သက်သေ
မြို့တစ်မြို့တွင်ဖြစ်သည် ... လူသတ်မှုတစ်ခုဖြစ်ပွားရာ   လူသတ်သမားအား  ရှာမတွေ့ပဲ သက်သေအဖြစ် ဦးထုပ်တစ်လုံးသာ ကျန်ခဲ့လေသည် ...
ရဲက  ဦးထုတ်အား သက်သေထားပြီး ထိုဦးထုပ်ကိုသာ အမြဲဆောင်းတတ်သော ဦးဘအား ဖမ်းလိုက်ပြီး  တရားရုံးတွင် တရားဆွဲဆိုလိုက်လေသည် ..
တရားရုံးတွင်ဖြစ်သည် ... ဦးဘ၏ ရှေ့နေမှ  ဦးဘဆောင်းတတ်သောဦးထုပ်ပုံစံမျိုး (၁၀) လုံးခန့်ယူဆောင်လာပြီး  တရားသူကြီးအား
ပြောလေသည် ...
.. ဒီဦးထုပ်မျိုးက ဘယ်မှာဝယ်ဝယ်ရတဲ့ 
ဦးထုပ်မျိုးပါ။ ဒီမြို့လေးမှာ   ဦးဘ  တစ်ယောက်ပဲဆောင်းတတ်ပေမယ့် 
အနီးအနားမြို့တွေက  လူသတ်ပြီး   ကျကျန်ခဲ့တာရောမဖြစ်နိုင်ဘူးလား ။  
ပြီးတော့ ဒီဦးထုပ်လေး တစ်ခုကို   သက်သေထားပြီး  ဒီလူကို 
ထောင်ချမယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး ..တကယ့်   တရားခံအစစ်က 
ရီမောနေပါလိမ့်မယ် ....
တရားသူကြီးမင်းလည်း စဉ်းစားပြီး  အခြေအမြစ်ရှိသည့်အတွက် ဦးဘအား လွှတ်လိုက်လေသည် ..
သို့သော် ဦးဘမှာ ထွက်မသွားသေးသဖြင့် တရားသူကြီးမင်းက
.. ဦးဘက ဘာများ မကြေနပ်တာရှိသေးလို့လည်း ...
ဦးဘပြောလိုက်တာက .. ဒီလိုပါ ။ အမှုပြီးသွားပြီဆိုရင်လည်း  ကျွန်တော့ ဦးထုပ်ကလေး  ပြန်ယူသွားချင်လို့ပါ
အဖျားရှူး  ခြင်း
ပရိဘောဂ ဆိုင်ရှင်တစ်ယောက်သည် ရန်ကုန်မြို့သို့ရောက်ခိုက်  ဟိုတယ်တွင်  နိုင်ငံခြားသူလေးတစ်ယောက်နှင့် မိတ်ဖွဲ့ဖြစ်၏
သူတို့ သိကျွမ်းပုံက
ဓါတ်လှေကားခန်းထဲတွင်ဖြစ်သည် ... 
သူလေးကချောတော့ ကိုယ့်ဆရာလည်း    မနေနိုင်ပဲ  စာရွက်အလွတ်ပေါ်မှာ  
အငှားကားပုံစံလေး ဆွဲပြလိုက်တယ် ..   အဆင်ချောစွာနဲ့  ပန်းခြံသို့ 
အလည်အပတ်ရောက်ခဲ့တယ်
လည်လို့အားရတော့  ဆရာသမားက စားပွဲပုံလေး 
ဆွဲပြပြီး  စားပွဲပေါ်မှာ ?    လေးရေးပြလိုက်တယ် .. သူလေးက ခေါင်းငြိမ်တော့ 
စားသောက်ဆိုင်မှာ   သွားငြိမ့်နေတာပေါ့ ...
စားပြီးတော့   ကိုယ့်ဆရာက တစ်ဆင့်တက်တယ်  
.. စာရွက်ပေါ်မှာ    လူနှစ်ယောက်ကနေတဲ့ ပုံစံလေးဆွဲပြလိုက်တယ် .. 
နှစ်ယောက်သား    နိုက်ကလပ်ရောက်သွားကြတယ်
ကလို့ပြီးတော့   သူလေးက  စာရွက်ကို ဆွဲယူပြီး ကုတင်ပုံစံလေးဆွဲပြလိုက်တယ် ...
ဒီမှာဆရာသမားတအံ့တသြပြောလိုက်တာ
က   ...  ဟားးး  ငါပရိဘောဂတွေရောင်းမှန်း  သူဘယ်လိုသိသွားပါလိမ့်တဲ့လေ ....
သိသားပဲ
ဓာတုဗေဒ ဆရာမက  အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ် .. ပြီးနောက် သူမက
လက်စွတ်ကို ချွတ်ပြီး  အက်ဆစ်ခွက်ကိုယူလိုက်တယ်
.. အခုဆရာမလက်စွတ်ကို  အက်ဆစ်ထဲကိုထည့်လိုက်ရင် ပျော်ဝင်သွားမှာလား
ပီတာလေး  သွက်သွက်လက်လက်ထဖြေတယ်
..  မပျော်ဝင်ပါဘူး ဆရာမ
ဆရာမက အံ့သြသွားဟန်နဲ့
.. မင်းဘယ်လိုသိလည်း  ပီတာလေး
ပီတာလေးအဖြေကြောင့် ဆရာမလည်းဆွံ့အသွားတယ် .. သူပြောလိုက်တာက
.. ပျော်ဝင်သွားမှတော့  ဒီစမ်းသပ်ချက်ကို ဆရာမ ဘယ်လုပ်လိမ့်မလည်း  
ကယ်ချင်မှ ကယ်မယ်
မကြာခင်ထွက်မယ့် လေ့လာရေးခရီးတွင် အန္တာရာယ်ကင်းရှင်းစေရေးအတွက် ဆရာများနှင့် အတန်းခေါင်းဆောင်များ တိုင်ပင်နေကြသည် ..
ဆရာ ..  တကယ်လို့များ မြစ်ဖြတ်ကူးတုန်း လှေပေါ်က ကျောင်းသားတစ်ယောက်ယောက် ပြုတ်ကျရင် ဘာလုပ်မလည်း
ပီတာလေးက လျှင်မြန်စွာ ထဖြေလိုက်သည် ..  လှေကို ချက်ချင်းရပ်ခိုင်းလိုက်ပါ့မယ်
ဆရာ ..  ကောင်းပြီ  .. တကယ်လို့များ  ဆရာတစ်ယောက်ယောက် ကျကျန်ခဲ့မယ်ဆိုရင်ရော
ပီတာလေး ... ဟို .. ဘယ်ဆရာကို ရည်ညွှန်းတာလည်း ဆရာ
ကတ်သီးကတ်သက်
ဆရာဝန်က ပီတာလေးကိုစမ်းသပ်ပြီးနောက်   ရောဂါဇစ်မြစ်ကိုပြောလေသည်
ဆရာဝန် =  မင်းမှာ ဘာရောဂါမှ မရှိဘူး .. အပျင်းလွန်တာလေးပဲရှိတယ်
ပီတာလေး = အဲ့တာကို  ဆေးပညာသုံး ဝေါဟာရလေးပြောပါဆရာ .. ဒါမှ ကျောင်းမှာ ဆရာမကို ပြန်ပြောလို့ရမှာ