Sunday, December 4, 2011

ကောင်းမှုတွေကိုဆောက်တည်လုပ်ဆောင်နိုင်ဖို့


by Ei Aye 
 
 ကောင်းတာတွေကိုပြောဘို့ ဆိုဘို့ လုပ်ဖို့အတွက်  ကိုယ့်အတွင်းစိတ်မှာကောင်းတဲ့စိတ်တွေကိုအရင်မွေးမြူလိုက်ရတယ်.။ အဲဒီကောင်းတဲ့စိတ်အောင်မြင်စွာမွေးမြူလိုက်နိုင်တာကိုက ကိုယ့်ရဲ့တန်ဖိုးဖြစ်သွားတယ်.။  ကောင်းတာတွေကိုလက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်လိုက်တဲ့အခါကျတော့ ကိုယ့်ရဲ့တန်ဖိုးဟာတက်သွားတယ်.။ ကောင်းတဲ့စိတ်ထားများကိုမွေးမြူဘို့ ကောင်းတာတွေကိုပြောဘို့ ဆိုဖို့ လက်တွေ့လုပ်ဖို့ အင်အားကြီးမားတဲ့
သတိနဲ့ သတ္တိ တော့လိုတယ်.။  အဲဒီလို အင်အားကြီးမားတဲ့ သတိတွေ ..သတ္တိတွေ ဖြစ်ပေါ်လာဘို့ သီလ သမာဓိ ၊
ဥာဏ်ပညာရှိဘို့လိုသလို... မေတ္တာ၊စေတနာ ၊ဂရုဏာ၊ မုဒိတာ တရားတွေကြီးမားနေဘို့လိုတယ်.။

 မကောင်းတာတွေကိုပြောဖို့ဆိုဘို့ လုပ်ဖို့အတွက် ကိုယ့်အတွင်းစိတ်မှာ အရင်မကောင်းတဲ့စိတ်မွေးလိုက်ရတယ်.။
အဲဒီမကောင်းတဲ့စိတ်မွေးပြီး မကောင်းမှုတွေကို ပြောလိုက်ဆိုလိုက်လုပ်လိုက်တာကိုက ကိုယ့်ရဲ့တန်ဖိုးဖြစ်သွားတယ်.။ ရလဒ်အနေနဲ့ ကတော့ကိုယ့်တန်ဖိုးက ကျသွားတာ..တက်သွားတာမဟုတ်ဘူး.။  မကောင်းသောစိတ်များကိုတိုက်ဖျက်ဖို့ ဘုရားခဏခဏသတိပေးပြောကြားတဲ့ အပမာဒေနသမာဒေထ ဆိုတဲ့အတိုင်း  "သတိလေးနဲ့နေ" ဖို့ သတိအမြဲရှိနေဖို့ကြိုးစားရင်း သီလသမာဓိဥာဏ်ပညာတို့ ရရှိအောင် တည်ဆောက်.ကျင့်ကြံနေရင်း.. မေတ္တာ၊စေတနာ၊ ဂရုဏာ မုဒိတာ တရားတွေကြီးမားအောင်တည်ဆောက်ကျင့်ကြံနေဖို့လိုတယ်.။

  ကောင်းသောစိတ်များကိုမွေးမြူနိုင်ကြပြီးကောင်းမှုတို့ကိုလုပ်ဆောင်နိုင်ကြပါစေ.။





No comments: