ဒီပို့စ်လေးတင်ရတဲ့  ရည်ရွယ်ချက်ကတော့ မြန်မာပြည်တွင်းမှ 
အင်တာနက်အသုံးပြုနေကြတဲ့  ညီအကိုသူငယ်ချင်းအပေါင်းတို့ လတ်တလော 
ကြုံတွေ့နေရတဲ့ gmail acc  အသစ်ဖွင့်မရတဲ့ပြဿနာလေးကို
အဆင်ပြေစေချင်တဲ့သဘောနဲ့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် .
လတ်တလော  မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူတွေ အနေနဲ့ကြုံတွေ့နေရတဲ့ 
gmail  account အသစ်ဖွင့်ရာမှာ mobile phone မရှိပဲ new gmail acc  
ဖွင့်မရတော့လောက်အောင်ဖြစ်နေတဲ့
ပြဿနာကမိမိတို့၏ အင်တာနက်ကွန်နက်ရှင်နဲ့  လုံးဝမပက်သက်ပါဘူး Google 
service ကဖောင်းပွနေတဲ့ သူတို့ရဲ့  လုပ်ငန်းကိုထိန်းသိမ်းတဲ့ အနေနဲ့ 
လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်..
အထင်ပြောရမယ်ဆိုရင် အကယ်၍ mobile phone ရှိငြားသော်လည်း မြန်မာပြည်တွင်းနေလူတစ်ယောက်အဖိ
ု့ gmail acc အသစ်တစ်ခု ဖွင့်ဖို့က လွယ်ကူမည်မထင်ပါ အကြောင်းကတော့
Google service မှ activation sms code ပို့ဆောင်ပေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမပါလို့ပါပဲ....
မြန်မာပြည်တွင်း အချို့နေရာတွေမှာတော့ gmail acc အသစ်ဖွင့်ရာမှာ အရင်မူလ 
ပုံစံအတိုင်း sms activation code မတောင်းပဲ အဆင်ပြေချောမွေ့စွာ 
ပြုလုပ်နိုင်တယ်လို့သိရှိရပါတယ် ..
ကျွန်တော့်အမြင်ပြောရရင် ၄င်းအကောင့်များဟာ အများအားဖြင့်တော့ ပြုလုပ်ပြီး 
တစ်ရက်နှစ်ရက်အတွင်း အကောင့် locked ကျသွားတာမျိုးဖြစ်နိုင်ပါတယ် ..အကောင့်
 Locked ကျပြီး activation code ပြန်တောင်းမှာပါပဲ .. 
ထိုကဲ့သို့  new gmail acc နဲ့ပက်သက်ပြီး ပြဿနာအမျိုးမျိုးကြုံတွေ့နေကြရတဲ့
  မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူအပေါင်းတို့အတွက်  
အခက်အခဲလေးပြေစေပြေကြောင်း ဒီဆွေးနွေးချက်လေးကို တင်ပေးလိုက်ပါတယ် ..  
သိပြီးသားဆိုရင် လဲသီးခံပြီးဖတ်ရှုပေးကြပါနော် :)
အဆင့် ၁ အနေနဲ့ -
သင်ဟာအကောင့်အသစ်ဖွင့်  ချင်သူဆိုရင် အကောင့်ရှိတဲ့ 
သင့်သူငယ်ချင်းတစ်ဦးဦးထံမှ သင့်ထံကို gmail  ကနေတစ်ဆင့် invite mail 
ပို့ခိုင်းဖို့ လိုပါလိမ့်မယ် ..သင့်မှာ gmail acc  နှစ်ခု 
အဆင့်သင့်ရှိနေတယ်ဆိုရင်တော့
အကောင့်တစ်ခုကနေ နောက်တစ်ခုကို  invite mail ပို့ရင်လဲ 
အဆင်ပြေနိုင်မယ်ထင်ပါတယ် အကောင်းဆုံးကတော့  သူငယ်ချင်းတစ်ယောက်ယောက်ဆီကနေ 
ပို့ခိုင်းတာပိုကောင်းပါတယ် ..
(ပြည်ပနိုင်ငံ အသိသူငယ်ချင်းတစ်ယောက်ယောက်ဆီမှ invite လုပ်ခိုင်းရင်ပိုအဆင်ပြေပါတယ်)
အဆင့် ၂ အနေနဲ့ -
invite  mail ပို့ပုံလေးပါပဲ ဘာမှမခက်ပါဘူး gmail ကိုဖွင့်လိုက်တာနဲ့ left 
column  အောက်ဆုံးနားလောက်မှာ invite a friend ဆိုတဲ့ invite box 
လေးပါရှိပါတယ်  ထိုဘောက်စ်ကလေးကနေတစ်ဆင့်
မိမိဆီကို invite လုပ်ခိုင်းမယ်ဆိုရင်  သူငယ်ချင်းကို မိမိအကောင့်ကို 
ထိုဘောက်စ်ကလေးမှာ ရိုက်ထည့်ပြီး send invite  ဆိုတာလေးကို 
ကလစ်ပေးလိုက်ရုံပါပဲ invite လုပ်လို့ ပြီးသွားပြီဆိုရင်  
အဲ့ဒီဘောက်လေးအောက်နားမှာပဲ invite sent to.......(gmail acc name) 
ဆိုပြီးပေါ်လာပါလိမ့်မယ် ..
အဆင့် ၃ -
invite  mail ပို့တဲ့အဆင့်ပြီးဆုံးသွားပြီဆိုတာနဲ့ အပို့ခံရတဲ့သူရဲ့ gmail 
ထဲမှာ  ....(sender name) has invited you to open a Google mail acc  
ဆိုပြီးမေးလ်တစ်စောင် ၀င်လာပါလိမ့်မယ် (မ၀င်လာဘူးဆိုရင်  
လည်းနောက်တစ်ကြိမ်ထပ်ပို့ ခိုင်းပေါ့ :P) ထိုမေးလ်ကိုဖွင့်လိုက်တာနဲ့ To  
accept this invitation and register for your account, visit  
ဆိုတဲ့စာတန်းလေးရဲ့ အောက်မှာ လင့်လေးတစ်ခုကိုတွေ့ရပါလိမ့်မယ် ..  
ထိုလင့်လေးကနေတစ်ဆင့်ဝင်ပြီးတော
့ new gmail acc ကို ဟိုအရင် gmail acc တွေဖွင့်သလိုပဲ ဖွင့်နိုင်ပါပြီခင်ဗျာ
(အကောင့်တော့ ဖွင့်တတ်ကြမယ်ထင်ပါတယ် :P နောက်တာ )
တစ်ခုသတိပေးချင်တာက  အကောင့်အသစ်တစ်ခုဖွင့်လိုက်ပြီဆိုတာနဲ့ 
ထိုဖွင့်လိုက်တဲ့အကောင့်ထဲမှာ  invite mail ပေးပို့ထားတဲ့သူရဲ့ အကောင့်က 
auto ပါနေမှာဖြစ်ပါတယ်  သင့်မေးလ်းကို invite လုပ်ထားတဲ့သဘောပေါ့ accept or
 blocked  သင့်သဘောအတိုင်းပါပဲ...
မြန်မာပြည်တွင်းက  အကောင့်အသစ်ဖွင့်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့ ညီအကို  
သူငယ်ချင်းတို့အဆင်ပြေစေချင်တဲ့သဘောနဲ့ ကျွန်တော်သိတာလေးကိုဝေမျှပေး
လိုက်ပါတယ်။ အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်။
(မှတ်ချက် ။ မြန်မာပြည်တွင်းအတွက်သာ . ပြည်ပနိုင်ငံများအတွက် အာမ မခံပါ )
(May Hnin   Phyu)မှတဆင့်ကူးယူဖော်ပြပါသည်။