Showing posts with label အတ္ထုပ္ပတ္တိ. Show all posts
Showing posts with label အတ္ထုပ္ပတ္တိ. Show all posts

Tuesday, April 3, 2012

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း




မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇ၀င် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူ တစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသား ထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှု ဓါတ်ပုံများဖြင့် တွဲဘက်၍ ဖေါ်ပြအပ်ပါသည်။

Sunday, April 1, 2012

လူ့အခွင့်အရေးတိုက်ပွဲဝင်ပုဂ္ဂိုလ်ကျော်များ အပိုင်း (၃) - အမေရိကန် တွေးခေါ်ရှင် ဟင်နရီဒေးဗစ်သောရိုး



အမေရိကန် တွေးခေါ်ရှင် ဟင်နရီဒေးဗစ်သောရိုး

by Myanmar Journal on Friday, December 9, 2011 at 2:38pm ·
 
MONDAY, 08 AUGUST 2011 00:00 ခင်မောင်စိုး

 

အမေရိကန် တွေးခေါ်ရှင် ဟင်နရီဒေးဗစ်သောရိုးလူ့ အခွင့်အရေးဆိုတဲ့ စကားလုံးဟာ သည်နေ့မှာဖြင့် လူတိုင်းသုံးတဲ့ စကားလုံး တလုံး ဖြစ်နေပါပြီ။ ဒါပေမယ့် သည်စကားလုံး ပေါ်လာတာဟာ ကာလအားဖြင့် သိပ်မကြာသေးပါဘူး။ လူ့အခွင့်အရေးနဲ့တူတဲ့ အခွင့်အရေးတွေ နှစ်ပေါင်း ထောင်နဲ့ချီပြီး ရှိခဲ့ပေမယ့် လူ့အခွင့်အရေးဆိုတဲ့ ဝေါဟာရကို စတင်သုံးစွဲတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်ကမှ ဖြစ်ပါတယ်။ သည်စကားလုံးကို စတင်သုံးစွဲခဲ့သူအဖြစ် အသတ်မှတ်ခံရတဲ့ သူကတော့ အမေရိကန်တွေးခေါ်ရှင်ကြီး ဟင်နရီဒေးဗစ်သောရိုးပါ။

Thursday, March 29, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၁)



သဘောကောင်းသူ

မြဝတီ ရဲခေါင်

          အတိတ်၌ ကျန်ရစ်ခဲ့ပြီးဖြစ်သော  ကမ္ဘာ့ နိုင်ငံရေး သမိုင်းအစီအစဉ်  တွင် အထူးထူး အပြားပြားသော ဂုဏ်အင်္ဂါ များကြောင့် ပြည်သူတို့၏ ချစ်ကြောက်ရိုသေ


ခြင်းခံရသော  ခေါင်းဆောင်များကား ကမ္ဘာနဲ့အဝန်း တိုင်းပြည်တိုင်း၌ပင် လျှင် အခြေအနေအရ  ပေါ်ထွက်ခဲ့ဘူးကြပြီ ဖြစ်သည်။ ယင်းသို့သော ခေါင်းဆောင်များ အနက်


အချို့မှာ အပြောကောင်း၏။  အချို့မှာ သဘောကောင်း၏။  အချို့မှာ သတ္တိကောင်း၏။
အချို့မှာ ကိုယ်ကျင့်တရားကောင်း၏။ အချို့မှာ မှတ်ဥာဏ်ကောင်း၏။ အချို့မှာ စာရေးကောင်း၏။ အချို့မှာ အစီအမံ ကောင်း၏။ အချို့မှာ ပညာဥာဏ်ကြီးကျယ်၏။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၀)





ကျွန်တော်သိသော သခင်အောင်ဆန်း


ဗိုလ်ခွန်ဖြူ


          အချိန်မှာ အင်္ဂလိပ်ခေတ်မပျက်မီ  ၁၉၄၀ ခုနှစ် ၊ဖေဖော်ဝါရီလ အတွင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကျောက်ရောဂါ ဖြစ်ပွားနေသဖြင့် ကျန်းမာရေးဋ္ဌာနမှ


 ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကို ကျောင်းအသီးသီးရှိ ကျောင်းသူကျောင်းသား များအား အလျှင်အမြန် ထိုးပေးနေရသော အခါလည်း ဖြစ်သည်။


          ကျွန်တော်သည် ထိုအချိန်၌ ရန်ကုန်မြို့ ဆရာအဖြစ်သင်ကောလိပ်  ပြည်လမ်းတွင် ဆ၇ာလောင်း အဖြစ် သင်ကြားနေဆဲ ဖြစ်သည့်အလျောက်  ဆရာ ဆရာမ


လောင်းအားလုံး  ကျောက်ဆေးထိုးပြီးကြလင့် ကစား ကျွန်တော်တစ်ယောက်မှာမူ ကံမကောင်း အကြောင်းမလှ သဖြင့် ကျောက်ဆေးထိုးသည့်ကြားမှ Chicken pox ခေါ်


ရေကျောက်ရောဂါ ရုတ်တရက် ကပ်ရောက်လာပါတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉)




ပြောသလိုလုပ်၍ လုပ်သလိုပြောသော ဗိုလ်ချုပ်အောင်ဆန်း


ဗိုလ်ဥတ္တမကျော်

          ။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့်

စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏


ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။



*****************************************************************************


ရဲဘော်တို့----

          ယနေ့ ရဲဘော်တို့ အစုအချို့ဟာ  စစ်ဗိုလ်လောင်းကလေးများအဖြစ်  ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။
          ယနေ့အထိ ရဲဘော်တို့ဟာ  ကျောင်းသားများဖြစ်ပြီး  တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေး ဘူး။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၈)




ဤသို့ လုပ်ကြံခဲ့သည်

ဗိုလ်ဥတ္တမကျော်

။။။။။(အောက်ပါ အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော် ခေါင်းဆောင်ကြီးများ အား လုပ်ကြံသတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ


``ရန်ကြီးအောင်`` ခေါ် မောင်လှထွန်း၏ ပြောပြချက် များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ရကြောင်း


ပြန်ပြောင်း သတိရနိုင်စေရန် ကှုအချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း)။။။။။


          အမည်။                             ။ရန်ကြီးအောင်(ခေါ်)မောင်လှထွန်း
          အသက်။                           ။ ၁၈ နှစ်
          လူမျိုး။                              ။ မြန်မာ
          ကိုးကွယ်သည့်ဘာသာ။         ။ ဗုဒ္ဓဘာသာ
          အဘအမည်။                      ။ ကိုမောင်ထွန်း

          ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သော ကျွန်တော်သည် ခွေလောက်နီးပါး မိုက်တွင်းနက်မိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၇)






တော်လှန်ရေးမှ မြုတ်ကွက်တစ်ကွက်

ဗိုလ်ဥတ္တမကျော်


၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်များ မြန်မာပြည်ထဲသို့ရောက်ရှိလာ၏။ ဂျပန်တပ်သားတို့သည် ၄င်းတို့၏ စိတ်အလိုဆန္ဒနှင့် မတွေ့သူမှန်သမျှကို  ယောကျာင်္း  မိန်းမ  ဘုန်းကြီး

မယ်သီလရှင် မရွေး ပါးနားရိုက်လေ့ ရှိသည်။ ဖွဲ့စည်းထားသော အစိုးရမှာလည်း  ပြည်သူတို့၏ အလိုဆန္ဒ လုံးဝမပါရှိသော ဂျပန့်အလိုတော်ရိ ရုပ်သေး အစိုးရကို


ဖွဲ့စည်းပေးထားသည်။ မြန်မာပြည်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော  ဆန်  စပါး  ဆီ  ဝါဂွမ်း ရေနံ ကျွန်းသစ်စသည်တို့ကိုလည်း  ဂျပန်အရင်းရှင်


ကုမ္ပဏီကြီးများဖြစ်ကြသော ကာနီဗို  ဂိုရှို  မစ်ဆူဗီရှီ --စသော ကုမ္ပဏီများက လက်ဝါးကြီးအုပ် ချယ်လှယ်ထား၏။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၆)




ငါဟာ တစ်ယောက်တည်းသမားပါ

နတ်ဆွေမောင်

          ၁၉၄၆ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့ဟုထင်ရပါသည်။ အတိအကျတော့ မမှတ်မိပေ။ ကောင်းကင် တစ်ခုလုံးဋ္ဌ် လင်းထိန်အောင်ပင် နေသည်  သာလျှက်ရှိ၏။

          လောင်းဝစ္စလမ်း ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်ဝင်း အဝင်ဝတွင် စက်သေနတ်များဖြင့် ကင်းစောင့်နေသော ရဲဘော် ၆ ဦးခန့်သည် ကျောက်ရုပ်များပမာ


တည်ညိမ်လျှက်ရှိကြလေသည်။ ကင်းထဲတွင် စကားပြောသံ လုံးဝ မကြားခဲ့ရ။

          ကားဂိတ်မှ ဝင်သွားပြီး ကုန်းမြင့်ကလေးကို  ကွေ့ပတ်ကာဖောက်လုပ်  ထားသောလမ်းမှ တတ်သွားပြီး ဋ္ဌာနချုပ်ဝင်းထဲတွင်  ကြည့်လျှင် ယူနီဖောင်းကိုယ်စီနှင့်


သွားလာလှုပ်ရှားနေကြသော ဗမာတစ်ပြည်လုံးမှ ပြည်သူ့ရဲဘော်    ခေါင်းဆောင်များကို မြင်ရပေမည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၅)



ဆန်း နှင့် ကြည်
(ဒဂုန်တာရာ)


ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့်


ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား


ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို


ဂျပန်တို့က ဗုံးကြဲလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၄)




ငမိုး
နတ်မောက် ဘုန်းကျော်
          ကှု ဇူလိုင်လ အတွင်းသို့  ရောက်ပြီဆိုလျှင်  ကျွန်တော်သည် သွားလေသူ (ငမိုး)ကို တကယ့်လှိုက်လှဲစွာပင်  လွမ်းမိလေသည်။ အခြားအခြားသော ပုဂ္ဂိုလ်များက

ငမိုးကို လွမ်းဆွတ် တမ်းတကြသည်ကိုလည်း သိပါ၏။

          သို့သော်  ကျွန်တော့အဖို့တွင်ကား  ငမိုးကို ဆရာသမားတစ်ဦးအနေနှင့် လည်း လွမ်းရ၏။ သွေးသား အနေနှင့်လည်း လွမ်းရ၏။  ကျွန်တော့ချွတ်ယွင်းချက်များကို

မညှာမတာပြောတတ်ပြီး ဇွတ်အပြင်ခိုင်းခဲ့သူ တစ်ဦး အနေနှင့်လည်း လွမ်းရပါသည်။ ခေါင်းဆောင်တစ်ဦး အနေနှင့်လည်း ကြည်ညိုရှိခိုး၇၏၊

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၂) (၃)





 သခင်ဝါဒလှိုင်းယဉ်သာမှာ

``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
          ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ်

ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊

ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့

သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေသည်။

"ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)"





အမှာ။     ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ  အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှား ခဲ့ပဲ  ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေး များ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။

အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ကှုစာအုပ်သည်

ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ်ပါသည်။


     ရွှင်လန်းချမ်းမြေ့ကြပါစေ
    ကိုစိုးနိုင်

Monday, February 27, 2012

“ လူ့တန်ဖိုး-၈...(ဂယ်လီလီယို) ”





ဂယ်လီလီယို(Galileo)
(၁၅၆၄-၁၆၄၂)=၇၈ နှစ်
ရှေးဟောင်းအစဉ်အလာ အယူအဆတွေကို ရဲဝံ့စွာ တော်လှန်ပြီး
မှန်ကန်တဲ့အချက်ကို ထုတ်ဖော်ပြသခဲ့ရာက သိပ္ပံပညာကို တိုးတက်ထွန်းကားလာစေတဲ့ လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးကတော့ အီတလီပြည် ပီစာမြို့မှာ မွေးဖွားခဲ့တဲ့
နက္ခတ်ပညာကျော်
ဂယ်လီလီယိုဖြစ်တယ်။

Wednesday, February 22, 2012

“ လူ့တန်ဖိုး-၇...(မာဂရက်ဆန်ဂါ) ”


မာဂရက်ဆန်ဂါ
(၁၈၈၃-၁၉၆၆)=၈၂ နှစ်
မျိုးသမီးတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို တိုက်ပွဲဝင်ပေးခဲ့တဲ့
မာဂရက်ဆန်ဂါဟာ ကမ္ဘာတွင်ခဲ့တဲ့ စံပြအမျိုးသမီးတစ်ဦးဖြစ်တယ်။
ဆန်ဂါရဲ့ ရည်မှန်းချက်ကတော့
မွေးဖွားလာတဲ့ ကလေးတိုင်းဟာ မိဘရဲ့ အလိုရှိသော ကလေးဖြစ်ရမယ်ဆိုတာပဲ။
ဒီနေ့ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးပြုလျက်ရှိတဲ့
ကလေးမွေဖွားမှုထိန်းချုပ်ရေး အစီအစဉ်တွေဟာ ဆန်ဂါရဲ့ ကြိုးစားအားထုတ်ခဲ့မှု့ကြောင့် ဖြစ်ခဲ့တယ်။

Tuesday, February 21, 2012

လူ့အခွင့်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်ကျော်များ အပိုင်း (၂) - အယ်လီနာ ရုစ်ဗဲ့လ်ဒ်



by Myanmar Journal on Friday, December 9, 2011 at 3:36pm ·
MONDAY, 01 AUGUST 2011 00:00 ခင်မောင်စိုး
 

အယ်လီနာ ရုစ်ဗဲ့လ်ဒ်လွန်ခဲ့တဲ့ ၂၀ ရာစုကာလတုန်းက ကမ္ဘာ့နိုင်ငံကြီးမှာ ဒီမိုကရေစီ စနစ်နဲ့ ကွန်မြူနစ်စနစ်ဆိုတဲ့ စကားလုံးတွေ လွှမ်းမိုးခဲ့ပါတယ်။ ဒီစနစ်ကြီး ၂ ခု အားပြိုင်ခဲ့တဲ့ စစ်အေးခေတ်ကြီးဟာ တကမ္ဘာလုံး တထိတ်ထိတ် ဖြစ်နေရတဲ့ ခေတ်ကြီးပါ။ အဲဒီ စစ်အေးခေတ်ကြီး ၂၀ ရာစု နှောင်းပိုင်းမှာ ကုန်ဆုံးသွားတဲ့ နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး လောကမှာ လွှမ်းမိုးလာတဲ့ စကားလုံးကတော့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။
နိုင်ငံအချင်းချင်း ဝေဖန် ပြောဆိုကြတဲ့အခါ လူ့အခွင့်အရေး ဘယ်လောက် ရှိသလဲ၊ လူ့အခွင့်အရေးကို ဘယ်လို ချိုးဖောက်နေသလဲ စသည်ဖြင့် ပြောဆို ဝေဖန်ကြပါတယ်။

Saturday, February 18, 2012

“ လူ့တန်ဖိုး-၇...(မာဂရက်ဆန်ဂါ) ”


မာဂရက်ဆန်ဂါ
(၁၈၈၃-၁၉၆၆)=၈၂ နှစ်
မျိုးသမီးတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို တိုက်ပွဲဝင်ပေးခဲ့တဲ့
မာဂရက်ဆန်ဂါဟာ ကမ္ဘာတွင်ခဲ့တဲ့ စံပြအမျိုးသမီးတစ်ဦးဖြစ်တယ်။
ဆန်ဂါရဲ့ ရည်မှန်းချက်ကတော့
မွေးဖွားလာတဲ့ ကလေးတိုင်းဟာ မိဘရဲ့ အလိုရှိသော ကလေးဖြစ်ရမယ်ဆိုတာပဲ။
ဒီနေ့ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးပြုလျက်ရှိတဲ့
ကလေးမွေဖွားမှုထိန်းချုပ်ရေး အစီအစဉ်တွေဟာ ဆန်ဂါရဲ့ ကြိုးစားအားထုတ်ခဲ့မှု့ကြောင့် ဖြစ်ခဲ့တယ်။

Friday, February 17, 2012

“ လူ့တန်ဖိုး-၆...(ဂျိမ်းဝပ်) ”



ဂျိမ်းဝပ်
(၁၇၃၆-၁၈၁၉)=၈၃နှစ်
ရေနွေးငွေ့စက်တွေကို အသေအချာလေ့လာ စမ်းသပ်ပြီး
ခေတ်မီအောင် တီထွင်ခဲ့တဲ့ ကမ္ဘာကျော်ပညာရှင်ကြီးတစ်ဦးဖြစ်တယ်။
ဒါကြောင့် စက်မှုပညာရပ်ကိုလေ့လာလိုက်စားသူမှန်သမျှ
ဂျိမ်းဝပ် ကို ကျေးဇူးတင်ကြရတယ်။
သူ့ရဲ့အတ္တုပ္ပတ္တိဟာ စိတ်ဝင်စားစရာကောင်းလှသလို သူရဲ့စွမ်းဆောင်ချက်တွေဟာလည်း
လူအများစံနမူနာထားလောက်အောင် ပြောင်မြောက်လှပါတယ်။

Sunday, February 12, 2012

ဗိုလ်ချုပ်အောင်ဆန်း



ကျွန်တော်တို့အခုခေတ် လူငယ်တွေ ဖေဖော်ဝါရီလမှာ ဘယ်ရက်ကို မှတ်မိသလဲ ၊ သတိရလဲ လို့ မေးရင် အများစုက ဖေဖော်ဝါရီ (၁၄) လို့ ပြောပါလိမ့်မယ်။ ကျွန်တော်လည်း လူငယ်ပါပဲ။ ဒါပေ့မယ့် ကျွန်တော့်ကိုလာ မေးရင်တော့ သုံးရက်လို့ ပြော                  ရပါလိမ့်မယ်။                ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ပြည်ထောင်စု နေ့၊  ဖေဖော်ဝါရီလ(၁၃) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ ဖော်ဖေ၀ါရီ(၁၄) ရက်နေ့က valentines day  ပါ။ တခြားရက်တော့ ကျွန်တော်လည်းမသိပါဘူး။

“ လူ့တန်ဖိုး-၅...(မွန်တက်ဆိုရီ) ”




မွန်တက်ဆိုရီ
(၁၈၇၀-၁၉၅၂)=(၈၂-နှစ်)
မာရီယာ မွန်တက်ဆိုရီဆိုတဲ့အမျိုးသမီးကြီးကတော့
ကလေးတွေကို ထိုင်ခုံမှာ သံမှိုစွဲထားတဲ့ကျောင်းမျိုးကို ဆန့်ကျင်ပြီး
ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကို ဖြည့်ဆည်းပေးနိုင်တဲ့ စာသင်ကျောင်း
တည်ထောင်ရေးအတွက် ရှေ့ဆောင်လမ်းပြပေးခဲ့သူဟာ
လေးစားဖွယ်ဆရာဝန်မကြီးတစ်ဦးဖြစ်ပါတယ်။

" ဂုဏ်မဖေါ်တဲ့ လူတော်+လူကောင်း..."




သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။
၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ
အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို
သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။