Pages

Saturday, December 3, 2011

ကလေးတို့၏ စိတ်ကူးယဉ်မိတ်ဆွေများ

လမ်းလျှောက်၊ စကားပြောတတ် လာသည့် ကလေးငယ် များတွင် မကြာ ခဏ စိတ်ကူး ယဉ် မိတ်ဆွေများ ရှိတတ် ကြသည်။ ကလေး တို့သည် သူတို့ အကြောင်း ကို မိဘများအား ပြောပြတတ် ကြသည်။ စိတ်ကူး ယဉ်မိတ်ဆွေများရှိခြင်း သည် ကလေးတစ်ယောက်၏ ပုံမှန်နေ ထိုင်မှုဘဝကို မထိခိုက်သရွေ့ ပြဿနာ တစ်ရပ်မဟုတ်ပါ။ မိဘနှင့် ကလေးထိန်း များက အားပေးသည်ဖြစ်စေ၊ တားဆီး သည်ဖြစ်စေ စိတ်ကူးယဉ်မိတ်ဆွေများ သည် ကလေးတို့၏ ခေါင်းထဲမှ ခြောက် လအတွင်း ပျောက်ကွယ်သွားလေ့ရှိကြပါသည်။ စိတ်ကူးယဉ် မိတ်ဆွေများထားရှိ ခြင်းသည် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေး များတွင် အများဆုံးတွေ့ရလေ့ရှိသည်။
လမ်းလျှောက်ကာစ ကလေးများ၏ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု မှတ်တိုင်များ
လမ်းလျှာက်ကာစ ကလေးများ၏ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုမှတ်တိုင်များ အား အောက်ပါအတိုင်း တွေ့ရှိရသည်။
- ၁၅ လသားအရွယ်ခန့်တွင် ကလေးများသည် သူတို့လိုချင်ရာကို လက် ညှိုးညွှန်ပြ၍ ပြသ တတ် လာသည်။ မိဘ များအား ပွေ့ဖက်တတ်လာသည်။
- ၁၈ လ ပတ်ဝန်းကျင်အရွယ် ကလေးများသည် အခက်အခဲကြုံသော အခါ အကူအညီ တောင်း တတ်လာသည်။
- ၂ နှစ်အရွယ်ကလေးများသည် လက်ငင်းကြုံတွေ့ခဲ့ရသော အဖြစ်အပျက် များအား ပြန်ပြောတတ်လေ့ရှိသည်။ သူတို့သည် ရုပ်ပုံများပါသည့် ပုံပြင်များ အား ဖတ်ပြလျှင် နားထောင်လိုကြသည်။
- ၃၀ လသားအရွယ် (၂ နှစ်ခွဲ အရွယ်) ကလေးများသည် ကစားဟန် ဆောင်တတ်သည်။
- ၃ နှစ်အရွယ်ကလေးများသည် ရိုးရှင်းသော ကစားနည်းများကို စတင် ကစားကြသည်။
စိတ်ကူးယဉ်မိတ်ဆွေတွေက ဘယ် သူတွေလဲ
စိတ်ကူးယဉ်မိတ်ဆွေများသည် မမြင်ရသော ကလေးတို့၏ အဖော် အပေါင်းများဖြစ်ကြသည်။ သူတို့သည် ပုံ သဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုး မျိုးနှင့် လာကြသည်။ ကလေးတို့၏ စိတ် ကူးယဉ်မိတ်ဆွေများ၏ ပုံပန်းသÌာန် သည် ကလေးတို့သိထားပြီးသား တစ်ဦးဦး ကို အခြေခံထားတတ်သည်။ စိတ်ကူးယဉ် မိတ်ဆွေများသည် ကလေးတို့အား အမေ က ပြောဖူးသော ပုံပြင်ထဲမှ ဇာတ်ကောင် များဖြစ်နိုင်သလို၊ သူတို့အမြဲဆော့လေ့ရှိ သော အရုပ်တစ်ရုပ်လည်း ဖြစ်နိုင်သည်။ ကလေးများတွင် မည်သူနှင့်မျှ မတူဘဲ၊ သူတို့ဘာသာ စိတ်ကူးယဉ်ဖန်တီးထား သော မိတ်ဆွေများလည်း ရှိနိုင်သည်။ ကလေးတို့၏ စိတ်ကူးယဉ်မိတ်ဆွေ မည်သူပင်ဖြစ်စေကာမူ ထိုသို့သော စိတ် ကူးယဉ်မိတ်ဆွေများ ထားရှိခြင်းသည် စိုးရိမ်စရာကိစ္စမဟုတ်လှပါ။
စိတ်ကူးယဉ်မိတ်ဆွေများထားရှိခြင်း သည် ကလေးတို့အား လုပ်ဆောင်ဖွယ် ကိစ္စများအား နည်းလမ်းအမျိုးမျိုးနှင့် လုပ် ဆောင်တတ်လာစေသည်။ ကလေးများ ဆော့ကစားရာတွင် တီထွင်ဖန်တီးနိုင်စွမ်း အပြည့်ဖြင့် ကစားတတ်အောင် ကူညီပေး သည်။ ၄င်းသည် ကလေးများအား အမျိုး မျိုးသော အာရုံခံစားမှုနှင့် လုပ်ဆောင်မှုများ အား အန္တရာယ်ကင်းစွာ လုပ်ဆောင်တတ် အောင်အကူအညီပေးသည်။ ကလေး၌ ခံစားနေရသော စိတ်ဖိစီးမှုများအား လျော့ ပါးစေသည်။
စိတ်ပညာရှင်များ ထုတ်ဖော်ခဲ့သော အမျိုးမျိုးသာ သီအိုရီများအရ စိတ်ကူးယဉ် မိတ်ဆွေများနှင့် ပြောဆိုသောကလေးတို့ ၏ စကားများကို နားထောင်ခြင်းဖြင့် ကမ္ဘာလောကကြီးနှင့် ထိတွေ့ဆက်ဆံရာ၌ ကလေးတို့၏ စိုးရိမ်ကြောင့်ကြမှု၊ ကြောက် ရွံ့မှုများအား သိရှိနိုင်သည်။ အမေရိကန် စိတ်ပညာအသင်း၏ အဆိုအရ စိတ်ကူး ယဉ်မိတ်ဆွေများရှိသော ကလေးများသည် ကျောင်းနေချိန်တွင် လိုအပ်သော ကျွမ်း ကျင်မှုများအားရရှိစေသည်ဟုဆိုသည်။ အမေရိကန် ကလေးပညာအကယ်ဒမီက လည်း စိတ်ကူးယဉ် မိတ်ဆွေများနှင့် စကားပြောခြင်း၊ ဆော့ကစားခြင်းတို့သည် ကလေးတို့၏ အပြုအမူနှင့် စိတ်ခံစားမှု တွင် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေနိုင် သလို စကားပြောဆိုခြင်းနှင့် အလားတူ လုပ်ဆောင်မှုများအား တိုးတက်စေသည် ဟု ဖော်ထုတ်ခဲ့သည်။
လမ်းလျှောက်ကာစ ကလေးများနှင့် စိတ်ကူးယဉ်မိတ်ဆွေများသည် ကာလ ရှည်ကြာ သူငယ်ချင်းများဖြစ်နိုင်သလို စိတ်ကူးယဉ်မိတ်ဆွေများသည် ကလေးတို့ ဘဝ၌ ခဏအလည်လာသော ဧည့်သည် များလည်းဖြစ်နိုင်သည်။ ထို့ပြင် စိတ်ကူး ယဉ် မိတ်ဆွေများသည် အချို့နေရာများ၌ သာ တွေ့ရပြီး၊ ကလေးများ ကစား၊ သွား လာသောနေရာတိုင်းတွင် မရှိကြသည် လည်း တစ်ခါတစ်ရံဖြစ်တတ်သည်။ သို့ သော် မည်သို့ပင်ဖြစ်စေ စိတ်ကူးယဉ် မိတ်ဆွေများသည် ကလေးတို့ဘဝတစ် လျှောက်လုံးရှိ တည်ရှိနေမည့် မိတ်ဆွေ များတော့ မဟုတ်ကြပါပေ။
စိတ်ကူးယဉ်မိတ်ဆွေများ ဘယ် အချိန်မှာ ပေါ်လာတတ်သလဲ
စိတ်ကူးယဉ်မိတ်ဆွေများသည် ကလေးတို့၏ အသက် နှစ်နှစ်နှင့် ခုနစ် နှစ်ကြားတွင် တွေ့ရတတ်သော်လည်း လမ်းလျှောက်တတ်ကာစ နှစ်နှစ်၊ သုံးနှစ် အရွယ်တွင်အများဆုံးတွေ့ကြရသည်။ နှစ် နှစ်အရွယ် ကလေးများတွင် စိတ်ကူးယဉ် မိတ်ဆွေများရှိခြင်းကို စတင်တွေ့ရှိရသည်။
စိတ်ကူးယဉ်မိတ်ဆွေတစ်ဦးတည်းဖြစ်စေ၊ အများကြီးပင်ဖြစ်စေ လအနည်းငယ် အကြာတွင် ပျောက်ကွယ်သွားလေ့ရှိကြ သည်။ အများအားဖြင့် ၄င်းတို့သည် ခြောက်လအတွင်း ပျောက်ကွယ်သွားတတ် ကြပြီး ထာဝရပျော်ကကွယ်သွားကြသည်။ သို့ရာတွင် စိတ်ကူးယဉ်မိတ်ဆွေများသည် လူပျိုပေါက်၊ အပျိုပေါက်အရွယ်၊ သို့တည်း မဟုတ် အရွယ်ရောက်သည်ထိ တည်မြဲနေ တတ်သည်ကိုလည်း ရှားရှားပါးပါးတွေ့ရ တတ်သည်။ 
ကလေးများ၌ စိတ်ကူးယဉ် မိတ်ဆွေများ ဘာကြောင့်ရှိ
စိတ်ကူးယဉ်မိတ်ဆွေများသည် ကလေးတို့အား ၄င်းတို့ကိုယ်တိုင် ဖန်တီး တည်ဆောက်ထားသော ပျော်ရွှင်ဖွယ် ကမ္ဘာကို ရရှိစေသည်။ ကလေးများ စိတ်ကူးယဉ်မိတ်ဆွေများ ထားရှိရသည့် အကြောင်းအရာတချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။ - သူတို့အား နားထောင်ပြီး၊ ထောက်ခံပေးသူ လိုချင်ခြင်း။ - လက်တွေ့ဘဝတွင် သူတို့မလုပ် နိုင်သော ကိစ္စများအား စိတ်ကူးထဲမှာပင် ဖြစ်စေ လုပ်ပေးနိုင်သည့်သူလိုချင်ခြင်း။ - သူတို့အား ချစ်မြတ်နိုး၊ အလေး ထားပြီး ယုယမည့်သူလိုချင်ခြင်း။ - သူတို့အား အပြစ်မရှာ၊ အမိန့် မပေးသောသူ လိုချင်ခြင်း။ - သူတို့နှင့် အချိန်ပေးပြီး ဆော့ ကစားမည့်သူ လိုချင်ခြင်း။ စိတ်ကူးယဉ်မိတ်ဆွေရှိသူကလေးများ သည် စိတ်ကူးယဉ်မိတ်ဆွေပြောဆို၊ လုပ်ကိုင် ဆော့ကစားသမျှအပေါ် ဆရာ လုပ်လေ့ရှိသည်။ လေ့လာမှုများအရ စိတ်ကူးယဉ်မိတ်ဆွေရှိသော ကလေးများ သည် ပိုမိုစိတ်ကူးယဉ်တတ်ကြကြောင်း တွေ့ရသည်။ ゞင်းကလေးများသည် ပျော်စရာပုံပြင်များကိုလည်း အခြား ကလေးများထက် နှစ်ခြိုက်ကြကြောင်း လည်း တွေ့ရသည်။ 
ကလေးတစ်ယောက်တွင် စိတ်ကူး ယဉ် မိတ်ဆွေများရှိလျှင် ဘာလုပ်ရမလဲ
ကလေးတို့၏ စိတ်ကူးယဉ်မိတ်ဆွေ များသည် အကြောင်းတစ်စုံတစ်ရာမရှိဘဲ ပေါ်လာနိုင်သလို၊ ပျောက်ကွယ်ချင် ပျောက်ကွယ်သွားနိုင်သည်။ ကလေးတစ် ယောက်တွင် စိတ်ကူးယဉ်မိတ်ဆွေများရှိ ကြောင်း သိရပါက မိခင်များက စိုးရိမ် ထိတ်လန့်တတ်ကြသည်။ ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများရှိနေသလား ဟု မိခင်များအနေဖြင့် မစိုးရိမ်သင့်ပေ။ စိတ်ကူးယဉ်မိတ်ဆွေများနှင့် စကားပြော၊ ဆော့ကစားသော ကလေး၏ပုံဟန်ကို ကြည့်ခြင်းဖြင့် ကလေးတို့၏ ခံစားချက် များကို မိခင်က အကဲခတ်နိုင်ပါသည်။ သူမ ကလေး၏ အကြိုက်နှင့် မကြိုက် သော အရာများအကြောင်း သိနိုင်သည့်ပြင် ကလေး၏အတွင်းသရုပ်ကိုလည်း ခွဲခြား သိနိုင်ပါသည်။ တစ်ခါတစ်ရံ စိတ်ကူးယဉ်မိတ်ဆွေ များရှိသော ကလေးနှင့်ပတ်သက်၍ မိခင် များအား စိုးရိမ်ခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းတို့ ဖြစ်စေတတ်သော အခြေ အနေများလည်း ရှိပါသည်။ ၄င်းတို့မှာ-
- ကလေးသည် တစ်ခုခုကို ညစ်ပေ ပွေနေအောင် ပြုလုပ်ထားသည်။ သို့မဟုတ် သူတို့ကို မလုပ်ရ၊ မပြောရဟု ကန့်သတ် ထားသော အရာတစ်ခုကို ပြောသည်၊ လုပ်သည်ဆိုကြပါစို့။ အမေက သူ(သို့) သူမအား ပြစ်တင်မာန်မဲသောအခါ ကလေးသည် စိတ်ကူးယဉ်မိတ်ဆွေများ အပေါ် အပြစ်ပုံချလေ့ရှိတတ်သည်။ စိတ်ကူးယဉ်မိတ်ဆွေထားရှိခြင်းသည် အန္တရာယ်မရှိသော်လည်း ယခုကိစ္စမျိုးကား မသင့်တော်ချေ။
ဤကဲ့သို့ ပြုမူပုံသည် ကလေးအနေဖြင့် အမှား၊ အမှန်ကို ခွဲခြား သိသော်လည်း သူ့အပြုအမူအတွက် တာဝန်ယူလိုမှုမရှိကြောင်း ဖော်ပြနေသည်။ ဤကဲ့သို့ ကြုံတွေ့ရပါက မိခင်အနေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွင်သင့်သည်။ စိတ်ကူးယဉ်မိတ်ဆွေများ လုပ်သည်မှာ လုံးဝမဖြစ်နိုင်ကြောင်း မိခင်က ကလေး အား ပြောပြကာ ညစ်ပတ်ပေရေနေမှုများ အား ကလေးကိုယ်တိုင် ရှင်းလင်းရန် စေခိုင်းသင့်သည်။ မိခင်သည် ကလေးအား တကယ့် မိတ်ဆွေသူငယ်ချင်းများနှင့် မပေါင်းသင်း ဘဲ စိတ်ကူးယဉ်မိတ်ဆွေများနှင့်သာ ပေါင်း သင်း ဆက်သွယ်နေခြင်းမျိုးကို လုံးဝခွင့် မပြုသင့်ပေ။ ပေါင်းသင်းဆက်ဆံရေးသည် ကလေးတစ်ယောက် ကာယဉာဏဖွံ့ဖြိုးမှု ၏ အရေးကြီးသောအရာတစ်ခုဖြစ်သည်။ အကယ်၍ ကလေးတစ်ယောက်သည် စိတ်ကူးယဉ်မိတ်ဆွေများသာရှိပြီး၊ သူ့ အရွယ် တကယ့်ကလေးများနှင့် ပေါင်း သင်းဆက်ဆံမှုမရှိပါက ကလေး၏ လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် အမှား အယွင်းတစ်ခုရှိနေကြောင်း ဖော်ပြသည်။ ထိုအခါမျိုးတွင် မိခင်အနေဖြင့် ကလေး စိတ်ကုထုံးပညာရှင်တစ်ယောက်၏ အကူ အညီကို ရယူရန် လိုအပ်မည်ဖြစ်ပေသည်။
Ref: Toddlers and Imiginary Friends by Ratnakar Kini.
ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)

No comments:

Post a Comment