Pages

Saturday, January 14, 2012

How to Make Myanmar Blog မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့် အခန်း(၄)



မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း




အခုမြှားပြထားတဲ့ နေရာလေးမှာ ပုံတင်တဲ့ ခလုတ် ရှိပါတယ်။ အဲဒါကို နှိပ်လိုက်ရင် အောက်ကလို စာမျက်နှာတစ်ခု ပေါ်လာပါလိမ့်မည်။



ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထဲကနေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင်
Add Another Image ဆိုတာလေးကို နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို
ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။ ဘယ်ဘက်မှာလား၊
ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။
စမ်းသပ်ချက်များအရ Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက
Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။

အထက်ပါကဲ့သို့ ပုံတင်ပြီးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေါ်လာလျှင် Done ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။ ပြီးလျှင် ယခင်အဆင့်တွင် ပြထားသကဲ့သို့ စာကို ပုံနှင့်တကွ
မိမိဘလော့ဂ်ပေါ်သို့ Publish ကိုနှိပ်ပြီး တိုက်ရိုက် တင်နိုင်ပြီ ဖြစ်သည်။




1.2. Edit Posts
ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း

ရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။



အထက်ပါပုံတွင် Edit Posts ကဏ္ဍအောက်တွင် ရှိနေသော ပိုစ့် သုံးခုကို တွေ့ရမည် ဖြစ်သည်။
ယင်းပိုစ့်များထဲမှ တစ်ခုခုကို ပြင်ချင်လျှင် သက်ဆိုင်ရာပိုစ့်၏ ဘေးတွင် ရှိနေသော Edit ဆိုသည့် ခလုတ်ကို နှိပ်ပေးရန်သာ ဖြစ်သည်။ ထိုအခါ ယခင် တင်ခဲ့သော ပြင်ဆင်လိုသည့် ပိုစ့်သည် Create အဆင့်မှာကဲ့သို့ ပြန်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်မှ ပုံအသစ်များ၊ စာသားအသစ်များ
ထည့်သွင်းမည် ဆိုလျှင်လည်း ရသည်။ တင်ထားပြီးသား စာများ ပိုစ့်များကို ဖျက်မည်ဆိုလျှင်လည်း ရသည်။ ယင်းကဏ္ဍထဲတွင် ပိုစ့်များနှင့် သက်ဆိုင်သော Labels များကိုလည်း တွေ့နိုင်သည်။



No comments:

Post a Comment