Pages

Sunday, December 25, 2011

အိမ်သုံးဆားက ဟတ်ဒစ်များကို ကြာရှည်စွာ ထိန်းသိမ်းနိုင်


 ဟတ်ဒစ်များအား ကြာရှည်စွာထိန်းသိမ်းနိုင်စွမ်းရှိရေးမှာမီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်သည့်  ဆားများဖြစ်ကြောင်းတွေ့ရှိရသည်ဟုစင်ကာပူတက္ကသိုလ်  NUS  နည်းပညာနှင့်  သုတေသန  A  Star  အေဂျင်စီတို့ ပူးတွဲလေ့လာပြုချက်အရသိရသည်။
    မီးဖိုချောင်သုံးဆားသည် ဒီဂျစ်တယ်ပစ္စည်းများကိုသိုလှောင်ထားနိုင်စွမ်းခြောက်ဆ    ပို၍  ရှိကြောင်းသိရသည်။
    အချက်အလက်များစွာအားဒစ်တွင် တစ်စစီနှင့် သပ်ရပ်စွာသိုမှီးထားကြည့်သည်။ ခရီးဆောင် လက်ဆွဲသေတ္တာအတွင်း အ၀တ်များထည့်သကဲ့သို့  သပ်ရပ်စွာထည့်လျှင်   အ၀တ်များများ ပို၍  ထည့်နိုင် ကြောင်း  A Star  မှ သိပ္ပံပညာရှင်  တစ်ဦးဖြစ်သည့်  စီမံချက်ခေါင်းဆောင်  ဂျိုးယန်းကပြောသည်။
    ဓာတ်ပုံကူးသည့်  နည်းအတိုင်းဖျော်ရည်တစ်ခုအတွင်းဆားထည့်ပေးရန်လိုကြောင်း၊ ထိုဆားကြောင့်   စောစောကမသဲမကွဲမြင်ရသည့် လိုင်းများအား   ကြည်လင်စွာ မြင်တွေ့နိုင်ကြောင်းသိရသည်။  ထိုအဖွဲ့ သည် ပို၍   သိုလှောင်နိုင်စွမ်းရှိမှုကိုရှာဖွေချင်ကြသော်လည်းအချို့ကမူယခုတွေ့ရှိသောနည်းအားဈေးကွက်  ၀င်နိုင်ရန်   လုပ်ဆောင်ချင်ကြသည်။
    ပို၍  ကောင်းမွန်သောဒစ်များအားထုတ်လုပ်လိုကြသော်လည်းနည်းပညာဈေးကြီး၍  အလုံးအရင်းထုတ်လုပ်ရေးမလွယ်ကူကြောင်း၊   ကုန်ကျစရိတ် နှင့်  ကာမိစေရန်   ထုတ်လုပ်မှု  စရိတ်သက်သာ ခြင်းတစ်မျိုးမျိုးရရှိရန်လိုကြောင်းသိရသည်။

ဟင်းလေးအိုးမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment