မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Monday, April 9, 2012
Sunday, April 1, 2012
“ဟာသ အတိုအထွာများ”
“ဟုတ်သားပဲ”
ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။
အမေ။ ။ သားရေ...ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။
သား ။ ။ ပထ၀ီသင်တဲ့ ဆရာမပါ...အမေ။
“ငါး အမြန်ကြော်နည်း”
ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူး
ခြားခြား ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။ ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ
ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကို
ချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။
Monday, March 26, 2012
" သတင်းစာ များများဖတ်ပါ…"

တစ်ခါတုန်းက
ပါတီဋ္ဌာနချုပ် ဝါဒဖြန့်ချိရေးဋ္ဌာနမှ
တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စက်ရုံလုပ်သားများကို ငါးနှစ်စီမံကိန်း
အကောင်အထည်ဖော်မှုအခြေအနေကို ရှင်းပြနေပါတယ်။
“ငါးနှစ်စီမံကိန်းမှာ လျာထားချက်အတိုင်းမော်လမြိုင်ကျွန်း မြို့နယ်
လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးသွားပြီ”
ပရိသတ်ထဲက ကိုတင်ဝင်းဆိုသူက ထပြောပါတယ်။
“အဲဒီမြို့က မနေ့ကပဲ ကျနော်ပြန်လာခဲ့တယ်။
အပျိုကြီးနဲ့များ ကြိုက်မိလျှင်
မိန်းကလေးများကို အသက်နဲ့လိုက်ပြီး သတ်မှတ်ကြပုံကတော့…
- အသက်(၁၃)နှစ် အရွယ်မှ အသက်(၁၈)နှစ် အရွယ်ထိကို… အပျိုဖြန်း…
- အသက်(၁၈)နှစ်မှ အသက်(၂၅)နှစ်ထိကို… အပျိုစင်…
- အဲ… အသက်(၂၅)နှစ်ကျော်ရင်တော့… အပျိုကြီးလို့ သတ်မှတ်လိုက်ကြပါပြီ…။
ပြီးတော့ ရှိပါသေးတယ်…၊
- အသက်(၁၀)နှစ်ကနေ (၂၀) အတွင်းက အာဖရိကနဲ့တူတယ်…၊
(စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်… ရှာဖွေစူးစမ်းစရာတွေရှိနေတယ်…)
- အသက်(၂၀)ကနေ (၃၀) အတွင်းမှာတော့ အိန္ဒိယနဲ့တူတယ်…၊
(တည်ငြိမ်လာတယ်… တိုးတက်နေတယ်… အိနြေ္ဒရှိတယ်… သိမ်မွေ့တယ်… )
ဖတ်ဖူး ကြားဖူး ဟာသများ (၁)
၁) တစ်ခါက အဖွားကြီးတစ်ယောက် ဆေးခန်းလာပြသတဲ့။
“ဆရာ ကျွန်မလေ ဘာဖြစ်မှန်းမသိဘူး လေတွေမကြာခဏလည်နေတယ် ဒါပေမယ့်
အသံလဲမမြည် အနံ့လဲမနံဘူး အခုပြောရင်းတောင် လေလည်တာ ၃ခါရှိပြီ။”
“ဟုတ်ပြီ အမေကြီး ရော့ဒီဆေးလေးသောက် နောက်၂ ရက်နေရင်တခါလာပြ”
နောက် ၂ရက်နေတော့ အဖွားကြီး စိတ်တိုပြီး ပြန်ရောက်လာသတဲ့။
“ဆရာဘာဆေးတွေပေးလိုက်တုန်း လေကလည်တုန်းပဲ အသံတော့မမြည်ဘူး ဒါပေမယ့်အခု အရမ်းနံတာပဲ”
“အော်ဟုတ်ပြီ အမေကြီး အခု နှာစေးတာပျောက်ပြီဆိုတော့ နားလေးတာဆက်ကုရအောင်”
၂) ဗိုလ်ကြီး။ ရဲဘော် မင်းမှာ အကြွေလဲဖို့ ရှိလား။
ရဲဘော်။ ဟာ သိပ်ရှိတာပေါ့ ဆရာသမား ဘယ်လောက်လဲ ချင်လဲ။
ဖတ်ဖူး ကြားဖူး ဟာသများ (၂)
ဖတ်ဖူး ကြားဖူး ဟာသများ (၂)
၁) အိုင်ယာလန်နိုင်ငံ ဘီးလ်ဖတ်စ် မြို့မှာ ညမထွက်ရအမိန့် ထုတ်ခဲ့ချိန်က ည ၁၀ နာရီကျော်လို့ အပြင်မှာတွေ့ရင် တွေ့ရာနေရာမှာ ပစ်သတ်ပိုင်ခွင့် ရှိခဲ့သတဲ့။ တခါတော့ မြို့သားတစ်ဦးဟာ ၉နာရီ၄၅မိနစ်မှာပဲ လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ သတ်လိုက်တဲ့စစ်သားကို ဘာလို့ ၁၀နာရီမထိုးခင် ပစ်ရသလဲလို့ စစ်ဆေးတဲ့အခါမှာတော့ အခုလိုပြန်ပြောပါသတဲ့။ “သူနေတဲ့အိမ် ကျွန်တော်သိတာပေါ့ ၁၀နာရီမထိုးခင် ဘယ်နည်းနဲ့မှ ပြန်မရောက်နိုင်ပါဘူး”
၂) တစ်ခါက လူဆိုးကြီးတစ်ဦး ကိုသေဒဏ်ချအပြီးမှာ ငရဲကို ရောက်သွားပါသတဲ့။ ငရဲမှူးကြီးက လူဆိုးကြီးကို ပြောသတဲ့။ “ငါတို့ငရဲမှာ အခု ငရဲသားအခွင့်အရေးတောင်းဆိုသူတွေ ကြောင့် ကိုယ်ခံမယ့်ငရဲကို ကိုယ်တိုင်ရွေးခွင့်ပေးထားတယ်။ ကဲ လိုက်ကြည့်ရအောင်”
ပထမငရဲခန်းမှာတော့ ငရဲသားတွေဟာ သစ်သားကြမ်းပြင်ပေါ်မှာ အုန်းပင်စိုက်နေကြရသတဲ့။
Tuesday, March 20, 2012
ဖတ်ထားမိသမျှဟာသလေးများ-၎
ကြည်ညိုလွန်းလို့
ကျနော်တို့ရွာဘေးနားမှာ ရိုးလယ်ကုန်းရွာ ရှိပါတယ်။
အဲဒီရွာမှာ ကိုကံထူးဆိုတဲ့သူ တယောက်လည်းရှိပါတယ်။
ကိုကံထူးဟာ ရပ်ရေးရွာရေးကိစ္စတွေမှာ အင်မတန်တာဝန်သိတတ်သူပါ။
ရွာမှာသာရေးနာရေးကိစ္စရှိပြီဆိုရင် သူမပါလို့ ပွဲမစည်၊ အမြဲလိုလို သူကူညီနေကျ။
မင်္ဂလာဆောင် အလှူတခုခု ရှိပြီဆိုတာနဲ့ ဖိတ်စာကမ်းတဲ့အချိန်ကစပြီး မဏ္ဍပ်ဖျက်တဲ့အချိန်ထိ ဖိဖိစီးစီးကို ကူညီတာ။
နာရေးကိစ္စ ဆိုရင်လည်း အိမ်ရှင်မျက်နှာမညှိုးငယ်ရအောင် ၇ ရက် ၇ လီ တိုင်တိုင် နာရေးကိစ္စ လိုအပ်သမျှ ဒိုင်ခံလုပ်ပေး တတ်တယ်။
ရေနွေးအိုးတည်၊ ရေခပ်၊ တိုလီမိုလီဈေးဝယ်ပေး၊ ဘာကိုပဲခိုင်းခိုင်း မညည်းညူတမ်း ဖင်ပေါ့တဲ့သူ။
ဒါကြောင့် သူ့ကို တရွာလုံးရှိ ကလေးလူကြီးမကျန် အားလုံးက ချစ်ခင်ကြတယ်။ အကူအညီလိုအပ်ရင် သူ့ကို ထိပ်ဆုံးကထား အားကိုးကြတယ်ပေါ့။

Sunday, March 18, 2012
ဟာသများ
မနက်ဖြန်မှစားပါ
တစ်ခါက ရွာတစ်ရွာတွင် အလွန်ရိုးအသော မောင်ရိုးဆိုသည့် ဟင်းသီးဟင်းရွက် ဈေးသည်တစ်ယောက်ရှိတယ်။ သူသည် မနက်တိုင်းမနက်တိုင်း ခြံမှ အသီးအရွက်များကို ခူးပြီး မြို့ပေါ်တက်ပြီးဈေးရောင်းလေ့ရှိသတဲ့။ တစ်နေ့တော့ သူ့ဆိုင်ကို အမျိုးသမီးတစ်ယောက်က ဗူးသီးလာဝယ်တယ်။ ဖြစ်ချင်တော့ မောင်ရိုးဆိုင်မှာက ဗူးသီးက နှစ်မျိုးနှစ်စားရှိနေတယ်။ တစ်မျိုးက မနေ့ကရောင်းမကုန်လို့ ကျန်နေတဲ့ ဗူးသီးဖြစ်ပြီး နောက်တစ်မျိုး ကတော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ဗူးသီးများဖြစ် တယ်။
တစ်ခါက ရွာတစ်ရွာတွင် အလွန်ရိုးအသော မောင်ရိုးဆိုသည့် ဟင်းသီးဟင်းရွက် ဈေးသည်တစ်ယောက်ရှိတယ်။ သူသည် မနက်တိုင်းမနက်တိုင်း ခြံမှ အသီးအရွက်များကို ခူးပြီး မြို့ပေါ်တက်ပြီးဈေးရောင်းလေ့ရှိသတဲ့။ တစ်နေ့တော့ သူ့ဆိုင်ကို အမျိုးသမီးတစ်ယောက်က ဗူးသီးလာဝယ်တယ်။ ဖြစ်ချင်တော့ မောင်ရိုးဆိုင်မှာက ဗူးသီးက နှစ်မျိုးနှစ်စားရှိနေတယ်။ တစ်မျိုးက မနေ့ကရောင်းမကုန်လို့ ကျန်နေတဲ့ ဗူးသီးဖြစ်ပြီး နောက်တစ်မျိုး ကတော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ဗူးသီးများဖြစ် တယ်။
ဖတ်ဖူး ကြားဖူး ဟာသများ (၂)
၁) အိုင်ယာလန်နိုင်ငံ ဘီးလ်ဖတ်စ် မြို့မှာ ညမထွက်ရအမိန့် ထုတ်ခဲ့ချိန်က ည ၁၀ နာရီကျော်လို့ အပြင်မှာတွေ့ရင် တွေ့ရာနေရာမှာ ပစ်သတ်ပိုင်ခွင့် ရှိခဲ့သတဲ့။ တခါတော့ မြို့သားတစ်ဦးဟာ ၉နာရီ၄၅မိနစ်မှာပဲ လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ သတ်လိုက်တဲ့စစ်သားကို ဘာလို့ ၁၀နာရီမထိုးခင် ပစ်ရသလဲလို့ စစ်ဆေးတဲ့အခါမှာတော့ အခုလိုပြန်ပြောပါသတဲ့။ “သူနေတဲ့အိမ် ကျွန်တော်သိတာပေါ့ ၁၀နာရီမထိုးခင် ဘယ်နည်းနဲ့မှ ပြန်မရောက်နိုင်ပါဘူး”
Saturday, March 17, 2012
ဟာသများ စုစည်းမှု
လူပျိုကြီးရဲ့ ရာဇ၀င်
အသက်(40) ရှိပြီဖြစ်သည့် လူပျိုကြီးသည် သူခေါ်ပြသည့် အမျိုးသမီးတိုင်းကို သူ့မိခင်မှ မနှစ်မြို့ကြောင်း ပြောနေသဖြင့် သူငယ်ချင်းကို ရင်ဖွင့်လိုက်နေလိုက်သည်။
“ဒါဆိုလည်း မင်းအမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြလိုက်ပေါ့ကွာ”
သူငယ်ချင်း၏ အကြံပေးချက်အတိုင်း ကြိုးစားဆောင်ရွက်လေတော့သည်။ ခြောက်လခန့်ကြာသောအခါ မူလ သူငယ်ချင်းနှင့် ပြန်ဆုံတွေ့ရလေသည်။
“ဘယ့်နှယ့်လဲ....... ငါပေးတဲ့ အကြံနဲ့ အိုကေသွားပြီလားကွ”
“ ဟင့်အင်း....... အမေနဲ့ တူတဲ့ မိန်းကလေးကို ရှာပြီး ခေါ်ပြပြန်တော့ အမေက သဘောကျပေမယ့် အဖေက အပြင်းအထန် ကန့်ကွက်တယ်ကွ”

Sunday, March 11, 2012
နိုင်ငံရေးဆိုတာ ဘာလဲ
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "
ဟာသလေးတွေပါ
၁) နောက်တစ်မျိုးက
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး...ပြီးတော့...ပြီးေ
တာ့...’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’
၂) ရောမမြို့ကြီးတည်ဆောက်ချိန်
‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

ဟာသ
သူ့အတွေး
ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် ... သူ့ သားက အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆို တယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

လူလည်ကြီးသားသမီး **********************
လူလည်ကြီးသားသမီး
**********************
သန့်ရှင်း သပ်ရပ်၍ ညီညာလှပစွာ ခင်းကျင်းထားသော ထိုဆိုင်လေးထဲတွင်
စားသုံးသူများစွားဖြင့် စည်ကားလျှက်ရှိလေသည်။ စားပွဲထိုးလေးများ ကလည်း
စနစ်ကျလှစွာ
ဝန်ဆောင်မှုကောင်းလှသည်။ ထိုဆိုင်လေးကတော့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း
မြို့တော် တစ်ခုဖြစ်တဲ့ ပုဂံမြို့လေးမှ ပင်ဖြစ်သည်။ ကောင်းမွန်သော
ချက်ပြုတ်မှု လက်ရာများကြောင့် ထိုဆိုင်လေးမှာ လူပြတ်သည် မရှိ..။ အမြဲ
တစ်ဝိုင်းစ နှစ်ဝိုင်းစတော့ ပုံမှန်ရှိနေတတ်သည်။
Wednesday, February 22, 2012
Monday, February 20, 2012
ရယ်ရအောင်လေနော်.. ပျင်းနေကြမှာစိုးလို့ ..... ဟာသ:))
တူးတီးတူတူးတူး
ချူချာတယောက်ဟာ အင်္ဂလန်ကို လာလည်တယ်။ဟိုတယ်တခုမှာ သူတည်းတယ်။
ဟိုတယ်၇ဲ့ receptionist ကိုသူပြောတယ်။
“တူးတီးတူတူးတူး။”
receptionist နားမလည်ဘုး။ချူချာက ထပ်ပြောပြတယ်။
“တူးတီးတူတူးတူး။”
receptionist က ပြင်သစ်စကားပြန်တယောက်ကို ခေါ်ပေးတယ်။စကားပြန်က မေးတယ်။
“ဘာအလို၇ှိပါသလဲခင်ဗျာ။”
ချူချာထပ်ပြောတယ်။
“တူးတီးတူတူးတူး။”
ပြင်သစ်စကားပြန်နားမလည်ဘူး။ဂျပန်စကားပြန်ေ၇ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလို၇ှိလို့ပါလဲခင်ဗျာ။”
“တူးတီးတူတူးတူး။”
စကားပြန်တွေ တော်တော်စုံသွားတယ်..ဘယ်သူမှ သူပြောတာနားမလည်ကြဘူး။
Saturday, February 11, 2012
ဝက်ကလေးဟာ ကျောင်းမနေရသေး(ဦးပေါ်ဦး)
*** ၀က်သားအမိသားအဖ…
“ …ပေါ်ဦးရယ်၊ ငါတို့ အိမ်နိမ့်စံ ဘ၀တုန်းကလို ပုံပြင်ကလေး ဘာလေးပြောပြီး
ပျော်တော်ဆက် စမ်းပါဦးဟယ် ”
…တစ်နေ့သ၌ မိဘုရားခေါင်ကြီးရဲ့ အဆောင်တော်မှ မင်းတရားကြီးစံမြန်းနေတုန်း
ဦးပေါ်ဦးကို အခေါ်လွှတ်ပြီး ရောက်လာချိန်မှာ မိဖုရားခေါင်ကြီးက အမိန့်တော်ရှိတာ
ဖြစ်ပေတယ်။
Sunday, February 5, 2012
ဦးပေါ်ဦး လက်ရွေးစင်ဟာသများ (၁)
by Moenge Aung on Sunday, February 5, 2012 at 5:04pm
…ပျော်တော်ဝန်
ပညာရှိ အမတ်ကြီး ဦးပေါ်ဦး၏ ထိမိလှသော စကားအရာရာဖြင့်
အကြောင်းစုံလင်စွာသော ကိစ္စအဖြာဖြာတို့ကို ဖြတ်ထိုးဥာဏ်ကောင်းကောင်းဖြင့်
ပိုင်နိုင်စွာပြောဆိုပုံများနှင့် စကားအရာ၌ စံနမူနာထားရမည့်
လက်ရွေးစင်ဟာသလေးများကို
ကမ္ဘာသစ်သူငယ်ချင်း စာပေချစ်သူများအားလုံး ပျော်ရွှင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်…
ကမ္ဘာသစ်သူငယ်ချင်း စာပေချစ်သူများအားလုံး ပျော်ရွှင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်…
Subscribe to:
Posts (Atom)