Pages

Sunday, January 1, 2012

ရေးမှတ်ထားမိသော . . . . . အပိုင်းအစအချို့ 

"ဘ၀"


ကျွန်တော်တို့ ခုချိန်ထိ ကျောင်းတက်နေရတုန်းပဲ...
"ဘ၀" ဆိုတဲ့ ကျောင်းကြီးပေါ့။
သင်ရိုးညွှန်းတမ်း မရှိပေမယ့် နေ့ စဉ်နေ့ တိုင်း တွေ့ မြင် ကြား သိ နေတာတွေဟာ သင်ကြားပေးနေတာပါ။
တစ်ချို့ တွေက အကောင်းအဆိုးကို မခွဲခြားပဲ သင်ယူကြတယ်...
တစ်ချို့ က ကောင်း၊ ဆိုး ခွဲခြားပြီး ကောင်းတာကိုသာ သင်ယူကြတယ်...
တစ်ချို့ ကတော့ ဆိုးတာကိုသာ သင်ယူချင်ကြတယ်...
တစ်ချို့ ကတော့ သင်ကြားနေမှန်းတောင် သိပုံမရပါဘူး...
"ဘ၀" ဆိုတဲ့ ကျောင်းကြီးက အောင်စာရင်းမထွက်ပေမယ့် အချိန်တွေကုန်လွန်လာချိန်မှာတော့ ...
"ဘ၀" တွေရဲ့ ကွာခြား၊ ပြောင်းလဲမှုတွေကတော့ ထင်ရှားပေါ်လွင်လာပါတယ်။

ကျွန်တော်တို့  ခုချိန်ထိ ကျောင်းတက်နေရတုန်းပဲ...
မသင်ချင်တဲ့သူတွေ မရသလို၊
မရချင်တဲ့ သူတွေကလဲ မသင်ကြပါဘူး။
ဒါပေမယ့် "ဘ၀" ဆိုတဲ့ ကျောင်းကြီးကတော့ အမြဲတမ်းသင်ကြားပေးနေအုံးမှာပါပဲ...
ကျွန်တော်တို့ လဲ ကျောင်းပျက်ချိန်တွေများနေပြီထင်တယ်။

ကျွန်တော်တို့ သိထားတဲ့ ၊ သိနေတဲ့  အရာတွေထက်
မသိသေး၊ မသိနိုင်တဲ့ အရာ တွေက ပိုများပါတယ်။
လူတိုင်းဟာ မွေးဖွားလာစဉ်ကနေ အခုအချိန်ထိ ဘာမှ ရေရေရာရာ မသိကြသေးပါဘူး။
အဲလိုပဲ...
သေဆုံးသွားကြတဲ့  အချိန်ထိ ဘာမှ ရေရေရာရာ မသိသွားကြတဲ့ သူတွေ များလွန်းလှပါတယ်။
ကျွန်တော်တို့ ရော ဘာတွေကို ဘယ်လောက်ထိ သိနေ၊ နားလည်နေပြီလဲ?
မရှိတာထက်၊ မသိတာ ခက်ပါတယ်။
မသိတာထက်၊ မလုပ်တာက အခက်ဆုံးပါပဲ။
ဘာမှ မလုပ်ရင်(မလုပ်ချင်ရင်) ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ခက်တော့ခက်နေပြီ။ ၃၈ ဖြာ မင်္ဂလာထဲမှာ...
"လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲနဲ့  ကင်းအောင်နေ" တဲ့။
ခုခေတ်မှာ လူကောင်းကရှား လူမိုက်များနေတော့...
ဘယ်သူမိုက်မိုက် ကိုယ်မမိုက်ဖို့ အဓိကပဲ...
ခက်တော့ခက်နေပြီ။
သူများတီးပေးတဲ့ တီးလုံးအတိုင်း လိုက်မ"က"မိဖို့ တော့လိုတယ်။

သူတစ်ပါးပြောဆိုပြုမူတာကို ဘေးကကြည့်ပြီး
ဘာဖြစ်တယ်၊ ညာဖြစ်တယ်
ဟိုလို လုပ်သင့်တယ်
ဒီလိုလုပ်သင့်တယ် ဆိုပြီး
အပျက်သဘောနဲ့  ဝေဖန်ပုတ်ခတ်တာကို
လူတိုင်းလုပ်နိုင်ပါတယ်။လုပ်တတ်ပါတယ်။
အဲလို လူစားမျိုးဟာလည်း
မိမိကိုယ်တိုင်က ဘာမှမဟုတ်၊ ဘာမှမလုပ်တဲ့ လူစားမျိုးတွေဖြစ်နေတတ်ပါတယ်။
အပြောများပြီး ဘာမှရေရေရာရာမလုပ်တဲ့ သူမျိုးတွေပေါ့။
တစ်ချို့ ကျတော့ ပြောလဲပြော၊ လုပ်လဲလုပ်ပါတယ်။
အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပဲ။

ဘယ်လောက်ပဲ စားရ၊ စားရ...
တစ်ဝမ်း ၀ ရုံပါပဲ။
ဘယ်လောက်ပဲ ၀တ်ရ၊ ၀တ်ရ...
တစ်ကိုယ်စာပါပဲ။
ဘယ်လောက်ပဲ နေရ၊ နေရ...
တစ်နေ့  သေရမှာပါပဲ။


ကျွန်တော်၏ တွေ့ မြင်ကြားနာဖူးသောဗဟုသုတများ၊
ဖတ်ခဲ့ဖူးသော စာအုပ်စာပေများ၊
တွေးမိသော အတွေးများ၊
ကောင်းစွာသိနားလည်ခြင်းမရှိသေးသော အသိများထဲမှ...
ရေးမှတ်ထားမိသော အပိုင်းအစ အချို့ 

SATAN
အတိတ်က အမှားများကိုပြုပြင်၊ အတွေ့ အကြုံများကို အသုံးချပြီး...
တက်ကြွရွှင်လန်းစွာနဲ့  လိုရာခရီးပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ...
ပျော်ရွှင်မှု၊ တိုးတက်အောင်မြင်မှုများကိုလဲ ရရှိနိုင်ပါစေ...




 

No comments:

Post a Comment