chaung na
နောက်တစ်ခါတော့ အဲဒီလိုပဲဗျ ကျွန်တော်စာဖတ်ရင်းနဲ့ သိထားတာလေးပေါ့
တစ်နေ့မှာ ကျွန်တော့် မိသားစုနဲ့ တနင်္ဂနွေနေ့ဆိုရင် ကျွန်တော်တို့
ထမင်းစားရတာပျော်ပါတယ်။ ကျွန်တော်ကလည်း ဝန်ထမ်း ကျွန်တော့် ဇနီးကလည်း
ကျောင်းဆရာမ ကျွန်တော်တို့ အတူတူထမင်းစားရတဲ့ အချိန် နည်းပါတယ်။
တနင်္ဂနွေနေ့တွေကျလိုရင်ဖြင့် သူလည်းကျောင်းပိတ် ကျွန်တော်လည်းရုံးပိတ်
ကျွန်တော် သားနဲ့သမီးလေးလည်း ကျောင်းပိတ် မိသားစုလေးယောက်
ထမင်းလက်စုံစားရတယ်။ အဲဒီလိုနေ့လေးတွေက မမေ့နိုင်တဲ့နေ့လေးတွေပါ။
စကားတမည်ပြောပေါ့။ပြောကြတယ်။ ကျွန်တော် ပြောတာကို
ကျွန်တော့်သားကလု့ပြောတယ်။ လုပြောရင်းနဲ့ ဒီကောင်မျက်လုံးပြုးသွားတယ်။
မျက်လုံးပြုးပီးတော့ ငြိမ်ပြီး မချိ မဆန့် ဝေဒနာခံစားနေရတယ်။
ကျွန်တော်သိတာပေါ့ မျက်နှာချင်းဆိုင်မို့ နုတ်ခမ်းတွေပြာလာပြီ ကျွန်တော့်
မိန်းမလည်း သိသွားပြီး။ ဟယ်လုပ်ပါဦး သားဘာဖြစ်လို့မှန်းမသိ သား
သားလို့လှမ်းခေါ်တယ်။မလှုပ်နိုင်ဘူး။ မျက်လုံးပြုးနေတယ်။
ကျွန်တော်ချက်ချင်း ထိုင်နေရာကနေ ပြေးထသွားလိုက်ပါတယ်။ ပြီးတော့
ဒီကောင့်ရဲ့ အရှိုက်နေရာကို မိအောင်နောက်နေ လက်နှစ်ဖက်နဲ့
သိုင်းဖက်လိုက်ပါတယ်။ ဖတ်ပြီးတာနဲ့ ရုတ်တရက် အင့်ကနဲနေအောင်
ဆွဲညစ်ပြစ်လိုက်တယ် ဒီကောင့် အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားတဲ့ ထမင်းလုံး
ဖရှုးနဲ့ ထွက်သွားတယ်။ အဲတော့မှ ဟာ အဖေရာ သားတော့သေပြီအောင့်တာ
အသက်ရှုလို့မရတော့ဘူး ကျွန်တော်ဖတ်တဲ့ စာတပိုဒ်ထဲမှာ အဲဒါလေးကို
အမှတ်မထင်တွေ့ထားခဲ့လို့ ကျွန်တော်တို့မိသားစုဘဝ
ကြေကွဲစရာဖြစ်သွားနိုင်ပါတယ်။ စာလေးတွေ အတိုအထွာဖတ်တာတောင်မှ တချိန်ချိန်
တစ်နေရာရာမှာ ကောင်းကျိုးရှိပါတယ်။
စာတွေများများ ဖတ်မိလေလေ ကောင်းကျိုးတွေ
အများကြီးရလေလေပါပဲ။ ဒါကြောင့်မို့လို့ တိုးတတ်တဲ့ နိုင်ငံတွေက စာတွေကို
တအားဖတ်နေကြတယ်။ သတင်းစာကိုပဲ မနက်သတင်းစာ ညနေသတင်းစာ အချိန်မတူတဲ့ အခါမှာ
ပြောင်းလဲတဲ့ သတင်းကို မနက်ကသတင်းစာလည်းဖတ် ညနေသတင်းစာလည်းဖတ် ဒီသတင်းစာနဲ့
ဟိုသတင်းစာ မတူရင်လည်း သတင်းစာစုံအောင်ဖတ်။ အို
ရထားစောင့်ရင်းလည်းဖတ်နေကြတယ် ၊ အစည်းဝေးစောင့်ရင်းလည်းဖတ်နေကြပါတယ်
ချစ်သူနဲ့ချိန်ထားလို့ မလာနိုင်သေးရင်လည်း စောင့်ရင်းနဲ့ ဖတ်နေကြပါတယ်။
အကုသိုလ် ဒေါမနဿတွေ မဖြစ်တော့ပါဘူး။ ရထားကလည်း မလာနိုင်သေးဘူး
ကားကိုဆဲချင်သလိုလို အဲလို ဒေါမနဿတွေ မဖြစ်တော့ပါဘူး။ လာပြီဆိုတော့
စာအုပ်ကလေးပိတ် ဘေးအိပ်ထဲကိုထည့် တတ်လိုက်သွားပေါ့။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့
အချိန်တွေ အဆုံးရှုံးလိုက်ပါဘူး။ အလကားမဖြစ်လိုက်ပါဘူး။ အဲတော့
စာတို့ကိုဖတ်ပါလို့ ပြေချင်ပါတယ်။ ကျွန်တော်က စာဖတ်လို့ ဒီဘဝ
ဒီအခြေအနေရောက်နေတာပါ။ ကျွန်တော် ငယ်ငယ်တုန်းက အင်မတန်
သိမ်ငယ်စိတ်ရှိပါတယ်။ လူပါပဲ။ သိမ်ငယ်ရင် လူက ညံ့သွားပြီသာအောင့်မေ့ပေတော့။
သိမ်ငယ်စရာကလည်း လူတွေမှာ အမျိုးမျိုးရှိပါတယ်။ အမေမရှိရင်လည်း သိမ်ငယ်တယ်
၊ အဖေမရှိရင်လည်းသိမ်ငယ်တယ် အဖေရော အမေရော နှစ်ယောက်စလုံးမရှိတော့
မိဘမဲ့မို့ သိမ်ငယ်တာပေါ့။ အဖေနဲ့ အမေ အိမ်ထောင်ကွဲသွားရင်လည်း အားငယ်တယ်
သိမ်ငယ်တယ်။ မိဘဆင်းရဲရင်လည်း သိမ်ငယ်တယ် ကျွန်တော်တို့မှာ
သိမ်ငယ်စရာအကြောင်းတွေကအများကြီးပဲ။ အဲဒီသိမ်ငယ်စရာ
အကြောင်းတစ်ခုခုကြောင့် သိမ်ငယ်နေရင် ကျွန်တော်တို့ နာပြီ။
တစ်ချို့များမဆင်းရဲ့ပါဘူး နှစ်ထပ်အိမ်နဲ့ ဒါပေမယ့် ဘေးကတိုက်ကြီးရဲ့
နှစ်ခုရဲ့ ကြားထဲရောက်နေတော့ ဘေးကတိုက်နှစ်ခုမော့ကြည့်ပြီး ဒီကောင်
နှစ်ထပ်အိမ်နဲ့ သိမ်ငယ်နေတဲ့ကောင်လည်း ရှိသေးတယ်။ သိမ်ငယ်ပြီဆိုရင်
လူကပျော့ညံ့သွားတယ်။ အရိုးပျော့ ရောဂါရသလိုပဲ ခွေခေါက်သွားတယ်။
သိမ်ငယ်ခြင်းနဲ့ အတူတူ လွမ်းသလိုလို ဆွေးသလိုလို ဝမ်းနည်းသလိုလို
စိတ်ကပျော့သွားတဲ့ အတွက် လူပါပျော့ညံ့သွားပါတယ်။ သိမ်ငယ်ခြင်းဆိုတာ
အဲ့လောက်ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်တော်ငယ်ငယ်တုန်းက
သိမ်ငယ်စိတ်ကြီးကြီးရှိခဲ့ဖူးပါတယ် သိမ်ငယ်စရာ
အကြောင်းလည်းရှိလို့ပေါ့။ ကျွန်တော့် ရွာကလေးက ရှစ်မိုင်ဆိုတဲပ
မြို့သေးသေးမြို့လေးပါပဲ။
မြို့နယ်မြို့ကလေးပါ။ အဲဒီမြို့လေးနဲ့
ခြောက်မိုင်ဝေးတဲ့နေရာမှာ ကျွန်တော့် ရွာကလေးရှိပါတယ်။ ရွာနာမည်က ဝန်သိုတဲ့
လယ်သမားရွာကလေးပါပဲ။ တစ်ရွာလုံးလယ်သမားကြီးပါပဲ။ ကျွန်တော့အဖေလည်း
လယ်သမားပဲ ကိုယ်ပိုင်လယ်ကလေးရှိတော့ ကျွန်တော်တို့ ထမင်းနပ်မှန်စားရပါတယ်။
လယ်သမားက စပါးထွက်တယ်ဗျာ ပဲရတယ် နှမ်းထွက်တော့ ဆီရတာပေါ့။ ထမင်းစားဖို့တော့
မပူရပါဘူး။ ကျွန်တော် ၅ နှစ်အရွယ်ရောက်တော့ အဖေကွယ်လွန်သွားပါတယ်။ အမေ ၂၄
နှစ်မှာ မုဆိုးမဖြစ်တယ်။ မလုပ်တတ် မကိုင်တတ်နဲ့ လယ်ယာ စီးပွားလေး အမေ့
လက်ထပ်မှာ ပျက်သွားတယ်။ ကျွန်တော်တို့ ဆင်းရဲ့သွားတယ်။ ကျွန်တော့်ကို
အဖေကြီးနဲ့ အမေကြီးက ခေါ်ယူပြီးမွေးစားပါတယ်။ စဉ်းစားကြည့်ပါ ငါးနှစ်သားမှာ
အဖေကွယ်လွန်တော့ အားငယ်တာပေါ့။ အဖေကြီး အမေကြီးနဲ့ နေရတာလည်း စိတ်ထဲမှာ
သိမ်ငယ်စိတ်ရှိပါတယ်။ အဖေကြီးကတော့ အဲဒိရွာကလေးမှ မဆိုးပါဘူး။ သူတစ်ယောက်ပဲ
ဒီရွာထဲမှာ လယ်သမားမဟုတ်တာ အဖေကြီးက ဒီရွာကလေးမှာ
မူလာတန်းကျောင်းအုပ်ပါပဲ။ သို့သော် မူလတန်းကျောင်းအုပ်ဆိုလို့ သူ့မှာ
လက်ထောက်ကတော့ တစ်ယောက်မှ မရှိပါဘူး။ သူ့ဘာသာ တစ်ယောက်တည်း အုပ်နေရတဲ့
ကျောင်းပါပဲ။ အဖေကြီးကျောင်းကလည်း ကျဉ်းကျဉ်းလေးပါပဲဗျာ ဒီစတိတ်ခုံ
တစ်ခြမ်းလောက်ပဲ ရှိပါတယ်။ ဟိုနားမှ ကလေး ၂၀ လောက် သူငယ်တန်းလေး
သင်ပုန်းကြီး တစ်ချပ်နဲ့ ၊ သင်ပုန်းကြီးဆိုတာလည်း ကောင်းကောင်းကန်းကန်းတော့
မဟုတ်ပါဘူး ။ သွပ်ပြားဘောင်ကွတ်ထားတာပါပဲ။ အဖြစ်ပါ။ သူငယ်တန်းလေးပြီးတော့
ဒီနားမှာ သူငယ်တန်းကြီး ကလေး ၁၈ ယောက်လောက် သင်ပုန်းကြီးတစ်ချပ်နဲ့
ဒီနားမှာ ပထမတန်း ၁၆ ယောက်လောက်ရှိတယ်။ ဒီဘက်နားကြတော့ ဒုတိယတန်း ၁၄
ယောက်လောက်ရှိတယ်။ ဒီဘက်နားကြ တတိယတန်း ၆ ယောက်လောက်ရှိတော့တယ်။
ဟိုဘက်နားမှာ ၄ တန်း ၂ ယောက်လောက်ပဲ ရှိတော့တယ်။ ကျွန်တော်တို့
ကျောင်းလေးမှာ သူငယ်တန်းလေးမှာ လူအများဆုံးပါပဲ။ လေးတန်းရောက်ရင်
ကျောင်းသားမရှိသလောက် နည်းသွားတယ်။ ဘာဖြစ်လို့တုန်းဆိုတော့
ကျွန်တော်တို့ ရွာ လယ်သမားတွေက ဒုတိယတန်းလောက် အောင်လို့ သေစာ
ရှင်စာဖတ်တတ်ရင် တော်ရော့ပေါ့ ကျောင်းထုတ်သွားကြတယ်။ ကျွဲကျောင်းခိုင်း
နွားကျောင်းခိုင်းနဲ့ ကျွန်တော့် သူငယ်ချင်းတွေ ဥာဏ်ကောင်းပါရဲ့နဲ့
ကျွဲကျောင်း နွားကျောင်း လယ်ကူလီ လယ်လုပ်သားဘဝ ရောက်သွားကြပါတယ်။
အဲဒီကျောင်းကလေးမှာ တစ်တန်းနဲ့ တစ်တန်းဘာမှ ကာထားတာ မရှိပါဘူး။ ကာလို့လည်း
ဘယ်ဖြစ်မလဲ ဆရာက တစ်ယောက်တည်းရှိတာ ခလယ်ကောင်က ထိုင်ကြည့်ရင် အတန်းအားလုံး
အုပ်ချုပ်ပြီးသားဖြစ်တယ်။ သို့သော် အဖေကြီးက ပထမတန်းမှာ သွားစာပြနေရင်
လေးတန်းကကောင်တွေ ကျောက်သင်ပုန်းနဲ့ ခုတ်ကုန်ကြပြီ ရန်ပွဲချတယ်
ဖေကြီးကလေးတန်းကို ပြေးပြီးတော့ စူပြော ရန်ပွဲ ဖျင်နေတုန်း
ဒုတိယတန်းကကောင်တွေ နပန်းချပြန်ပြီ ဒုတိယတန်းပြေးရပြန်ပြီ အဖေကြီးခမျာ
စာသင်ရတာကနည်းနည်း ရန်ပွဲဖျင်ရတာကများများ ဒီကျောင်းမှာ ကျွန်တော်
မူလတန်းပညာသင်ရတယ်။ အဲဒီကျောင်းလေးမှာ ကျွန်တော်သိပ်သဘောကျတာ တစ်ခုရှိပါတယ်
.
No comments:
Post a Comment