Pages

Sunday, December 25, 2011

စိတ်ဓာတ်စွမ်းအား မြှင့်တင်စေရန်


လူတိုင်းလိုလို စိတ်ဓာတ်ကျတဲ့ အခိုက်အတန့် ဒါမှမဟုတ် တက်ကြွလွန်းတဲ့ အခိုက်အတန့်တွေ ရှိဖူးကြမှာပါ။  တစ်နေ့တာ ကာလလုံး စိတ်ဓာတ်စွမ်းအား မြင့်တက်နေဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ လူတိုင်းလိုလိုဟာ နံနက်ခင်းမှာ စွမ်းအား အကောင်းဆုံး ဖြစ်နေတတ်ပြီး ညနေခင်းတွေမှာ စိတ်စွမ်းအားတွေ လျော့ကျ သွားတတ်ပါတယ်။ တချို့ လူတွေ ကျတော့လည်း နံနက် ဝေလီဝေလင်း အချိန်တွေမှာ စိတ်စွမ်းအား အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ တစ်နေ့တာလုံး စိတ်စွမ်းအား ကောင်းမွန်နေအောင် အောက်ပါ အချက်တွေက အရေးကြီးပါတယ်။
- နေ့စဉ် လေ့ကျင့်ခန်း လုပ်တဲ့ အချိန် အတိုင်းအတာ ဘယ်လောက်ရှိသလဲ အချိန် ၂၄ နာရီအတွင်း အိပ်စက်ချိန် ဘယ်လောက် ရှိသလဲ
- သင် စားသောက်တဲ့ အစားအသောက် အမျိုးအစား
- ရေ ဘယ်လောက်များများ သောက်ဖြစ်သလဲ
- နေခြည်နုနုနဲ့ ထိတွေ့မှု ရှိရဲ့လား
- သောက်သုံးနေတဲ့ ဆေးဝါး အမျိုးအစားနဲ့ အရက်၊ ဆေးလိပ် သောက်သုံးမှု ရှိ၊ မရှိ
- တစ်နေ့တာအတွင်း စိတ်ဓာတ်ကို ဘယ်လောက်အထိ စိန်ခေါ်မှု ရှိခဲ့သလဲ 
    စိတ်ဓာတ်ခွန်အား ကောင်းမွန်စေမယ့် အကောင်းဆုံး နည်းလမ်းထဲက တစ်နည်းဟာ လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းမှု ရောက်ရှိနှုန်း ကောင်းမွန်စေတဲ့ နည်းပဲ ဖြစ်ပါတယ်။ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ လမ်းအမြန်လျှောက်တာ၊ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်တာ၊ ဦးနှောက်အတွက် အရေးပါတဲ့ ဂိမ်းတွေကို ကစားတာ၊ ရေကူးတာနဲ့ ကခုန်တာတွေပဲ ဖြစ်ကြပါတယ်။ လေကောင်းလေသန့်ကို ရှူရှိုက်ပေးတာဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ဦးနှောက်ကို အားအင် ပြည့်ဝစေတာကြောင့် စိတ်မကြည်မသာ ဖြစ်နေတဲ့ အချိန်တွေမှာ အသက်ရှူသွင်း၊ ရှူထုတ်တာကို ပြုလုပ်ပေးသင့်တာပဲ ဖြစ်ပါတယ်။
    ရေကို များများ သောက်ပေးတာကလည်း တစ်နေ့တာလုံး ရေဓာတ် ပြည့်ဝကာ လန်းဆန်းစေပါတယ်။ သကြားကတော့ ဦးနှောက်ကို လေးလံ ထိုင်းမှိုင်းစေတာကြောင့် တတ်နိုင်သမျှ ရှောင်ပါ။ အိပ်ရေးဝတာက ဦးနှောက်၊ စိတ်နဲ့ ခန္ဓာကိုယ်ကို အားအင် ပေးနိုင်တာကြောင့်  တစ်ညကို အချိန် ရှစ်နာရီလောက် ပေးပြီး အိပ်စက် အနားယူသင့်ပါတယ်။ ဆေးလိပ်၊ အရက်စတဲ့ မူးယစ်ဆေးဝါးတွေကို တတ်နိုင်သမျှ ရှောင်ရှားပြီး အခြေခံရောဂါ ရှိပါက ဆေးကုသမှုကို စနစ်တကျ ခံယူရပါမယ်။  ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အချက်တွေကို လိုက်နာပေးမှသာ ဦးနှောက်ကြည်လင် လန်းဆန်းပြီး တစ်နေ့တာလုံး ကောင်းကောင်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ 

No comments:

Post a Comment