Pages

Sunday, January 1, 2012

ထုတ်ပြန်သောနေ့စွဲ ၁ ရက် ဇန်နဝါရီလ ၊ ၁၉၄၁ အမှတ် ( ၅ ) သခင်အောင်ဆန်း သခင်အောင်ဆန်း၏ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့်နိုင်ငံရေးလှုပ်ရှားမှု့များအား မှတ်တမ်းတင်ထားချက် အမှတ် ( ၅ )

အဖအမည် ။ နတ်မောက်မှ ဦးဖာ
မွေးရပ် ။ နတ်မောက်
မွေးနှစ် ။ ၁၉၁၅
ယခုနေရပ် ။ အမှတ် ၇၆ ၊ ရေကျော်လမ်း ၊ ရန်ကုန်
အလုပ်အကိုင် ။ မရှိ
ပုံသဏ္ဌာန်များ ။

အရပ် အမြင့် ။  ၅ ပေ  ၅ လက်မ
ကိုယ်နေဟန် ။  ပိန်သည်၊ ကိုင်းသည်
ဆံပင် ။ နက်၊ ရှည် နောက်ပြန်ဖြီး ဘယ်ခွဲ၊တစ်ခါတရံသာ သပ်သပ်ရပ်ရပ် ဖြီးထားသည်။
       အင်္ဂလိပ်စတိုင် ဆံပင်ညှပ်ထားသည်။
မျက်ခုံး  ။ သေးသွယ်သည်
မျက်လုံး ။    ညို၍ ကျဉ်းသည်
နှာဖူး    ။ မြင့်၊ ကျယ်၊ နောက်ဘက်သို့  အနည်းငယ်ယိုင်သည်
အမြင်   ။   ကောင်းသည်
နှာခေါင်း ။ ဖြောင့်သည်၊ နှာဝဖျားကျယ်သည်၊ အတွင်းဘက်သို့ နှာရောင် ကောက်သည်။
ပါးစပ်    ။ စိစိပိတ်ထားသည်၊ နှုတ်ခမ်းထော်သည်
သွားများ  ။   သန့် ရှင်၍ ပုံမှန်ဖြစ်သည်။
လက်ချောင်းများ ။  ရှည်၍တွဲကျသည်
နားရွက်များ  ။   ကြီးသည် ကားသည်၊ နားထင်အသားများသည်
မျက်နှာ   ။   ဘဲဥပုံ မေးကျဉ်းသည်
အသားရောင်   ။ ဗမာတစ်ယောက်အတွက် မမည်း၊ မဖြူ သာမန်ဖြစ်သည်
မုတ်ဆိတ်   ။  မရှိ
နှုတ်ခမ်းမွေး ။ မရှိ
ထူးခြားချက်များ  ။  စကားပြောမြန်သည်၊ ခေါင်းငုံ့ ကာ လမ်းမြန်မြန် လျှောက်တတ်သည်၊
                     လုံချည်တိုတိုဝတ်သည်၊  သုန်သုန်မှုန်မှုန် အမှု အရာရှိသည်။၏
ဝတ်နေကျ        ။  ရိုးရိုးဗမာအဝတ် ၊  တစ်ခါတစ်ရံ  ဗလေဇာ အင်္ကျီဝတ်သည်။
    ကောင်းစွာမှတ်မိကြသော အရာရှိများ ။ ရန်ကုန်မြို့  ဗမာပြည်ရာဇဝတ်မှု့ ခင်းစုံစမ်း
ဌာန မှ အင်စပက်တော် ဦးစိုးမြင့်၊ဆပ်အင်စပက်တာခေါ် ရာဇဝတ်အုပ် မောင်ငွေဆိုင်၊မောင်
မောင်သစ်၊မောင်လှမောင် ၊ အိပ်စီ - မောင်သန်းညွှန့် မှု့ခင်း။ ကိုယ်ရေးရာဇဝင်အကျဉ်း ။
နတ်မောက်မြို့ တွင် ၁၉၁၅ခုနှစ်တွင် မွေးဖွားသည်။  ၁၉၃၈ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ 
ရသည်။  တက္ကသိုလ်တွင် ဆူပူလှုပ်ရှားရာ၌ သူခေါင်းဆောင်ခဲ့သည်။ ၁၉၃၆ ခုနှစ်တက္ကသိုလ်
သပိတ်ကို သူစည်းရုံးခဲ့သည်ဟု အကြီးအကျယ် သံသယဖြစ်ခဲ့ရသည်။ ၁၉၃၆- ၃၇ ခုနှစ်အတွက်
တက္ကသိုလ် သမဂ္ဂ ဒုတိယဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ၏ ဥက္ကဌအဖြစ်လည်း ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။ ဤတာဝန်များ
ကို ထမ်းဆောင်နေစဉ်  အင်္ဂလန်၊ဆွစ္စလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်စသောနိုင်ငံများမှ ကျောင်း
သား သမဂ္ဂများနှင့်အဆက်အသွယ်ရခဲ့သည်။
    အမျိုးသားနေ့ ၊ အုပ်ချုပ် ရေးသစ်တိုက်ဖျက်သောနေ့ စသော  များစွာသော နိုင်ငံ
ရေးဆန္ဒပြပွဲများတွင် အတူတူတွဲဖက်လုပ်ကိုင်ရင်းသခင်များနှင့် ရင်းရင်းနှီးနှီးဖြစ်လာခဲ့သည်။
သ၏ဟောပြောချက်များ သည် နယ်ချဲ့ စနစ်ကို ရှုတ်ချပြစ်တင်ရေးနှင့် အရင်းရှင်စနစ်ကို ရှုတ်
ချပြစ်တင်ရေးများသာ ဖြစ်ခဲ့သည်။
    ၃ဝ၊ စက်တင်ဘာ ၁၉၃၈ နေ့ တွင် သူ ဥပဒေတန်းတက်ရောက်သင်ကြားနေသော
တက္ကသိုလ်ကောလိပ်မှ ထွက်လာခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်
မှလည်း နုတ်ထွက်ခဲ့သည်။ တိုင်းပြည်အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဆောင်ရွက်
နိုင်ရန်နှင့် ထိုသို့ ဆောင်ရွက်ဖို့  အချိန်ပိုရရန် သူတက္ကသိုလ် မှ ထွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း
စာတိုက်များသို့  ကြေညာ ချက်တစ်ခုပို့ ခဲ့သည်။ သူသည်ဗဟိုဌာန ချုပ်တို့ ဗမာအစည်းအရုံး၏
တွဲဖက်အတွင်းရေးမှူးအဖြစ် စတင်ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ် မှာပင် အထွေထွေအတွင်း
ရေးမှူး အဖြစ် ဆောင်ရွက်လာခဲ့သည်။  ဇန်နဝါရီလ ၁၉၃၉ ခုတွင် ရန်ကုန်တွင် အထွေထွေ
မငြိမ်မသက်ရှိမှု့ နှင်ပတ်သက်ပြီး ရန်ကုန်မြို့ အရေးပေါ်လုံခြုံရေး ဥပဒေအရ ဖမ်းဆီးခံရပြီး
၁၅ ရက် ထိန်းသိမ်းခြင်းခံခဲ့ရသည်။
     ၆ ရက် ၉ ရက် ဧပြီလ  ၁၉၃၉နေ့ အထိ မော်လမြိုင်တွင် ကျင်းပခဲ့သော ဌာနချုပ်၊ တို့ 
ဗမာအစည်းအရုံး၏ စတုတ္ထအကြိမ်မြောက်နှစ်ပတ်လည်ညီလာခဲ့၌လုပ်ငန်းကိစ္စများ စီစဉ်တကျ
ဆောင်ရွက်ရန်  သူ့ တာဝန်ဖြစ်ခဲ့သည်။ အလုပ်သမားရေးဆိုင်ရာ၊ တောင်သူလယ်သမားရေး
ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စစ်ကြီး တစ်ရပ်ဖြစ်ပေါ် လာခဲ့လျင် ဗြိတိသျှတို့ အား မကူညီရန်
ဆုံးဖြတ်ချက်များကို ညီလာခံ တွင်ချမှတ်ခဲ့ကြသည်။ ဤညီလာခံတွင် ဌာနချုပ် ဗဟို၊ တို့ ဗမာ
အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး အဖြစ် သူ့ ကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့
ကြသည်။
    ၁၃ ရက် ဧပြီလ၊ ၁၉၃၉နေ့ တွင် သူသည် ကျိုက္ခမီ၌ အရင်းရှင်စနစ်၊ နယ်ချဲ့ စနစ်
တို့ကို ပြစ်တင်ရှုတ်ချသည့် တရားတစ်ပွဲ ဟောပြောခဲ့သည်။  ၂ဝ ရက် မေ ၁၉၃၉ ခုတွင်
ကျောက်တန်း၌ တို့ ဗမာဝါဒကို  သူရှင်းလင်းဖွင့်ဟ ဟောပြောခဲ့သည်။
    မေ၊ ၁၉၃၉ တွင် သူ့ အား  မီးတုတ်ဗိုလ်  များ၏ သင်တန်းတွင် ပို့ ချပေးရန် တာ
ဝန်ပေးခဲ့သည်။ မီးတုတ်ဗိုလ်များ၏ တာဝန်များမှာ  ဝါဒပြန့် ပွားရေးလုပ်ငန်းများလုပ်ရန်နှင့်
စွန့် စွန့် စားစားလုပ်ဖို့ အကြောင်းများ ပေါ်ပေါက်လာပါက  လုပ်ကြရန်ဖြစ်သည်။   ဇွန်လ၊


၁၉၃၉တွင် သူ၏လုပ်ဖော်ကိုင်များနှင့်ညှိ့ နှိုင်းပြီး ဗဟိုဌာနချုပ် တို့ ဗမာအစည်းအရုံး၏  တို့ 
ဗမာဝါဒနှင့်စည်းမျဉ်း ပြန်လည်ပြုပြင်ရေးသားခဲ့သည်။  ၄င်းကို ဗမာနိုင်ငံလုံးဆိုင်ရာ တို့ ဗမာ
အစည်းအရုံး အမှူ ဆောင်အစည်းအဝေးတွင် အတည်ပြု ခဲ့သည်။
    ၁၄ရက်၊ ဇူလိုင်၊ ၁၉၃၉ ခုနေ့ တွင် နိုင်ငံခြားဆက်ဆံရေး ဌာနကိုပါ  တာဝန်ခံလုပ်
ကိုင်ရန် တာဝန်ပေးသည်။ ၁၇ ရက်သြဂုတ်လ  ၁၉၃၉ ခုနေ့ တွင် မည်သည့်စစ်ပွဲတွင်မဆို
ဗမာများက ဗြိတိသျှတို့ အား မကူညီရန်နှင့် အကယ်၍ စစ်ကြီးဖြစ်လာခဲ့သော်ဗြိတိသျှတို့ ထံမှ
လွတ်လပ်ရေးကို ပြန်လုယူရန်အလေးအနက်ထပ်မံဖော်ပြသော ကြေငြာချက်တစ်ရပ်ထုတ်ခဲ့သည်။
          ၂၇ ရက်သြဂုတ်လ ၁၉၃၉ နေ့ တွင် ရန်ကုန်မြို့ သိမ်ဖြူ ရပ်ကွက်၌ တောင်သူလယ်
သမားများကိစ္စကို ဘာမျှဆောင်ရွက်ပေးမရှိသည့် ဝန်ကြီးချုပ်ဦးပု၏ အစိုးရအဖွဲ့ ကို သူပြစ်တင်
ရှုတ်ချ ဟောပြောခဲ့သည်။
      ၂၉ သြဂုတ်လ၊ ၁၉၃၉ နေ့ တွင် ဌာနချုပ်ဗဟို တို့ ဗမာအစည်းအရုံး အရေးပေါ်
အစည်းအဝေးသို့ သူ တက်ရောက်ခဲ့သည်။ ဗြိတိသျှတို့ အားဗမာနိုင်ငံကိုစစ်အတွင်းသို့ ဆွဲမသွင်း
ရန် တောင်းဆိုသောဆုံးဖြတ်ချက်များချခဲ့ကြသည်။စက်တင်ဘာ ၁၉၃၉ ခုမှစ၍ နိုင်ငံအနှံ့ 
ဗမာ့လက်ရုံးတပ် ( အပျော်တမ်း တပ်)များ ဖွဲ့ စည်းတည်ထောင်ရေးကို သူအထူး အာရုံစိုက်
လုပ်ကိုင်ခဲ့သည်။
    ၂၃ရက် အောက်တိုဘာ ၊ ၁၉၃၉ နေ့ တွင် ဗဟိုဌာနချုပ် တို့ ဗမာအစည်းအရုံးသည်
အဖွဲ့ တစ်ခုအဖြစ်ပါဝင်နေသော ဗမာ့ထွက်ရပ် ဂိုဏ်းခေါင်းဆောင်းများ အစည်းအဝေးသို့ သူ
တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေး၌ ဗမာ့ထွက်ရပ် ဂိုဏ်းဝင်များသည်ရာထူး လက်မခံပါဟု
ဂတိများပေးကြရန် တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့သည်။
    ၁၁ရက် နိုဝင်ဘာ၊ ၁၉၃၉နေ့ တွင် ပုသိမ်ထောင်အတွင်းရှိ အထူးလိုလားချက်များမ
ရရှိသဖြင့် အစာငတ်ခံတိုက်ပွဲဝင်နေကြသော သခင်အကျဉ်းသားများ၏ တောင်းဆိုချက်တို့ ကို
မလိုက်လျောဘံရှိနေသည့် အစိုးရအား  ကန့်ကွက်ရန်နှင့်  ပြည်သူ့လွတ်လပ်ခွင့်များကိုချုပ်ချယ်
လျက်ရှိခြင်းကို ကန့် ကွက်ရန် မိမိတို့ အရပ်ဒေများ၌အစည်းအဝေးများပြုလုပ်ဖို့ အစည်းအရုံး
ခွဲများသို့ သူ ညွှန်ကြားချက် တစ်ရပ်  ထုတ်ပြန်ခဲ့ပါသည်။
    ၁၂ရက် နိုဝင်ဘာလ  ၁၉၃၉ နေ့ တွင် သခင်များသည် ဗမာ့ထွက်ရပ် ဂိုဏ်း၌ ပါဝင်
နေခြင်းသည် လွတ်လပ်ရေးရရှိရန်အတွက်ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်၌ ကျင့်ပသော
အစည်းအဝေးတစ်ခုတွင် သူ ရှင်းလင်းပြော ဟောခဲ့သည်။  ၃ရက်နှင့် ၅ရက် ဒီဇင်ဘာ ၊ ၁၉၃၉
နေ့ များတွင် ပါတော်မူနေ့  နှင့် အမျိုးသားနေ့ များ ကျင်းပရန် သူ စီစဉ်ခဲ့ပါသည်။
    ဒီဇင်ဘာလ  ၁၉၃၉ မှ  ဇန်နဝါရီလ  ၁၉၄ဝ အထိ သူသည် ဗဟိုဌာနချုပ် တို့ ဗမာ
အစည်းအရုံးဝါဒ ဖြန့် ချိရေးလုပ်ငန်းတို့ ကို အပြင်းလုပ်ခဲ့ပါသည်။ မန္တလေးမြို့ ၊ မုံရွာမြို့ နှင့်
အခြားအရပ်များတွင် တို့ ဗမာဝါဒကို  အကျယ်ဖွင့်ဟောပြောခဲ့ပြီး ကွန်မြူ နစ်ဝါဒ အတွက်လည်း
ဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ တက်ရောက်ကျသူများအား စစ်ဖြစ်လာလျှင်
လွတ်လပ်ရေးရရှိအောင် အခွင့်အရေးအရယူကြဖို့ တိုက်တွန်းဟောပြောခဲ့သည်။
    ၁၃ရက်နှင့် ၁၄ရက် ဇန်နဝါရီလ၊ ၁၉၄ဝနေ့ များတွင် တောင်ငူမြို့ ၌ ကျင်းပသော
ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမား အစည်းအရုံး ညီလာခံသို့ သူတက်ရောက်ခဲ့သည်။
လယ်မလုပ်သောသူများ လက်ဝယ်ရောက်ရှိနေသော လယ်မြေအားလုံးကို လျော်ကြေးမပေးဘဲ
အစိုးရက သိမ်းယူရေး
                      အချို့သောနိုင်ငံရေးအကျဉ်းသားများအားအစိုးရက ဓ  ခ ဓ အတန်း
အခွင့်အရေးများမပေးဘဲထားသည်ကို ပြစ်တင်ရှုတ်ချရေး၊မိမိတို့၏အင်အားကိုပြသသည့်အနေ
ဖြင့်ဆန္ဒပြပွဲများ၊စည်းဝေးပွဲများပြုလုပ်ရေးအစရှိသောဆုံးဖြတ်ချက်များကိုချခဲ့ကြပါသည်။သူကို
လည်းဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး၏အလုပ်အမှုဆောင်တဦးအဖြစ်
ခန့်ထားခဲ့ကြပါသည်။
    ၁၄ ရက်၊ဇန်နဝါရီလ၊၁၉၄ဝ နေ့တွင်ကိုယ့်မင်းကိုယ့်ချင်း (လွတ်လပ်ရေး )သည်၊ဌာန
ချုပ်ဗဟို တို့ဗမာအစည်းအရုံး၏ ပန်းတိုင်ဖြစ်ကြောင်းတောင်ငူမြို့္ပ္ပတွင်သူကြေငြာခဲ့သည်။
၂၂ ရက်၊ ဇန်နဝါရီလ၊ ၁၉၄ဝနေ့တွင် ရန်ကုန်စီရင်စု၊ တို့ဗမာအစည်းအရုံးအထွေထွေအတွင်း
ရေးမှုးသခင်စံထွန်းလှအားရန်ကုန်တွင်အာဏာဖီဆန်ရေးလုပ်ငန်းများလုပ်ရေးအတွက် ပြင်ဆင်
မှုများပြုလုပ်ရန်သူညွှန်ကြားခဲ့ပါသည်။
    ၂၆ရက်၊ဇန်နဝါရီလတွင်ရန်ကုန်မြို့မြေနီကုန်းတွင်ကျင်းပပြုလုပ်သောအစည်းအဝေး
တခုတွင်သူဟောပြောခဲ့ပါသည်။ အစည်းအဝေးတက်ရောက်သူများအားယခုစစ်ကြီးအတွင်း
တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကိုပြန်၍ရယူရန်စည်းလုံးညီညွှတ်ကြဖို့ သူ မေတ္တာရပ်ခံခဲ့ပါ
သည်။၂၆ ရက်နှင့် ၃ဝ ရက်၊ ဇန်နဝါရီလ ၁ ရက်၊ ဖေဖော်ဝါရီနေ့များတွင်မန္တလေးမြို့ သံဃာ
တော်များ၏ညီညွတ်ရေးကျိုးပမ်းမှုအတွက်ကျင်းပသောအစည်းအဝေးများသို့ အခြားအဖွဲ့အစည်း
အသီးသီးမှကိုယ်စားလှယ်များနှင့်အတူ သူတက်ရောက်ခဲ့ပါသည်။
    ၂၅ရက်၊ဖေဖော်ဝါရီနေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်းကဦးစီးကျင်းပသောလူ ၆ဝဝ ခန့်ပါ
ဝင်သောစီတန်းလမ်းလျှောက်ဆန္ဒပြပွဲတွင်သူပါဝင်ခဲ့ပြီးအဓိဌာန်စာတမ်းကိုခေါင်းဆောင်များကိုယ်
စားဖတ်ကြားခဲ့ပါသည်။ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ကျောင်းသားများ၊အမျိုး
သမီးများတို့သည်စည်းရုံးညီညွတ်ကြလျှက်မိမိတို့၏ အသီးသီးသောတိုက်ပွဲငယ်ကလေးများကို
လွတ်လပ်ရေးအတွက်တိုက်သည့် တိုက်ပွဲအရေးတော်ပုံကြီးအဖြစ် ပေါင်းစည်းလုပ်ကိုင်သွားမည်
ဟုအဆိုပါအဓိဌာန်ချက်တွင်ဖေါ်ပြပါရှိလေသည်။၁၉၄ဝ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့တွင်ရမ်း
ဂါးမြို့တွင်ကျင်းပသောအိန္ဒိယအမျိုးသားကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေး (ှုညိငညေ ...
အြေငသညေူ  ဃသညါမနျွောါမေ့. )သို့တက်ရောက်လေ့လာရန် ရန်ကုန်မှအိန္ဒိယသို့ထွက်ခွါခဲ့
ပါသည်၊ ကွန်ဂရက်အစည်းအဝေးပြီးသည့်နောက် အိန္ဒိယပြည်နယ်အသီးသီးသို့သူခရီးလှည့်
လည်ပါသည်။ ၂၉ ရက် မတ်လ ၁၉၄ဝ နေ့တွင်ဒေလီမြို့ ဟိန္ဒူကောလိပ်တွင် သူစကားပြောခဲ့

သခင်အောင်ဆန်း၏နိုင်ငံရေးလှုပ်ရှားမှု့များ
၁၉၄ဝပြည့်နှစ် ၊ ဇွန်လ ၃ ရက်နေ့တွင် ဟသာင်္တစီရင်စုဇလွန် ပုလိပ်ဌာနပိုင်
ဒေါင့်ကြီးတွင် တရားတစ်ပွဲဟောခဲ့ပါသည်၊မကွေးတိုင်းမင်းကြီး၏ ဒါဘာပွဲ တွင်( ၁ ) သူတို့
၏အရပ်ဒေသကို ဗမာပြည်ထဲထည့်သွင်းရန်၊  ( ၂ )အမျိုးသားများအား အင်္ဂလိပ်-အင်္ဂလိပ်
မြန်မာ ၂ ဘာသာပညာသင်ကြားပေးရန်နှင့်( ၃ ) ဆပ်ဒီဝီဇံ အတွင်းတို့ဗမာအစည်းအရုံး
များထူထောင်ခြင်းကိုမနှောက်ယှက်ရန်တောင်းဆိုခဲ့၍ကန်ပက်လက်ဆပ်ဒီဝီဇံမှ ချင်းအမျိုး
သားများအဖမ်းခံကြရသည်ဟုပြောပြပါသည်။
    ၅ ရက်.ဇွန် ၁၉၄ဝ နေ့တွင် သူ့ကို တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ဖြင့်
တက္ကသိုလ်ကျောင်းသားများက အပြိုင်အဆိုင်မရှိရွေးကောက်တင်မြှောက်ခဲ့ကြပါသည်။
၁၅ရက် ..ဇွန်လ .၁၉၄ဝ နေ့တွင် တက္ကသိုလ်သမဂ္ပ ခန်းမတွင် တက္ကသိုလ်ကျောင်းသား
များသမဂ္ပ ကတင်မြှောက်ထားသောတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးအနေဖြင့်တက္ကသိုလ်
ကျောင်းသားသစ်များအားမိန့်ခွန်းတရပ်ပြောကြားခဲ့ပါသည်၊ကျောင်းသားသမဂ္မ၏ ရည်ရွယ်
ချက်များကိုရှင်းလင်းပြောပြပြီး မကျေနပ်ချက်၊နစ်နာချက်များရှိလျှင်သူမှတဆင့်ပြောပြနိုင်
ကြောင်း၊ သူ့အနေဖြင့်ကျောင်းသားများအကျိုးစီးပွားကို သူအတတ်နိုင်ဆုံးကြိုးစားဆောင်
ရွက်ပေးမည်ဖြစ်ကြောင်းရှင်းပြခဲ့သည်။
    ချောက်- သခင်ဖိုးလှကြီး ၊ မြင်းခြံ သခင်မေအောင်နှင့်မန္တလေးသခင်လေးတို့ထံ
မှနဂါးနက်အသင်း၏ ဌာနချုပ်ကိုမြင်းခြံမြို့မှ မန္တလေးသို့ရွေ့ပြောင်းခြင်းနှင့်ပတ်သက်၍စာ
တစောင်ပေးခဲ့ပါသည်။ သူတို့က တိုင်းပြည်အတွက်အသက်ပေးဆောင်ရွက်မည့် သူရဲကောင်း
တဦးလိုအပ်နေရာ သခင်အောင်ဆန်းသည်ထိုသူရဲကောင်းပင်ဖြစ်သည်ဟု ယူဆကြောင်း၊
အသင်းအပေါ်သစ္စာစောင့်သိသောကျောင်းသား ၅ဝ စုဝေးမည်ဖြစ်ကြောင်းစာထဲတွင်ဖော်
ပြထားပါသည်။ ဗြိတိသျှတို့ကိုအင်္ဂလန်သို့ပြန်ခေါ်ယူမည်ဖြစ်၍မိမိတို့လုပ်ငန်းကိုအပြီးသတ်
လုပ်ကိုင်ရန်အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ထကြွကြရန် အချိန်ကောင်းဆိုက်ရောက်
လာပြီဖြစ်ကြောင်းဖြင့် ၄င်း စာကိုအဆုံးသတ်ထားပါသည်။
    ၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင်တို့ဗမာအစည်းအရုံးခွဲများသို့ သခင်ခေါင်း
ဆောင်းများကို ဖမ်းဆီးနေခြင်းကိုကန့်ကွက်သည့်အစည်းအဝေးပွဲများဇူလိုင်လ ပထမအပတ်
အတွင်းပြုလုပ်ကြရန်ညွှန်ကြားချက်တရပ်ထုတ်ခဲ့ပါသည်၊ ဥပဒေငြိစွန်း၍သခင်များ၏ ပဥွမ
အကြိမ်ညီလာခံ၏ဆုံးဖြတ်ချက်များကို ဖတ်ကြားရန်အသင့်ရှိကြသော လူ ၁ဝဝဝ ခန့်ရှာဖွေစု
ဆောင်းကြရန်လိုကြောင်း၊ထိုဆုံးဖြတ်ချက်များကို အပျံ့နှံ့ဆုံးပျံ့နှံ့အောင်လုပ်ရန်လိုကြောင်း ၊
စွန့်စွန့် စားစားအနစ်နာခံပြီးလုပ်ကြမည့်အစည်းအရုံးဝင်များစည်းရုံးသိမ်းသွင်းရန်လိုကြောင်း၊
ဗမာ့လက်ရုံးတပ်များထူထောင်ရန်လိုကြောင်း၊လွတ်လပ်ရေး ရန်ပုံငွေကောက်ခံကြရန်လို
ကြောင်းခေါင်းဆောင်မည့်သူများအတွက် သင်တန်းများဖွင့်လှစ်ပေးရန်လိုကြောင်း အစရှိ
သည့်တို့ကိုပါ ထိုညွှန်ကြားချက်တွင်ဖေါ်ပြပါရှိပါသည်။
    ၂၉ ရက်၊ဇွန်လ၊ ၁၉၄ဝ နေ့တွင်သူ့အား ၁ ရက် ဇွန်လ ၁၉၄ဝ နေ့က ဇလွန်မြို့
တွင်ဟောပြောခဲ့သော အစိုးရ အရေးယူနိုင်သည့်ဟောပြောချက်အရဟင်္သာတမြို့ ပထမ
တွဲဖက်တရားသူကြီးက ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့ပါသည်။သူ ချက်ခြင်းဆိုသလို ပျောက်ကွယ်
သွားပါသည်၊နောက်ပိုင်းတွင်သူ့အားတရားစွဲဆိုရန်အမှုကိုပိတ်လိုက်ပြီး ဖမ်းဆီးရန်ထုတ်ထား
သောဝရမ်းကိုလည်းဖျက်လိုက်ပါသည်၊သူ့ကိုအကြီးအကျယ်ထောက်ခံနေသောတက္ကသိုလ်
ကျောင်းသားများမကျေမနပ်ဆူပူလာပူတိုးလာခြင်းသည်ထိုအမှုပိတ်လိုက်ရခြင်း၏အကြောင်း
တကြောင်းဖြစ်ပါသည်။
    သူ့ကို ၁၉၄ဝနှစ်ကုန်ထိခြေရာခံ၍ မရပါ၊သူ တရုတ်ပြည်ရောက်နေကြောင်းကို
သတင်းများကညွှန်ပြခဲ့ပါသည်။ တဦးသောသတင်းပေးသူက သူ့အားသူ့အားတရုတ်သူလျှို
ဟုသံသယရှိသဖြင့်အေမွိုင်မြို့တွင်ဂျပန်တို့ကဖမ်းဆီးလိုက်ပြီဟု ပြောပါသည်။
    ၁၉၄ဝ .နိုဝင်ဘာလထဲတွင် သူသည်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်မှနုတ်
ထွက်လိုက်ပါသည်။၁၉၄ဝ ပြည့်နှစ်နိုဝင်ဘာ ၂၆ ရက်နေ့သတင်းစာတိုက်များသို့ပေးပို့သော
သတင်းတွင် သူ ဤသို့နုတ်ထွက်လိုက်ခြင်းမှာနိုင်ငံရေးလုပ်ငန်များဖြင့်မအားအောင်ဖြစ်နေ
သောကြောင့်ဟုဖေါ်ပြပါသည်။
    သူ၏ရိုးသားဖြောင့်စင်းမှုနှင့်သဘောထားများကွဲလွဲကြပါသည်။ သူ၏အယူအဆ
များသည်မှန်၏ ၊အလွန်စိတ်အားသန်စွာယုံကြည်သူဖြစ်သည်ဟုအချို့ကပြောကြပါသည်၊
တခြားသူများကလည်းသူသည်စိတ်တိုပြီးအပြစ်ပြော၊ ဘုပြော၊ ဘောက်ပြောသာပြောနေပြီး
ဆူပူလှုံ့ဆော်ရေးသည် အကျိုးရှိသောအလုပ်ဟုယုံကြည်နေသူဖြစ်သည်ဟု ပြောကြပါသည်။
မည့်သည်အယူအဆမှန်စေတော့ ၊သူသည်ဌာချုပ်ဗဟို၊တို့ဗမာအစည်းအရုံး အထွေထွေအ
တွင်ရေးမှုးအနေဖြင့် အလွန်ကျိုးစားလုပ်ကိုင်သူဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ ထုတ်ပြန်
ချက်များကို သူကိုယ်တိုင်ရေးသားခဲ့ပြီး ၄င်းတို့တွင်ဖေါ်ပြပါရှိသောသဘောအယူအဆများ
နှင့်ညွှန်ကြားချက်များမှာသူ၏လက်ရာများပင်ဖြစ်ရန်ရှိပေသည်။ တို့ဗမာအစည်းအရုံးသည်
ယနေ့ ကြောက်စရာကောင်းသော ဖျက်ဆီးရေးလှုပ်ရှားမှု့ကြီးအဖြစ်ကြီးထွားရောက်ရှိလာခြင်း
မှာအများအားဖြင့်သခင်အောင်ဆန်းနှင့်အခြားသခင်တို့ကြောင့်ပင်ဖြစ်သည်ကိုသံသယဖြစ်
စရာမရှိပါ။

 နောက်ဆုံးစကား မိန့်မြွက်ကြာ;

    ( ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သည် မကွယ်လွန်မီ ရက်သတ္တပတ်ဖြစ်
သော ၁၉၄၇ ၊ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့  မြို့တော်ခန်းမဆောင်အပြင်ဘက်မှ
နေလျှက် လူထုပရိတ်သတ်ကြီးအား ဟောကြားသွားသော အောက်ပါမိန့်ခွန်းစကားသည်ကား
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ .. ဒေသနာဗမ္မနှင့် အညီ ဓ တိုင်းရင်းသား အပေါင်း
တို့..... မမေ့မလျှော့ကြကုန်လင့် ..သတိတရားနှင့် ပြည့်စုံကြကုန် ဓ ဟု နောက်ဆုံး
သတိပေးသွားသည့် မိန့်ခွန်း စကားပင်တည်း )

 လွတ်လပ်ရေးအဓိပ္ပါယ်သိကြဖွယ်

    ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကိုပြောပြအုန်းမယ်။ လွတ်လပ်ရေးဆို
တိုင်းပဒေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကိုရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့
စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ်ဆိုရင် စိတ်ကူးကဘယ်နှယ့်စိတ်ကူးကြသလဲ၊ ပဒေသာ
ပင်နေ့ချင်း ညချင်းပေါက်တော့မလို ခင်ဗျားတို့ထင်ကြလိမ့်မယ်၊တချို့က ဂျပန်ခေတ်တုန်းက
လွတ်လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြသလဲဆိုရင် ဟသာင်္တနယ် ဘက်မှာတွေ့ခဲ့တယ်။ လွတ်
လပ်ရေးရတယ်ဆိုပြီး လူတကာသွားတဲ့လမ်းမှာ ဆေးလှန်းတယ်။အဲဒါ လွတ်လပ်ရေးမဟုတ်
ဘူး ။အဲဒီဟာက လမ်းသွားလမ်းလာလုပ်တဲ့သူတွေကို နှောက်ယှက်ရာရောက်တယ်။လွတ်
လပ်ရေးဆိုတဲ့အဓိပ္ပါယ်က ကိုယ်တယောက်ကောင်းစားဖို့ဖြစ်စေ ၊ လူတမျိုးလုံးကောင်းစား
ဖို့ဖြစ်စေ၊ တခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကို်ယ့်အကျိုးလုပ်နိုင်
တာလွတ်လပ်ရေးပဲ။ ကိုယ့်အကျိုးစီးပွားလုပ်တဲ့နေရာမှာ တခြားလူတွေကိုအနှောက်အယှက်
မဖြစ်ရဘူး။တခြားလူတွေရဲ့အကျိုးကိုလည်းမထိခိုက်ဘူး၊တိုင်းပြည်ရဲ့အကျိုးကိုလည်း မထိခိုက်
ဘူးဆိုရင် လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့အခြေအနေမျိုး ရှိရမယ်။ အဲဒီတော့ တခြားလူတွေ
ကိုနှောက်ယှက်တဲ့လွတ်လပ်ရေးဟာ လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒါကို (ူငခနညျန ) ရမ်း
ကားမှု့ လို့ခေါ်တယ်။ အဲဒီတော့လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘူး၊
စည်းနဲ့ ကမ်းနဲ့သဘောသာဖြစ်တယ်။လွတ်လပ်ရေးရတဲ့တိုင်းပြည်မှာ ပိုပြီးတော့စည်းကမ်း
ရှိဖို့လိုတယ်၊ စည်းနဲ့ကမ်းနဲ့ လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။ဒီလွတ်လပ်ရေး
ရတဲ့အခါမှာ  လွတ်လပ်ရေးကြောင့်အခွင့်အရေးရလာတဲ့အခါ အခွင့်အရေးနဲ့အတူတာဝန်
တွေလည်း ပိုလာလိမ့်မယ်။ ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက  ဒီတိုင်းပြည်ကို
ကာကွယ်ဖို့အင်္ဂလိပ်အစိုးရရဲ့တာဝန်ဖြစ်တယ်။ ဗမာပြည်လွတ်လပ်ရေး ရတဲ့အခါမှာ ဗမာပြည်
ကိုကာကွယ်ရမဲ့ တာဝန်ဟာ ကျွန်တော်တို့ တာဝန်ဖြစ်လာမယ်။ အရင်တုန်းကလို အေးအေး
ဆေးဆေး နေလို့ မဖြစ်တော့ဘူး။ကျွန်တော်တို့တိုင်းပြည်အစိုးရလုပ်တဲ့လူတွေက တိုင်းပြည်
ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေနည်းတယ်ဆိုရင် ဗမာတိုင်း၊ဗမာတိုင်း အရွယ်
ရောက်တဲ့လူတွေမှန်သမျှ ကျမ်းမာတဲ့လူမှန်ရင် စစ်ထဲမဝင်မနေရ၊ စစ်မှု့မထမ်းမနေရဆိုပြီး
စံနစ်နဲ့ဖြစ်လာလိမ့်မယ်။နှစ်နှစ် တန်သည်ဖြစ်စေ သုံးနှစ်တန်သည်ဖြစ်စေ စစ်ထဲမှာဝင်ရမယ်၊
တိုက်ချင်မတိုက်ချင်ဝင်တိုက်ရမှာပဲ။အဲဒီဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်မဲ့တာဝန်မျိုးပဲ။
အဲဒီလိုပဲ ဒီတိုင်းပြည်လွတ်လပ်ရေးရတဲ့အခါမှာ ယိုးဒယားပြည်လိုဖြစ်ချင်သလား။တူရကီပြည်
လိုဖြစ်ချင်သလား။ အမေရိကန်ပြည်လိုဖြစ်ချင်သလား ။ အင်္ဂလိပ်ပြည်လိုဖြစ်ချင်သလား ။
ဆိုဗီယက်လိုဖြစ်ချင်သလား။အဲလိုဖြစ်ချင်တာတွေဟာတိုင်းပြည်မှာအလုပ်မလုပ်ဘဲမဖြစ်ဘူး ။




                                                                                                                                                                                            သစ္စာ မဲ့ များ သတိထာ;
ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဒီ ဖဆပလအဖွဲ့ချုပ်ဟာဘယ်
လို အဖွဲ့ချုပ်ဆိုတာ ရာဇဝင်မှာ ပြန်ကြည့်စေချင်တယ်။လူတွေကိုလည်းပြန်ကြည့်စေချင်တယ်။
ကျနော်တို့ဗမာပြည်မှာပေါ်လာတဲ့နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို
တယောက်စီတယောက်စီ ခင်ဗျားတို့စိတ်ထဲမှာမာတိကာစဉ်ပြီး စဉ်းစားကြည့်စမ်းပါ၊ ဘယ်လို
လူစားတွေလဲ။ဘယ်လိုအဖွဲ့ကြီးလဲ ဆိုတာ ခင်ဗျားတို့စဉ်းစားမှ အဖြေထွက်လာလိမ့်မယ်။
    အခုနေအခါမှာကျုပ်တို့က အစိုးရ လုပ်နေတဲ့အချိန်အခါမျိုးဖြစ်တယ်။ အတိုက်
အခံဆိုတာ ရှိစမြဲပဲ၊  ဘုရားကိုယ်တိုင်ပင်အတိုက်အခံနဲ့မကင်းခဲ့ပါဘူး၊ ဒီတော့ကျုပ်တို့လည်း
မကင်းနိုင်ဘူး ၊ ကျုပ်တို့အစိုးရ လုပ်တဲ့အချိန်အခါမျိုးကလည်းတပ်ပျက်မှာဗိုလ်လုပ်ရတဲ့အချိန်
အခါမျိုးဖြစ်တယ်။ ကျုပ်တို့မှာချို့ယွင်းချက်တွေအမြောက်အမြားရှိတယ်ဆိုတာ ကျုပ်တို့ကိုယ်
တိုင်သိတယ်။ ဘယ်အစိုးရမှာချို့ယွင်းချက် မရှိတဲ့အစိုးရဆိုတာ မရှိနိုင်ဘူး။  တိုင်းပြည်မှာ
စေတနာထားပြီးတော့ကာ တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး လုပ်လာခဲ့တာ တိုးတက်သလား
မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့စဉ်းစားကြည့်ပါ။
    နောက်ရက်များမကြာခင်လောက်ဆိုရင် သခင်နု ပြန်လာလို့ နောက်ရက်တော်တော်
လေးကြာလို့ရှိရင် ကျနော်တို့ဟာ တိုင်းပြည်ကို အတိအလင်းကြေငြာနိုင်တဲ့စာတန်းမျိုးထုတ်နိုင်
ပါလိမ့်အုန်းမယ်။ အဲဒီတော့ကာ ကျနော်တို့ဟာ လွတ်လပ်ရေးလုပ်ငန်းမှာ ဘယ်ထိအောင်
စခန်းတက်လာပြန်ပြီး။ တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာဘယ်လိုစခန်းတက်လာ
ပြီဆိုတာအစရှိသဖြင့် ခင်ဗျားတို့မြင်ရပါလိမ့်မယ်။
    အဲဒီတိုင်းပြည်ပြန်လည်ထူထောင်တဲ့လုပ်ငန်းမှာ တစ်ဆင့်ထက်တစ်ဆင့် တက်လာ
ကာ လွတ်လပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ဆင့်တက်လာကိုရက်များမကြာခင် ခင်ဗျားတို့
မြင်ရပါလိမ့်မယ်။ အဲဒါတွေကိုမြင်ရရုံတင်မကဘူး ။ ကျနော်တို့ဒီအစိုးရနဲ့ အရင်တုန်းကအစိုးရ
တွေ အကုန်လုံးယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကျုပ်ပြောရဲတယ်။
    အရင်တုန်းက ကျုပ်အတိအလင်းပြောတယ်။  လာဘ်စားတဲ့လူတွေရှိတယ်။ ခင်ဗျား
တို့ ဘာပြောဦးမလဲ.?  အဲဒီလိုလူတွေက အခုနေအခါမှာ တိုင်းပြည်ကို မိမိပါတီအာဏာရ
အောင်ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ကိစ္စမှာ အယောင်ယောင်အမှားမှား ဖြစ်ကြတဲ့လူတွေ
ဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ တိုင်းပြည်သစ္စာဖေါက်တဲ့ရန်သူနံပါတ် ၁ တွေ
ဖြစ်တယ်။ အဲဒီရန်သူ နံပါတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုရင် ခင်ဗျားတို့လည်
ပင်း ခင်ဗျားတို့ ပဲကြိုးကွင်းတပ်ကြပေတော့။
    ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မ လုပ်လာလို့ အစိုးရ
ဖြစ်လာတာမဟုတ်ဘူး ၊ တိုင်းပြည်လူထု ထောက်ခံမှုကြောင့် အစိုးရ ဖြစ်နေတာပဲ။ တိုင်းပြည်
လူထုက ယုံကြည်မှု့မရှိဘူး.......မကြည်ညိုဘူးဆိုရင် ကျုပ်တို့တွယ်မနေပါဘူး ၊ထွက်
မှာပါပဲ ၊ သို့သော်လည်းတစ်နှစ်လောက်တော့ ကျုပ်တို့ကိုစောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ
ဘယ်လိုလူစားတွေလဲ။ ရာဇဝင်မှာ အဆဲ ခံမဲ့လူစားတွေလားဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်
သိပါလိမ့်မယ်။


 တစ်နှစ် ဂတိ စောင့်ကာကြည့်

    အဲဒီတော့ကာ ကျနော်တို့ လွတ်လပ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖဆပလ အဖွဲ့ချုပ်
က ၁၉၄၆ ခု ဇန်နဝါရီလမှာကျင်းပခဲ့တဲ့ ပထမ ဖဆပလ မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံ
အဖွဲ့ချုပ်ကြီးက ဗမာနိုင်ငံဟာလုံးဝလွတ်လပ်ရေးကိုလိုချင်တယ်၊ဘယ်လိုဒိုမိနီယံ(ီသာငညငသည )
ကိုမှ မလိုချင်ဘူးဆိုပြီး ကျနော်တို့ ရည်ရွယ်ချက်အဖြစ်နဲ့အတိအလင်းကြေငြာခဲ့တယ်။ အဲဒီ
ကြေငြာချက်အတိုင်းပဲ ကျနော်တို့မေလ အတွင်းမှာ  ကျင်းပခဲ့တဲ့ ဖဆပလပဏာမညီလာခံမှာ
ကျနော်တို့ဟာ ဗမာပြည်ကြီးကိုလုံးဝ လွတ်လပ်ပြီး အချုပ်အချာအာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ
နိုင်ငံအဖြစ်နဲ့ တည်ထောင်မယ်ဆိုပြီုးဆုံးဖြတ်ခဲ့တယ်။ နောက်ပြီးတော့ ဒီတိုင်းပြု ပြည်ပြု
လွှတ်တော်ကြီးမှာ ကျနော်ကိုယ်တိုင်တင်သွင်းပြီးတော့ကာ အချုပ်အချာအာဏာနဲ့ ပြည့်စုံ

 တဲ့သမ္မတနိုင်ငံတည်ထောင်မယ်ဆိုပြီးတင်သွင်းလို့ ဆုံးဖြတ်တောင်ပြီး ပြီ။ ဒီတော့ ဖဆပလ
အဖွဲ့ချုပ်လုပ်တဲ့အလုပ်က  အင်မတန်ရှင်းပါတယ်၊ ကျနော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့
အတိုင်းလုံးဝလုံးလပ်ရေးကိုရအောင်လုပ်မယ်ဆိုတဲ့အတိုင်းလုံးဝလွတ်လပ်ရေုးကိုဆုံးဖြတ်ခဲ့
တယ်။ ဒီတိုင်းပြည်ကို ကြေငြာထားတဲ့အတိုင်းလွတ်လပ်ရေးကို ရအောင်လုပ်မယ်ဆိုတာ
လုပ်နေရက်ပဲ။ တစ်နှစ်လည်းမပြည့်သေးပါဘူး။  သို့သော် ပြည့်တယ်မပြည့်တယ်ဆိုတာမျိုးက
တော့အလျှော့အပိုနည်းနည်းရှိချင်ရှိမယ်။ သို့သော်လည်း အဲဒီလို အချိန်အခါမျိုးမှာ တိုင်း
ပြုပြည်ပြု လွှတ်တော်ကဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရအောင်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်
ကျနော်တို့တထစ်ချင်းတက်ချင်တက်ရမယ်။အဲဒီအချိန်အခါကို မရောက်သေးဘူး။ အချိန်
စေ့လို့  ဗမာပြည်ရဲ့လွတ်လပ်ရေးကိုရအောင်မလုပ်နိုင်ဘူးဆိုရင်  ကျနော်တို့ဂတိပျက်တယ်လို့
ဆိုနိုင်တယ်။ အဲဒီအချိန်အခါလည်း မရောက်သေးဘူး ။ အဲဒီအချိန်အခါထိ လွတ်လပ်ရေး
ကိုအေးအေးချမ်းချမ်းနဲ့ ရအောင်ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အတိုင်း ဒီလိုလုပ်နေတဲ့
လုပ်ငန်းဟာ အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ အခုနေအခါမှာ ဘယ်သူမှမ
ပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့အချိန်လိုပါသေးတယ်။ ကျနော်တို့လုပ်နေတဲ့လုပ်ငန်း
တွေမပြီးသေးဘူး။ အလုပ်တွေပြီးလာတဲ့နေ့ကျရင် ကျနော်တို့လုပ်နေတဲ့လုပ်ငန်းဟာ ..
အောင်သလား မအောင်သလားဆိုတာခင်ဗျားတို့ မြင်မှာပဲ။ အဲဒီလိုမြင်လာတဲ့အခါ ဖဆပလ
အဖွဲ့ချုပ်ဟာ ဘယ်လိုအဖွဲ့ချုပ်မျိုးလဲ။ အလုပ်လုပ်တဲ့အခါမှာဘယ်လိုလုပ်တယ်ဆိုတာ မြင်
လာမယ်။ အခုနေအခါမှာ ကျနော်ကြီးကြီးကျယ်ကျယ်ပြောဖို့မလိုဘူး။။ ခင်ဗျားတို့ဟာလွတ်လပ်
ရေးကိုလိုချင်ရင် ရနိုင်တဲ့စည်းကမ်းရှိကြပါ။လွတ်လပ်ရေးကို လိုချင်ရင်လွတ်လပ်ရေးကိုရ
နိုင်တဲ့ညီညွတ်မှု့ကိုထိန်းသိမ်းပါ၊ လွတ်လပ်ရေးကို လိုချင်ရင်ရနိုင်လောက်တဲ့ထူထောင်မှုကို
လုပ်ကြပါ။ အဲလိုလုပ်ပြီးတဲ့နောက်လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကိုခံစားချင်တယ်၊စံစား
ချင်တယ်ဆိုရင် အလုပ်လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျားတို့ဟာ အခုတည်းက ခင်ဗျားတို့
အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီးလို့ဆိုတာ ကျနော်
ဒီနေ့ ပြောခဲ့ချင်ပါတယ်။
    ကျနော်တို့အမျိုးသားခေါင်းဆောင်ကြီး၊လွတ်လပ်ရေးခေါင်းဆောင်ကြီးနှင့်တပ်မတော်
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်သို့ နောက်ဆုံးမိန့်ခွန်းအဖြစ် ၁၉၄၇ ခုနှစ်
ဂျုလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ ဆောင်အပြင်ဘက်မှာနေ၍ တိုင်းပြည်
လူထုကြီးအား နောက်ဆုံးမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ယနေ့ လက်ရှိ မျက်မှောက်
ကျနော်တို့တိုင်းပြည်တွင် ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း
၏ တဦးတည်းသောသမီးဖြစ်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ
အားသွန်ခွန်စိုက်ဖြင့် ဆင်းရဲမွဲတေနေသောအဖက်ဖက်ကနိမ့်ကျနေသော ကျနော်တို့တိုင်း
ပြည်မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအပြည့်အဝ ရရှိစေရန်နှင့် ပြည်သူပြည်
သားများ တန်းတူအခွင့်အရေး ၊ တရားဥပဒေစိုးမိုးရေး၊  တိုင်းပြည်လူထုအတွက် မလိုလား
အပ်သော ၊မရှိသင့်သော ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ( စစ်အစိုးရ မှ တဖက်
သတ်ပြည်သူအားလုံးစစ်တပ်ကျွန် ဖြစ်ရေးရေးဆွဲထားသော အခြေခံဥပဒေ) အား ပြင်
ဆင်နိုင်ရန်အတွက်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ လာမဲ့ကြားဖြတ်ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တဲ့အတွက် ..ကျနော်
တို့ ပြည်တွင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားများအားလုံး မိမိတတ်နိုင်သည့်ဖက်မှ စွမ်းစွမ်း
တမံ ဒေါ်အောင်ဆန်းစုကြည် အားဝိုင်းဝန်းပံ့ပိုးပေးရန်  သမိုင်းပေးတာဝန်ကျရောက်လာပြီး
ဖြစ်ပါကြောင်းနှင့်မကြာခင်ကျရောက်တော့မည့်( ၆၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အား
ယခုဆောင်းပါးပါ ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်
ဆန်း၏ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် ဗမာပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးလှုပ်ရှား
မှုများအားမှတ်တမ်းတင်ထားချက်များဖြင့်  နက်နက်ရှိင်းရှိင်းအလေးအနက်ဦးညွှတ်စွာဖြင့်
ရေးသားတင်ပြ ဂုဏ်ပြု လိုက်ပါတော့သတည်း။

အိုးဝေ သတင်းဂျာနယ် ....
                                      အယ်ဒီတာ ...နေမင်းထွန်း

No comments:

Post a Comment