိုယ်စားပြုထားတာချည်းပါပဲ။ ရွေးကောက်ပွဲများ အထူးသဖြင့် သမ္မတ ရွေးကောက်ပွဲကြီး များအတွက် ကုန်ကျတဲ့ ကုန်ကျစရိတ်များကို (တချက်လောက်) ကြည့်လိုက်ရင် ဒီ ပါတီကြီးများဟာ အရင်းခံအားဖြင့် ဘယ်လို လူမှုအစုအစည်းများ အကျိုးကို (လက်ရင်းထားသလဲဆိုတာ) ရှင်းရှင်းကလေး သိမြင်နိုင်ကြပါတယ်။ ကမ္ဘာ့ တိုက်ကြီး အသီးသီးက ရှေ့တန်းရောက်နိုင်ငံကြီးများမှာ ရှိကြတဲ့ ပါတီကြီးများကို ကြည့်လိုက်ရင် သူတို့ အမှန်တကယ် ဘယ်လို လူမှုအစုအဝေးများကို ကိုယ်စားပြုထားကြသလဲဆိုတာ သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမယ် ထင်ပါ တယ်။
မျက်မှောက်ကမ္ဘာကြီးကို ကြည့်လိုက်ပါ။ နိုင်ငံ ၃ မျိုး တည်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ပထမ တမျိုးက ဖွံ့ဖြိုးပြီး နိုင်ငံ ကြီးများဖြစ်ပါတယ်။ (ဥပမာ အမေရိကန် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးများပါ) ဒုတိယနိုင်ငံစုက တရုတ်၊ အိန္ဒိယ၊ ဘရာ ဇီး၊ တောင်အာဖရိကနိုင်ငံများလို ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ပါတယ်။ တတိယနိုင်ငံစုကတော့ ခေတ်မီဖွံ့ဖြိုးဖို့ ရုန်းကန်နေကြတဲ့ နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံစုကြီးသုံးမျိုးဟာ (ဒီအထဲမှာ တရုတ်၊ အင်ဒိုချိုင်းနား နိုင်ငံများ မြောက်ကိုရီးယားနဲ့ ကျူးဘား တို့လို တပါတီစနစ်နဲ့ နိုင်ငံများမပါ) ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံနိုင်ငံရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေချည်း ဖြစ်ပါ တယ်။ အဲဒီ နိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံရေးပါတီကြီးများဟာ ဘယ်လူမှုအစုရဲ့ အကျိုးစီးပွားများကို ကိုယ်စားပြုထား ကြ သလဲ။ နိုင်ငံသားတဦးချင်းရဲ့ အကျိုးစီးပွားဟာ အဲဒီ နိုင်ငံကြီးများမှာ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေပါ အကျိုးခံစားခွင့် များထက် မပိုပါဘူး။ အဲဒီ နိုင်ငံကြီးသုံးမျိုးမှာ ရှိကြတဲ့ လူဦးရေအများစုဖြစ်တဲ့ အောက်လွှာများ lower stratas ဟာ ဘဝ တည်တံ့ရေးအတွက် လူ့လုပ်အားနဲ့ အခကြေးငွေနဲ့ လဲလှယ်နေကြရတာချည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလုပ်လက်မဲ့ ပြဿနာ ဆင်းရဲချမ်း သာကွာဟမှု ပြဿနာ ဆိုတာဟာ ဒီလို အောက်လွှာများရဲ့ ပြဿနာပါပဲ။ ကမ္ဘာပေါ်က ထိပ်တန်း နိုင်းငံကြီးများ၊ ထိပ် တန်းပါတီကြီးများ၊ ထိတ်တန်းပါတီနဲ့ အစိုးရခေါင်းဆောင်ကြီး ဆိုတာဟာ TNC ပိုင်ရှင် သူဌေးကြီး တွေချည်းပါပဲ။ ရွေးကောက်ပွဲများဆိုတာဟာ TNC ပိုင်ရှင် သူဌေးကြီးတွေအချင်းချင်း ပြိုင်ကြတာပါ။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ခေတ်သစ်နိုင်ငံရေးစနစ်ထဲကို နှစ်ဆယ်ရာစုဆန်းစမှာ ဝင်ရောက်ခဲ့ပါတယ်။ ဂျီစီဘီအေအဖွဲ့ ချုပ်ကြီး၊ တိုဗမာအစည်းအရုံးနဲ့ ကျောင်းသား၊ လူငယ်၊ အမျိုးသမီး အလုပ်သမား သံဃာအဖွဲ့ကြီးများ ဖွဲ့စည်းလှုပ်ရှားခဲ့ပါ တယ်။ ပထမကမ္ဘာစစ်အတွင်းလောက်ကစပြီး မြန်မာပညာတတ်များ သယ်ယူလာတဲ့ မာ့က်စ်ဝါဒဟာ ဒုတိယကမ္ဘာစစ် ကြီးဖြစ်ခါနီး စစ်အတွင် စစ်ကြီးပြီးချိန်လောက်မှာ မြန်မာ့အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ ပေါင်းစည်းမိကြပြီး မြန်မာမျိုးချစ်ခေါင်းဆောင်မှု ပထမမျိုးဆက်များအတွင်း မာ့က်စ်ဝါဒ ယုံကြည်သူများလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှ သခင်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၄၀ မှာ ဖတပလ၊ ပြည်သူ့အရေးတော်ပုံပါတီ (အမတေအစု) ကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်ထဲမှာ သခင်မြ ခေါင်းဆောင်တဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီကို ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၄၈ လွတ်လပ်ရေးခေတ်မှာ ဖဆပလ အဖွဲ့ချုပ် (ပါတီ) ဟာ အစိုရအာဏာရ အဖွဲ့အစည်း ဖြစ်လာပါတယ်။ ၁၉၄၆ ခုနှစ်ထဲမှာ သခင်စိုးက ဗကပ က ခွဲထွက်ပြီး အလံနီပါတီကို ဖွဲ့စည်းပါတယ်။ ၁၉၄၆ မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဟာ နုမူနဲ့ ရဲဘော်မူ ကွဲပြီး ပြည်သူ့ရဲဘော် (အဖြူ/အဝါ) ကွဲပါတယ်။ ၁၉၄၆ မှာ ဖဆပလ အဖွဲ့ချုပ်က ကွန်မြူနစ်ပါတီကို ထုတ်ပစ်ခဲ့ပါတယ်။ ၁၉၅၁ မှာ ဗမာပြည် ဆိုရှယ်လစ်ပါတီကနေ သခင်လွင်၊ သခင်လှကျွေ၊ သခင်ချစ်မောင် (ဝိဓူရ) တို့ အစုခွဲထွက်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ အတိုက်အခံ ပမညတ အဖွဲ့ ပေါ်လာပါ တယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာရ ဖဆပလ အဖွဲ့ချုပ်ကြီး ပြိုကွဲပြီး တည်မြဲ သန့်ရှင်း ဖဆပလများ ကွဲကြပါတယ်။ ၁၉၅၉ မှာ အရပ်ဘက်နဲ့ စစ်ဘက် ကွဲကြပါတယ်။ ၁၉၆၀ မှာ ဝိဓူရ သခင်ချစ်မောင်တို့က မြန်မာနိုင်ငံ အလုပ်သမား ညီညွတ်ရေး ပါတီကို ဖွဲ့စည်းပါတယ်။ ဒီအဖွဲ့ထဲမှာ ဦးသိန်းဖေမြင့် ရဲ့ ပြည်သူ့ညီညွတ်ရေး ပါတီ ပါပါတယ်။ ဗိုလ်ဖိုးကွန်းရဲ့ ပြည်သူ့ ရဲဘော်ပါတီ ပါပါတယ်။ ၁၉၆၀ မှာ ဝန်ကြီးချုပ်ဦးနုက ပြည်ထောင်စုပါတီကို ဖွဲ့စည်းပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်ထွက်လာပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရက ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗမာပြည်မှာ ပါတီစုံ ဒီမိုကရေစီစနစ် ချုပ်ငြိမ်းသွားပါတယ်။ ဒါက၁၉၄၈/၁၉၄၆ ခုနှစ်အတွင်း ဗမာပြည်မှာ ပါတီစုံစနစ် တည်ရှိခဲ့ပုံ ပုံကြမ်းပါ။ အချိန်ကာလအားဖြင့် ၁၅ နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေး အလှုပ်အခတ်ကို တွေ့ကြရမှာပါ။
အာဏာရပါတီ ကွဲပါတယ်။ လက်ဝဲဆိုင်းဘုတ်နဲ့ ပါတီတွေလည်း ကွဲပါတယ်။ ၁၉၈၈ ဇူလိုင်လအတွင်းမှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီလည်း နိဂုံးချုပ်သွားခဲ့ပါတယ်။
၁၉၈၈ ကနေ အခု ၂၀၁၁ ခုနှစ် (ကုနတော့မှာပါ) အထိ ၂၃ နှစ်အတွင်းမှာ အခု အခြေအနေသစ်တရပ် ဖြစ်ပေါ်လာခဲ့ ပြန်ပါပြီး။ နိုင်ငံရေး လုပ်ချင်တယ် ဆိုရင် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့များ နိုင်ငံရေး လုပ်ချင်ပါသလဲ၊ ဘယ်အဖွဲ့အ စည်းက ကိုယ်ယုံကြည်မှု၊ မျှော်လင့်ချက်ကို အကောင်အထည် ဖြစ်စေမှာပါလဲ။ ဘယ်လို ပါတီအဖွဲ့အစည်းမျိုးကများ (သူ့အဖွဲ့ အစည်းဝင်များကို) တကယ့် နိုင်ငံရေးသမား ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးမှာပါလဲ (မိမိအတွေ့အကြုံအရ ပြောရင်) နိုင်ငံရေးလုပ်ငန်းဆိုတာဟာ နိုင်ငံရေးသမားဖြစ်ဖို့ ဆိုတာဟာ ကံစမ်းမဲနှိုက်ရတဲ အလုပ်မျိုး လုံးဝမဟုတ် ကြောင်း လက်ဆင့်ကမ်းချင်ပါတယ်။ (ဒါဟာ ပြဿနာရဲ့ မျက်နှာစာ တဖက်ပါ) (နောက်မျက်နှာစာ တဖက်ကတော့) ဒီပြဿနာဟာ အဖွဲ့အစည်းနဲ့ အဲဒီ အဖွဲ့အစည်းဝင် တစုံတယောက်အကြားက နိုင်ငံရေး ဆက်ဆံရေး ပြဿနာ ဖြစ်ပါ တယ်။ အတိအကျ ပြောရရင် နိုင်ငံရေးပါတီတခုရဲ့ ပါတီတည်ဆောက်ရေး ပြဿနာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ် ဟာ မိမိပါတီရဲ့ ပါတီတွင်း စည်းရုံးပြဿနာကို ဖြေရှင်းရပါမယ်။ ဆိုလိုတာက မိမိပါတီရဲ့ ရေရှည်တည်တံ့ရေးအတွက် ပါတီဝင်များကို စည်းရုံး လေ့ကျင့်တဲ့အလုပ်ကို လုပ်ရပါမယ်။ ပါတီဝင်များကို ပါတီ အယူဝါဒ၊ ပါတီရဲ့ အချိန်တချိန်မှာ ရှိရမယ့် နိုင်ငံရေးလုပ်ငန်း လုပ်ငန်းစဉ် လမ်းစဉ်များနဲ့ တသားတည်း ဖြစ်နေအောင် လေ့ကျင့်တည်ဆောက်ပေးရပါမယ်။ ပါတီရဲ့ စည်းရုံးရေးလမ်းစဉ်များနဲ့ တသားတည်း ဖြစ်နေအောင် လေ့ကျင့်တည်ဆောက်ပေးရပါမယ်။ ပါတီရဲ့ ဒီမိုကရေ စီနည်းကျ လုပ်နည်း ကိုင်နည်း (လုပ်ဟန် style of work) များနဲ့ အသားကျနေအောင် တည်ဆောက်ပျိုးထောင်ပေါ်ရပါ မယ်။ ပါတီတရပ်ရဲ့ အယူဝါဒ၊ နိုင်ငံရေးလမ်းစဉ် စည်းရုံးရေးလမ်းစဉ် လုပ်ဟန်ပြဿနာများဆိုတာတွေဟာ (အဲဒီပါတီရဲ့) လူတန်းစား ကိုယ်စားပြုမှုကို မုချ ထင်ဟပ်မှာသာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီ တရပ်က ကိုယ်းစားပြုထားတဲ့ (၁) အယူဝါဒ (၂) နိုင်ငံရေးလုပ်ငန်းစဉ် လမ်းစဉ် (၃) စည်းရုံးရေးလမ်းစဉ်၊ (၄) လုပ်ဟန် စတဲ့ အခြေခံ လက္ခဏာများက ပါတီတရပ်ကို (A) ပါတီ သိုမဟုတ် (B) ဖြစ်ကြောင်း ထင်ဟပ်မှာ သေချာ ပါတယ်။ နိုင်ငံရေးပါတီ တရပ်အနေနဲ့ လူထုတွင်းဆင်းပြီး ချဉ်းကပ် စည်းရုံးကြတဲ့အခါ ဒီလက်နက် လေးမျိုးနဲ့ ချဉ်းကပ် စည်းရုံးကြရမှာပါ။ လူထုကြီးဆိုတဲ့ လူမှုအစုကြီးထဲမှာ ပါဝင်နေတဲ့ (၁) အလုပ်သမားများ (၂) လယ်သမားများ (၃) မြို့နေအလတ်တန်းစားအလွှာများ (၄) အထက်လွှာများ (သူဌေးလုပ်ငန်းရှင်များ) ဟာ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ခုလို မတူခြားနားတဲ့ လူမှုအစု အမျိုးမျိုးတို့ရဲ့ အကျိုးစီးပွားများကို အကောင်အထည်ဖေါ်ပေးနိုင်မှု မပေးနိုင်မှု အကြောင်းပြုပြီး (ရွေးကောက်ပွဲ) များမှာ ကန့်ကွက်တာ မထောက်ခံတာ (သို့မဟုတ်) ထောက်ခံတာ လုပ်ကြတာဟာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ထိတွေ့ခဲ့ကြရတဲ မြန်မာ့ မထမ နိုင်ငံရေးမျိုးဆက်များ ဒုတိယနဲ့ တတိယမျိုးဆက်များနဲ့ (အခုဖြစ်ထွန်းစ) စတုတ္ထ မျိုးဆက်များဟာ သမိုင်းခေတ်အလိုက် ဖြစ်ထွန်းခဲ့တဲ့ ပါတီစုံ နိုင်ငံရေးစနစ်နဲ့ အောတိုကရေစီ နိုင်ငံရေးစနစ်ကြီး နှစ်ခု အကြား အကြီးအကျယ် ရုန်ကန်ခဲ့ကြရကြောင်း တွေ့ကြရပါတယ်။ လူကို နိုင်ငံရေးအရ လေ့ကျင့်ပျိုးထောင်ကြရတယ် ဆိုတာဟာ သစ်တပင်အောက် ဝါးတပင်အောက်မှာ တရားဓမ္မ ရှာဖွေကြရတာနဲ့ လုံးဝ မတူပါဘူး။ မာရသွန်ပြေးနေတဲ့ တာဝေးအပြေးသမားများလို ပါပဲ။ ပန်းတိုင်မရောက်မချင်း ပြေးနေကြရတာမျိုးပါ။ ဒီပြေးလမ်းပေါ်မှာ အကြောင်းမျိုးစုံ နဲ့ လမ်းခုလတ်မှာ ကျန်ရစ်သူတွေလည်း ဒုနဲ့ ဒေးပါပဲ။
ဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မာရသွန်ပြေးပွဲမှာ ယုံကြည်မှု သက်လုံမကောင်းတဲ့သူတွေဟာ ပြေးလမ်းပေါ်မှာ ပြတ်ကျန်ရစ်တတ်ကြပါတယ်။ ဒီလို မဖြစ်ဖို့ ယုံကြည်မှု သက်လုံကောင်းဖို့၊ မိမိကိုယ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရ ပါမယ်။
အောင်သာ (ပီသုံးလုံး)