Pages

Saturday, January 14, 2012

How to Make Myanmar Blog မြန်မာဘလော့ဂ် တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့် အခန်း(၅)




1.3. Moderate Comments


ဘလော့ဂ်များတွင် ပိုစ့်တစ်ခုချင်းစီကို Comment မှတ်ချက် ပေးလို့ရသည်။ မည်သူမဆို ပေးလို့ရအောင်

ခွင့်ပြုနိုင်သလို ကိုယ်ခွင့်ပြုလိုသူများကိုသာ မှတ်ချက်ပေးနိုင်အောင် သတ်မှတ်ပေးထားလို့လည်း ရသည်။
Blospotက အသင့်ပေးထားသော Comment System ကို အသုံးပြုလို့ ရသလို အခြားကိုယ်နှစ်သက်သော
စနစ်ကို အသုံးပြုမည် ဆိုလျှင်လည်း အဆင်ပြေသည်။ ဤနေရာတွင်မူ Blogspot မှအသင့်ပေးထားသော
ကွန်မန့် စနစ်အကြောင်းကိုသာ ရှင်းပြသွားပါမည်။

Moderate Comments ဆိုသည်မှာ Comments များကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ အခြားသူများကို
မမြင်စေချင်သော အချို့ သော Comments များကို ခွင့်မပြုသေဲး ဆိုင်းငံ့ထားနိုင်သည်။ ပယ်ဖျက် ပစ်နိုင်သည်။
သို့မဟုတ် ကိုယ့်ဘလော့ဂ်ကိုဖတ်ရှုသော မည်သူကိုမဆို Comments လုပ်ခွင့် ပေးနိုင်သလို၊ Comments ပေးနိုင်ခွင့်ကို
သတ်မှတ်ထားသော သူများမှသာ ရရှိရန် သတ်မှတ်ပေးနိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန်အတွက်မူ မိမိဘလော့ဂ်၏
Comment စနစ်ကို Setting အောက်မှ Comments ကဏ္ဍတွင် သွားရောက် ပြင်ဆင်ပေးရမည် ဖြစ်သည်။
Blogger ၏ အသင့်သုံး မှတ်ချက် စနစ်မှာ လူတိုင်းကို မှတ်ချက်ပေးနိုင်အောင် ခွင့်ပြုထားသည်။
ထို့ကြောင့် ထိုစနစ်ကို သွား၍ မပြင်ဆင်သမျှ မိမိဘလော့ဂ်တွင် လူတိုင်းပေးသော မှတ်ချက်များကို
အလိုအလျောက် ဖော်ပြနေမည် ဖြစ်သလို ယခု Posting>Moderate Comment ခလုတ်ကို နှိပ်လျှင်လည်း
ဘာမှ မြင်ရမည် မဟုတ်ပေ။ Moderate လုပ်စရာ Comments မရှိဘူး ဟူ၍သာ ပြောပေလိမ့်မည်။
2. Setting
Setting ကဏ္ဍတွင် အပိုင်း (၇)ပိုင်း ရှိသည်။
1.Basic
2.Publishing
3.Formatting
4.Comments
5.Archiving
6.Site Feed
7.Email
8.Permissions
စသည်တို့ ဖြစ်သည်။

2.1. Basic
ယင်းကဏ္ဍသည် ဆိုဒ်တစ်ခုလုံး၏ အခြေခံ အဆင့်ဖြစ်သည်။ အဓိက အပိုင်း ကိုးပိုင်း ပါဝင်သည်။ ယင်းတို့မှာ
1.Title (ဘလော့ဂ် ခေါင်းစဉ်)
2.Description (ဘလော့ဂ် အကြောင်းအရာ)
3.Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)
4.Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)
5.Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)
6.Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)
7.Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တဲ့စနစ် ထားမှာလား)
8.Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)
9.Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား)


2.1.1. Title (ဘလော့ဂ် ခေါင်းစဉ်)
သင့်ဘလော့ဂ်အတွက် ခေါင်းစဉ်ဖြစ်သည်။ မြန်မာလိုပေးပေး အင်္ဂလိပ်လိုပေးပေး ကြိုက်နှစ်သက်ရာကို ပေးလို့ ရပါသည်။

အချို့က ကိုယ့်နာမည် ပေးကြသလို၊ အချို့က ကဗျာဆန်ဆန် ပေးကြသည်။ ယင်း ခေါင်းစဉ်မှာ အချိန်မရွေး ပြောင်း၍ရသည်။
သို့ရာတွင် သတိတစ်ချက် ပြုရမည်မှာ ယင်းသို့ ပြောင်းလိုက်တိုင်း သင့်ဘလော့ဂ်သည် Search Engine တွင် အနေအထား ပြောင်းသွားတတ်သည်ကိုတော့ သတိပြုရမည် ဖြစ်သည်။ ယခုပြထားသော နမူဘလော့ဂ်အတွက် ခေါင်းစဉ်မှာ
Sample Myanmar Blog ဟူ၍ ဖြစ်သည်။
2.1.2. Description (ဘလော့ဂ် အကြောင်းအရာ)

ယင်းနေရာတွင် ကိုယ်တည်ဆောက်ထားသော ဘလော့ဂ်အကြောင်းကို အကျဉ်းရေးရမည် ဖြစ်သည်။ စာလုံးရေ ၅၀၀ထက်

မကျော်စေဘဲ ကိုယ့်ဘလော့ဂ်၏ အကြောင်းအရာကို ဖော်ပြရမည်။
2.1.3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)

ထိုနေရာတွင် ယေဘုယျအားဖြင့် YES ကိုရွေးကြသည်။ ထိုသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ဘလော့ဂ် Update လုပ်တိုင်း

blogger.com ၏ အဖွင့်စာမျက်နှာတွင် သွားပေါ်နေမည် ဖြစ်သည်။ အခြားသူများမှလည်း မိမိတို့ ဘလော့ဂ်ကို မထင်မှတ်ဘဲ ရောက်လာနိုင်သည်။
2.1.4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)

မိမိတည်ဆောက်ထားသော ဘလော့ဂ်သည် လျှို့ဝှက်ဘလော့ဂ် တစ်ခု မဟုတ်သလို၊ အခြားသူများကိုလည်း ပြသဖို့

ရည်ရွယ်သည် ဆိုလျှင် ယင်းနေရာတွင် YES ကိုရွေးချယ်ရမည် ဖြစ်သည်။ ယင်းသို့ ရွေးချယ်ခြင်းဖြင့် မိမိတို့ ပိုစ့်တစ်ခု
ရေးသားလိုက်တိုင်း အလိုအလျောက် Blog Search Engine များကို အချက်ပေးပြီး Update လုပ်စေသည်။ အကယ်၍
NO ကိုရွေးချယ်မည် ဆိုလျှင် အခြားသူများက မိမိဘလော့ဂ်ကို မြင်တွေ့နိုင်သေးသော်လည်း Search Engine များက
မိမိဘလော့ဂ်ကို လာရောက်မွှေနှောက်တော့မည် မဟုတ်ပေ။ ယေဘုယျအားဖြင့် YES ကိုရွေးချယ်ပါ။
2.1.5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)

ယင်းနေရာတွင် YES ကိုရွေးချယ်မည်ဆိုလျှင် သင့် Account ကို ဝင်လိုက်သည်နှင့် ပိုစ့်တစ်ခုချင်းစီ၏ အောက်တွင်

အလွယ်တကူ ပြုပြင်နိုင်သော Edit Button လေး ပေါ်နေမည် ဖြစ်သည်။
2.1.6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)

ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက စာဖတ်သူများက အခြားသူများကို အီးမေးလ်မှတဆင့်

၎င်းတို့ ကြိုက်သော ပိုစ့်များကို အလွယ်တကူ ပို့ပေးနိုင်သည်။
2.1.7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တဲ့စနစ် ထားမှာလား)
ထိုအရာမှာ ဘလော့ဂ်တစ်ခုတည်းသာမက Account တစ်ခုတည်းဖြင့် ဖန်တီးထားသော အခြားသော မိမိတို့၏

ဘလော့ဂ်များတွင်ပါ အကျိုးသက်ရောက်စေနိုင်သော စနစ်ဖြစ်သည်။ ယင်းနေရာတွင် YES ကိုရွေးချယ်မည် ဆိုပါက
Account ကို ဝင်လိုက်သည်နှင့် မိမိတို့၏ ဘလော့ဂ်တိုင်း၏ ညာဘက် အပေါ်ထောင့်တွင် Compose ဆိုသော
ခလုတ်လေးတစ်ခု ပေါ်လာမည် ဖြစ်သည်။
(ယင်းစနစ်မှာ အလွန်မြန်စွာ စာတစ်ပုဒ်ချင်းကို တင်နိုင်သောကြောင့် YES လုပ်သင့်သည်)
2.1.8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)

1.Custom Domain
2.Blogspot Address

2.2.1 Custom Domain

ယင်းအပိုင်းမှာ ကိုယ်ပိုင် ပိုက်ဆိုက်ပေးပြီး ဝယ်ထားသော Hosting များသို့ မိမိတို့ ဘလော့ဂ်ကို ရွှေ့ပြောင်းရာတွင်

အသုံးပြုသော စနစ်ဖြစ်သည်။ (ထိုစနစ်အကြောင်းကို ဤနေရာတွင် ချန်လှပ်ထားပြီး Blogspot တွင် အခမဲ့ သုံး၍ရသော
စနစ်ကိုသာ ဆက်လက် ပြောပြသွားပါမည်။)
2.2.2. Blogspot Address

အထက်ပါပုံတွင် အနီရောင် အမှတ်အသား ပြထားသော နေရာတွင် မိမိတို့ ဘလော့ဂ်လိပ်စာကို ထည့်သွင်းပေးရမည် ဖြစ်သည်။

ထိုလိပ်စာမှာ အချိန်မရွေး နှစ်သက်သလို ပြောင်းလဲ၍ ရသော်လည်း ကိုယ်ပေးပြီးသား တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသွားသည့် အခါတိုင်း Search Engine များတွင် မိမိတို့ ဘလော့ဂ်နှင့် ပတ်သတ်သော ပျောက်ဆုံး သွားနိုင်ပေသည်။
ယင်း လိပ်စာမှာ အင်တာနက် အသုံးပြုသူများက Address Bar တွင် ရိုက်ပြီး ရှာဖွေရမည် ဖြစ်သောကြောင့် တိုတိုနှင့် လင်းကိုသာ ပေးသင့်သည်။ ယခု နမူနာပြထားသော ဘလော့ဂ်အတွက်လိပ်စာမှာ http://samplemyanmar.blogspot.com ဟူ၍ဖြစ်သည်။
                                 အခန်း (၆) တွင်ဆက်လက်ဖတ်ရူပါသူငယ်ချင်းတို့

No comments:

Post a Comment