မိတ်ဆွေ သင့်အား ညချစ်သူ၏ စာပေဘဏ်တိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ အင်တာနက်သည် ကျွန်ုပ်တို့၏ ဗဟုသုတရတနာသိုက်ကြီးနှင့်တူ၏။ လိုချင်သောအရာကိုသာ ယူကြပါကုန်။
Sunday, December 25, 2011
အိမ်သုံးဆားက ဟတ်ဒစ်များကို ကြာရှည်စွာ ထိန်းသိမ်းနိုင်
ဟတ်ဒစ်များအား ကြာရှည်စွာထိန်းသိမ်းနိုင်စွမ်းရှိရေးမှာမီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်သည့် ဆားများဖြစ်ကြောင်းတွေ့ရှိရသည်ဟုစင်ကာပူတက္ကသိုလ် NUS နည်းပညာနှင့် သုတေသန A Star အေဂျင်စီတို့ ပူးတွဲလေ့လာပြုချက်အရသိရသည်။
မီးဖိုချောင်သုံးဆားသည် ဒီဂျစ်တယ်ပစ္စည်းများကိုသိုလှောင်ထားနိုင်စွမ်းခြောက်ဆ ပို၍ ရှိကြောင်းသိရသည်။
အချက်အလက်များစွာအားဒစ်တွင် တစ်စစီနှင့် သပ်ရပ်စွာသိုမှီးထားကြည့်သည်။ ခရီးဆောင် လက်ဆွဲသေတ္တာအတွင်း အ၀တ်များထည့်သကဲ့သို့ သပ်ရပ်စွာထည့်လျှင် အ၀တ်များများ ပို၍ ထည့်နိုင် ကြောင်း A Star မှ သိပ္ပံပညာရှင် တစ်ဦးဖြစ်သည့် စီမံချက်ခေါင်းဆောင် ဂျိုးယန်းကပြောသည်။
ဓာတ်ပုံကူးသည့် နည်းအတိုင်းဖျော်ရည်တစ်ခုအတွင်းဆားထည့်ပေးရန်လိုကြောင်း၊ ထိုဆားကြောင့် စောစောကမသဲမကွဲမြင်ရသည့် လိုင်းများအား ကြည်လင်စွာ မြင်တွေ့နိုင်ကြောင်းသိရသည်။ ထိုအဖွဲ့ သည် ပို၍ သိုလှောင်နိုင်စွမ်းရှိမှုကိုရှာဖွေချင်ကြသော်လည်းအချို့ကမူယခုတွေ့ရှိသောနည်းအားဈေးကွက် ၀င်နိုင်ရန် လုပ်ဆောင်ချင်ကြသည်။
ပို၍ ကောင်းမွန်သောဒစ်များအားထုတ်လုပ်လိုကြသော်လည်းနည်းပညာဈေးကြီး၍ အလုံးအရင်းထုတ်လုပ်ရေးမလွယ်ကူကြောင်း၊ ကုန်ကျစရိတ် နှင့် ကာမိစေရန် ထုတ်လုပ်မှု စရိတ်သက်သာ ခြင်းတစ်မျိုးမျိုးရရှိရန်လိုကြောင်းသိရသည်။
ဟင်းလေးအိုးမှ ကူးယူဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment