Sunday, December 4, 2011

ဘ၀မြင်ဒဿန.....

လူသားတို့သည် ရရှိလာသောဘ၀တွင် အခြေအနေအလိုက် ကြုံဆုံလာသော အခက်အခဲများ အတွေ့အကြုံများကို မှန်မှန်ကန်ကန် မသုံးသပ်သေးနိုင်သမျှသော အချိန်ကာလပတ်လုံး ဘ၀တွင် အလိုမကျသော အခက်အခဲများ အကျပ်အတည်းများကို တွေ့ကြုံနေရအုံးမည်သာဖြစ်သည်။
ဆိုးရွားစွားသော အချက်တစ်ခုမှာ လူသားအများစုသည် ဘ၀တွင် မိမိနှင့်ပတ်သတ်ဆက်နွယ်ရ်ျနေသော အမျိုးမျိုးသောအကြောင်းတရားတို့ပေါ်တွင်
အမှန်တရားများကို မသိကျိုးနွံ့စွာဖြင့် ကွေ့ကွင်းရှောင်ခွါသွားတတ်ကြသည်
အမျိုးမျိုးသော အလိုမကျသောအရာတွေကို စိတ်ကုးယဉ်အိမ်မက်ဖြင့်သဘောထားကာ ဥပေက္ခာပြု့လိုကြသည်။
ထိုအချက်သည် အဘယ့်ကြောင်းနည်း ။ခေတ်သစ်လူနေမှုစနစ်တွင် သက်သောင့်သက်သာနှင့် သာယာစွာနေထိုင်နိုင်ရေးအတွက် ငွေကြေဥစ္စာဓနသည် လိုအပ်လှသည်ကားမှန်၏ သို့သော် ကျနု်ပ်တို့ လိုအပ်သမျှအားလုံးကို ငွေ့ဖြင့် ဖြေရှင်းနိုင်မည်လားမဖြေရှင်းနိုင်ပါ ။
ကျနု်ပ်တို့သည် လိုချင်မှုတဏှာနှင့် ကြမ်းတမ်းခက်ထန်းသော မှန်းတီးမှု အကြီူးတန်မှုသဘောကိုဆောင်တတ်သော ဒေါသတရားတို့၏ အလိုစွမ်းအင်များကို
မိမိတတ်စွမ်းနိုင်သလောက် ကျွမ်းကျင်စွာ မထိန်းချုပ်နိုင်သေးပါလျှင် ကျနု်ပ်တို့၏
နေ့သစ်ဘ၀တွင် ကျတော်တို့လိုချင်လှသော မျှော်လင့်ထားသော အကျိုးတရားနှင့်
ကွဲးလွဲခြားနားသွားသော ရလားဒ်ကိုသာလျှင် ရရှိပိုင်ဆိုင်လာပါလိမ့်မည်မှာ မလွဲနိုင်ပေ။ အမှန်မှာ ကမ္ဘာမြေကြီးသည် လူသားအားလုံးအတွက် လုံးလောက်ပြည့်စုံ့မှုရှိနေပါ၏ သို့သော် လူသားတစ်ယောက်၏
လိုချင်မှု တဏှာကိုတော့ ပြည့်ဝအောင် ဖြည့်ဆည်းပေးရန်မှာ မလုံလောက်ပါ။
စိုးရိမ်ကြောင့်ကြမှု မကျေနပ်မှုတို့၏ အရင်းမှုလကို ဓမ္မဓိဋ္ဌာန်ကျကျ
ရှုမြင်သုံးသပ်နိုင်လျှင် ဘ၀၏တိုက်ပွဲ ဘ၀ပြဿနာတစ်ဝက်လောက်အောင်မြင်ပြီးဖြစ်ပါလိမ့်မည်မှာမလွဲပေ။
......ကမ္ဘာမြေထုသမျှချီးမွန်းထိုက်သောအပြုံးကား
နာကြည်းမှုမျက်ရည်များ၏ အကြားမှတောက်ပ ၀င့်ထည်လာသော အပြုံးသာလျှင်ဖြစ်သည်။

No comments: